Skip to main content

Posts

Showing posts from December 5, 2014

စည်းမဲ့ကမ်းမဲ့ ပြိုင်ကားများနှင့် ပါဝါအိပ်ဇောတပ်ကား (၁၇)စီးအား ဖမ်းဆီး အရေးယူ

ပြိုင်ကားများနှင့် ပါဝါအိပ်ဇောတပ် မော်တော်ယာဉ်များ စည်းကမ်းမဲ့စွာ မောင်းနှင်မှုကြောင့် အများပြည်သူ စိတ်အနှောက်အယှက် ဖြစ်စေသဖြင့် ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့မှ ဖမ်းဆီး အရေးယူ ရန်ကုန်၊ ဒီဇင်ဘာ ၆ ရန်ကုန်မြို့အတွင်းတွင် ပြိုင်ကားများနှင့် ပါဝါအိပ်ဇောတပ် မော်တော်ယာဉ်များ စည်းကမ်းမဲ့စွာ မောင်းနှင်မှုကြောင့် အသံများ ဆူညံစေပြီး အများပြည်သူ၏ စိတ်နှလုံးကိုထိခိုက်စေကာ တရားဥပဒေ စိုးမိုးရေးကို ထိခိုက်လာသဖြင့် ထိရောက်စွာ အရေးယူနိုင်ရန် စီမံချက်ချမှတ်ကာ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ၀င်းနိုင်မှ အနီးကပ်ကွပ်ကဲ၍ ဒုတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ၀င်းဗိုလ်အား ဦးဆောင်စေပြီး အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး၊ အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ဖမ်းဆီး အရေးယူခဲ့ပါသည်။ အဆိုပါ ပူးပေါင်းအဖွဲ့သည် ၅.၁၂.၂၀၁၄ ရက်နေ့ ၂၁၀၀ အချိန်မှ ၆.၁၂.၂၀၁၄ ရက်နေ့ ၀၁၃၀ အချိန်ထိ ရန်ကုန်မြို့အတွင်း စည်းကမ်းမဲ့စွာမောင်းနှင်နေသော ပြိုင်ကားများနှင့် ပါဝါအိပ်ဇောတပ် မော်တော်ယာဉ်များအား ပိတ်ဆို့ဖမ်းဆီးခဲ့ရာ စည်းကမ်းမဲ့မောင်းနှင်သည့် ပြိုင်ကား(၃)စီးအပါအ၀င် ပါဝါအိပ်ေ

၂ဝ၁၅ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ကာလ နှစ်လ အထိ တိုးမြှင့်

ရန်ကုန် ဒီဇင်ဘာ ၅ ၂ဝ၁၅ အထွေထွေရွေး ကောက်ပွဲ၌ နိုင်ငံရေး ပါတီများမဲ ဆွယ်စည်းရုံးခွင့် အချိန်ကာလကို ရက်ပေါင်း ၆ဝ (နှစ်လ)အထိ တိုး မြှင့် ပေးမည် ဖြစ်ကြောင်း ပြည် ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC)အဖွဲ့ဝင် ဒေါက်တာဒေါ်မြင့် ကြည်က ပြောသည်။ နိုင်ငံရေး ပါတီများ မဲဆွယ် စည်းရုံးခွင့်ကို ယခင်ကရက်ပေါင်း ၃ဝ(တစ်လ)သာသတ်မှတ်ထား ပြီးမလုံလောက်ကြောင်း ပါတီများ ဘက်မှ တင်ပြလာသည့်အတွက် ယခုကဲ့သို့ပြင်ဆင်ပေးရခြင်းဖြစ် ကြောင်း ၄င်းက ဆိုသည်။''နည်းဥပဒေထဲမှာ တစ်လပဲ ရှိသေးတယ်။ ပြင်မယ်။ အချော ထွက်လာရင် နှစ်လဖြစ်မယ်''ဟု Summit Park View Hotel ၌ ပြုလုပ်သည့် ရွေးကောက်ပွဲတွင် အရပ်ဘက်အဖွဲ့အစည်းများ၏ အခန်းကဏ္ဍဆွေးနွေးပွဲ၌ မီဒီယာ များ၏ မေးမြန်းမှုကို ပြန်လည်ဖြေ ကြားခဲ့ခြင်းဖြစ်သည်။ နိုင်ငံရေးပါတီများဘက်မှ တောင်းဆိုမှုများတွင် ရွေးကောက် ပွဲစည်းရုံးရေးကာလတိုးမြှင့်ပေးရန် နှင့် စည်းရုံးရေးတွင် ကော်မရှင်၏ ခွင့်ပြုချက်အစား အကြောင်းကြား အသိပေးရန်တို့ကိုပြောင်းလဲပေးရန် တောင်းဆိုထားကြောင်းသိရသည်။ ''ကျွန်တော်တို့တိုင်းရင်းသား နယ်မြေတွေမှာ တစ်လနဲ့မလုံ လောက်ဘူး။ အဲဒါကြောင့် တိုးမြှင့် ပေးဖို့ တောင်းဆိုထားတာပါ&#

မြန်မာ ၂ ဦးလူသတ်မှု ကျူးလွန်ကြောင်း သက်သေ ထင်ရှားလို့ ဗြိတိန်မိသားစုပြောဆို

ထိုင်းနိုင်ငံမှာ သတ်ဖြတ်ခံ ခဲ့ရတဲ့ ဗြိတိန် နိုင်ငံသား ၂ ဦးရဲ့ မိသားစုတွေ က အဲ့ဒီပြစ်မှုကို လက်ရှိ ဖမ်းဆီး ထားတဲ့ မြန်မာနိုင်ငံသား ၂ ဦးကကျူးလွန် ခဲ့ကြောင်း အထောက် အထားတွေ ခိုင်လုံနေတယ်လို့ မနေ့က ထုတ်ဖေါ်ပြော ကြားလိုက်ပါတယ်။ ဒီအမှုအတွက် စကော့တလန်ယဒ်ခေါ် ဗြိတိန်ရဲတပ်ဖွဲ့က ထိုင်းနိုင်ငံကို သွားရောက်စုံစမ်း ခဲ့ပြီးနောက် မိသားစုတွေကို သူတို့ရဲ့ ရှာဖွေတွေ့ရှိ ချက်တွေ ပေးအပ်ခဲ့ ပါတယ်။ သက်သေ အထောက်အထားတွေအရ စက်တင်ဘာလ က ဖြစ်ပွားခဲ့တဲ့ အဲ့ဒီလူသတ်မှုကို မြန်မာနိုင်ငံသား ကိုဇော် လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့ ကျူးလွန် ခဲ့ကြောင်းပေါ်လွင် ထင်ရှားပါတယ်လို့ မိသားစုဝင်တွေက သောကြာနေ့ မနေ့က ပြောပါတယ်။ ဒါပေမယ့်မိသားစုဝင်တစ်ဦး ကတော့ နှစ်ဖက်သက်သေ ထွက်ချက်တွေကို စောင့် ကြည့်လေ့လာသင့်ကြောင်းပြောပါတယ်။ မြန်မာနိုင်ငံသား ၂ ဦးက အဲဒီ လူသတ်မှုကိုသူတို့ကျူးလွန်ခဲ့ခြင်းမရှိကြောင်းနဲ့ ထိုင်းရဲတွေက ညှင်းပမ်းနှိပ်စက်ပြီးအဓ္ဓမ ဝန်ခံခိုင်းခဲ့ကြောင်း ပြောဆိုထားပါတယ်။ ဒီအမှုကို တနင်္လာနေ့ မှာထိုင်းနိုင်ငံတရားရုံးက စတင်ကြားနာစစ်ဆေးမှာဖြစ် ပါတယ်။ RFA Burmese http://ift.tt/1mveILg from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin ht

အင်ဒိုနီးရှားတွင် အိမ်လုပ်အရက်ကြောင့် ၂၉ ဦး သေဆုံး

အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာ ဗားကျွန်းက စူမေဒန် ဂရွတ် ဒီပေါ့ခ်နဲ့ ဘိုဂေါ ခရိုင်တွေမှာ အိမ်လုပ်အရက်တွေကို သောက်အပြီး အနည်းဆုံး လူ ၂၉ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံ မီဒီယာတွေက အစီရင်ခံ ပါတယ်။ အရက်သောက်အပြီး လူ ၆၁ ဦးကျော်ကို စူမေဒန် ဒေသခံဆေးရုံ တင်ပို့ခဲ့ရတယ်လို့ အင်ဒိုနီးရှား အမျိုးသားသတင်းအေဂျင်စီ က ပြောပါတယ်။ ဆေးရုံတင်ခဲ့ရတဲ့အထဲက လူ ၁၀ ဦး သေဆုံးပြီး ၄၅ ဦးက ဆေးရုံမှာ ကုသခံနေရဆဲ လို့ ဒေသခံမီဒီယာက ပြောပါတယ်။ ဘိုဂေါက လူ ၂ ဦးလည်း အိမ်လုပ် အရက်တွေဘေး မှာ သေနေတာ တွေ့ရတယ်လို့ ဆိုပါတယ်။ အင်ဒိုနီးရှားမှာ မိုးရာသီကြောင့် ရာသီဥတုပိုအေးလာတဲ့အတွက် အရက်ဝယ်လိုအား မြင့်တက်နေတာကြောင့် ဈေးတက်ခဲ့လို့ ဈေးချိုတဲ့ အိမ်လုပ် ချက်အရက်တွေဟာ လူကြိုက်များတဲ့ ရွေးချယ်စရာ ဖြစ်နေတယ်လို့ ဒေသခံမီဒီယာက အစီရင်ခံပါတယ်။ ဆူမေဒန် ရဲဌာနချုပ်မှာ မီဒီယာတွေကို အရက်ပုလင်းတွေ ခင်းကျင်းပြသအပြီး အရက်ချက်တဲ့အတွက် တာဝန်ရှိသူတွေကို ရဲတွေက ဖမ်းပြီးပြီလို့ ဒေသခံမီဒီယာက အစီရင်ခံခဲ့ ပါတယ်။ By ဒီဗွီဘီ http://ift.tt/1G1Ncgw from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1CPrCxG

အိန္ဒိယနယ်စပ် စစ်စခန်းတခုကို စစ်သွေးကြွများ တိုက်ခိုက်၊ ၁၀ ဦး သေဆုံး

အိန္ဒိယနဲ့ ပါကစ္စတန်နယ်စပ် အိန္ဒိယဘက်ခြမ်း ကက်ရှ်မီးယား ပြည်နယ်မှာ စစ်သွေးကြွတွေက အိန္ဒိယ စစ်တပ်စခန်းထဲကို ဒီဇင်ဘာ ၅ ရက်နေ့က ခိုးဝင်ခဲ့ပြီး ကတုတ်ကျင်းထဲက စစ်သားနဲ့ ရဲ ၁၀ ဦးကို သတ်ခဲ့ပါတယ်။ ဒါဟာ ပါကစ္စတန်ကလည်း ပိုင်တယ်လို့ အငြင်းပွားနေတဲ့ ဟိမဝန္တာဒေသမှာ အချိန် ၁ နှစ်ကျော် အတွင်း အဆိုးရွားဆုံး လုံခြုံရေး တပ်ဖွဲ့ဝင်တွေ ဆုံးရှုံးမှု ဖြစ်ပါတယ်။ လတ်တလော သီတင်းပတ်တွေ အတွင်း တိုက်ခိုက်မှုတွေဟာ ဂျမူးနဲ့ ကက်ရှ်မီးယား ပြည်နယ်အတွင်း ရွေးကောက်ပွဲ ကျင်းပမယ့် အချိန်နဲ့ တိုက်ဆိုင် နေပါတယ်။ စီးပွားရေးတိုးတက်ဖို့ အာရုံစိုက်နေတဲ့ ဝန်ကြီးချုပ် နရင်ဒြာမိုဒီက လုံခြုံရေးခြိမ်းခြောက်မှုတွေကို ဘယ်လို ဖြေရှင်းလဲဆိုတဲ့ စမ်းသပ်ချက်လည်း ဖြစ်ပါတယ်။ ဒီလအတွင်း နိုင်ငံခြားတပ်အများစုက အာဖဂန်နစ္စတန်က ပြန်ဆုတ်မှာဖြစ်လို့ ပါကစ္စတန်အခြေစိုက် စစ်သွေးကြွတွေက ကက်ရှ်မီးယားကို အာရုံစိုက်လာမှာ အိန္ဒိယက အဆိုးရွားဆုံး ကြောက်ရွံ့နေတာပါ။ စစ်သွေးကြွတွေက အမြောက်တပ်ပတ်လည်က ဝိုင်ယာ ခြံစည်းရိုးကို ဖြတ်တောက် ဝင်လာခဲ့ပြီး ဗုံးသီးလောင်ချာနဲ့ ကတုတ်ကျင်းထဲက လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ပစ်ခတ်ခဲ့တာလို့ စစ်တပ်အရာရှိတဥ

ကော့​တောင်​ကျွန်း​မှာ အသတ်​ခံ​ခဲ့​ရ​သူ​တွေ​ရဲ့ မိသား​စု ကြေညာ​ချက် ထွက်လာ

ကော့တောင်ကျွန်း လူသတ်မှုမှာ စိတ်ခံစားမှုနဲ့ ခန့်မှန် မရေးသားကြဖို့ ကျန်ရစ်သူ မိသားစုတွေက ပြော။ ထိုင်း နိုင်ငံ ကော့တောင်ကျွန်း ပေါ်မှာ အသတ် ခံခဲ့ရတဲ့ ဗြိတိန် နိုင်ငံသား ၂ ဦးရဲ့ အမှုနဲ့ ပတ်သက်ပြီး လုပ်ဆောင် နေကြတာတွေ အပေါ် သူတို့ အနေနဲ့ ယုံကြည်မှု ရှိတယ် ဆိုပြီး ကျန်ရစ်သူ မိသားစုတွေက ကြေညာချက် ထုတ်ပြန် လိုက်ပါတယ်။ ဒီ အမှုကို တရား မျှမျှတတ နဲ့ စစ်ဆေး စီရင် သွားနိုင်ဖို့ မျှော်လင့်ကြောင်း ကြေညာချက် ထဲမှာ ပါဝင်ပါတယ်။ လက်ရှိ အခြေ အနေမှာ အချက်အလက် အပြည့်အစုံ မသိရသေးတဲ့ အတွက်၊ အမှု ကိစ္စနဲ့ ပတ်သက်ပြီး ပြောဆို ရေးသားရာမှာ သတိထားကြဖို့ သေဆုံးခဲ့သူ တစ်ဦး ဖြစ်တဲ့ Hanna Witheridge ရဲ့ မိသားစုက သတိပေး ထားပါတယ်။ လက်ရှိ သတင်း ရေးသားမှု တွေဟာ မိသားစု အပေါ် အင်မတန် စိတ်ပူလောင် စေတယ်လို့ လည်း ဆိုပါတယ်။ သေဆုံးသူ David Miller ရဲ့ မိသားစု ကလည်း လူမှု ကွန်ယက် စာမျက်နှာတွေ ပေါ်မှာ ရေးသား နေကြတဲ့ မှန်းဆချက်တွေ အပေါ် အချက်အလက် တွေ အနေနဲ့ မယူဆ ကြဖို့ ပြောထား ပြီး၊ စိတ်ခံစားမှု နဲ့ ရေးသား ပြောဆိုမှု တွေဟာ ကျန်ရစ်သူ မိသားစုဝင် တွေ အပေါ် ထိခိုက် နာကျင် စေပါတယ် လို့ ကြေညာချက် ထဲမှာ ရေးသား ထားပါတယ်။ နဲ့ David Miller တို့ သေဆုံးမှု

၆ ပွင့်​ဆိုင်​အပေါ် သမ္မတ သုံးသပ်​ဆဲ​လို့ ဆို

လွှတ်တော် ပြန် မစမချင်း သမ္မတ အနေနဲ့ ၆ ပွင့်ဆိုင် အပေါ် စဉ်းစားဖို့ အချိန် ရှိသေးတယ်။ ၆ ပွင့်ဆိုင် ဆွေးနွေးရေး အပေါ် သမ္မတ ဦးသိန်းစိန် အနေနဲ့ စဉ်းစား သုံးသပ်ဆဲပဲ ဖြစ်တယ် လို့ သမ္မတရုံး ညွှန်ကြားရေး မှူး ဦးဇော်ဌေး က ဘီဘီစီ ကို ပြောပါတယ်။ ပြည်ထောင်စု လွှတ်တော်က အတည် ပြုထားတဲ့ ၆ ပွင့်ဆိုင် ဆွေးနွေးရေး ဆုံးဖြတ်ချက် သဝဏ်လွှာ ကို ဦးသိန်းစိန် အနေနဲ့ စဉ်းစား ဆုံးဖြတ်ဖို့၊ လွှတ်တော် ပြန်စမယ့် လာမယ့် ဇန်နဝါရီ လ ဆန်း အထိ အချိန် ရသေးတယ် လို့လည်း ဦးဇော်ဌေး က ဆိုပါတယ်။ သမ္မတ အနေနဲ့ ၆ ပွင့်ဆိုင် အပေါ် လက်မခံဘူး လို့ ပြောထားခဲ့ သယောင် မီဒီယာတွေ နဲ့ နိုင်ငံရေးပါတီ တချို့က ဝေဖန် နေကြတာတွေ နဲ့ ပတ်သက်ပြီး ပုဂ္ဂိုလ်ရေး အရ ထိုးနှက်မှုတွေ မလုပ်ဖို့ အစိုးရက ကြေညာချက် ထုတ်ထား ပါတယ်။ ၆ ပွင့်ဆိုင် ဆွေးနွေးရေးဟာ မဖြစ်နိုင်ဘူး ဆိုပြီး သမ္မတ ပြောခွင့်ရ ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်က ပြောဆိုခဲ့တဲ့ အပေါ် မူတည်ပြီး မီဒီယာတွေ အပေါ်မှာ ဝေဖန်မှုတွေ ရှိလာခဲ့တာ ဖြစ်ပါတယ်။ ဘီဘီစီ (မြန်မာပိုင်း) http://ift.tt/1u1L286 from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1u1L3ZY

ထော်လာဂျီအား မျိုးဆက်သစ်ယာဉ်က ၀င်တိုက် လေးဦးသေဆုံး

ပြည် ဒီဇင်ဘာ ၅ ရွှေတောင်မြို့မ ရဲစခန်းအပိုင် ရဲစခန်း အရှေ့တောင်ဘက် ငါးမိုင် ခန့်အကွာ ဝါးတောအုပ်စု ဘို့လည် ကုန်းကျေးရွာ၌ ယာဉ်တိုက်မှုဖြစ် ပွားကြောင်း သိရှိရသည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ပဲခူးတိုင်း ဒေသကြီး(အနောက်ပိုင်း) ပြည်ခရိုင် ရွှေတောင်မြို့မရဲစခန်းမှ ဒုရဲအုပ်သန်းလင်းဦးသည် တာဝန်ရှိသူ များနှင့် သတင်းအရသွားရောက် စစ်ဆေးရာ ဝါးတောအုပ်စု ဘို့လည် ကုန်းရွာ ရန်ကုန်-ပြည် ကားလမ်း မိုင်တိုင်အမှတ်(၁၆၅/၁နှင့် ၁၆၅/ဝ)ကြားတွင် ရွှေတောင်မြို့ ဘုရားသုံးဆူပွဲတော်မှ ပြန်လာသော သဲကုန်းမြို့နယ် တံခွန်တိုင်အုပ်စု မအူကန်ရွာနေ ကိုကျော်မြိုင်(၄ဝနှစ်)သည် ခရီးသည်၁၄ ဦးတင်ဆောင် လာသော နံပါတ်မပါ အပြာရောင် ထော်လာဂျီအား ပြည်ဘက်မှ ရန်ကုန်ဘက်သို့ ယာဉ်မောင်း အသေး လေး(ခ) ကျော်မင်းထွန်း(၃ဝနှစ်) ခန့် (စုံစမ်းဆဲ) ဗိုလ်တထောင်ရပ်ကွက် စက်မှုကွက်သစ် ပြည်မြို့နေသူ မောင်း နှင်လာသော ယာဉ်အမှတ် ၃စ/ ....အဝါနှင့်အပြာကြား ဖူဆို မျိုးဆက်သစ်ယာဉ်က နောက်မှ ကျော်တက်စဉ် ဝင်ရောက်တိုက်မိ၍ ထော်လာဂျီပေါ်ပါ ခရီးသည် အမျိုးသားတစ်ဦး၊ အမျိုးသမီး သုံးဦးသေဆုံးပြီး ယာဉ်မောင်းအပါ အဝင် အမျိုးသားသုံးဦး၊ အမျိုးသမီး ခုနစ်ဦး စုစုပေါင်း ၁ဝ ဦး ဒဏ်ရာရရှိခဲ့ သည

ခရီးသည်တင်လိုင်းကားနဲ့ ထော်လဂျီတိုက်မိ ခရီးသည် ၄ဦး သေဆုံး (ရုပ်/သံ)

ခရီးသည်တင်လိုင်းကားနဲ့ ထော်လဂျီတိုက်မိ ခရီးသည် ၄ဦး သေဆုံး (ရုပ်/သံ) from သစ်ထူးလွင် (သတင်းစာ၊ ဂျာနယ်နှင့် ရုပ်သံ) - Myanmar News Now http://ift.tt/1FVHNWq via IFTTT

သာသနာသန့်ရှင်းရေး ရန်ကုန်တိုင်းထဲ စတင်ဆောင်ရွက် (ရုပ်/သံ)

သာသနာသန့်ရှင်းရေး ရန်ကုန်တိုင်းထဲ စတင်ဆောင်ရွက် (ရုပ်/သံ) from သစ်ထူးလွင် (သတင်းစာ၊ ဂျာနယ်နှင့် ရုပ်သံ) - Myanmar News Now http://ift.tt/1ypfFvX via IFTTT

တရုတ် ကွန်​မြူ​နစ်​ပါ​တီ​ရဲ့ ထိပ်​သီး ခေါင်းဆောင် လာဘ်​စား​မှု​နဲ့ အဖမ်းခံရ

ပြည်ထဲရေး လုံခြုံရေး ဌာနတွေကို ကိုင်တွယ် ခဲ့သူ မစ္စတာ ဂျိုဟာ လာဘ်ငွေ အများအပြား လက်ခံ ခဲ့မှုနဲ့ အဖမ်းခံလိုက် ရပါတယ်။ တရုတ် နိုင်ငံမှာ ဩဇာ အကြီးဆုံး နိုင်ငံရေး ခေါင်းဆောင်တွေထဲ ပါဝင်ခဲ့တဲ့ ဂျို ယွန် ကန်း ဟာ၊ လာဘ်ငွေ အများအပြား လက်ခံခဲ့တဲ့ အတွက်၊ တရုတ် ကွန်မြူနစ် ပါတီက ထုတ်ပယ် ခံလိုက်ရပြီး၊ ဖမ်းဆီး ထိန်းသိမ်း ခံလိုက်ရပါတယ်။ ဂျို ယွန် ကန်း ကို ပါတီကနေ ဖယ်ရှားခဲ့ပြီး၊ အခုဆို တရားရေးဌာန လက်ထဲ လွှဲပြောင်း ပေး လိုက်ပြီလို့၊ တရုတ်နိုင်ငံပိုင် မီဒီယာတွေက ဆိုပါတယ်။ မစ္စတာ ဂျို ဟာ နိုင်ငံတော် လျှို့ဝှက်ချက်တွေကိုလည်း ပေါက်ကြားစေခဲ့တယ် ဆိုပြီး၊ တရုတ် အစိုးရ သတင်းဌာနက ရေးသားထားပါတယ်။ မစ္စတာ ဂျို ဟာ၊ ၂၀၁၂ မတိုင်ခင် အထိတော့၊ တရုတ်နိုင်ငံထဲ အာဏာ အရှိဆုံး သူတွေထဲက တစ်ဦး ဖြစ်ခဲ့ပါတယ်။ သူဟာ တရုတ် ကွန်မြူနစ်ပါတီရဲ့ ဗဟို ပေါလစ်ဗျူရို အဖွဲ့ဝင် တစ်ဦး ဖြစ်ပြီး၊ တရုတ် ပြည်ထဲရေးကို ချူပ်ကိုင်ထားတဲ့ လုံခြုံရေး ဆိုင်ရာ ဌာနတွေကို ဦးစီးခဲ့သူ တစ်ဦး ဖြစ်ပါတယ်။ သူ့ရဲ့ လုပ်ဖော်ကိုင်ဘက် အတော်များများနဲ့ မိသားစုဝင်တွေလည်း၊ အကျင့်ပျက် ခြစားမှုနဲ့ ပတ်သက်ပြီး စုံစမ်း စစ်ဆေး ခံနေခဲ့ရပြီး ဖြစ်ပါတယ်။ ဘီဘီစီ (မြန်မာပိုင်း) http:/

ဒီဇင်ဘာလ (၅)ရက်နေ့ ထုတ် မြန်မာတိုင်း(မ်) ဂျာနယ် အတွဲ(၃၆)၊ အမှတ်(၇၀၁)

ဒီဇင်ဘာလ (၅)ရက်နေ့ ထုတ် မြန်မာတိုင်း(မ်) ဂျာနယ် အတွဲ(၃၆)၊ အမှတ်(၇၀၁) ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1z3tv5U

မြန်မာတိုင်း(မ်) ဂျာနယ် အတွဲ(၃၆)၊ အမှတ်(၇၀၁)

Myanmar Times (Myanmar) Vol 36 No 701.pdf by Thit Htoo Lwin မြန်မာတိုင်း(မ်) ဂျာနယ် အတွဲ(၃၆)၊ အမှတ်(၇၀၁) from သစ်ထူးလွင် (သတင်းစာ၊ ဂျာနယ်နှင့် ရုပ်သံ) - Myanmar News Now http://ift.tt/1yxgCRx via IFTTT

ဒီဇင်ဘာလ (၆)ရက်နေ့ ထုတ် ကြေးမုံ နေ့ စဉ် သတင်းစာ

ဒီဇင်ဘာလ (၆)ရက်နေ့ ထုတ် ကြေးမုံ နေ့ စဉ် သတင်းစာ ဒီဇင်ဘာလ (၆)ရက်နေ့ ထုတ် ကြေးမုံ နေ့ စဉ် သတင်းစာ သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1vXGq8z