Skip to main content

Posts

Showing posts from December 27, 2014

Allergic Rhinitis အလာဂျီ နှာခေါင်း

ဆရာ ဆရာလေးနှာခေါင်းက ပူလဲချီ အေးရင်လဲချီ ဖြစ်ပြီး နှာခေါင်ထိပ်ကလေးတွေလဲ ယားပါတယ်။ ပါးစပ်နဲ့ နှာခေါင်းစပ်တဲနေရာကနေလဲအနံ့ထွက်ပါတယ်။ ဘယ်လိုဆေးစားရမလဲ စိုးရိမ်ရပါသလား။ ဒွါရခြောက်ပေါက်နဲ့ အာရုံခြောက်ပါး၊ ကာမဂုဏ်တရားတွေထဲက နှာခေါင်းက ဂန္ဓာရုံဆိုတဲ့ အနံ့တွေကိုပြတဲ့ လက္ခဏာလို့ ဆိုပါတယ်။ ဆေးပညာမှာတော့ နှာခေါင်းက ဖြစ်စေတဲ့ ရောဂါတွေထဲမှာ အနံ့ကို ကောင်းကောင်းမသိတာ ရောဂါဖြစ်သလို၊ အနံ့မတည့်တာလဲ ရောဂါဘဲ။ ဆေးပညာကို နည်းနည်းလောက် တီးမိခေါက်မိသူတိုင်း မတည့်တာ (အလာဂျီ) လို့ သိကြတယ်။ ယားတာ၊ အရေပြားမှာ နီရဲလာတာမျိုးကို (အလာဂျီ) လို့ ခေါ်လေ့ရှိတယ်။ ဒါက အခြေခံလက္ခဏာ အမှန်ပါဘဲ။ မေးတဲ့သူက နှာခေါင်းမှာ လက္ခဏာတွေ ပေါ်နေတာမို့ Allergic rhinitis အလာဂျီ နှာခေါင်းရောင်ခြင်းလို့ ဆေးစာကခေါ်တယ်။ Pollenosis နဲ့ Hay fever လို့လဲ ခေါ်သေးတယ်။ Pollen ခေါ်တဲ့ ဝတ်မှုန်ဝတ်ဆံ ခေါ်တဲ့ ဖုံမှုံ့တွေကြောင့်ဖြစ်ရလို့ ခေါ်တာပါ။ (အလာဂျီ) ဖြစ်စေတေဲ့ အရာကို (အလာဂျင်) ခေါ်တယ်။ ဒါမျိုးတခုခု ကိုယ်ထဲဝင်လာရင် ခန္ဓာကိုယ်ကနေ ခုခံအားအတွက် (အင်တီဘော်ဒီ) ဆိုတာ ထွက်လာစေတယ်။ ဆေးစာတွေ ရေးပြနေတာ စိတ်မရှုတ်ပါနဲ့။ ဆေးကို ပြောတဲ့အခါ ပိုနားလည် လွယ်စေချင်လို့ပါ။ (အင္တီေ

Medicines for High Blood Pressure သွေးတိုးဆေးများ

ဆရာရှင့် လူနာတယောက်တည်းကိုပဲ antihypertensive ဆေး ၃ မျိုးပေးထားတာတွေ့ရပါတယ်။ - Nifedipine 30mg 1 tab two times a day - Amlodipine 10mg 1/2 tab every morning - Losartan 50mg 1tab every morning ဆေးတခုစီရဲ့ကွဲပြားမှုကိုသိချင်ပါတယ်။ ဆေးရဲ့actionကတူပါလျှက်ဘာကြောင့် ၃မျိုးပေးရတာဆိုတဲ့အကြောင်းရင်းကိုလဲ သိချင်ပါတယ်။ ခန္ဓာကိုယ်ရဲ့ internal organs တွေမှာလဲဆေးတခုစီမှာ action ရှိတယ်လို့ ပြောပါတယ်။ ကျောက်ကပ် နဲ့ နှလုံးရယ်စသည်ဖြင့်ဆိုပြီး ဆရာဝန်ကသေချာမရှင်းပြခဲ့ပါဘူး။ သမီးက ပြည့်ပြည့်စုံစုံလေးသိချင်ပါတယ်။ လူနာက အမျိုးသမီး၊ အသက် ၇၈။ ၁။ Nifedipine ဆေးက calcium channel blockers အမျိုးအစား သွေးကျဆေးဖြစ်တယ်။ နှလုံးနဲ့ သွေးကြေ တွေကိ ကျယ်လာစေတယ်။ ဘေးထွက်တိုးကျိုးတွေ = ခေါင်းမူး၊ မျက်နှာနီမြန်း၊ အားနည်း၊ ရင်ပူ၊ ပျို့၊ လက်တုံ၊ ကြွက်တက်၊ ချောင်းဆိုး၊ လည်ချောင်းနာ၊ နှာခေါင်းပိတ်။ ၂။ Amlodipine ဆေးက calcium channel blockers အမျိုးအစား သွေးကျဆေးဖြစ်တယ်။ သွေးကြောတွေကျယ်စေပြီး သွေးပိုစီးလျှောက်စေတယ်။ သွေးတိုး + ရင်ပတ်နာနှလုံးရောဂါအတွက်ပေးတယ်။ ဘေးထွက်တိုးကျိုးတွေ = ခြေထောက်ယောင်၊ ခေါင်းမူး၊ နှလုံးခန်မမှန်၊ နွေးနေသလ

သွေးတိုးအတွက် အစွမ်းထက် တိုင်းရင်းဆေး

ကမ္ဘာ့ကျန်းမာရေး အဖွဲ့နှင့် ကျန်းမာရေး ဝန်ကြီးဌာန၊ တိုင်းရင်းဆေး ပညာ ဦးစီးဌာနတို့ ပူးပေါင်း၍ တိုင်းရင်းဆေး ပညာနှင့် ပတ်သက်၍ ပညာ ပေးထားသော လူလည်းကျန်းမာ၊ ငွေလည်းသက်သာ ဆိုသော အားထားဖွယ်ရာ တိုင်းရင်းဆေး ပညာ အကြောင်းကို အများအကျိုး အတွက် ဆေးပညာ ဒါန ပြုလိုက်ပါသည်။ လူကြီးလူရွယ်မရွေး ယခုအခါ အဖြစ်များသည့် ရောဂါမှာ သွေးတိုး ရောဂါဖြစ်သည်။ သွေးတိုး ရောဂါ ကြာရှည်ဖြစ်နေပါက လေဖြတ်ခြင်း နှလုံးရောဂါနှင့် ကျောက်ကပ် ရောဂါကို ဖြစ်တတ်သည်။ သွေးတိုးရောဂါ-ဟူသည်--- အပေါ် သွေးပေါင်ချိန် (၁၆၀) မီလီမီတာ ပြဒါးနှင့် အောက်သွေးပေါင်ချိန်(၉၅) မီလီမီတာ ပြဒါးအထက် တောက်လျှောက် ဖြစ်စေ၊ အချိန် ကြာမြင့်စွာ မြင့်တက်ခြင်းကို သွေးတိုးရောဂါ-ဟု ခေါ်သည်။ သွေးတိုးရောဂါ ဖြစ်တတ်သူ--- သွေးတိုး ရောဂါသည် အဝလွန်သူ၊ မျိုးရိုး၌ သွေးတိုးရှိသူ၊ အဆီအဆိမ့် အချိုနှင့် အငန်အရသာ ရှိသော အစားအစာများကို အလွန်စားသောက်သူ၊ ဆေးလိပ်သောက်သူ၊ အရက် သောက်သူများနှင့် ကျောက်ကပ်ရောဂါ၊ ဆီးရောဂါရှိသူများ၌ ဖြစ်တတ်သည်။ သွေးတိုးရောဂါ လက္ခဏာများ--- သွေတိုးရောဂါ လက္ခဏာများမှာ အပေါ်သွေး ပေါင်ချိန် (၁၆၀)မီလီမီတာ ပြဒါးနှင့် အောက်သွေးပေါင်ချိန် (၉၅)မီလီမီတာ ပြဒါးအထက် သွေးပေ

ညဘက်မှာ မုန့်စားလို့ ရလား

(၁) ကြွက်သားများသန်မာစေသည် အိပ်ရာမ၀င်မီ မိနစ် (၃၀) အလိုတွင် နွားနို့ သောက်ပေးခြင်းဖြင့် နွားနို့တွင်ပါဝင်သော casein ဓါတ်က ပရိုတင်း တည်ဆောက်မှုမြင့်တက် စေပြီး ကြွက်သားများ သန်မာစေနိုင်သည်။ (၂) ဇီဝဖြစ်စဉ်များ မြန်ဆန်စေသည် ညပိုင်း၌ မုန့်အနည်းငယ် (၁၅၀ ကယ်လိုရီခန့်) စားသုံးပါက အိပ်ရာထပြီး နံနက်ပိုင်း ဇီဝဖြစ်စဉ် များသည် အခြားနေ့များ ထက် မြန်မြန်ဆန်ဆန်ပြီးစီးဆောင်ရွက်နိုင်သည်ကို တွေ့ရမည်။ (၃) အဆာခံနိုင်သည် ညမအိပ်မီ မုန့်စားခြင်းသည် အိပ်ရာထချိန် ဆာလောင်မွတ်သိပ်မှု လျော့နည်းစေပြီး အစာစားချိန်များ ကြား၌လည်း အဆာခံ နိုင်စေသည်။ မုန့်အမျိုးအစား အတိအကျ ရွေးချယ် စရာ မလိုသော်လည်း ပရိုတင်းပါဝင် သော မုန့်ဆိုပါက ကြွက်သားများ ကြံ့ခိုင်စေနိုင်သည်။ (၄) ကိုယ်အလေးချိန် ကျစေသည် ညစာမစားဘဲ ကွေကာအုတ် သောက်ခြင်းသည် အဆာခံနိုင်စေပြီး နောက်နေ့အစာများကိုပါ လျှော့စား ဖြစ်သောကြောင့် လေးပတ်အတွင်း (၂) ပေါင်ကျစေနိုင်သည်။ ဇော်ကို Source: MensHealth Health Updates Journal from သစ်ထူးလွင် (ကျန်းမာရေး) - Thit Htoo Lwin http://feedproxy.google.com/~r/myanmarnewsnow/LNje/~3/NqSjNhIWTo4/blog-post_28.html

Water poisoning ရေအဆိပ်သင့်ခြင်း

ရေဆိပ်သင့်ခြင်းလို့ ခေါင်းစဉ်တပ်ပေမဲ့ သောက်တဲ့-သုံးတဲ့ရေထဲမှာ အဆိပ်ပါတာ မဟုတ်ပါ။ ရေသန့်ဗူးထဲကရေတွေ တအားကြီး သောက်ရင်လဲ အဆိပ်သင့်နိုင်တာကို ပြောတာဖြစ်ပါတယ်။ ဆေးစာနဲ့ဆို Water intoxication လို့ ခေါ်တယ်။ သေကောင်း သေနိုင်တယ်။ ဦးနှောက် လုပ်ငန်းတွေ ထိခိုက်စေမယ်။ Electrolytes ဓါတ်ဆားအချိုးအစား မမျှရာကနေ Hyponatremia ခေါ်တဲ့ (ဆိုဒီယမ်) နည်းတာဖြစ်စေတယ်။ အမှတ်တမဲ့တော့ ရေတွေတအားသောက်တယ်ဆိုတာရှားပါတယ်။ Water drinking contests ရေသောက် ပြိုင်ကြရင် ဖြစ်နိုင်တယ်။ ၁၂-၁-၂ဝဝ၇ တုံးက Hold Your Wee for a Wii ရေသောက်ပြီး သေးမပေါက်နဲ့ဆိုတဲ့ ပြိုင်ပွဲဝင်သူ ၂၈ နှစ်အရွယ်၊ ကလေး ၂ ယောက်အမေ Jennifer Strange ဟာ သေသွားလို့ ပြိုင်ပွဲစီစဉ်တဲ့ The End ရေဒီယိုက ဒေါ်လာ ၁၆့၅ သန်း လျှော်လိုက်ရတယ်။ ဆေးရုံတွေမှာ လူနာကို လိုတာထက်ရေပါတဲ့ Drips တွေ အများကြီး သွင်းရင်လဲ ဒုက္ခပေးမယ်။ ရေကောင်းရေသန့်ကနေ အဆိပ်လို့ ခေါ်တော့မယ်။ တန်ဆေး၊ လွန်ဘေး အစစ်ဖြစ်တယ်။ လူ့ကိုယ်ခန္ဓာမှာ ပါးစပ်နှုတ်ခမ်းကနေ စအိုအထိရှိတဲ့ အစာလမ်းကနေ ရေကို စုပ်ယူနိုင်စွမ်းရှိတယ်။ အစာအိမ်နဲ့ အူတွေကနေ အများဆုံး စုပ်ယူပေးတယ်။ ရေ နဲ့ (ဆိုဒီယမ်) ဓါတ်ဆားက တွဲနေတယ်။ တသမတ်ထဲ မျှနေရတ

Water requirements ရေဘယ်လောက်သောက်ရမလဲ

ဆရာမင်္ဂလာပါ။ တစ်နေ့ကို ရေ 2-3litre လောက် သောက်ရမယ်လို့ အရင်ကသိထားပါတယ်။ အခု information က တစ်ရက်ကို 6 litre သောက်ရမယ်တဲ့။ အဲ့ဒါလေး သိချင်ပါတယ်။နောက်ပြီး ရေနဲ့ အရည် ခန္ဓာကိုယ်ထဲရောက်ရင် ဘယ်လို ကွာခြားသလဲ။ ဥပမာ ရေမသောက်ပဲ တစ်နေကုန် ရေနွေးကြမ်းပဲသောက်နေတာမျိုး။ ဖြေကြားပေးပါဦးရှင့်။ လူတွေနေ့တိုင်း အသက်ရှူတာ၊ ချွေးပြန်တာ၊ ဆီး-ဝမ်းသွားတာတွေကနေ ရေကုန်ဆုံးနေကြရတယ်။ ကိုယ်ခန္ဓာ အလုပ်တွေအတွက် ရေလိုတယ်။ ရေကို သောက်ရေ၊ သောက်စရာနဲ့ စားစရာတွေကနေရနေကြတယ်။ ယောက်ျားကြီး တယောက်ဟာ နေ့စဉ် ၁၃ ခွက် (၃ လီတာ) ဖြစ်တယ်။ မိန်းမတယောက်က ၉ ခွက် (၂့၂ လီတာ) လိုတယ်။ တနေ့မှာ ရေ (၈) ခွက် (၁့၉ လီတာ) သောက်ပါလို့ အကြံပြုတာများတယ်။ လူတွေမတူကြပါ။ တယောက်တည်းမှာလဲ တနေ့နဲ့တနေ့ မတူတတ်ပါ။ • ကိုယ်လက်လှုတ်ရှားခြင်းလုပ်နေသူတွေက နောက်ထပ် ၁ ခွက်ခွဲကနေ ၂ ခွက်ခွဲ (၄ဝဝ-၆ဝဝ မီလီလီတာ) လိုမယ်။ အပြင်းအထဲလှုတ်ရှားသူဆိုရင် ရေသာမက (ဆိုဒီယမ်) ဆားပါလိုမယ်။ • သဘာဝပတ်ဝန်းကျင်ကိုလဲ ထည့်တွက်ရမယ်။ ပုပြီးရေငွေ့ဓါတ်ကဲနေချိန်မှာ ပိုလိုမယ်။ အမြင့်ပေ ၈၂ဝဝ (၂၅ဝဝ မီတာ) အထက်မှာနေရရင် အသက်ပိုရှူရပြီး ဆီးပိုသွားရလို့ ရေပိုလိုတယ်။ • ကျန်းမာရေးမကောင်းရင်လဲလိုအပ်ချက်