Skip to main content

လမ်းအခက်အခဲကြောင့် အိန္ဒိယသို့ ကုန်စည်တင်ပို့မှု လျော့ကျ မို့မို့ကြည်| တနင်္လာနေ့...



လမ်းအခက်အခဲကြောင့် အိန္ဒိယသို့ ကုန်စည်တင်ပို့မှု လျော့ကျ



မို့မို့ကြည်| တနင်္လာနေ့၊ ဇွန်လ ၉ ရက်၊ ၂၀၁၄ ခုနှစ်



မိုးတွင်းကာလဖြစ်၍ မြန်မာဘက်ခြမ်းရှိ လမ်းများကောင်းမွန်မှု မရှိသောကြောင့် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ကုန်သွယ်မှု လုပ်ငန်းများပြုလုပ်နေသည့် တမူးနယ်စပ် ကုန်သွယ်ရေးစခန်းတွင် နယ်စပ်ကုန်သွယ်မှု ပမာဏများ ကျဆင်းလျှက်ရှိနေသည်ဟု တမူးနယ်စပ် ကုန်သွယ်ရေးစခန်းမှူး ဒေါ်သီးသီးမာက ဇွန်လ ၆ ရက် တွင် မဇ္ဈိမကို ပြောသည်။



“ အခုကုန်သွယ်ရေးက ပုံမှန်မရှိဘူး ဖြစ်နေတယ်။ ရာသီဥတုကလည်း သိပ်မကောင်းတော့ လမ်းတွေက ပျက်တာတွေ ရှိတယ်။ ပုံမှန်ကုန်သွယ်နေတဲ့ လမ်းပိုင်းတွေက လမ်းချော်ပြီး ကုန်ကားတွေ မှောက်တာတွေ တောင်ရှိတယ်။ တခြားလမ်းက ပြောင်းလာမယ်ဆိုရင်လည်း နှစ်ရက်နဲ့သွားလို့ရတဲ့ ခရီးက သုံးရက်ကြာသွားတယ်။ အဲဒါကြောင့် ကုန်သွယ်မှု လျော့ကျတာပါ” ဟု ဒေါ်သီးသီးမာက ပြောသည်။



မိုးတွင်းကာလာဖြစ်၍ ကလေး-တမူး လမ်းပိုင်းတွင် လမ်းချော်မှုများ ဖြစ်ပေါ်နေခြင်း၊ တံတားများ ပြုပြင်နေခြင်း၊ မြေပြိုမှုများနှင့် မကြာခဏ ကြုံတွေ့ရခြင်းစသော အကြောင်းအရင်းများကြောင့် ကုန်သည်များအနေဖြင့် ကုန်စည်ပို့ဆောင်မှုများ လျော့ချထားကြောင်း အိန္ဒိယနှင့် မြန်မာနှစ်နိုင်ငံ ကုန်သွယ်မှုပြုနေသည့် မြန်မာကုန်သည်များက ပြောသည်။



အိန္ဒိယဘက်မှ အင်ဖားကားလမ်းပိတ်ခြင်းကြောင့် ကုန်သွယ်မှုမာဏ လျော့ကျရသည်ဟုလည်း တမူးမြို့မှ မြန်မာကုန်သည် ဦးပင့်ကူကလ ပြောသည်။ လက်ရှိအချိန်တွင် တမူးနယ်စပ် ကုန်သွယ်ရေးစခန်းတွင် ကုန်သွယ်မှုပမာဏမှာ တစ်ရက်လျှင် ပျမ်းမျှ မြန်မာကျပ်ငွေ သန်း ရှစ်ဆယ် (ဒေါ်လာ ၈၀,၀၀၀) ခန့်သာ ရရှိပြီး ဇွန်လအတွက် ကန်ဒေါ်လာ သုံးသန်း ရရှိရန် ရရှိရန်လျာထားသည်ဟုလည်း ဒေါ်သီးသီးမာက ဆိုသည်။

from Mizzima - News in Burmese's Facebook Wall http://ift.tt/1mv9T0L

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...