Skip to main content

Posts

Showing posts from June 8, 2014

" နှစ်လတာ ပြည်ပကုန်သွယ်မှု ကန်ဒေါ်လာ သန်း ၆ဝဝ ကျော် မြင့်တက် " ယခု ဘဏ္ဍာနှစ် နှစ်လ...

" နှစ်လတာ ပြည်ပကုန်သွယ်မှု ကန်ဒေါ်လာ သန်း ၆ဝဝ ကျော် မြင့်တက် " ယခု ဘဏ္ဍာနှစ် နှစ်လတာကာလ ပြည်ပကုန်သွယ်မှုကို ပြီးခဲ့သည့် ကာလတူနှင့် နှိုင်းယှဉ်ပါက ကန်ဒေါ်လာ သန်း ၆ဝဝ ကျော် ပိုတက်လာသည်ဟု ကုန် သွယ်မှုမြှင့် တင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတိုးအောင်မြင့်က ပြော သည်။စီးပွားရေးပိတ်ဆို့မှု ပြန်ဖွင့်ခဲ့သော EU ၏ ဝယ်လိုအားအပါအဝင် အိမ်နီးချင်းနိုင်ငံများ၏ ဝယ်လို အား က ယခင်နှစ်ကထက်တက်လာသည့် အတွက် ပို့ကုန်တန်ဖိုး ယခု ဧပြီ ၁ ရက် မှ မေ ၂၃ ရက်အထိ ကန်ဒေါ်လာ ၁၁ဝ၄ သန်း ပို့နိုင်ခဲ့ကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန စာရင်းဇယားများအရ သိရသည်။ မြန်မာနိုင်ငံ၏ အဓိကစိုက်ပျိုးသီးနှံဖြစ်သည့် လယ်ယာထွက်ကုန်၏ တင်ပို့မှုမှာ အလားတူကာလနှင့် နှိုင်းယှဉ်ပါက တင်ပို့မှုအနည်းငယ် လျော့ နည်းနေသော် လည်း ရေနံသ ဘာဝဓာတ် ငွေ့နှင့် ဓာတ်အားပို့လွှတ်ရောင်းချမှုများကြောင့် ပို့ကုန်ကဏ္ဍ၌ ပိုများလာခြင်းဖြစ်သည်ဟု ဦးတိုးအောင်မြင့်က ဆိုသည်။စစ်တပ်အာဏာသိမ်းထားသည့် ထိုင်းနှင့် ကုန်သွယ်မှုများ အပါအဝင် နှစ်နိုင်ငံတင်းမာမှုများ ဖြစ်နေသည့် မြန်မာ – ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေး စခန်းများ၏ ကုန်သွယ်မှုသက်ရောက်မှု ..... အပြည့်အစုံ

ကချင်ပြည်နယ် ဟူးကောင်းချိုင့်ဝှမ်းဒေသရှိ သိမ်းယူခံထားရသော လယ်ယာမြေ ဧက(၃၀၀)ကျော်တ...

ကချင်ပြည်နယ် ဟူးကောင်းချိုင့်ဝှမ်းဒေသရှိ သိမ်းယူခံထားရသော လယ်ယာမြေ ဧက(၃၀၀)ကျော်တို့ ပြန်လည်ရရှိရေးအတွက် ဇွန်လ ၉ရက် နံနက်ပိုင်းက ရန်ကုန်မြို့ ရွှေဂုံတိုင်လမ်း ယုဇနဟိုတယ် အနီးတွင် ဆန္ဒထုတ်ဖော်စဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ) ၎င်းလယ်မြေများကို ယုဇနကုမ္ပဏီက သိမ်းယူထားခြင်းဖြစ်ပြီး နစ်နာကြေးနှင့် လယ်မြေများ ပြန်လည်ရရှိရေး ဆွေးနွေးမှုများပြုလုပ်ရာတွင် အဆင်မပြေသောကြောင့် ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ကြောင်း ဒေါ်ဘောက်ဂျာ(ကချင်ရေးရာ တက် ကြွလှုပ်ရှားသူ)ကပြောသည်။ ကချင်ဟူးကောင်းချိုင့်ဝှမ်း မြေများပြန်ပေးရန် ယုဇနကုမ္ပဏီကိုဆန္ဒပြ ကချင်ပြည်နယ် ဟူးကောင်းချိုင့်ဝှမ်းဒေသရှိ သိမ်းယူခံထားရသော လယ်ယာမြေ ဧက(၃၀၀)ကျော်တို့ ပြန်လည်ရရှိရေးအတွက် ဇွန်လ ၉ရက် နံနက်ပိုင်းက ရန်ကုန်မြို့ ရွှေဂုံတိုင်လမ်း ယုဇနဟိုတယ် အနီးတွင် ဆန္ဒထုတ်ဖော်စဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ) ၎င်းလယ်မြေများကို ယုဇနကုမ္ပဏီက သိမ်းယူထားခြင်းဖြစ်ပြီး နစ်နာကြေးနှင့် လယ်မြေများ ပြန်လည်ရရှိရေး ဆွေးနွေးမှုများပြုလုပ်ရာတွင် အဆင်မပြေသောကြောင့် ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ကြောင်း ဒေါ်ဘောက်ဂျာ(ကချင်ရေးရာ တက် ကြွလှုပ်ရှားသူ)ကပြောသည်။ from Mizzima - News in Burmese's Facebook W
အဆင်းရဲဆုံး ကျေးရွာ တစ်ရွာလျှင်ကျပ်သိန်း ၃၀၀ ထောက်ပံ့မည် myanmar.mmtimes.com ၂၀၁၄ - ၂၀၁၅ဘဏ္ဍာနှစ်တွင် ဆင်းရဲသောကျေးရွာ ၁၁၅၀ကို ရွေးချယ်ကာ တစ်ရွာလျှင် ကျပ်သိန်း ၃၀၀ နှုန်းဖြင့် ထောက်ပံ့မှုများပြုလုပ်ပေးသွားမည်ဟု မွေးမြူရေး၊ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်တာဝန်ရှိသူတစ်ဦးက ဇါန်လ ၃ ရက်တွင် ပြောခဲ့သည်ဟု ဇွန်လ ၅ ရက်ထုတ် မဇ္ဈိမသတင်းစာတွင်ဖော်ပြထားသည်။ from The Myanmar Times's Facebook Wall http://ift.tt/1uIJYJa

http://bit.ly/1pUQoFk

http://bit.ly/1pUQoFk Task force detains thousands of illegal miners in Hpakant www.mmtimes.com A special task force set up by the President’s Office has arrested 1300 miners in recent months and seized large quantities of mining equipment in a crackdown on illegal jade mining in Kachin State. from The Myanmar Times's Facebook Wall http://ift.tt/1uIJYsC

လစာ သိန်း ၃၀ သာရသည့် အားကစားဝန်ကြီး တစ်လ သိန်း ၆၀၀ စိုက်ထုတ်သုံးစွဲနေဟုဆို သြော...

လစာ သိန်း ၃၀ သာရသည့် အားကစားဝန်ကြီး တစ်လ သိန်း ၆၀၀ စိုက်ထုတ်သုံးစွဲနေဟုဆို သောကြာ ၂၀၁၅ ခုနှစ် စင်ကာပူဆီးဂိမ်းပြိုင်ပွဲအတွက် မြန်မာအားကစားအဖွဲ့မှ ကစားသမားများ လေ့ကျင့်ပေးရန် နိုင်ငံခြားသား နည်းပြများ ခေါ်ယူလျက်ရှိပြီး နည်းပြခေါ်ယူရာတွင် နိုင်ငံတော်မှချပေးသည့် ဘတ်ဂျက် ငွေနှင့်မလုံလောက်၍ အားကစားဝန်ကြီး ဦးတင့်ဆန်းမှ လစဉ် ကျပ် သိန်း ၆၀၀ ခန့် စိုက်ထုတ်သုံးစွဲနေရသည်ဟု အားကစားဝန်ကြီးဌာန ညွန်ကြားရေးမှူး ဦးဋ္ဌေးအောင်က မဇ်္ဈိမသို့ ပြောသည်။ အားကစားဝန်ကြီးဌာနအနေဖြင့် လာမည့် စင်ကာပူဆီးဂိမ်းပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် မြန်မာအားကစားအဖွဲ့များအတွက် နိုင်ငံခြားသားနည်းပြများ ငှားရမ်းခဲ့ခြင်းဖြစ်ပြီး ၎င်းကုန်ကျစရိတ်အတွက် နိုင်ငံတော်မှ ကျခံမှုမှာ အနည်းငယ်သာ ရှိခဲ့သည်။ မြန်မာအားကစားအဖွဲ့များအတွက် ငှားရမ်းထားသော နိုင်ငံခြားနည်းပြ အရေအတွက်မှာ ဦးရေ ၆၀ ကျော်ရှိမည်ဖြစ်ပြီး လစာမှာလည်း တစ်လအတွက် ဒေါ်လာ ၁,၅၀၀ မှ ၂,၀၀၀ ကြားတွင် အသုံးပြုနေရသည်။ သို့သော်လည်း နိုင်ငံတော်အစိုးရအနေဖြင့် သုံးလတာကာလအတွက် နည်းပြ အယောက် ၃၀ ကိုသာ ငှားရမ်းရန် ဆုံးဖြတ်ချက်ချခဲ့ပြီး ကျန်ရှိနေသေးသည့် ငှားရမ်း စရိတ်များကို ဦးတင့်ဆန်းက စိုက်ထုတ်

နိုင်ငံတကာသတင်းတိုများ ရေလွှမ်း၍ လူ ၇၀ခန့် သေဆုံး အာဖဂန်နစ္စတန်နိုင်ငံမြောက်ပိုင...

နိုင်ငံတကာသတင်းတိုများ ရေလွှမ်း၍ လူ ၇၀ခန့် သေဆုံး အာဖဂန်နစ္စတန်နိုင်ငံမြောက်ပိုင်း ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်ခဲ့သောကြောင့် လူ ၇၀ ထက်မနည်း သေဆုံး ခဲ့ရပြီး အိမ်ခြေပေါင်းများစွာကိုလည်း ရေတိုက်စားသွားခဲ့သည့်အတွက် လူဦးရေ ထောင်ပေါင်းများစွာ ပြောင်းရွှေ့ခဲ့ရ ကြောင်း အာဏာပိုင်များက ပြောကြားလိုက်သည်ဟု ဇွန်လ ၈ ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ပါကစ္စတန် ဆန္ဒပြမှုရပ်ဆိုင်း ပြည်ပရောက် ပါကစ္စတန် MQM ပါတီခေါင်းဆောင်အား ငွေကြေးခ၀ါချမှုများအတွက် စွဲချက်တင်ထားခြင်း အား လန်ဒန်ရဲတပ်ဖွဲ့မှ အာမခံ ပေး လိုက်ပြီးနောက် ၎င်းင်းအား ထောက်ခံသူ များသည် ဆန်္ဒပြမှုများကို ရပ်ဆိုင်း လိုက်သည်ဟု ဇွန်လ ၈ ရက်က ရိုက်တာ သတင်းတစ်ရပ်တွင် ဖော်ပြ ထားသည်။ ပါကစ်္စတန်တွင် ၎င်း လွတ်မြောက်ရေးအတွက် လူပေါင်းများစွာက ဆန္ဒပြတောင်းဆိုနေသည်မှာ လေးရက်ရှိပြီ ဖြစ်သည်။ အမေရိကန်က အရေးပါသော နေရာတွင်ပါဝင်သင့် အမေရိကန်နိုင်ငံအနေဖြင့် တောင်တရုတ်ပင်လယ်အတွင်း အငြင်းပွားနေသော ကိစ္စရပ်များအတွက် ငြိမ်း ချမ်းရေးဖော်ဆောင်ရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပိုမိုပါဝင်သင့်ကြောင်း ဗီယက်နမ်နိုင်ငံမှ တောင်း ဆိုလိုက်သည်ဟု ဇွန်လ ၈ ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ည

Flickr သို့ Facebook နှင့်Google အကောင့်များသုံးကာ Log-in ၀င်ရောက်နိုင်တော့မည် မ...

Flickr သို့ Facebook နှင့်Google အကောင့်များသုံးကာ Log-in ၀င်ရောက်နိုင်တော့မည် မဟုတ် CNET Yahoo ၏ နာမည်ကျော် ၀န်ဆောင်မှုတစ်ခုဖြစ်သည့် အွန်လိုင်းဓာတ်ပုံဝန်ဆောင်မှု Flickr သို့ log-in ၀င်ရောက် အသုံးပြု သည့်နေရာတွင် အသုံးပြုသူများက ၎င်းတို့၏ Google နှင့် Facebook အကောင့်တို့ ကို ဇွန်လကုန်မှ စတင်ပြီး အသုံးပြုနိုင်တော့မည်မဟုတ်ကြောင်း ကုမ္ပဏီက ကြေညာခဲ့သည်။ Yahoo မှ Flickr ၏ ကျော်ကြားမှုအား တိုးပွားလာစေရန် အဆင့်ဆင့်ကြိုးစားလျက်ရှိပြီး ၂၀၁၄ ခုနှစ်တွင် လည်း အသုံးပြုသူများအတွက် Flickr ၌1TB storageအခမဲ့ ပေးခဲ့သည်။ ယခုအချိန်တွင်လည်း Flickr သို့ ၀င်ရောက်အသုံးပြုနိုင်ရန်အတွက် အသုံးပြုသူများအနေဖြင့် Yahoo အကောင့် ရှိရန်လိုအပ်ကြောင်း ကြေ ညာခဲ့သည်။ “အခုလကစပြီး ကျွန်တော်တို့ဘက်က Flickr အသုံးပြုသူတွေအနေနဲ့ Yahoo အကောင့်ကို အသုံးပြုပြီး Flickr ကို log-in ၀င်ရောက်ဖို့ လုပ်ဆောင်သွားတော့မှာပါ”ဟု Flickr အကြီးအကဲ Markus Spiering က ဇွန်လ ၆ ရက်တွင် ပြုလုပ်သည့် ကုမ္ပဏီဖိုရမ်တွင် ပြောကြားခဲ့သည်။ ကုမ္ပဏီက Facebook နှင့် Google တို့ဖြင့် Flickr သို့ log-in ၀င်ရောက်ခြင်းအား ရပ်နားတော့မည့် ရက် အတိအကျကို မထုတ်ပြန်သေးသော်လည်း Th

ကျပ်သိန်းတစ်ရာကျော် ချီးမြှင့်မည့် Gaming Festival ကျင်းပရန် စီစဉ် စ ချိုကိုြ...

ကျပ်သိန်းတစ်ရာကျော် ချီးမြှင့်မည့် Gaming Festival ကျင်းပရန် စီစဉ် စ ချိုကို မြန်မာနိုင်ငံတွင် အမြင့်ဆုံး ဆုကြေးဖြစ်သော ကျပ်သိန်းတစ်ရာကျော် ချီးမြှင့်သွားမည့် Myanmar Gaming Festival 2014 (MGF 14) ကို လာမည့်သြဂုတ်လနှင့် စက်တင်ဘာလများတွင် ကျင်းပသွားရန် စီစဉ်နေ သည်ဟု အဆိုပါ ဂိမ်းပြိုင်ပွဲ ပြုလုပ်ပေးမည့် August Myanmar Media Group မှ တာဝန်ခံအယ်ဒီတာ ကိုငြိမ်းချမ်းက ပြောသည်။ အဆိုပါ Myanmar Gaming Festival တွင် Game ပြိုင်ပွဲများ၊ ပြပွဲများလည်း ပါဝင်မည် ဖြစ်သည်။ ဂိမ်းပြိုင် လပွဲတွင် အသက် ၁၃ နှစ်ပြည့်ပြီးသူတိုင်း ပါဝင်ကစားနိုင်ပြီး ကစားလိုသူများအနေဖြင့် အွန်လိုင်းတွင် Registration ဖောင်များ ရယူနိုင်ရန် စီစဉ်ပေးသွားမည်ဖြစ်ကာ အခမဲ့ဝင်ရောက်ယှဉ် ပြိုင်ကစားနိုင်မည် ဖြစ်သည်။ ဂိမ်းပြိုင်ပွဲတွင် DOTA 2၊League of Legends (LOL)၊ Counter Strike: Global Offensive၊ FIFA 2014၊ Cosplay Competition စသည့် ဂိမ်းပေါင်းစုံ ပါဝင်လာမည် ဖြစ်သည်။ ကိုငြိမ်းချမ်းက “လာမယ့်နှစ်ပတ်လောက်အတွင်းမှာ ပြိုင်ပွဲဝင်အမည်စာရင်းပေးသွင်းတာ စလက်ခံနိုင်မယ်။ ပြိုင်ပွဲ ကျင်းပတဲ့အသေးစိတ် အချက်အလက်ကို ပြိုင်ပွဲစာရင်း စတင်လက်ခံတဲ့အချိန်လော

ပြည်တွင်း ဆော့ဝဲလ်များ ပြည်ပတင်ပို့ရသော်လည်း ရသင့်သည့် ဈေးနှုန်းထက် လျော့နည်းနေ...

ပြည်တွင်း ဆော့ဝဲလ်များ ပြည်ပတင်ပို့ရသော်လည်း ရသင့်သည့် ဈေးနှုန်းထက် လျော့နည်းနေ စ, ချိုကို| တနင်္လာနေ့၊ ဇွန်လ ၉ ရက်၊ ၂၀၁၄ ခုနှစ် ပြည်တွင်းဆော့ဖ်ဝဲလ်ကုမ္ပဏီများအနေဖြင့် နိုင်ငံတကာက ဆော့ဝဲလ်မှာယူမှုများကို လက်ခံထုတ်လုပ်ပေးနိုင်သော်လည်း တရားဝင်အကောက်ခွန်ပေးဆောင်ခြင်းနှင့် တင်ပို့ခြင်း မပြုလုပ်နိုင်သည့်အတွက် ဈေးနှုန်းရရှိမှုမှာ ထိုက်သင့်သည်ထက် လျော့နည်းစွာရရှိနေရသည်ဟု ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာလုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ ဦးမင်းဦးက ပြောသည်။ မြန်မာနိုင်ငံတွင် ဆော့ဖ်ဝဲလ်ကို ထုတ်ကုန်အမည် သတ်မှတ်ပေးထားခြင်း မရှိသည့်အတွက် ပြည်ပသို့ ဆော့ဖ်ဝဲလ် ထုတ်ကုန်များ တင်ပို့ခြင်းနှင့်ပြည်ပက တင်သွင်းခြင်းများ ပြုလုပ်ရာတွင် အခက်အခဲများစွာ ရှိနေသည်ဟုလည်း ပြည်တွင်းကွန်ပျူတာ လုပ်ငန်းရှင်များက ဆိုသည်။ ဦးမင်းဦးက“နိုင်ငံတကာကလည်း ကျွန်တော်တို့ဆီမှာ ဆော့ဝဲလ်ကို ၀ယ်ယူတဲ့အခါ သူတို့နိုင်ငံတွေမှာ တရားဝင် အကောက်ခွန်ပေးဆောင်ပြီးသား ထုတ်ကုန်ဖြစ်ကြောင်း ပြန်လည်ပြသရတယ်။ ဒီမှာက ဆော့ဝဲလ်ထုတ်ကုန် အမည်မရှိတဲ့အခါ သူတို့ဘက်မှာလည်း တရားဝင်အခွန်ဆောင်လို့ မရဘူး။ ဒါကြောင့် ပြည်တွင်း ကုမ္ပဏီကနေ ဆော့ဝဲလ်ကိုမှာယူတဲ့အခါ နိုင်ငံတကာမှာပေးတဲ့ စေ

လမ်းအခက်အခဲကြောင့် အိန္ဒိယသို့ ကုန်စည်တင်ပို့မှု လျော့ကျ မို့မို့ကြည်| တနင်္လာနေ့...

လမ်းအခက်အခဲကြောင့် အိန္ဒိယသို့ ကုန်စည်တင်ပို့မှု လျော့ကျ မို့မို့ကြည်| တနင်္လာနေ့၊ ဇွန်လ ၉ ရက်၊ ၂၀၁၄ ခုနှစ် မိုးတွင်းကာလဖြစ်၍ မြန်မာဘက်ခြမ်းရှိ လမ်းများကောင်းမွန်မှု မရှိသောကြောင့် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ကုန်သွယ်မှု လုပ်ငန်းများပြုလုပ်နေသည့် တမူးနယ်စပ် ကုန်သွယ်ရေးစခန်းတွင် နယ်စပ်ကုန်သွယ်မှု ပမာဏများ ကျဆင်းလျှက်ရှိနေသည်ဟု တမူးနယ်စပ် ကုန်သွယ်ရေးစခန်းမှူး ဒေါ်သီးသီးမာက ဇွန်လ ၆ ရက် တွင် မဇ္ဈိမကို ပြောသည်။ “ အခုကုန်သွယ်ရေးက ပုံမှန်မရှိဘူး ဖြစ်နေတယ်။ ရာသီဥတုကလည်း သိပ်မကောင်းတော့ လမ်းတွေက ပျက်တာတွေ ရှိတယ်။ ပုံမှန်ကုန်သွယ်နေတဲ့ လမ်းပိုင်းတွေက လမ်းချော်ပြီး ကုန်ကားတွေ မှောက်တာတွေ တောင်ရှိတယ်။ တခြားလမ်းက ပြောင်းလာမယ်ဆိုရင်လည်း နှစ်ရက်နဲ့သွားလို့ရတဲ့ ခရီးက သုံးရက်ကြာသွားတယ်။ အဲဒါကြောင့် ကုန်သွယ်မှု လျော့ကျတာပါ” ဟု ဒေါ်သီးသီးမာက ပြောသည်။ မိုးတွင်းကာလာဖြစ်၍ ကလေး-တမူး လမ်းပိုင်းတွင် လမ်းချော်မှုများ ဖြစ်ပေါ်နေခြင်း၊ တံတားများ ပြုပြင်နေခြင်း၊ မြေပြိုမှုများနှင့် မကြာခဏ ကြုံတွေ့ရခြင်းစသော အကြောင်းအရင်းများကြောင့် ကုန်သည်များအနေဖြင့် ကုန်စည်ပို့ဆောင်မှုများ လျော့ချထားကြောင်း အိန္ဒိယနှင့် မြန်မာနှစ်နိုင်ငံ ကုန်သွယ်မ

ကျောက်ဖြူ-ကူမင်း ရထားလမ်းဖောက်လုပ်မည့် တရုတ်မီးရထားလမ်း ဖောက်လုပ်ရေးကုမ္ပဏီ မှတ်ပ...

ကျောက်ဖြူ-ကူမင်း ရထားလမ်းဖောက်လုပ်မည့် တရုတ်မီးရထားလမ်း ဖောက်လုပ်ရေးကုမ္ပဏီ မှတ်ပုံတင်ခွင့်ရရှိ စည်သူအောင် ၊ မို့မို့ကြည်| တနင်္လာနေ့၊ ဇွန်လ ၉ ရက်၊ ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံ ကျောက်ဖြူမြို့မှ တရုတ်နိုင်ငံကူမင်းမြို့သို့ မီးရထားလမ်း ဆက်သွယ်ဖောက်လုပ်မည့် တရုတ်မီးရထားလမ်းဖောက်လုပ်ရေး ကုမ္ပဏီဖြစ်သော China Railway Engineering Corporation (CREC) ကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနက ဇွန်လ ၃ရက်တွင် ယာယီမှတ်ပုံတင်ခွင့်ပေးခဲ့သည်။ China Railway Construction Engineering Myanmar Co., Ltd အမည်ဖြင့် လုပ်ငန်းဖွဲ့စည်းခဲ့ခြင်းဖြစ် ပြီး ဇွန်လ ၃ ရက်တွင် မှတ်ပုံတင်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။ ကျောက်ဖြူ-ကူမင်းရထားလမ်း ဖောက်လုပ်ရေးအတွက် ၂၀၁၁ခုနှစ်တွင် မြန်မာ-တရုတ် နားလည်မှုစာချွန်လွှာရေး ထိုးခဲ့ပြီး ၂၀၁၁ ခုနှစ်အတွင်း လုပ်ငန်းစတင်ရန် ထိုစဉ်က မျှော်မှန်းခဲ့ကြသော်လည်း ယခုအချိန်အထိ ကြန့်ကြာနေခြင်းဖြစ်သည်။ အထူးစီးပွားရေးဇုန်၊ ရေနက်ဆိပ်ကမ်း၊ သဘာဝဓာတ်ငွေ့ထုတ်လုပ်ရေး၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက် လိုင်းစီမံကိန်းများရှိသော ကျောက်ဖြူနှင့် တရုတ်ယူနန်ပြည်နယ်မြို့တော် ကူမင်းမြို့ကို ချိတ်ဆက်မည့် အဆို ပါမီးရ

သစ်တောထွက်ပစ္စည်း စိုက်ပျိုးထုတ်လုပ်သူ ၂၆ ဦး နီပေါသို့ လေ့လာရေး သွားရောက်မည် ရန...

သစ်တောထွက်ပစ္စည်း စိုက်ပျိုးထုတ်လုပ်သူ ၂၆ ဦး နီပေါသို့ လေ့လာရေး သွားရောက်မည် ရန်ကုန်၊ ဇွန် ၈ သစ်တောဖုံးလွှမ်းမှု ဧရိယာ တဖြည်းဖြည်း လျော့ကျလာသည့်အပြင် အစုအဖွဲ့ပိုင်သစ်တော (CF) တည်ထောင်မှု အောင်မြင်မှု နည်းပါးနေဆဲ ဖြစ်သော မြန်မာနိုင်ငံမှ သစ်တောထွက်ပစ္စည်း စိုက်ပျိုးထုတ်လုပ်သူ ၂၆ ဦးသည် ဒေသခံ အစုအဖွဲ့ပိုင် သစ်တောများ အောင်မြင် ဖြစ်ထွန်းနေသော နီပေါနိုင်ငံသို့ ဇွန်လ ၉ ရက်မှ ၁၆ ရက်နေ့အထိ လေ့လာရေး သွားရောက်မည် ဖြစ်ကြောင်း မြန်မာ့ပတ်ဝန်းကျင် ထူထောင်ထိန်းသိမ်းရေးကွန်ရက် (MERN) အမှုဆောင်အရာရှိချုပ် ဦးအောင်သန့်ဇင်က ပြောကြားသည်။ ယင်းခရီးစဉ်တွင် မြန်မာနိုင်ငံမှ သစ်တောထွက် ပစ္စည်းများနှင့် သစ်တော အခြေခံထုတ်ကုန် ပြုလုပ်နေသော ဒေသခံများ၊ အစုအဖွဲ့ပိုင် သစ်တောစိုက်ပျိုးနေသူများ၊ သစ်တောဦးစီးဌာနမှ အရာရှိများ၊ လွှတ်တော် ကိုယ်စားလှယ်များ ပါဝင်မည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ နီပေါတွင် ရေရှည်စီမံကိန်းများ သေချာရေးဆွဲကာ အစုအဖွဲ့ပိုင် သစ်တောများကို တိုင်းအဆင့် မြို့နယ်အဆင့်၊ ကျေးရွာအဆင့် သစ်တော အသုံးပြုသူများအဖွဲ့ဟု ဖွဲ့စည်းပြီး ပူပေါင်း လုပ်ဆောင်ခြင်းအပြင် ဥပဒေ အားကောင်းခြင်းကြောင့် နီပေါတွင် CF အောင်မြင်ခြင်း
Graft scandal sinks without trace www.mmtimes.com Almost 18 months ago U Thein Tun was forced to resign amid corruption allegations, but a subsequent police investigation has gone nowhere. from The Myanmar Times's Facebook Wall http://ift.tt/1kUKZuL
Kachin war, three years on www.mmtimes.com Kachin mark three years since renewed hostilities between the KIA and the Tatmadaw, in a war that's displaced over 100,000. from The Myanmar Times's Facebook Wall http://ift.tt/1uIBMsB

ယာမလို့ ခေါ်တယ်တဲ့ ဆိုတဲ့ လင်းလက်ကြယ်စင်အစီအစဉ် နားဆင်နိုင်ပါပြီ။ ယာမလို့ခေါ်တဲ့...

ယာမလို့ ခေါ်တယ်တဲ့ ဆိုတဲ့ လင်းလက်ကြယ်စင်အစီအစဉ် နားဆင်နိုင်ပါပြီ။ ယာမလို့ခေါ်တဲ့ စိတ်ကြွဆေး လူငယ်တွေကြားထဲ ဘယ်လိုတွေ ပျံ့နှံ့နေလဲ။ ဘာကြောင့် သုံးကြတာလဲ။ အကျိုးဆက်တွေက ဘာတွေလဲ ဆိုတာကို လင်းလက်ကြယ်စင်မှာ နားဆင်နိုင်ပါပြီ။ ယာမလို့ခေါ်တယ်တဲ့ - သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1lhp5la

ဒဂုံမြို့နယ် ပြည်လမ်းနှင့် ရှင်စောပုလမ်းဆုံရှိ မီးပွိုင့်တွင် ဇွန်လ ၇ ရက် မွန်းလ...

ဒဂုံမြို့နယ် ပြည်လမ်းနှင့် ရှင်စောပုလမ်းဆုံရှိ မီးပွိုင့်တွင် ဇွန်လ ၇ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က အောင်စာရင်း သွားကြည့်ရာမှ နေအိမ်သို့ စက်ဘီးဖြင့် ပြန်လာသူ လူငယ်နှစ်ဦး ယာဉ်တိုက်ခံရသဖြင့် တစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒဂုံမြို့နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ အရာရှိတစ်ဦးက ပြောကြားသည်။ မြေနီကုန်းဘက်မှ ဟယ်လ်ပင် မှတ်တိုင်ဘက်သို့ ပြည်လမ်းအတိုင်း စမ်းချောင်းမြို့နယ်တွင် နေထိုင်သူ အသက် ၂၉ နှစ်အရွယ် မောင်းနှင်လာသော မာစီဒီးအမျိုးအစား ကိုယ်ပိုင်ယာဉ်မှာ ပြည်လမ်းနှင့် ရှင်စောပုလမ်းဆုံ မီးပွိုင့်အနီး City Mart ရှေ့တွင် အရှိန်လွန်ပြီး လမ်းလယ်ကျွန်းကို ဝင်တိုက်ရာမှ တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိကာ မီးနီမိ၍ ရပ်နေသော စက်ဘီးနှင့် လူငယ်နှစ်ဦးကို ဝင်တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ အောင်စာရင်း သွားကြည့်သူ လူငယ်နှစ်ဦး ယာဉ်တိုက်ခံရ၍ တစ်ဦးသေဆုံး - သစ်ထူးလွင် (နေ့စဉ်သတ www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1mv6Q8T

တရုတ်-မြန်မာနယ်စပ်မှ တရားမ၀င် ၀င်ရောက် လာသော လက်ဖက်များကြောင့် ဒေသခံများမှ ဈေးက...

တရုတ်-မြန်မာနယ်စပ်မှ တရားမ၀င် ၀င်ရောက် လာသော လက်ဖက်များကြောင့် ဒေသခံများမှ ဈေးကွက် ဆုံးရှုံးမှုများ ကြုံတွေ့နေရကြောင်း မြန်မာနိုင်ငံ လက်ဖက်အစု အဖွဲ့ ဥက္ကဋ္ဌဦးထွန်းမြိုင်က The Messenger သတင်းစာသို့ ပြောသည်။ မြန်မာပြည်ကိုသာ ၀င်နေတာ။ ခိုးပြီး ၀င်လာတာ ဆိုတော့ နိုင်ငံတော်ဆီ ကိုလည်း အခွန်တစ်ပြား တစ်ချပ်မှ ၀င်တာမဟုတ်ဘူး။ တကယ့် မြန်မာပြည်သား ပလောင်ဒေသက ဒေသခံတွေရဲ့ဈေးကွက် ကိုလည်း ထိခိုက်မှု ရှိလာတယ် ဟု ၎င်း က ပြောသည်။ ယင်းသို့ တရုတ်နိုင်ငံမှ တရားမ၀င် လက်ဖက်များ ၀င်ရောက်လာမှုမှာ မူဆယ်မြို့နှင့် ချင်းရွှေ ဟော်ဘက်မှ အဓိက ၀င်ရောက်နေပြီး၊ သက်ဆိုင်ရာ အစိုးရပိုင်းမှ တာဝန်ရှိသူများ စိစစ်ကြပ်မတ် ပေးရန် လိုအပ်နေကြောင်း ဦးထွန်းမြိုင် ကပြောသည်။ တရုတ်-မြန်မာ နယ်စပ်မှ ၀င်ရောက်လာသော တရားမ၀င် လက်ဖက် များကြောင့် ဒေသခံများ ဈေးကွက် ဆုံ www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1mv6Q8N

ရခိုင် ပြည်နယ်တွင် နှစ်နှစ်ဆက်တိုက် တက္ကသိုလ်ဝင် စာမေးပွဲ အောင်ချက် ရာခိုင်နှုန်း...

ရခိုင် ပြည်နယ်တွင် နှစ်နှစ်ဆက်တိုက် တက္ကသိုလ်ဝင် စာမေးပွဲ အောင်ချက် ရာခိုင်နှုန်း ကျဆင်း ခဲ့ကြောင်း ရခိုင်ပြည်နယ် ပညာရေးမှူး ရုံးမှ သိရသည်။ ရခိုင် ပြည်နယ်တွင် ၂၀၁၂ ခုနှစ် က ဖြစ်ပွားခဲ့သော ပဋိပက္ခ များကြောင့် ၂၀၁၃ ခုနှစ်တွင် အောင်ချက် ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး၊ ယခု နှစ်တွင် လည်း ယခင်နှစ် ကထက် အောင်ချက် ရာခိုင်နှုန်း ထပ်မံ ကျဆင်းခဲ့ခြင်း ဖြစ်သည်။ ဒါပေမဲ့ ကျွန်တော်တို့ ဆက်လက် ကြိုးစား နေမှာပါ။ ဒီနှစ်က Moder -ation မရှိတာလည်း ပါမှာပေါ့ ဟု ရခိုင် ပြည်နယ်ပညာရေးမှူးရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး (စီမံ) ဦးလှစိန်ထွန်း က The Messenger သတင်းစာ သို့ ပြောသည်။ ရခိုင် ပြည်နယ် တစ်ခုလုံးတွင် ၂၀၁၄ ခုနှစ်၌ တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုသူ ကျောင်းသား ကျောင်းသူပေါင်း (၂၅၄၆၅) ဦး ရှိခဲ့ရာ (၄၆ ၃၉) ဦး အောင်မြင်ခဲ့ပြီး၊ အောင်ချက်ရာနှုန်း (၁၈ ဒသမ ၂၂) ရာခိုင်နှုန်း ရှိခဲ့သည်။ ရခိုင်ပြည်နယ်တွင် (၂) နှစ် ဆက်တိုက် တက္ကသိုလ်ဝင် စာမေးပွဲ အောင်ချက် ကျ - သစ်ထူးလွင် (နေ့စဥ� www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's F

ကားဈေးကွက်အတွင်း ကိုရီးယားကားများ နေရာရလာ ဖြိုးဝေလင်း ပြည်တွင်းလုပ်ငန်းသုံး က...

ကားဈေးကွက်အတွင်း ကိုရီးယားကားများ နေရာရလာ ဖြိုးဝေလင်း ပြည်တွင်းလုပ်ငန်းသုံး ကားဈေးကွက်အတွင်း ကျောင်းဖွင့်ရာသီဖြစ်၍ ကျောင်းကြို/ပို့လုပ်ငန်းတွင် အသုံးပြုရန် နှင့် ခရီးသည်တင်ယာဉ်အဖြစ် အသုံးပြုရန် တောင်ကိုရီးယားနိုင်ငံမှထုတ်လုပ်သည့် Hyundai Porter ကား များနှင့် Hyundai Coanty ကားများဈေးကွက်အတွင်း နေရာရလာသည်ဟု SEKYUNG အရောင်းပြခန်းမှ Marketing Manager မဧကရီက မဇ်္ဈိမကို ပြောသည်။ “အခုလောလောဆယ်တော့ ကိုရီးယား မီနီဘတ်စ်ကားတွေ အရောင်း သွက်နေတယ်။ မှော်ဘီ၊ တိုက်ကြီး ဟိုင်းလပ်ကားလေးတွေ ဖျက်သိမ်းလိုက်တဲ့ နောက်ပိုင်းမှာ အရင်ကထက် ပိုရောင်းရလာတယ်။ တချို့ကျ တော့ ကျောင်းဖယ်ရီကားလုပ်ဖို့အတွက် ၀ယ်ကြတယ်” ဟု ၎င်းက ပြောသည်။ မြန်မာနိုင်ငံတွင် အစိုးရသစ် တက်ရောက်ခဲ့ပြီး နောက်ပိုင်းတွင် ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများ ဖွင့်လှစ်မှုများ ရှိလာရာ ကျောင်းပို့၊ ကျောင်းကြိုကားများအဖြစ် လိုက်ထရပ်နေရာတွင် ယာဉ်အန္တရာယ်ပို မိုစိတ်ချရသည့် ကိုရီးယားမီနီဘတ်စ်များ ပိုမိုအသုံးပြုလာကြပြီး ဖျက်သိမ်းလိုက်သည့် ဟိုင်းလပ်ယာဉ်များနေရာတွင် အစား ထိုးပြေးဆွဲသည့် ယာဉ်အများစုမှာ ကိုရီးယား မီနီဘတ်စ်များ ဖြစ်သည်။ from Mizzima - News in Burmese'

ငွေကျပ်ငါးဘီလီယံကျော် ကုန်ကျမည့် တန်ဖိုးမျှတ အိမ်ရာစီမံကိန်းကို ဇူလိုင်လတွင် အကေ...

ငွေကျပ်ငါးဘီလီယံကျော် ကုန်ကျမည့် တန်ဖိုးမျှတ အိမ်ရာစီမံကိန်းကို ဇူလိုင်လတွင် အကောင်အထည်ဖော်နိုင်မည် ဖြိုး| တနင်္လာနေ့၊ ဇွန်လ ၉ ရက်၊ ၂၀၁၄ ခုနှစ် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်တွင် ငွေကျပ်ငါးဘီလီယံကျော်ကုန်ကျမည့် တန်ဖိုးမျှတ အိမ်ရာစီမံကိန်းကို ဇူလိုင်လတွင် အကောင်အထည်ဖော်နိုင်မည်ဖြစ်ကြောင်း မန္တလေးတိုင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “အိုးအိမ်က မြရည်နန္ဒာရပ်ကွက်မှာ အကောင်အထည်ဖော်မယ့်တန်ဖိုးမျှတ အိမ်ရာစီမံကိန်းအတွက် ငွေကျပ် ငါးဘီလီယံကျော် ကြိုတင်စိုက်ထုတ်ထားပါတယ်။ ဘယ်လောက်ကုန်ကျမယ်ဆိုတာတော့ အသေးစိတ် မထွက်လာသေးပါဘူး” ဟု ၎င်းက ပြောသည်။ နေပြည်တော်မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနရှိ မြို့ပြနှင့် စီမံကိန်းဌာနခွဲကတာဝန်ယူကာ အဆောက်အအုံ ဒီဇိုင်းရေးဆွဲလျက်ရှိပြီး ယခုနှစ်ဇူလိုင်လထဲ နောက်ဆုံးထားဆောင်ရွက်နိုင်မည်ဟု ဆိုသည်။ လက်ရှိ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက အကောင်အထည်ဖော်ဆောက်လုပ်နေသည့် တန်ဖိုးနည်း အိမ်ရာစီမံကိန်းအတွင်းရှိ မြေဧရိယာတွင် ဆောက်လုပ်သွားမည်ဖြစ်သည်။ လေးခန်းတွဲ လေးထပ်ပါဝင်ဖွဲ့စည်းထားသည့် အဆောက်အအုံအလုံးရေ ၃၃ လုံးကိုတ

အောင်စာရင်း သွားကြည့်သူ လူငယ်နှစ်ဦး ယာဉ်တိုက်ခံရ၍ တစ်ဦးသေဆုံး

ရန်ကုန်၊ ဇွန် ၈ ဒဂုံမြို့နယ် ပြည်လမ်းနှင့် ရှင်စောပုလမ်းဆုံရှိ မီးပွိုင့်တွင် ဇွန်လ ၇ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က အောင်စာရင်း သွားကြည့်ရာမှ နေအိမ်သို့ စက်ဘီးဖြင့် ပြန်လာသူ လူငယ်နှစ်ဦး ယာဉ်တိုက်ခံရသဖြင့် တစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒဂုံမြို့နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ အရာရှိတစ်ဦးက ပြောကြားသည်။ မြေနီကုန်းဘက်မှ ဟယ်လ်ပင် မှတ်တိုင်ဘက်သို့ ပြည်လမ်းအတိုင်း စမ်းချောင်းမြို့နယ်တွင် နေထိုင်သူ အသက် ၂၉ နှစ်အရွယ် မောင်းနှင်လာသော မာစီဒီးအမျိုးအစား ကိုယ်ပိုင်ယာဉ်မှာ ပြည်လမ်းနှင့် ရှင်စောပုလမ်းဆုံ မီးပွိုင့်အနီး City Mart ရှေ့တွင် အရှိန်လွန်ပြီး လမ်းလယ်ကျွန်းကို ဝင်တိုက်ရာမှ တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိကာ မီးနီမိ၍ ရပ်နေသော စက်ဘီးနှင့် လူငယ်နှစ်ဦးကို ဝင်တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ “ကောင်လေး နှစ်ယောက်က နယ်က အသိသူငယ်ချင်းတွေရဲ့ အောင်စာရင်းကို ဒဂုံ အထက (၂) မှာ သွားကြည့်ပြီး စမ်းချောင်းဘက်ကို ပြည်လမ်းအတိုင်း ပြန်လာတာ။ မီးပွိုင့်မိနေချိန် တစ်ဖက်ယာဉ်ကြောက ကားကအရှိန်နဲ့ မောင်းလာတုန်း စီယာတိုင်လည်း ဆွဲလို့မရ၊ ဘရိတ်လည်း မမိတော့တာကြောင့် အရှိန်မထိန်းနိုင် ဖြစ်ပြီး လူငယ်နှစ်ဥ

တရားမ၀င် ကျောက်စိမ်း ကျပ်သိန်း သုံးထောင်ကျော်ဖိုး ဖမ်းဆီးရမိ

တနင်္လာနေ့၊ ဇွန်လ ၉ ရက်၊ ၂၀၁၄ ခုနှစ် မြန်မာ့ ကျောက်စိမ်းတန်ချိန် ၂၂ တန် ကျော်ကို တရားမ၀င် ဖမ်းဆီးစစ်ဆေးရေးအဖွဲ့ Mobile Team အနေဖြင့် ဖမ်းဆီးရမိခဲ့ပြီး ငါးဆယ်ရာခိုင်းနှုန်းကို သတင်းပေးသူနှင့် ဖမ်းဆီးရေးအဖွဲ့ကို ပေးသွားမည်ဟု စီးပွားကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာန ညွှန်ကြားရေးမှူးက ပြောသည်။ “ထိရောက်တဲ့ ဖမ်းဆီးမှုတွေအများ ကြီးလိုအပ်သေးတယ်” ဟု အဆိုပါ ညွှန် ကြားရေးမှူးက ဆက်ပြောသည်။ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလမှ ၂၀၁၄ ခုနှစ် မတ်လအထိ ကျောက်စိမ်းသီးသန့် ၂၂ ဒသမ ၁၇ တန်ရှိပြီးခန့်မှန်း တန်ဖိုး ကျပ် ၃၂၉၅ ဒသမ ၅၀၆ ကျပ်တန်ဖိုးရှိသည်ဟု တရားမ၀င် ဖမ်းဆီးစစ်ဆေးရေးအဖွဲ့ကထုတ်ပြန် ထားသည်။ အဆိုပါ ဖမ်းဆီးရမိသည့် ကျောက်စိမ်းများ၏ သတ်မှတ်ထားသည် ကျပ်ငွေများကို ပြည်ထောင် စု ဘဏ္ဍာရန်ပုံငွေကို ၂၀ ရာခိုင်နှုန်း သက်ဆိုင်ရာတိုင်းနှင့်ပြည်နယ် ဘဏ္ဍာရန်ပုံငွေအတွက် ၃၀ ရာခိုင် နှုန်းပေးဆောင်သွားမည်ဖြစ်သည်။ ကျန် ၅၀ ရာခိုင်နှုန်း အတွက်သတင်းပေးသူက ၁၅ ရာခိုင် နှုန်းရရှိ မှာ ဖြစ်ပြီး လိုက်လံဖမ်းဆီးနိုင်သည့် အဖွဲ့ကို ၃၅ ရာခိုင်နှုန်းကို ဆုကြေးများအဖြစ် ပေးသွားမည်ဖြစ်သည်။ “မိုဘိုင်းတီးမ်အဖွဲ့ကို မကြာခင်ပြန်စတော့မယ်။ ဒီတစ်ခေါက်က ခေတ်မီစက်တွေနဲ့ ဖမ်းဆီးန

မြန်မာပြည်မြောက်ပိုင်းမှ ငြိမ်းချမ်းရေးခေါ်သံ --------- တပ်နှင့် ကေအိုင်အေတို့ ကြ...

မြန်မာပြည်မြောက်ပိုင်းမှ ငြိမ်းချမ်းရေးခေါ်သံ --------- တပ်နှင့် ကေအိုင်အေတို့ ကြား တစ်ရက်လျှင် နှစ်ကြိမ်ကျော်ဖြင့် တိုက်ပွဲဖြစ်ပွားနေသော တစ်ကျော့ပြန် ကချင်စစ်ပွဲမှာ သုံးနှစ်ပြည့်မြောက်ပြီဖြစ်သည်။ သတင်းအပြည့်အစုံ... http://ift.tt/1o4lHhh မြန်မာပြည်မြောက်ပိုင်းမှ ငြိမ်းချမ်းရေးခေါ်သံ 7daydaily.com တပ်နှင့် ကေအိုင်အေတို့ ကြား တစ်ရက်လျှင် နှစ်ကြိမ်ကျော်ဖြင့် တိုက်ပွဲဖြစ်ပွားနေသော တစ်ကျော့ပြန် ကချင်စစ်ပွဲမှာ သုံးနှစ်ပြည့်မြောက်ပြီဖြစ်သည်။ from 7Day News Journal's Facebook Wall http://ift.tt/1uIyOEi

ရွှေသီးရေ... ဒီတစ်ပတ်ကတော့ အငြင်းအခုံနဲ့ သတင်းစုံတဲ့ အပတ်ပဲကွ။ ပထမဆုံး သတင်း တစ...

ရွှေသီးရေ... ဒီတစ်ပတ်ကတော့ အငြင်းအခုံနဲ့ သတင်းစုံတဲ့ အပတ်ပဲကွ။ ပထမဆုံး သတင်း တစ်ခုကို ဖောက်သည် ချရရင်တော့ နိုင်ငံတော် သမ္မတကြီးနဲ့ ကေအင်န်ယူ အဖွဲ့တွေ့ကြရာမှာ ကေအင်န်ယူ အဖွဲ့က သမ္မတကြီး နောက်သက်တမ်း ငါးနှစ်ထပ်ပြီး ထမ်းဆောင်ဖို့ တိုက်တွန်း ခဲ့တယ်ဆိုပဲ။ ဒါမှပဲ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို စတင်အကောင်အထည် ဖော်ခဲ့တဲ့ ပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ ငြိမ်းချမ်းရေး ခရီးစဉ်ကြီး အောင်မြင် တဲ့အထိ အတွင်းသိ အစင်းသိ ဆက်ရှိနေဖို့ အားကိုးတယ်ဆိုတဲ့ သဘောပေါ့။ မညစ်ပတ်ကြေး ထွက်မပြေးကြေးဟေ့ - သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1mv4835

တပ်မတော်က သိမ်းယူခဲ့သော လယ်မြေများကို စွန့်လွှတ်ရန် ရွှေပြည်သာတွင် လယ်သမားများ တော...

တပ်မတော်က သိမ်းယူခဲ့သော လယ်မြေများကို စွန့်လွှတ်ရန် ရွှေပြည်သာတွင် လယ်သမားများ တောင်းဆို ရန်ကုန်၊ ဇွန် ၈ ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် လှော်ကားကျေးရွာအုပ်စုတွင် တပ်မ ၁၁ နှင့် ရဲတပ်ရင်း ၁ တို့ သိမ်းဆည်းခဲ့သည်ဟု ဆိုသော လယ်ယာမြေ ၁၁၆ ဧကကို သက်ဆိုင်ရာက စွန့်လွှတ်ရန် သိမ်းဆည်းခံ လယ်သမားများက တောင်းဆိုကြောင်း ယင်းလယ်သမားများထံမှ သိရှိရသည်။ ရွှေပြည်သာမြို့နယ်ရှိ ပြည်တော်သာ၊ တောရွာလေး၊ စမ်းချောင်းကြီး၊ စမ်းချောင်းလေး စုစုပေါင်း ရွာလေးရွာမှ တပ်မတော် သိမ်းဆည်းလယ် ၁၀၅ ဧကကျော်နှင့် ရဲတပ်ရင်းမှ ၁၀ ဧကကို ၁၉၉၃၊ ၁၉၉၄ ခုနှစ်တို့တွင် သိမ်းဆည်းခဲ့ကြောင်း လက်ရှိတွင် အုတ်ဖုတ်လုပ်ငန်း လုပ်ကိုင်ကာ အဆောက်အအုံ့ အချို့လည်း ဆောက်လုပ်ထားပြီး ယင်းလယ်များမှာ ချိုင့်ခွက်များ ဖြစ်ပေါ်နေသောကြောင့် လယ်ယာမြေ ပြန်လည်ရရှိခဲ့ပါက စိုက်ပျိုး၍ မရတော့ကြောင်း ၁၁ ဧကကျော် အသိမ်းခံရသူ ဒေါ်ခင်ခင်ထွေးက The Voice သို့ ပြောကြားသည်။ “အဒေါ်တို့ လယ်တွေပြန်ရဖို့ လုပ်နေတာ သုံးနှစ်တော့ ရှိပြီ။ သက်ဆိုင်ရာတွေကို စာတင်တာ ၁၀ ကြိမ်၊ အခုစစ်တပ်က လယ်တွေ ပြန်စွန့်လွှတ်တော့ ရန်ကုန်တိုင်းမှာ တော်တော်များများ ပြန်ရတယ်။ အဒေါ်တို့ ရွှေပြည်သာပဲ မပါတာ” ဟု ၎င်းက
အွန်လိုင်းမှ သီချင်းရောင်းချမှု မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် စတင် myanmar.mmtimes.com မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် အွန်လိုင်းမှ သီချင်းများရောင်းချမည့် အွန်လိုင်း Myanmar Music Store အကြောင်း သတင်းစာရှင်လင်းပွဲကို ဇွန်လ ၅ရက်နေ့က ရန်ကုန်မြို့ရှိ Park Royal ဟိုတယ်တွင် ပြုလုပ်ခဲ့သည်။ from The Myanmar Times's Facebook Wall http://ift.tt/1lhnpbp

မြန်မာ့ ကျောက်စိမ်းတန်ချိန် ၂၂ တန် ကျော်ကို တရားမ၀င် ဖမ်းဆီးစစ်ဆေးရေးအဖွဲ့ Mobil...

မြန်မာ့ ကျောက်စိမ်းတန်ချိန် ၂၂ တန် ကျော်ကို တရားမ၀င် ဖမ်းဆီးစစ်ဆေးရေးအဖွဲ့ Mobile Team အနေဖြင့် ဖမ်းဆီးရမိခဲ့ပြီး ငါးဆယ်ရာခိုင်းနှုန်းကို သတင်းပေးသူနှင့် ဖမ်းဆီးရေးအဖွဲ့ကို ပေးသွားမည်ဟု စီးပွားကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာန ညွှန်ကြားရေးမှူးက ပြောသည်။ “ထိရောက်တဲ့ ဖမ်းဆီးမှုတွေအများ ကြီးလိုအပ်သေးတယ်” ဟု အဆိုပါ ညွှန် ကြားရေးမှူးက ဆက်ပြောသည်။ တရားမ၀င် ကျောက်စိမ်း ကျပ်သိန်း သုံးထောင်ကျော်ဖိုး ဖမ်းဆီးရမိ - သစ်ထူးလွင် (နေ့စဉ်သတင်း www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1oByZj3