Skip to main content

Posts

Showing posts from January 21, 2015

ပူစီနံရွက်ရဲ့ ကျန်းမာရေး အာနိသင်

ပူစီနံရွက်ဟာ ပရုတ်အုပ်စုဝင် အပင် တစ်မျိုးဖြစ်ပြီး အနံ့သင်းပျံ့မှု၊ နွေးထွေး စေမှုနဲ့ အနည်းငယ် ခါးသက်တဲ့ အရသာ ရှိပါတယ်။ အခြားဟင်း ချက်စရာ အရွက်တွေနဲ့ မတူတာက ပူစီနံကို ဟင်းခတ် အမွှေးအကြိုင် အပြင် ဆေးအဖြစ်လည်း အသုံးပြုလို့ ရပါတယ်။ ၁။ ဘက်တီးရီးယားနဲ့ မှိုပိုးတွေကို သေစေပါတယ်။ နောက်ပြီး ကပ်ပါးပိုးကြောင့် ဖြစ်တဲ့ ယောနိ ရောင်ရမ်းခြင်း၊ ပါးစပ်အနာပေါက်ခြင်း တွေကို သက်သာ စေပါတယ်။ ၂။ဓာတ်တိုး ဆန့်ကျင် ပစ္စည်းတွေ ပါဝင်တဲ့အတွက် အိုမင်းရင့်ရော်ခြင်း ကနေ ကာကွယ် ပေးပါတယ်။ ၃။ ဗီတာမင်အေ၊ သံဓာတ်နဲ့ မက်ဂနီ ဆီယမ်တွေကြွယ်ဝစွာ ပါဝင်တဲ့အ တွက် ခုခံအား စနစ်ကို မြှင့်တင် ပေးနိုင်ပါတယ်။ ၄။ဗီတာမင်စီဓာတ် ပါဝင်မှုများတဲ့ အတွက် သွားဖုံးနာခြင်း၊ သွေးထွက်ခြင်း၊ သွားဖုံး ပြည်တည်ခြင်း တွေမှာ ပူစီနံကို ချေထားတဲ့ အရည်ကို သောက်သုံး ပေးသင့်ပါတယ်။ ၅။ အစာချေဖျက်ခြင်းကို အားပေးပြီး အစာအိမ်ရောင်ခြင်း၊ နာခြင်းတွေကို ကာကွယ် ပေးနိုင်တဲ့ thymolနဲ့ carvacol ဓာတ်တွေ ပါဝင်နေပါတယ်။ ၆။အသက်ရှူ လမ်းကြောင်း ပိုးဝင်ခြင်းမှာ ပူစီနံရွက်ကို ရှူပေးရင် သက်သာနိုင်ပြီး ရေနွေးမှာ ပူစီနံရွက်ကို ထည့်ပြီး သောက်သုံး ပေးရင် သွေးမပေါ်ခင် ဖြစ်တတ်တဲ့ နာကျင်

ဝမ်းချုပ်ခြင်း (ဝမ်းတစ်လုံးကောင်းရင် ခေါင်းမခဲဘူး ဆိုတဲ့)

ယနေ့ မြန်မာနိုင်ငံမှာ လူကြီးလူငယ် မရွေး ဝမ်းနုတ်ဆေး သုံးစွဲ နေကြပါတယ်။ ဝမ်းနုတ်ဆေးကို သုံးစွဲဖို့ အမှန်တကယ် လိုအပ်သလား။ ကျန်းမာရေးကို ထိခိုက် နိုင်ပါသလားဟု မေးစရာ ရှိပါတယ်။ ဝမ်းနုတ်ဆေး မသုံးဘဲ သဘာဝ အတိုင်း ပုံမှန် ဝမ်းသွားတာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။ ဝမ်းနုတ်ဆေး အမြဲ သုံးရင် ကျန်းမာရေးကို ထိခိုက် စေပါတယ်။ ဝမ်းချုပ်ခြင်း အစာဟောင်းက စအို ရောက်သွားတဲ့အခါ စအိုက တင်းလာပြီး ဝမ်းသွားလိုစိတ် ဖြစ်တယ်။ အချို့ တစ်နေ့ သုံးကြိမ်၊ လေးကြိမ်သွားမှ စိတ်ကျေနပ်မှု ရှိတယ်။ အချို့ ဆိုရင် တစ်ပတ်မှာ တစ်ကြိမ်၊ နှစ်ကြိမ် သွားတာ ရှိတယ်။ တကယ် ဝမ်းချုပ်တယ် ဆိုတာ သာမန် ဝမ်းသွားတဲ့ အကြိမ်မှ ပြောင်းလဲ သွားတာကို ခေါ်တယ်။ နေ့စဉ် ဝမ်းသွား၊ မသွား ပြောရုံနဲ့ မပြီးပါဘူး။ ဝမ်းချုပ်ခြင်းဟာ ရောဂါ မဟုတ်ပါဘူး။ ရောဂါမျိုးစုံရဲ့ လက္ခဏာ တစ်ခုသာ ဖြစ်တယ်။ စိတ် ပူပင်သောက ဖြစ်ချိန်၊ အစားအသောက် မမှန်ချိန်၊ အိပ်ရေး ပျက်ချိန်၊ အားကစား လုပ်တဲ့အချိန် များရင် ဝမ်းချုပ် တတ်တယ်။ တစ်ခု ရှိတာက ဝမ်းသွားဖို့ အောင့်ထားတဲ့ အကျင့်က ဝမ်းချုပ်ခြင်းရဲ့ အစပဲ ဖြစ်တယ်။ အချို့ လူတွေက ခရီးသွားရင် ဝမ်းချုပ်တယ်။ အိမ်သာ ထိုင်လေ့ထိုင်ထ မရှိခြင်း၊ နားနားနေနေ လဲလေ

အရွက်မှအစ အမြစ်အဆုံး ပဉ္စငါးပါးစလုံး ဆေးဖက်ဝင်သည့် သြဇာပင်

သြဇာပင်သည် မြန်မာနိုင်ငံဒေသ အနှံ့အပြားတွင် ပေါက်ရောက်လေ့ရှိပြီး အလယ်ပိုင်း ဒေသများ၌ အလေ့ကျပေါက်သည်ကို တွေ့ရသည်။ မြန်မာ ဆေးကျမ်းများအရ သြဇာသီးသည် အေး၍ သွေးအားကို တိုးပွားစေသည်။ နှလုံးကို များစွာအကျိုးပြု၍ ပူလောင်ခြင်း၊ လေပူရောဂါနှင့် သွေးအန်ရောဂါများကို ပယ်ဖျောက်နိုင်စွမ်းရှိသည်။ သြဇာရွက်ကို ကြိတ်၍စားခြင်းဖြင့် သန်ကျစေပြီး အရွက်ကို ချေ၍ရှူပေးပါက အမူးအမော် သက်သာစေသည်။ သြဇာသီးအစိမ်းသည် ချုပ်သော သတ္တိရှိသဖြင့် ဝမ်းသွားခြင်း၊ ဝမ်းသက်ခြင်းများ အတွက် ကောင်း၏။ ဝမ်းကိုက်ရောဂါ၊ လေနာရောဂါနှင့် အစာအိမ် မကောင်းခြင်းတို့ကိုလည်း ပျောက်ကင်းစေနိုင်သည်။ သြဇာသီးအစေ့ကို အမှုန့်ပြုလုပ်ကာ အနာများပေါ် ဖြူးပေးပါက ပိုးများသေ၍ ပျောက်ကင်းစေနိုင်ပြီး သြဇာပင်မှ အမြစ်ကို သွေး၍ သောက်ပါက ဆီးချို၊ ဆီးချုပ်ရောဂါများကို ပျောက်ကင်းစေနိုင်ကြောင်း သိရသည်။ မြ၀တီ http://ift.tt/1oFF4sG from သစ်ထူးလွင် (ကျန်းမာရေး) - Thit Htoo Lwin http://ift.tt/1APl2AA

သင်္ဘောသီးကို ဆေးအဖြစ် စားသုံးခြင်း

နံနက် ၈ နာရီ စားသုံးလျှင် - အစာအိမ်နှင့် အူလမ်းကြောင်း အတွက် ကောင်းမွန် ပါသည်။ နံနက် ၉ နာရီ စားသုံးလျှင် - သွေးအဆိပ်ဖြစ်ခြင်းကို ကောင်းမွန်သည်။ သွေးသားကို သန့်စင် စေသည်။ နံနက် ၁၀ နာရီ စားသုံးလျှင် - အသည်း၌ ပူခြင်းကို ကောင်းမွန်ပြီး ဝမ်းချုပ်ခြင်းကို သက်သာ စေသည်။ နံနက် ၁၁ နာရီ စားသုံးလျှင် - အာသီးနာခြင်း၊ အာခြောက်ခြင်းတို့ကို ကောင်းမွန်စေသည်။ မွန်းလွဲ ၁ နာရီ စားသုံးလျှင် - နွယ်ချိုမှုန့်နှင့် တို့၍စားလျှင် အစာကြေစေသည်။ မွန်းလွဲ ၂ နာရီ စားသုံးလျှင် - ပါးစပ်ပုပ်၍ ပါးစပ်နံခြင်းကို ကောင်းမွန်စေသည်။ မွန်းလွဲ ၃ နာရီ စားသုံးလျှင် - အူမကြီးပူ၍ ဝမ်းမကောင်းလျှင် စားသုံးနိုင်သည်။ ညနေ ၄ နာရီ စားသုံးလျှင် - ပျားရည်နှင့်တို့စားပါက သွေးတိုးခြင်းကို သက်သာစေသည်။ (ကလေးမစားရ) ညနေ ၅ နာရီ စားသုံးလျှင် - ဆီးချိုဖြစ်ခြင်းကို သက်သာစေသည်။ ညနေ ၇ နာရီ စားသုံးလျှင် - တစ်နေကုန်ပင်ပန်းခြင်းကို သက်သာစေပြီး စိတ်ရွှင် လန်းစေသည်။ ညနေ ၈ နာရီ စားသုံးလျှင် - သွေးသားကို သန့်စင်စေသည်။ ညနေ ၉ နာရီ စားသုံးလျှင် - သကြားနှင့်တို့စားပါက အသည်း၌ပူခြင်းကို သက်သာစေသည်။ တရုတ် ဆေးကျမ်းများတွင် သင်္ဘောသီးသည် အစာကြေခြင်း၊ အားအင် ပြန်လည် ဖြည

ရုံးပတီသီးကပေးတဲ့ သူမတူတဲ့ အစွမ်းများ

ရုံးပတီသီးမှာ စားလို့ လည်းကောင်းပြီး ပေးစွမ်းနိုင်တဲ့ အကျိုးကျေးဇူးတွေကတော့ - အရိုးကိုသန်မာစေသည်။ - နှလုံးကိုကာကွယ်ပေးသည်။ - အဆစ်အမျက် ရောင်ရမ်းခြင်းကို သက်သာ လျော့ပါး စေသည်။ - သွေးပေါင်ချိန်ကိုထိန်းပေးသည်။ - သွေးစီးဆင်းမှုကို ပိုကောင်းစေသည်။ ရုံးပတီသီးကပေးတဲ့ ကျန်းမာရေး ၃မျိုး (၁) နှလုံးရောဂါကာကွယ်သည် ရုံးပတီသီးမှာ Antioxidants ပါဝင်သဖြင့် သွေးကြောနံရံများ မာတောင့်ခြင်းကို ကာကွယ် သည်။ သွေးကြောနံရံများ မာလာရင် သွေးစီးနှုန်းနှေးပြီး စေးပျစ်ကာ သွေးခဲ စေသဖြင့် အန္တရာယ် ရှိသည်။ ရုံးပတီသီးရှိ Vitamin C သည် ထိပ်တန်း အင်တီအောက်စီးဒင့်ဖြစ် ကာ နှလုံး ရောဂါ ဖြစ်နိုင်ခြေ အန္တရာယ်ကို လျော့ပါး စေသည်။ ရုံးပတီသီး လက်ဖက်ရည် တစ်ပန်းကန်စာသည် ခရမ်းချဉ်သီး လက်ဖက်ရည် တစ်ပန်းကန် စာထက် ဗီတာမင်စီ ဓာတ်ပမာဏ ပိုများသည်။ ထို့ပြင် Folate ဓာတ်သည်လည်း ထိုလက်ဖက်ရည် တစ်ပန်းကန်စာတွင် သင်နေ့စဉ် လိုအပ်ချက်၏ ၄၀ရာခိုင်နှုန်းပါ ၀င်ပြန်သည်။ ဖောလိတ်ဟု ခေါ်သော ဗီတာမင်ဘီ တစ်မျိုးချို့တဲ့ပါက သင့်ခန္ဓာကိုယ်တွင် ဟိုမိုစစ် စတင်းခေါ် Amino Acid များထွက်လာပြီး သွေးထဲမှာ ဟိုမိုစစ်စတင်းတွေ သိပ်များလာပါက သွေးကြောများ ကျဉ်းစေသည်။ နှလုံးသွေးြေ

တရုတ်နံနံ၏ ကျန်းမာရေး အာနိသင်များ

တရုတ်နံနံကို ရှေးကတည်းက အသုံးပြုခဲ့ကြတယ်လို့ မှတ်တမ်းတင် ဖော်ပြ ထားခဲ့တာကြောင့် သက်တမ်းရင့် ဟင်းသီးဟင်းရွက် တစ်မျိုးလို့ ဆိုနိုင်ပါတယ်။ တရုတ်နံနံရဲ့ ကျန်းမာရေး အကျိုး ကျေးဇူးတွေကို တိတိကျကျ သိနိုင်ဖို့ ဖော်ပြ ပေးလိုက်ပါတယ်။ ၁) တရုတ်နံနံမှာ ဗီတာမင်စီ ပမာဏများစွာ ပါဝင်တာကြောင့် ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို ကျန်းမာနေအောင် အားပေးနိုင်ပါတယ်။ ၂) တရုတ်နံနံမှာ အင်တီ အောက်ဆီးဒင့်တွေ အများအပြား ပါဝင်ပြီး ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့ ရောင်ရမ်းမှုတို့ကို တွန်းလှန်နိုင်တဲ့ ဒြပ်ပေါင်းတွေ ပါဝင်နေပါတယ်။ ၃) တရုတ်နံနံမှာ pthalides ပါဝင်တာကြောင့် သွေးဖိအားကို လျော့ကျစေကာ သွေးကြော တစ်ဝိုက်က ကြွက်သားတွေကို အနားရစေပြီး သွေးကြောတွေကို ကျယ်စေပါတယ်။ ၄)တရုတ်နံနံမှာ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်နဲ့ ပိုတက်စီယမ်တို့ ပါဝင်တာကြောင့် သွေးဖိအားကို ထိန်းညှိ ပေးနိုင်ပါတယ်။ ၅)တရုတ်နံနံမှာ pthalides ပါဝင်တာကြောင့် သည်းခြေ အက်ဆစ်ရည် ထွက်စေကာ သွေးတွင်း ကိုလက် စထရော အဆင့်ကို လျော့ကျ စေပါတယ်။ ၆)တရုတ်နံနံမှာ Coumarins ပါဝင်တာကြောင့် ကင်ဆာ ကာကွယ်ရေးမှာ အစွမ်းထက် ပါတယ်။ ၇) တရုတ်နံနံက ခေါင်းတစ်ခြမ်း ကိုက်တာကိုလည်း သက်သာ စေပါတယ်။ ၈) တရုတ

ပန်ကာနှင့်အိပ်စက်ခြင်း

အိပ်မပျော်သူများအတွက် ပန်ကာနှင့်အိပ်စက်ခြင်းက ညင်သာစွာ လှုပ်သိပ်စေသလို ဖြစ်သည်။ သို့ သော် ဘေးထွက်ဆိုးကျိုးများက လူ တစ်ယောက်၏ကျန်းမာရေးကို ထိ ခိုက်စေသည်။ အိပ်စက်သူ၏ အသက် အရွယ်ပေါ်မူတည်ပြီး ကွဲပြားသော ကျန်းမာရေးဆိုးကျိုးများကို ဖြစ်ပေါ် စေသည်။ အချို့က လက်ကပ်ခြင်း၊ နှာစေးခြင်း၊ ကျောအောင့်ခြင်း၊ အဆုတ်အအေးမိခြင်း၊ ခေါင်းကိုက် ခြင်း၊ ဇက်ခိုင်ခြင်း၊ ခြေထောက် များ လေးခြင်းစသည်ဖြင့် အမျိုးမျိုးကွဲပြား တတ်သည်။ ထို့အပြင်- (၁)အသံ ပန်ကာမှ ထွက်သောအ သံကြောင့် အိပ်ချိန်တွင် နှောင်ယှက် မှုအသေးအမွှားကို ဖြစ်စေသည်။ ပန်ကာအသေးများက နှောင့်ယှက် မှုနည်းသော်လည်း၊ မျက်နှာကျက် ပန်ကာမျိုးက မိမိ၏အိပ်ချိန်ကို အနှောင့်အယှက်ပို၍ ဖြစ်စေသည်။ (၂)ရုတ်တရက်ကလေးများသေဆုံးမှုများ ကျန်းမာရေးစောင့်ရှောက် မှုကွပ်ကဲရေးအဖွဲ့အစည်းတစ်ခု၏ ရှာဖွေတွေ့ရှိချက်အရ ကလေးအိပ် ခန်းတွင် ပန်ကာနှင့်အိပ်စက်ခြင်းဖြင့် ကလေးများ ၇၀%ခန့် ကျန်းမာ ရေးထိခိုက်စေခြင်း ၊ သေဆုံးခြင်းတို့ ကို ဖြစ်စေသည်ဟု သိရသည်။ အခန်းတွင်း လေဝင်လေထွက် ကောင်းပြီး ကာဗွန်ဒိုင်အောက်ဆိုက် ဒ်များကို ပြင်ပသို့ ထုတ်ပစ်နိုင်ခြင်းအား တားဆီး သလို ဖြစ်ရပြီး ကလေးများ အသက်ရှူသွင်းခြင်း စနစ်ကိ

ကလေးများအသက် ၁၁ နှစ် ကျော်လျှင် ပျော်ရွှင် မှုများ လျော့ကျ လာသည်ကို လေ့လာ တွေ့ရှိ

လေ့လာမှုတစ်ခုအရ ကလေးများ အသက် ၁၁ နှစ်ကျော်လာလျှင် နည်းပညာ အသစ်များကြောင့် ပျော်ရွှင်မှု လျော့ကျလာသည်ဟု ဆိုသည်။ အဘယ်ကြောင့် ဤသို့ဖြစ်ရသနည်း။ ဆိုက်ဘာအနိုင်ကျင့်မှု၊ အွန်လိုင်းမှ စိတ်ပိုင်းဆိုင်ရာ နှိုးဆွမှုများကြောင့်ဟု ဆိုသည်။ လူငယ် အလုပ်သမား ၇ဝဝဝ ကျော်ကို သုံးနှစ်ကြာ လေ့လာသည့်အခါ မိန်းကလေးများသည် ယောက်ျားလေးထက် မပျော်ရွှင်မှုကို ပိုမိုဆိုးဝါးစွာ ခံစားရကြောင်း သိရသည်။ မိမိကိုယ်ကိုယ် အထင်ကြီးမှု၊ စိတ်ပိုင်းဆိုင်ရာ ပြည့်စုံစွာ ခံစားလိုမှုနှင့် မိမိ အသိုက်အဝန်းတွင် ကျေနပ်လိုမှု တို့မှာ အသက် ၁၁ နှစ် မှ ၁၆ နှစ်အထိ ပို၍ဆိုးဝါးစွာ ခံစားရသည်။ ယောက်ျားလေးများ ၏ ပျော်ရွှင်မှုမှာ မိန်းကလေးများထက်ပို၍ တည်ငြိမ်သည်ဟုဆိုသည်။ ဆယ်ကျော်သက်လေးများ စိတ်မပျော်နိုင်စေသော အကြောင်းအရင်းများ အနက် နည်းပညာ တိုးတက်မှုလည်း ပါဝင်ကြောင်း သုတေသီများက ပြစ်တင်ပြောဆိုသည်။ Emerging Scholars' Intervention Programme ၏ ခေါင်းဆောင် ဒေါက်တာဆိုင်မွန်ဒါဗေး က ပြောပြရာတွင် နည်းပညာနှင့် ပြောင်းလဲမှု အရှိန်က ဆယ်ကျော်သက်များကို ဖိအားပို၍ ပေးနေသလိုဖြစ်ကာ ယှဉ်ပြိုင်မှု တိုးလာပြီး အစွန်းရောက်အောင် ပို့လိုက်သလို ဖြစ်နေသည်။ အထူးသဖြင့် မိန်းကလေးများ

“အမျိုးသမီးများအတွက် အန္တာရယ်ကြီးသော ကိုယ်ပျောက်လူသတ်သမား”

သားဖွားနှင့် မီးယပ်အထူးကု ဆရာဝန်၏ တိုက်တွန်းမှုကြောင့်သာ ဆေးစစ်ခံခဲ့သည့် အသက် ၃၅ နှစ်အရွယ် မသန်းဌေး (နာမည်လွှဲ) သားအိမ်ခေါင်းကင်ဆာ ပထမအ ဆင့် ဖြစ်နေပြီ ဆိုသည့် ဆေးစစ်ချက် အဖြေရရှိချိန်တွင် ပြောစရာ စကားမရှိတော့အောင် တိတ်ဆိတ်သွားသည်။ ”အဲ့လိုရောဂါရှိနေမယ်လို့ တစ်ခါ မှ မတွေးခဲ့ဖူးဘူး။ ကိုယ့်အနေအထိုင် ကြောင့်လည်း ဒီလိုရောဂါဖြစ်စရာ အ ကြောင်း မရှိဘူးလို့ပဲ ထင်တာပေါ့” ဟု သူမက ပြော သည်။ အမျိုးသားဖြစ်သူမှာ အလွန်ရှုပ် ပွေသည့်အတွက် မသန်းဌေး တစ်ယောက် သည်းမခံနိုင်ဖြစ်ကာ လွန်ခဲ့ သည့် ငါးလခန့်က တရားဝင် ကွာရှင်း ပစ်နိုင်ခဲ့သော်လည်း ထိုအမျိုး သားထံမှ ကူးစက်ခံခဲ့ရသည့်ရောဂါကိုတော့ လက် မခံချင်၍ မရတော့။ နိုင်ငံတကာစစ်တမ်းများအရ အ မျိုးသမီးများတွင် အဖြစ်အများဆုံး ကင် ဆာမှာ ရင်သား ကင်ဆာပြီးလျှင် သား အိမ်ခေါင်းကင်ဆာပင်ဖြစ်ပြီး သေ ပျောက်မှုနှုန်းမှာတော့ သားအိမ်ခေါင်း ကင်ဆာက အများဆုံးဖြစ်သည်။ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက် အရ မြန်မာနိုင်ငံတွင် နှစ်စဉ် အမျိုးသမီး ၆၄ဝဝ ကျော် သားအိမ်ခေါင်း ကင်ဆာ ဖြစ်ပွားနေပြီး ၃၅ဝဝ ကျော်နှစ်စဉ် သေဆုံးနေသည်။ သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားနိုင်ခြေအဆင့်များတွင် ရောဂါလက္ခဏာ ဘာမှမပြတတ်၍ ကမ

သွေးပေါင်ချိန်ကျသူများ အတွက် .....( အစာသည် ဆေး )

သွေးပေါင်ချိန်ကျတက်လို့ ခေါင်းနေမှုးပြီး လှုပ်လိုက်တာနဲ့  ချာချာလည်မှုး ချွေးစီး တွေပြန်တက်ကြပါသည် ။ အခုပြောတာလေးကို သင်သည် အမြဲတမ်း စားပေးပါ၊ ပဲပင်ပေါက် တချို့ ကလည်း တိုရ လို့ ခေါ်ကြပါသည် ၊ ( ဥပမာ ...မြီးရှည်စားလျှင် ၊ မုန့် တီ စားစား ဘာစားစားပေါ များများထည့်စားပေးပါ့တိုရ ပဲပင်ပေါက် ကိုပါ ) ။သင်သည် သွေးပေါင်ချိန်ကျတတ်သော သူဖြစ်နေပါက ယနေ့ မှစပြီး ပဲပင်ပေါက်ကို များများ ထည့်စားပေးခြင်း ကြော်စားခြင်း အချဉ်လုပ်စားခြင်းများဖြင့် သွေးပေါင်ချိန်ကျခြင်းမျိုး မဖြစ်တော့ပါ ။ လ အတော်ကြာကြာ စားပေးခဲ့ပါလျှင် သွေးပေါင်ချိန်ကျတတ်ခြင်းမှ ကင်းဝေးသွားပါလိမ့်မည် My Mandalay from သစ်ထူးလွင် (ကျန်းမာရေး) - Thit Htoo Lwin http://ift.tt/1EpV62b

ဆီးချိုရောဂါအတွက် ရုံးပတီသီး

ဆီးချိုရောဂါကို လုံးဝအမြှစ်ပြတ် ကုလို့မရနိုင်ဘူးဆိုပေမယ့် သက်သာအောင်တော့ ကုသပေးနိုင်ပါတယ်။ အနေအထိုင်၊ အစားအသောက်တို့ကို ဆင်ခြင်ပြီး ဆေးနည်းမျိုးစုံတို့ဖြင့် ကုသလို့ ရပါတယ်။ ဆေးရုံဆေးခန်း၊ ဆရာဝန်များနှင့် အလှမ်းဝေးပြီး အခက်အခဲ ကြုံနေသူများအနေဖြင့် အောက်ပါ သဘာဝဆေးနည်းလေးကို ကုသနိုင်ကြပါတယ်။ ဆီးချိုရောဂါအတွက် တကယ်ကိုထိရောက်ပြီး ကောင်းမွန်သည့် ဘဘာဝကုထုံးမို့ အများသိအောင် မျှဝေပေးလိုက်ပါသည်။ ၁။ ဖန်ခွက်ထဲမှာ ထည့်ထားသည့် ပုံထဲကအတိုင်း ရုံးပတီသီးကို အရင်းပိုင်းနှင့် ထိပ်သီးအပိုင်းတို့ကို ဖြတ်လိုက်ပါ။ ၄ ထောင့် ၅ ထောင့်ခန့်ဆိုလျှင် လုံလောက်ပါပြီ။ ၂။ ၄င်းရုံပတီသီးထောင့်များကို ဖန်ခွက်ထဲ ထည့်ပြီး ရေကျက်အေး သို့မဟုတ် ရေသန့် ထည်ြ့ပီး စိမ်ထားလိုက်ပါ။ ညပိုင်းမှာ စိမ်ထားပြီး မနက်မိုးလင်း ရေသောက်သည့်အချိန်မှာ အဖတ်များကို ဖယ်လိုက်ပြီး ၄င်းရေကို သောက်ပေးနိုင်ပါသည်။ ၃။ တစ်ပတ်ကို ၂ ရက်ခန့် သောက်ပေးပါ။ တစ်လလောက်ဆိုလျှင် ဆီးချို သွေးချိုရောဂါကို သက်သာစေနိုင်ပါသည်။ (သတိပြုရန်) ။ ။ အလွန်အကျွံမသောက်သင့်ပါ။ သကြားဓါတ်၊ အချိုဓါတ်များ ဆုံးရှုံးမှု အလွန်များပြားလွန်းသွားလျှင် အန္တရာယ်ဖြစ်စေနိုင်ပါသည်။ ဆီးချိုရောဂါကိ

ကင်းအဆိပ်ကိုနိုင်သည့် သဘာဝဆေးနည်း

ကင်းမြီးကောက်၊ ကင်းခြေများ၊ ကင်းမလက်မည်း စသည့် ကင်းအမျိုးမျိုးအကိုက်ခံရလျှင် အောက်ပါ သဘာဝဆေးနည်းဖြင့် ကင်းအဆိပ်ကို ကုသနိုင်ပါသည်။ ၁။ ကြက်သွန်နီ (၃) လုံးကို မီးဖုတ်ပါ။ ၂။ မီးဖုတ်၍ နွမ်းလာသော ကြက်သွန်နီကို ထောင်း၍ အရည်ညစ်ယူပါ။ ၃။ ၄င်း ကြက်သွန်မီးဖုတ်အရည်ကို အကိုက်ခံရသည့်နေရာကို လိမ်းပေးပါ။ ၄။ အဖတ်များကိုလည်း အနာပေါ်ကို အုံထားပြီး အ၀တ်ဖြင့် စည်းထားပါ။ နာရီဝက်ကျော်လျှင် အဆိပ်များ တဖြေးဖြေး ပြယ်သွားပါလိမ့်မည်။ နောက်တစ်နည်း ၁။ မန်ကျည်းစေ့ကို သွေး၍ အရည်ကို အနာပေါ် လိမ်းပေးပါ။ ၂။ သံလွင်ဆီကိုလည်း လိမ်းပေးနိုင်ပါသည်။ ၄င်းဆေးနည်း (၃)မျိုးသည် ကင်းအမျိုးမျိုးတို့၏ အဆိပ်များကိုနိုင်သော သဘာဝဆေးနည်းများ ဖြစ်ပါသည်။ ဆေးရုံ၊ ဆေးခန်း၊ ဆရာဝန်တို့နှင့် အလှမ်းဝေးသော နေရာတို့တွင် အရေးကြုံလာခဲ့သည်ရှိသော် တန်ဖိုးရှိလှသည့် လူ့အသက်တစ်ချောင်းကို ကယ်တင်နိုင်ကြပါစေ။ ဦးနေဆိုင် (ပူတာအို) ကျန်းမာရေးသတင်းများ ကိုးကား ။ ။ ရိုးရာဆေးမြီးတိုများ၊ မြန်မာ့ဆေးနည်းများ from သစ်ထူးလွင် (ကျန်းမာရေး) - Thit Htoo Lwin http://ift.tt/1C8T0o1

ဆေးစွမ်းထက်သော ပျားသံပုရာရေနွေးချမ်း

ပျားရည်နှင့် သံပုရာသီးတို့ကို ရေနွေးနှင့်အတူ စိမ်ထားပြီး ၄င်းရေကို သောက်သုံးပါက တစ်နေ့လုံး လန်းဆန်းစေပြီး အမောပြေစေနိုင်ပါတယ်။ အားအင်ကိုလည်း ဖြစ်စေနိုင်ပါတယ်။ သံပုရာသီးမှာပါဝင်တဲ့ အက်စစ်ဓါတ်ကြောင့် ခေါင်းမူးခေါင်းကိုက်များကိုလည်း ပျောက်စေပါတယ်။ အခွံမှာပါဝင်တဲ့ အခါးဓါတ်နဲ့ ပျားရည်တို့ကြောင့် ခန္ဓာကိုယ်မှာ ပိုလျှံနေတဲ့ အဆီဓါတ်များကို လျှော့ချပေးနိုင်ပါသည်။ သွေးတိုးရောဂါကိုလည်း လျှော့ချပေးနိုင်ပါတယ်။ အဆိပ်အတောက်များကိုလည်း ပြေပျောက်စေသည့်အတွက် သွေး၊လေ၊ ၀မ်းမှန်စေပြီး အသားအရေကိုလည်း စိုပြေ၀င်းပလာစေပါတယ်။ ပျားသံပုရာရေနွေးကြမ်းလုပ်နည်း ၁။ သံပုရာသီးကို အလုံးလိုက် ဆားနဲ့ပွတ်ပြီး ရေဆေးလိုက်ပါ။ ၂။ သံပုရာသီးတစ်လုံးကို ၄ ကွင်းရအောင် ပုံထဲကအတိုင်း လှီးလိုက်ပါ။ ၃။ ရေနွေးခွက်တစ်ခုထဲသို့ ထည့်ပါ။ ၄။ ပျားရည် လက်ဖက်ဇွန်း ၂ ဇွန်းခန့် ထည့်ပါ။ ၅။ ရေနွေးလောင်းထည့်၍ အဖုံး အုပ်ထားပါ။ နာရီဝက်ခန့် နှပ်ထားပြီးလျှင် ၄င်းရေကျက်အေးကို သောက်နိုင်ပါပြီ။ အရသာက ချဉ်ခါးလေးဖြစ်နေမည်။ အခါးမသောက်နိုင်ပါက ပျားရည်အနည်းငယ် ထပ်ထည့်နိုင်ပါတယ်။ သကြားမထည့်ရပါ။ ပထမတစ်ရေ ကုန်သွားလျှင် အချဉ်ဓါတ်နှင့် အခါးဓါတ်မကုန်သေးလျှင် နောက်ထပ်တ

အလွယ်ကူဆုံး ဗောက်ပျောက်စေမည့်နည်း

ခေါင်းမှာ ဗောက်ထလို့ စိတ်ညစ်နေရင် အောက်ပါသဘာဝနည်းဖြင့် အလွယ်တကူ ပြုလုပ်နိုင်ပါကြပါသည်။ (၁) ရှားစောင်းလက်ပပ်ကို ဓါးဖြင့်ခွဲ၍ အတွင်းမှ အနှစ်သား (ဂျဲလ်) များကို ဇွန်းဖြင့် ခြစ်ယူပါ။ (၂) ၄င်းရှားစောင်းအနှစ်ကို ဆံပင်နှင့်ဦးရေပြားကို နှံ့စပ်အာင် ပွတ်တိုက်လိမ်းခြယ်ပေးပါ။ (၃) မိနစ်(၂၀) သို့မဟုတ် နာရီဝက်ခန့် ထားပြီးလျှင် ခေါင်းလျှော်ပြီး ဆံပင်ကို အခြောက်ခံထားပါ။ ရှားစောင်းမှာပါဝင်သည့် သဘာဝဓါတ်များသည် ဦးရေပြားကို ခြောက်သွေ့စေ၍ ယားယံခြင်းများကို လင်းရှင်းသွားစေပါသည်။ ဆံပင်များကိုလည်း သန်စွမ်းနက်မှောင်လာစေပါသည်။ တစ်ပတ်ကို တစ်ကြိမ်ခန့် အမြဲလျှော်ပေးနိုင်ပါသည်။ သဘာဝနည်းလမ်းဖြစ်သည့်အတွက် ဘေးထွက်ဆိုးကျိုးများ လုံးဝမရှိပါ။ ဓါတုပစ္စည်းများဖြင့် ထုတ်လုပ်ထားသော ခေါင်းလျှော်ရည်အမျိုးမျိုးတို့ထက် အန္တရာယ်ပိုမိုကင်းရှင်းစေပြီး အကုန်အကျလည်း သက်သာစေပါသည်။ ဗောက်များကင်းရှင်း၍ စိတ်ချမ်းသာစွာ နေနိုင်ကြပါစေ။ စောနွဲ့နေဆိုင် (ပူတာအို) ကိုးကား ။ ။ မေ၊ပျိုမေတို့သိစေဖို့ ကျန်းမာရေးသတင်းများ from သစ်ထူးလွင် (ကျန်းမာရေး) - Thit Htoo Lwin http://ift.tt/1EpV5eK

ကြက်ဟင်းခါးသီး

ကြက်ဟင်းခါးသီးသည် သွေးကို သန့်စင်ပြီး အရေပြားရောဂါ၊ အရေပြားပိုးဝင်ခြင်း၊ နှင်းခူနှင့် ယားနာမှိုစွဲသောရောဂါတွေကို ကုသရာတွင် အထောက်ကူပေးသည်။ ထို့အပြင် မျက်စိပြဿနာကို ကင်းဝေးစေပြီး အမြင်အာရုံ တိုးတက်ကောင်းမွန်စေသည်။ ကြက်ဟင်းခါးသီးသည် အရက်ကြောင့်ဖြစ်သော အသည်းရောဂါကို ကုသနိုင်ပြီး အသည်းကို သန့်စင်စေသည်။ ရေယုန်ဗိုင်းရပ်စ်ကုသရာမှာ ကြက်ဟင်းခါးသီးကို အသုံးပြုကြသည်။ ထို့အပြင် ဆိုရီယေးဆစ်(စ်)ဟုခေါ်သော အရေပြားရောဂါကို ပျောက်ကင်းစေပါသည်။ ခန္ဓာကိုယ်မှာ ရောဂါခုခံအားရှိလားအောင် ဆောင်ရွက်ပေးသည်။ ထို့ကြောင့် ကင်ဆာရောဂါကို ကာကွယ်တားဆီးပေးနိုင်သည်။ ထို့အပြင် ကြက်ဟင်းခါးသီးမှာ ယောင်ရမ်းမှုလျော့ကျစေသော အာနိသင်ရှိသဖြင့် လိပ်ခေါင်းရောဂါကို သက်သာစေသည်။ ခန္ဓာကိုယ်အပူချိန်ကို လျော့ချပေးပြီး အစာချေဖျက်နိုင်အောင် ကူညီပေးသည်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်း (ANTIOXIDENT) များစွာပါသဖြင့် ရောဂါဖြစ်စေနိုင်သော ဖရီးရက်ဒီကယ်လ်တွေကို တွန်းလှန်ပေးသည်။ ကြက်ဟင်းခါးသီးသည် ခုခံအားကျဆင်းရောဂါ(HIV)၊ ဆီးချိုသွေးချိုရောဂါနှင့် ခုခံအားနည်းရောဂါတို့ကို ကာကွယ်ကုသရာမှာ များစွာအထောက်အကူပေးနိုင်သည်။ ထို့အပြင် ဒူးနာ၊ ခါးနာ၊ ခြေထောက်နာရောဂါများနှင့်