Skip to main content

၂ဝ၁၅ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ကာလ နှစ်လ အထိ တိုးမြှင့်







ရန်ကုန် ဒီဇင်ဘာ ၅

၂ဝ၁၅ အထွေထွေရွေး ကောက်ပွဲ၌ နိုင်ငံရေး ပါတီများမဲ ဆွယ်စည်းရုံးခွင့် အချိန်ကာလကို ရက်ပေါင်း ၆ဝ (နှစ်လ)အထိ တိုး မြှင့် ပေးမည် ဖြစ်ကြောင်း ပြည် ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC)အဖွဲ့ဝင် ဒေါက်တာဒေါ်မြင့် ကြည်က ပြောသည်။


နိုင်ငံရေး ပါတီများ မဲဆွယ် စည်းရုံးခွင့်ကို ယခင်ကရက်ပေါင်း ၃ဝ(တစ်လ)သာသတ်မှတ်ထား ပြီးမလုံလောက်ကြောင်း ပါတီများ ဘက်မှ တင်ပြလာသည့်အတွက် ယခုကဲ့သို့ပြင်ဆင်ပေးရခြင်းဖြစ် ကြောင်း ၄င်းက ဆိုသည်။''နည်းဥပဒေထဲမှာ တစ်လပဲ ရှိသေးတယ်။ ပြင်မယ်။ အချော ထွက်လာရင် နှစ်လဖြစ်မယ်''ဟု Summit Park View Hotel ၌ ပြုလုပ်သည့် ရွေးကောက်ပွဲတွင် အရပ်ဘက်အဖွဲ့အစည်းများ၏ အခန်းကဏ္ဍဆွေးနွေးပွဲ၌ မီဒီယာ များ၏ မေးမြန်းမှုကို ပြန်လည်ဖြေ ကြားခဲ့ခြင်းဖြစ်သည်။


နိုင်ငံရေးပါတီများဘက်မှ တောင်းဆိုမှုများတွင် ရွေးကောက် ပွဲစည်းရုံးရေးကာလတိုးမြှင့်ပေးရန် နှင့် စည်းရုံးရေးတွင် ကော်မရှင်၏ ခွင့်ပြုချက်အစား အကြောင်းကြား အသိပေးရန်တို့ကိုပြောင်းလဲပေးရန် တောင်းဆိုထားကြောင်းသိရသည်။

''ကျွန်တော်တို့တိုင်းရင်းသား နယ်မြေတွေမှာ တစ်လနဲ့မလုံ လောက်ဘူး။ အဲဒါကြောင့် တိုးမြှင့် ပေးဖို့ တောင်းဆိုထားတာပါ''ဟု ဖက်ဒရယ်ပြည်ထောင်စုပါတီမှ ဦးစောသန်းမြင့်က ပြောသည်။


မဲဆွယ်စည်းရုံးခွင့်ကို ရက် ပေါင်း ၃ဝ မှရက်ပေါင်း ၆ဝသို့ ပြောင်းလဲမည် ဖြစ်သော်လည်း မဲဆွယ်စည်းရုံးစရိတ်ကို ပြောင်းလဲ မည်မဟုတ်ကြောင်း သိရသည်။


အမျိုးသား ဒီမိုကရေစီအင် အားစု ပါတီ ဥက္ကဋ္ဌဦးခင်မောင်ဆွေ က ''ရက်ပေါင်း၆ဝဆိုတော့ အချိန် ပိုရတယ်။ အခက်အခဲတွေလဲ နည်း သွားတာပေါ့''ဟု ၄င်း၏အမြင် ကို ပြောသည်။ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် ရွေးကောက်ပွဲ ဝင်မည့်ကိုယ်စားလှယ်လောင်းများ ၏ မှတ်ပုံတင်ကြေးကို ကျပ်သုံး သိန်းအထိ လျှော့ချပေးခဲ့သည်။


ထို့ပြင် ရွေးကောက်ပွဲ၌ အနိုင်မရရှိ သောကိုယ်စားလှယ်လောင်းများ ၏ မှတ်ပုံတင်ကြေးကို ယခင်က ပြန်မပေးသော်လည်း ယခုအခါ ဆန္ဒမဲလက်မှတ် ၈ ပုံ ၁ ပုံရရှိပါ က မှတ်ပုံတင်စရိတ်ပြန်လည်ထုတ် ပေးသည့် ဥပဒေများကို ပြန်လည် ပြင်ဆင်ခဲ့သည်။


သို့သော် မဲဆွယ် စည်းရုံးရေး၌ ကော်မရှင်၏ခွင့်ပြု ချက်ရယူရန်နှင့် နိုင်ငံရေးပါတီများ ကို မြေနေရာနှင့် ကားများပေးမည် ဟူသည့်ကိစ္စများကို မပြုလုပ်သေး ကြောင်း နိုင်ငံရေးပါတီများ၏ပြော ကြားချက်အရသိရသည်။


ရဲထွဋ်

The Union Daily

http://ift.tt/1kzDgie






from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1yoxXbJ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...