Skip to main content

Posts

Showing posts from March 15, 2015

မြန်မာ့ဆေးဖက်ဝင် ဘုမ္မသိန်ပင်

Item Name --------- Boneo Camp (ဘုမ္မသိန်ပင် ) Category ------------ Raw Material Botany Term ------- Blumea balsamufera DC Species Family ----- Compositae မြန်မာနိုင်ငံ အနှံ့အပြား တွင် ပေါက်ရောက်သည်။ အထူးသဖြင့် တောင်ယာဖုန်း ဆိုးဟောင်းများ တွင် အမြောက်အမြား ပေါက်ရောက်သည်။ သဘာဝ အလျောက် ပေါက်ရောက်သည်။ ♥ အပင် အပင်ငယ် တစ်မျိုး ဖြစ်သည်။ အမြင့် ၅-၁၀ ပေ ထိ မြင့် သည်။ အပင်တွင် အစေးများ ရှိသည်။ ပင်စည် အရင်းမှ စ၍ ကိုင်းဖြာသည်။ ပင်စည် အခေါက် ချောမွေ့ ၍ အမျှင် လိုက်ဖြစ်ပြီး မွဲခြောက်ခြောက် စိမ်းညိုရောင် ရှိ၏ ။ အကိုင်း အခက်များ ပေါ်တွင် အမွေးနုလေး များ ရှိ၏ ။ ပင်စည်ကို ချိုးကြည့်လျှင် အတွင်း၌ ဖော့သဏ္ဍာန် အဖြူရောင် အူနု ကလေးများ တွေ့နိုင်၏ ။ ♥ အရွက် ရွက်လွှဲ ထွက်သည်။ ရွက်ထိပ်ချွန်၍ အရွက် အလယ်ပိုင်း ကျယ်ကာ ရွက်ရင်း သွယ်သွားသည်။ အရွက် အထက် အောက် မျက်နှာပြင် နှစ်ဖက် လုံး ၌ အမွေးစုတ်စုတ် ရှိပြီး ကြမ်းသည်။ ရွက်နား၌ အလွန် သေးငယ်သော ခွေးသွား စိပ် ကလေးများ ရှိသည်။ ရွက်ကြော ထင်ရှာ၍ ရွက်ညှာ ရင်းနားတွင် ရွက်စွယ် လေးများ ရှိသည်။ ♥ အပွင့် ထိပ်ထွက် ပန်းခိုင် ဖြစ်၍ ကြီးမား ပြီး အ၀ါရောင် ပန်းပွင့် ကလေးများ များပြားစ

ဆီးချိုရောဂါ ရှိသူများ အတွက် အကောင်းဆုံး သဘာဝ ကုထုံးလေးများ

၂ဝ၁၃ ခုနှစ် ဇွန်လဆန်းပိုင်းက George Washington University မှာ ဆီးချိုရောဂါနဲ့ပတ်သက်ပြီး စမ်းသပ်မှုတစ်ခုပြုလုပ်ခဲ့ကြပါတယ်။ ၄င်းစမ်းသပ်မှုမှာ အသက်(၆ဝ)ကျော် ဆီးချိုရောဂါဝေဒနာရှင် ၁ဝဦးကို နေ့လယ်စာနဲ့ညစာများစားပြီးနောက် ၁၅ မိနစ်စီ Treadmill (ခေါ်) လှေကားပေါ်တထစ်ချင်းတက်ရသလိုမျိုး လမ်းလျှောက်စက်ပေါ်မှာ ခပ်ဖြည်းဖြည်းမှန်မှန်နှုန်းနဲ့ ရက်သတ္တပတ်တိတိလမ်းလျှောက်စေခဲ့ပါတယ်။ ရလဒ်ကတော့ သွေးထဲမှာသိသိသာသာ သကြားပမာဏကျဆင်းသွားပြီး ဆီးချိုကျသွားပါတယ်။ သုတသေသီများက ''ထမင်းစားပြီး ၁၅မိနစ် လောက် လမ်းလျှောက်ပေးခြင်းက တခြားအချိန်တွေမှာ ခပ်ကြာကြာလမ်းလျှောက်ခြင်းထက် ဆီးချိုပမာဏလျော့ကျနှုန်းပိုမြန်ဆန်စေပါတယ်။ အထူးသဖြင့် နေ့လယ်စာစားပြီးလမ်းလျှောက်ခြင်းထက် ညစာစားပြီးလမ်းလျှောက်တဲ့အခါ စားထားတဲ့အစာတွေမှာပါတဲ့ဂလူးကို့စ်ဓာတ်တွေ လောင်မြိုက်သွားစေတာကြောင့် ခန္ဓာကိုယ်ထဲမှာ အဲဒီဂလူးကို့စ်တွေ တစ်ညတာလုံးခိုအောင်းမနေတော့ဘူးပေါ့''လို့ အကြံပြုထားတာကို အမေရိကန် ပြည်ထောင်စု ဝါရှင်တန်မြို့၏ ၂ဝ၁၃ ခုနှစ် ဇွန်လ ၁၂ရက်နေ့ထုတ် Diabetes Care(ခေါ်) ဆေးပညာဂျာနယ်တစ်စောင်မှာ အခုလိုဖော်ပြသွား ခဲ့ပါတယ်။ ကမ္ဘာတစ်ဝန်းမှာ ဆီးချို၊ သွေးခ