Skip to main content

Posts

Showing posts from April 21, 2015

ဆီးရောဂါအမျိုးမျိုးအတွက် ကန်းစွန်းရိုးနီ

ဆီးရောဂါနဲ့ ပတ်သက်ပြီး ဆေးနည်းတင်ပေးဖို့ မကြာခဏတောင်းဆိုလာကြတဲ့ ဆီးရောဂါကို ခံစားနေရတဲ့ ဝေဒနာရှင်များအတွက် သဘာဝဆေးနည်းလေးကို ရှာဖွေစုဆောင်းပြီး ပြန်လည်မျှဝေပေးလိုက်ပါတယ်။ ကန်းစွန်းရိုးနီပင်ဟာ ဆေးဖက်ဝင်အပင်တစ်မျိုး ဖြစ်ပါတယ်။ ၄င်းအပင်ဟာ မြန်မာနိုင်ငံမှာ ပေါများစွာပေါက်ရောက်နေကြပါတယ်။ ရေကန်ဘေး၊ လယ်ကွက်ဘေးများမှာလည်း ပေါက်နေကြသလို ဈေးထဲမှာလည်း အလွယ်တကူ ၀ယ်ယူရရှိနိုင်ပါတယ်။ ဆီးအိမ်တွင် ဆီးရှိပါလျက် ဆီးမထွက်ခြင်းနှင့် ဓမ္မတာလွန်ခြင်းဖြစ်လျှင် ------------------------------------------------------------------------------- ၁။ ကန်စွန်းရိုးနီ၏ အရွက်ကို ဗူးရွက်၊ မန်ကျီးရွက်တို့နှင့် ရောပြီးအတူ ကြိတ်လိုက်ပါ။ ၂။ ၄င်းကြိတ်ထားသော အဖတ်ကို ဆန်မှုန့်ညက်နှင့် ဖျော်ပြီး ဆီးခုံပေါ်ကို အုပ်ပေးထားပါ။ နာရီဝက်ခန့်ကြာလျှင် ဆီးကိုကျစေပါလိမ့်မည်။ ဓမ္မတာလွန်ခြင်းမှလည်း ရပ်စေပါလိမ့်မည်။ ဆီးအိမ်ကျောက်တည်နေသော ဝေဒနာရှင်များအတွက် ---------------------------------------------------------------- ၁။ ကန်းစွန်းရိုးနီရွက်ကို ထန်းလျက်၊ မန်ကျီးသီးမှည့်၊ ဆားတို့ဖြင့် ရောကျို၍ သောက်ပေးပါက ဆီးရောဂါဟူသမျှ အကုန်ပျောက်ကင

ခါးနာသက်သာစေမည့် သဘာဝကုထုံး

အထိုင်များ၍သော်၎င်း၊ အားကစားတစ်ခုခုကြောင့်သော်၎င်း ခါးနာနေလျှင် အောက်ပါ သဘာဝကုထုံးနည်းဖြင့် သက်သာအောင် ကုသနိုင်ကြပါတယ်။ အဲဒီနည်းကတော့ သင်္ဘောရွက်ဖြင့် ကုသတဲ့နည်း ဖြစ်ပါတယ်။ ညမအိပ်ခင် သင်္ဘောရွက် လတ်လတ်ဆတ်ဆတ်နဲ့ ခပ်သန့်သန့်လေးကို တစ်ရွက် ခူးယူပြီး အကျီ င်္အတွင်း နာနေတဲ့ ခါးပေါ်ကို ကပ်ထားပြီး ပက်လက်လန်ပြီး အိပ်ပါ။ ခန္ဓာကိုယ်မှ အပူများကို သင်္ဘောရွက်မှ သဘာဝဓါတ်သဘောဖြင့် စုပ်ယူပေးပါည်။ ပူရှိန်းရှိန်းလေး ခံစားရပါမည်။ ခါးနာသက်သာတဲ့အထိ တစ်ပတ် ၁၀ ရက်ခန့် ညစဉ် လုပ်ပေးနိုင်ပါတယ်။ မနက်အိပ်ယာထတဲ့အချိန် ရေတစ်ခွက်သောက်ပြီးလျှင် နောက်ဖေးမ၀င်မီ ခါးနာသက်သာစေမည့် လေ့ကျင့်ခန်းကို အရင်လုပ်ပေးပါ။ လုပ်ရမယ့် လေ့ကျင့်ခန်းကတော့ ပုံထဲမှာ ပြထားပေးတဲ့အတိုင်း တည့်တည့် မတ်သပ်ရပ်ပြီး ခါးကို ရှေ့သို့ အနည်းငယ် ကိုင်းပြီးလျှင် ခါးကို အားပြုပြီး ဖြေးဖြေးချင်းစီ စကောဝိုင်းသလိုမျိုး ဘယ်ပြန်ညာပြန် ၁၀ ကြိမ်ခန့် လှည့်ပေးပါ။ ဒီလိုလေ့ကျင့်ခန်းကို လုပ်ပေးခြင်းအားဖြင့် ခါးရိုးခါးဆစ်မှ အပူများထွက်သွားပြီး အကျောများလည်း ပွင့်သွားသလို အညောင်းအညာများလည်း ပြေသွားစေပါတယ်။ ညနေပိုင်း ရေချိုးခါနီးမှာလည်း နောက်တစ်ကြိမ် လေ့ကျင့်ပေးနိုင်ပါတ

မြန်မာ့ဆေးဖက်ဝင် သီးပင်

Item Name ------- Elephant Apple (သီးပင်) Category ---------- Raw Material Botany Term ------ Feronia elephantum Correa S pecies Family ----- Rutaceae မြန်မာ နိုင်ငံ အနှံ့အပြား တွင် ပေါက်ရောက်သည်။သဘာဝ အလျောက် ပေါက်ရောက်သည်။ ♥ အပင် ရွက်ကြွေ ပင်ကြီး မျိုးဖြစ် ၏ ။ လုံးပတ် ၂-၄ ပေထိ ရှိသည်။ အခေါက်ထူ ၍ ကြမ်းပြီး မွဲခြောက်ခြောက် အရောင် ပေါ်တွင် မီးခိုး ရောင် အကွက်များ ရှိသည်။ အကိုင်း အခက် များပေါ်တွင် သန်မာ၍ ပြောင်လက် နေသော ၁ လက်မခန့် ဆူးချွန်ကြီး များ ရှိ၏ ။ ဆူးများ အလှည့်ကျ ထွက်သည်။ ♥ အရွက် ရွက်ပေါင်း ဖြစ်သည်။ ရွက်မြွှာ ၅-၇ ရွက် ရှိ၍ ထိပ်ရွက် ၁ ရွက် ပါသည်။ သနပ်ခါး ရွက်နှင့် တူသည်။ ရွက်မြွှာ များ ရွက်ဆိုင် ထွက်ပြီး ရွက်ညှာတွင် အတောင် ပါရှိသည်။ ရွက်ပြား မာကျော ပြောင်ချော ပြီး ရွက်နားတွင် သေးငယ် သော ခွေးသွား စိပ်ကလေး များ ရှိ၏ ။ ရွက်ကြော မှ ဆူးများ ထွက်သည်။ ♥ အပွင့် အဖြူရောင် ရှိသည်။ အဖိုပွင့် နှင့် အမ ပွင့်များ ပန်းခိုင် တစ်ခုတည်း တွင်ရှိသည်။ ပွင့်ကိုင်း နှင့် ပွင့်ညှာ ပြောင် ချောသည်။ တပေါင်း တန်ခူး တွင်ပွင့်၏။ ♥ အသီး လုံးဝိုင်း၍ ဥသျှစ်သီး ခန့်ရှိသည်။ အသီးမှည့် လျှင် မွှေးပြီး အတွင်

မြန်မာ့ဆေးဖက်ဝင် သနပ်ခါးပင်

Item Name ---------- Chinese Box-Tree (သနပ်ခါး) Category ------------ Raw Material Botany Term -------- Cinnamomum tamala F.Nees Species Family ----- Lauraceae အပူပိုင်း ဒေသဖြစ်သည့် ပခုက္ကူ ၊ မြင်းခြံ ၊ ပြည် ၊ ရွှေဘို ၊ စစ်ကိုင်း ၊ မြိုင်၊ နွားထိုးကြီး ၊ တောင်သာမြို့နယ် များတွင် ပေါက်ရောက်သည်။ အချို့ အထက် အရွက်ပြတ် တောခြောက်များ ၌ လည်း တွေ့ရသည်။ သဘာဝ အလျောက် ပေါက်ရောက်သည်။ပင်လတ် မျိုး ဖြစ်သည်။ အမြင့် ၂၀-၃၀ ပေထိ မြင့်တတ် ၏ ။ ပင်စည် နှင့် အကိုင်းအခက် များတွင် ၁/၂ လက်မမှ ၁ လက်မ ထိ ရှည်သည့် ချွန် ထက်မာကျော သော ဆူးများ ရှိ၏။ အပင်နု စဉ် တွင် အပွေး မဲ့ပြီး အပင်ရင့် လာသော အခါမှ အပွေးထူ လာသည်။ ♥ အရွက် ရွက်ပေါင်း ဖြစ်ပြီး ရွက်လွှဲ ထွက်သည် ။ အလျား ၃ လက်မ မှ ၅ လက်မ ထိရှည်ပြီး ရွက်ညှာတွင် အတောင်ပါ သည်။ ရွက်မြွှာ ၂ စုံ မှ ၃ စုံ ထိရှိပြီး ထိပ်ရွက်တွင် တစ်ရွက် ပါသည်။ ရွက်ပြား ပြောင်ချော ပြီး တောင့်တင်း မာကျော သည်။ အစိမ်းရင့်ရောင် ရှိသည်။  ♥ အပွင့် သေးငယ် သည် ။ အ၀ါနုရောင် ရှိသည်။ အဆုပ် လိုက်ပွင့် ၏ ။ တန်ခူး ၊ ကဆုန်လများ တွင် ပွင့်သည်။ ♥ အသီး ချဉ်သော အရသာ ရှိ၏ ။ အပြွတ် လိုက် သီး၏ ။ ငရုတ် ကောင်း