Skip to main content

Posts

Showing posts from November 3, 2014

စီးကရက်စက်ရုံ မီးလောင်မှုဖြစ်ပွားရာ ငွေကျပ် ၇၈ သိန်းကျော်ဖိုး ဆုံးရှုံး

မူဆယ် ၊ ၄-၁၁-၂၀၁၄ ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့တွင် နိုဝင်ဘာ ၂ ရက်ည ၁၁ နာရီ ၁၅ မိနစ်က စီးကရက်စက်ရုံ တစ်ရုံ မီးလောင်မှု ဖြစ်ပွားကြောင်း သိရသည်။ ဖြစ်စဉ်မှာ နိုင်ဝင်ဘာ ၂ ရက်ည ၁၁ နာရီ ၁၅ မိနစ်က မူဆယ်မြို့ ၊ စွမ်စော်ရပ်ကွက် ၊ အနောက်ဘက် တစ်မိုင်ခန့် အကွာရှိ ကိုးကန့် စီးကရက် စက်ရုံတွင် မီးလောင်မှု ဖြစ်ပွားရာ မီးသတ် တပ်ဖွဲ့ဝင် များက မီးသတ်ယာဉ် ၁၆ စီးဖြင့် ငြှိမ်းသတ်ရာ နိုဝင်ဘာ ၃ ရက် နံနက် ၂ နာရီ ၁ဝ မိနစ်တွင် မီးငြိမ်းသွား ခဲ့သည်။ အဆိုပါ ကိုးကန့် စီးကရက် စက်ရုံ မီးလောင်မှုကြောင့် လူနှင့် တိရစ္ဆာန် ထိခိုက် ဒဏ်ရာရရှိမှု နှင့် သေဆုံးမှု မရှိဘဲ အနီးပတ်ဝန်းကျင်ရှိ အဆောက်အအုံ များကိုလည်း ကူးစက် လောင်ကျွမ်းမှု မရှိကြောင်း သိရသည်။ မီးလောင်မှု ဖြစ်ပွားရခြင်းမှာ အလျားပေ(၁၅ဝ)၊ အနံပေ(၅ဝ) ရှိ အုတ်ကာသွပ်မိုး ပစ္စည်းထားရာ ဂိုဒေါင်အတွင်းရှိ ဗားဂျီးနီးယား ဆေးရွက်ကြီးအိတ် (၁ဝဝဝ)ခန့် သိုလှောင်ထား ရာမှ အပူလွန်ကဲ ကာ ဗားဂျီးနီးယား ဆေးရွက်ကြီး အိတ်များ မီးလောင်ကျွမ်း ခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် တန်ဖိုးငွေကျပ် (၇၈၇၅ဝဝဝ) ခန့် ဆုံးရှုံး ခဲ့ကြောင်း သိရသည်။ မီးလောင်မှု ဖြစ်ပွားခဲ့သော ကိုးကန့် စီးကရက်စက်ရုံ ပိုင်ရှင်မ

Venus News Journal Vol 6 No 13 (6-11-2014)

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။ from သစ်ထူးလွင် (သတင်းစာ၊ ဂျာနယ်နှင့် ရုပ်သံ) - Myanmar News Now http://ift.tt/1un6oTa via IFTTT

အီရတ်မှာ IS က အစုလိုက်အပြုံလိုက် သတ်ဖြတ်နေ

အီရတ်နိုင်ငံ အန်ဘာ ပြည်နယ်မှာ လွန်ခဲ့တဲ့ ၅ရက်တာ ကာလအတွင်း IS အစ္စလာမစ် နိုင်ငံ လက်နက်ကိုင်အဖွဲ့ရဲ့ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံ ခဲ့ရသူ စုစုပေါင်း အခုအခါ ၅ရာကျော် ရှိသွားပြီလို့ ဆွန်နီ လူမျိုးစု ခေါင်းဆောင် တဉီးက ပြောပါတယ်။ IS လက်နက်ကိုင်တွေဟာ တနင်္လာနေ့တုန်းက Ras al Maa ရွာမှာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ အပါအဝင် အယ်လ် ဘူ နီမာ လူမျိုးစုဝင် အယောက် ၃၀ ကျော်ကို တန်းစီပြီး သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ ရှိတ်ခ် နာအင်မ် အယ်လ် ဂါအုဒ် က ဘီဘီစီကို ပြောပါတယ်။ ဒီအရေအတွက်ကိုတော့ အသေအချာ အတည်ပြုလို့ မရသေးပါဘူး။ တခြား ခရိုင်တခုမှာလည်း နောက်ထပ် အယ်လ် ဘူနီမာ လူမျိုးစုဝင် ၂၅ဉီး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရသလို ရေတွင်း တခုထဲမှာ အလောင်း ၄၀ကျော်လောက် တွေ့ခဲ့တယ်လို့လည်း သူက ပြောပါတယ်။ အန်ဘာ ပြည်နယ်မှာ IS လက်နက်ကိုင်တွေရဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေကို ခုခံခဲ့တဲ့အတွက် အယ်လ် ဘူ နီမာ လူမျိုးစု အပေါ် အခုလို ဂလဲ့စားချေ သတ်ဖြတ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ဘီဘီစီ (မြန်မာပိုင်း) http://ift.tt/1DXekdD အီရတ်မှာ ရှိတဲ့ လူမျိုးစုတွေက IS အဖွဲ့ကို ခုခံ တွန်းလှန် ခဲ့ကြတဲ့ အတွက် IS က အမျက်ထွက်နေ from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit H

အိုင်အက်စ် စစ်သွေးကြွများ ဆီးရီးယား သဘာဝဓာတ်ငွေ့တွင်းဒေသကို ထိန်းချုပ်

အစ္စလာမ္မစ်နိုင်ငံတော် အမည်ခံ အိုင်အက်စ် စစ်သွေးကြွတွေက ဆီးရီးယားနိုင်ငံ အလယ်ပိုင်း ခရိုင် ဟုမ်းစ်ဒေသက သဘာဝဓာတ်ငွေ့တွင်းရှိရာဒေသကို ထိန်းချုပ်လိုက်ပြီလို့ နိုဝင်ဘာလ ၃ ရက်နေ့က ပြောပါတယ်။ အစိုးရတပ်တွေနဲ့ တိုက်ပွဲအပြီး တပတ်အတွင်းမှာ ဆီးရီးယားရဲ့ ဒုတိယအကြီးဆုံး သဘာဝ ဓာတ်ငွေ့တွင်းကို သိမ်းပိုက် လိုက်တာပါ။ ဂျဟာဓာတ်ငွေ့တွင်းမှာ အိုင်အက်စ်အလံကို လွှင့်ထူထားပုံတွေနဲ့ သိမ်းဆည်းထားတဲ့ ယာဉ်တွေ လက်နက်တွေကို ရိုက်ကူးထားတဲ့ဓာတ်ပုံ ၁၈ ပုံကိုလည်း လူမှုကွန်ရက်မီဒီယာတွေပေါ် တင်ပြခဲ့ တယ်လို့ စိုက် ဘာသာရေးစစ်ဝါဒီ အင်တာနက်စာမျက်နှာတွေကို စောင့်ကြည့်ရေးအဖွဲ့က ဆိုပါတယ်။ ဒီဓာတ်ပုံတွေကို လွတ်လွတ်လပ်လပ် စစ်ဆေးအတည်ပြုနိုင်မှု မရှိသလို လုံခြုံရေး အကန့်အသတ်တွေကြောင့် ဒီဖြစ်ရပ်ကို လွတ်လွတ်လပ်လပ် အတည်ပြုနိုင်မှုတော့ မရှိသေးပါဘူး။ နိုဝင်ဘာလ ၃ ရက်နေ့က မားရ်ဓာတ်ငွေ့ကုမ္ပဏီနဲ့ ဂျဟာရွာကို ထိန်းချုပ်မှု တင်းကြပ်ပြီး နေရာ ၉ ခုကို တင့်ကားတွေ လက်နက်တပ် သံချပ်ကာယာဉ်တွေနဲ့ ကာလီဘယ်လ် စက်သေနတ်တွေနဲ့ အကြီးအကျယ် စောင့်ကြပ်နေတယ်လို့ အိုင်အက်စ်တွေက ထုတ်ပြန်တဲ့ သတင်း အချက်အလက်က ဆိုပါတယ်။ ဆီးရီးယားနိုင

Constipation ဝမ်းတလုံးကောင်း ခေါင်းမခဲ

ဝမ်းချုပ်တာ အကျင့်ဖြစ်တယ်။ ရေ-အရည် များများသောက်တာ၊ အသီးအရွက် များများစားတာကနေ ဝမ်းလွယ်စေတာ မှန်တယ်။ မန်ကျီးမှည့်၊ သဘောင်္သီးမှည့်တွေက ဝမ်းသက်စေတာ မှန်တယ်။ Purgatives ဝမ်းနုတ်ဆေးကို တခါတလေသာ အားကိုးပါ။ ဘယ်ဝမ်းနုတ်ဆေးမဆို သောက်ရင် အကျင့်ဖြစ်နိုင်တယ်။ ဝမ်းနုတ်ဆေး တလွဲသုံးတယ် Abuse of laxatives ဆိုတာ ရှိတယ်။ မလိုဘဲနဲ့ ဝမ်းနုတ်ဆေး သောက်နေရာကနေ အူမကြီးက "အပျင်းရောဂါ" ရပြီး ဆေးမသောက်ဘဲ ဝမ်းက မသွားချင်တော့ဘူး ဖြစ်မယ်။ ဆရာဝန်တွေ ညွှန်တတ်တဲ့ Stimulant Laxatives တွေက Cascara, Buckthorn, Senna extract (ပွေးကိုင်း)၊ Aloe vera, Phenolphthalein, Dulcolax (Bisacodyl) ဆေးတွေ ဖြစ်တယ်။ Dulcolax (Bisacodyl) Suppository တွေက ဝမ်းခြူတောင့်ဖြစ်တယ်။ Liquid Puraffin, Microlax enema နဲ့ Castor Oil (ကြက်ဆူဆီ) တွေကလဲ ဝမ်းခြူလို့ ရတယ်။ စားတဲ့ အစားအသောက်၊ အသက်အရွယ်၊ လှုတ်ရှားမှုတွေကနေ ဝမ်းသွားတာကို သက်ရောက်တယ်။ စိတ်ဖိအား များနေလို့ ဝမ်းချုပ်နိုင်တယ်။ "ဝမ်းနည်းရင် ဝမ်းနုတ်ဆေး တိုက်မယ်" ဆိုတာ ရီစရာပြောကြတာပေမဲ့ စိတ်ညစ်-စိတ်ရှုတ်ရင် ဝမ်းချုပ်နိုင်တယ်။ Narcotic-type pain killers (ကိုဒင်း) စတဲ့ မူးယစ်စေတာ

Constipation ဝမ်းချုပ်ခြင်း

ကျွန်တော့်ဇနီးက ဝမ်းနည်းနည်းချုပ်နေတာ ဝမ်းသွားတော့ သွေးအနည်းငယ်ပါတယ်ဆရာ။ ဝမ်းက တစ်နေ့ တစ်ကြိမ်ကို သွားဖို့ အတော်ခက်နေပါတယ်ဆရာ။ အကောင်းဆုံးနည်းကတော့ (ဖိုက်ဘာ) ပါတဲ့အစားအစာ များများစားပေးဘို့ပါ။ Fiber (ဖိုက်ဘာ) ဆိုတာ ဟင်းသီး ဟင်းရွက်တွေထဲမှာပါတယ်။ စားလိုက်ရင် အစာလမ်းကနေ စုပ်ယူမသွားဘဲ ကျန်နေတာမျိုးဖြစ်တယ်။ ဝမ်းထုထည် များစေမယ်။ ဝမ်းပျော့စေမယ်။ သစ်သီးတွေထဲမှာများတယ်။ တမျိုးနဲ့တမျိုးတော့ မတူကြပါ။ လေထတာတော့ ရှိနိုင်တယ်။ ကိုယ်နဲ့သင့်တာကို မှတ်သားထားပြီးစားပါ။ အူထဲနေတဲ့ ဗက်တီးရီးယားတွေကနေဖြစ်စေလို့ပါ။ ရေလဲ များများ သောက်ဘို့ လိုပါတယ်။ ဆေးတွေလဲရှိတယ်။ 1. Lubricant laxatives ချောဆီသဘော ဝမ်းနုတ်ဆေး Mineral oil ဆီတွေသုံးတယ်။ ရေနဲ့ရောထားတဲ့ Emulsion လဲသုံးတယ်။ ဆီကနေ ဆီထဲပျော်ဝင်တဲ့ ဗီတာမင်တွေကို စုပ်ယူသွားနိုင်တာသတိထားရမယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ မသင့်ပါ။ Warfarin (Coumadin) ဆေးနဲ့ oral contraceptives ကိုယ်ဝန်တားဆေးတွေကို သက်ရောက်စေနိုင်တယ်။ အစွမ်းနည်းစေမယ်။ 2. Emollient laxatives ဝမ်းပျော့ဆေး Docusate လိုဟာပါတယ်။ ဥပမာ Colace လို။ ဝမ်းကိုရေများစေတယ်။ ဆီစုပ်ယူတာကို ပိုစေနိုင်တယ်။ အသဲနဲ့ တက်စ

အီဘိုလာရောဂါ ပျောက်ကင်းရန်မှာ ဗီဇလက္ခဏာအပေါ် မူတည်သည်

ကျန်းမာရေးသတင်း၊ နို ၂၊ ရဲရင့်တည် အီဘိုလာရောဂါသည် ကူးစက်သည့် လူတိုင်းကို သေစေနိုင်စွမ်းမရှိဘဲ အချို့ သော ဗီဇလက္ခဏာများကို ပိုင်ဆိုင် သူများက အီဘိုလာရောဂါ ပျောက်ကင်းနိုင်ပြီး အချို့ မှာ အီဘိုလာရောဂါကို ခံနိုင်စွမ်းရှိနိုင်မည်ဟု အမေရိကန်နိုင်ငံ ၀ါရှင်တန်တက္ကသိုလ်မှ သုတေသီများကဆိုသည်။ အီဘိုလာရောဂါပိုးကြောင့် ကူးစက်သူဦးရေ ၁၃၀၀၀ ခန့်ရှိခဲ့ပြီဖြစ်ကာ သေဆုံးသူဦးရေ ၄၉၀၀ ဦးခန့် ရှိပြီဖြစ်ကြောင်း သိရသည်။ အီဘိုလာပိုးက ကူးစက်ရာတွင် အချို့ သောလူနာများမှာ လျင်မြန်စွာအသက်ဆုံးရှုံး ကြရပြီး အခြားသူတို့ မှာ အီဘိုလာရောဂါ ပျောက်ကင်းသွားသည်ကို တွေ့ရသည်။ အီဘိုလာရောဂါ၏ လက္ခဏာများက လူနာများတွင် ပြောင်းလဲမှုများရှိနေခဲ့သဖြင့် ဆရာဝန်များက အီဘိုလာ၏အလုပ်လုပ်ပုံကို အပြည့်အ၀နားလည်ရန် ခက်ခဲခဲ့သည်။ ယခု စမ်းသပ်ချက်အရ အီဘိုလာရောဂါသည် လူတို့ကို ဆိုးဝါးစွာကူးစက်နိုင်သလို အချို့ ကူးစက်ခံရသော လူနာများ တွင် ရောဂါကလွယ်ကူစွာပျောက်ကင်းနိုင်ကြောင်း ၄င်းတို့၏ ဗီဇပုံဆောင် ဓာတုပစ္စည်း ကိုလေ့လာ၍ သိရှိနိုင်သည်။ အမေရိကန်နိုင်ငံ၊ ၀ါရှင်တန် တက္ကသိုလ်မှ သုတေသီများက စမ်းသပ်ခံကြွက်များခန္ဓာကိုယ်အတွင်း လက်ရှိပျံ့ နှံ့ နေသည့် အီဘိုလာရောဂါတစ်မျ

လူငယ်အရွယ်တွင် အရက်အလွန်အကျွံသောက်သုံးပါက အသက်ကြီးသည်အထိ အာရုံကြောပျက်စီးနေနိုင်

ကျန်းမာရေးသတင်း၊ နို ၁၊ ရဲရင့်တည် ဆယ်ကျော်သက် လူငယ်အရွယ်တွင် အရက်ကိုအလွန်အကျွံ သောက်သုံးခြင်းက ဦးနှောက်အလုပ်လုပ်ပုံကို အချိန်တိုအတွင်း ထိခိုက်စေနိုင်ပြီး နာတာရှည်ထိခိုက်မှုများလည်း ဖြစ်စေနိုင်ကြောင်း မက်ဆာချူးဆက်စ် တက္ကသိုလ်မှ သုတေသီတစ်ဖွဲ့က ဆိုသည်။ အရက်အလွန်အကျွံသောက်သုံးခြင်း ကိုနိုင်ငံတကာ တိုင်းတာသည့် အတိုင်းအတာမှာ ယောကျာ်းတစ်ဦးအတွက် (၂)နာရီအတွင်း ၅ခွက်နှင့် အထက်ဖြစ်၍ အမျိုးသမီးများအတွက် (၂)နာရီအတွင်း ၄ ခွက်နှင့် အထက်သောက်သုံးခြင်း ဖြစ်သည်။ ယင်းကဲ့သို့ သောက်သုံးပါက မိမိကိုယ်ကို အလိုလိုက်ကာ အရက်အလွန်အကျွံသောက်သုံး ခြင်းဟုဆိုနိုင်သည်။ ယခုအခါ အရက်သောက်သုံးသူများက ဆင်နွဲရန် အရက်သောက်စားခြင်း၊ မိတ်ဆွေများတွေ့ဆုံသည့် အခိုက်ပျော်ပါးစွာ သောက်စားခြင်း၊ လူငယ်များတွင် အရက် သောက်သုံးရာ၌ ကစားနည်းမျိုးစုံဖြင့် အရက်ကိုသောက်သုံးကြသဖြင့် အရက်သောက်သူအများစုက မိမိ၏အတိုင်း အတာထက် လွယ်ကူစွာ ကျော်လွန်သွားတတ်ကြသည်။ ထို့ကြောင့် အမေရိကန်နိုင်ငံ၏ ရောဂါထိန်းချုပ်ရေးနှင့် ရောဂါကူးစက် ပြန့်ပွားရေးစင်တာ CDC က ၂၁နှစ်အောက် အရက်သောက်သုံးသူများအနက် ၉၀ ရာခိုင်နှုန်းမှာ အရက်အလွန်အကျွံသောက်သုံးနေကြ ကြောင်းဖော်ပြသည်။ ဦး

World Trade Center မိုးမျှော်အဆောက်ဦးသစ်ကြီး ၁၃ နှစ်အကြာ ပြန်ဖွင့်

စက်တင်ဘာ (၁၁) ရက် New York မြို့က ကမ္ဘာ့ ကုန်သွယ်ရေး ဗဟိုဌာန မျှော်စင်အဆောက်အုံကြီး အကြမ်းဖက် တိုက်ခိုက်ဖျက်ဆီး ခံခဲ့ရပြီးနောက် ၁၃ နှစ်ခန့်အကြာ အသစ်ဆောက်လုပ်တဲ့ ကမ္ဘာ့ကုန်သွယ်ရေးဗဟိုဌာန အဆောက်အုံကို New York မြို့တော်မှာ ပြန်လည် ဖွင့်လှစ်လိုက်ပါတယ်။ ၁၇၇၅ ပေအမြင့်ရှိတဲ့ မိုးမျှော် အဆောက်အုံကြီးရဲ့တန်ဖိုးဟာ အမေရိကန်ဒေါ်လာ သန်းပေါင်း ၃ ထောင့် ၉ ရာ ဖြစ်ပြီး ထင်ရှားလူသိများတဲ့ နယူးယောက် မန်ဟက်တန် ရပ်ကွက်ကြီး အုပ်မိုးနေသလို၊ ဒီအဆောက်ဦကြီးဟာ မြောက်အမေရိကတခွင်မှာ အမြင့်မားဆုံးဖြစ်ပါတယ်။ ဒီအဆောက်အုံကြီးကို ပြိုကျပျက်စီးခဲ့ရတဲ့ ညီနောင် မျှော်စဉ်အဆောက်အအုံကြီး တည်ရှိခဲ့တဲ့ နေရာမှာပဲ ပြန်လည် ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။ အသစ်ဆောက်လုပ်တဲ့ ကမ္ဘာ့ကုန်သွယ်ရေး ဗဟိုဌာန အဆောက်အအုံမှာ Conde Nest ပုံနှိပ် ဖြန့်ချီရေးလုပ်ငန်းရုံးခန်း၊ အစိုးရရဲ့ အထွေထွေဝန်ဆောင်မှု စီမံခန့်ခွဲရေးဌာန၊ China Center တို့ ပါရှိသလို တခြား ငှားရမ်းထားသူတွေထဲမှာ ကြော်ငြာကုမ္ပဏီ၊ ရင်းနှီးမြှုပ်နှံမှုနဲ့ ဖျော်ဖြေရေးကုမ္ပဏီတွေ ပါဝင်ပါတယ်။ မူလ ညီနောင်မျှော်စဉ်အဆောက်ဦကြီးကို ၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့မှာ အယ်လ်ကိုင်းဒါး အကြမ်းဖက်သမားတွေက အပိုင်

ကချင်ပြည်က စစ်ပြေးဒုက္ခသည်များ ရေရှည်ဘဝရပ်တည်ရေး အခက်တွေ့

နိုဝင်ဘာလ ၃ ရက် ၂၀၁၄ စစ်ပြေး ဒုက္ခသည်များ ပြန်လည် နေရာ ချထား ပေးသည့် မြစ်ကြီးနား အနီး ငွေပျော် စံပြကျေးရွာတွင် နေထိုင်သည့် သျှမ်းတိုင်းရင်းသားများ အပါအဝင် ရွာသားအများစုမှာ ရေရှည်ဘဝ ရပ်တည်ရန် အလုပ်အကိုင်အခက်အခဲ ဖြစ်နေကြောင်း ကျေးရွာတွင် နေထိုင်သူများ၏ ပြောကြား ချက်အရ သိရသည်။ အစိုးရ အစီအစဉ်ဖြင့် ကချင်ပြည်နယ် စစ်ပြေး ဒုက္ခသည်များကို ပြန်လည် နေရာချထားသည့် ယင်းကျေးရွာတွင် သျှမ်းတိုင်းရင်းသား ဒုက္ခသည် ၁၀ ရာခိုင်နှုန်းခန့် နေထိုင်လျက်ရှိပြီး ကချင်၊ လီဆူ၊ ဗမာ၊ ရဝမ် စသည့် စစ်ပြေး ဒုက္ခသည်များလည်း နေထိုင်ကြကြောင်း ကျေးရွာ အုပ်ချုပ်ရေးမှုး ဦးအောင်ဆွေ ကပြောသည်။ ပြင်သစ်အခြေစိုက် (ACTED) မှကူညီထောက်ပံ့ပေးထားကာ လူတစ်ဦးလျှင် တစ်လဆန် (၆) ပြည်၊ ဆီတစ်ဗူး၊ ကုလားပဲ (၄) ဗူး နှင့် ဆားတို့ကို ထောက်ပံ့ထားပြီး စားရေးအတွက် အဆင်ပြေသော်လည်း ငွေကြေးသုံးစွဲရေး နှင့် ရေရှည်ဘဝရပ်တည်ရေးအတွက် အလုပ်အကိုင်အခွင့်အလမ်း ရှားပါးနေသည်ဟု ရွာသားများကပြောသည်။ “လက်ရှိဒီမှာကတော့ ဘာမှစိုက်ပျိုးထွန်ယက်လို့မရဘူး။ သူတို့ကစိုက်ဖို့ပျိုးဖို့ မျိုးစေ့တွေချပေးတယ်။ စမ်းစိုက်ကြည့်တယ်။ အဆင်မပြေဘူး။ မြေဆီလွှာမကောင်းလို”့ ဟု ငွေပျော်စံပြကျေးရွာတွင်

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရဲ့ ခရီးစဉ်

ကာကွယ်ရေး ဦးစီးချူပ် မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ မြန်မာ့ တပ်မတော် ချစ်ကြည်ရေး အဖွဲ့ ဟာ အရှေ့ဥရောပ နိုင်ငံ ဖြစ်တဲ့ ဘေလာရုစ် ကို ရောက်နေပါတယ်။ ဘေလာရုစ် စစ်တပ် အကြီးအကဲ ရဲ့ ဖိတ်ခေါ်မှု မဟုတ်ပဲ၊ ဘေလာရုစ် ဝန်ကြီးချူပ် မီခေးလ် မစ်နင်ကော့ဗစ်ခ်ျ ရဲ့ ဖိတ်ခေါ်ချက် နဲ့ သွားတာပါ။ ဘေလာရုစ် မြို့တော် မင့်စ်ခ် မှာ၊ ကာချူပ် ဦးဆောင်လာတဲ့ မြန်မာ စစ်တပ်ရဲ့ ချစ်ကြည်ရေး အဖွဲ့ဟာ၊ Stalin Line လို့ ခေါ်တဲ့ သမိုင်းဝင် နေရာ အပါအဝင်၊ စစ်သမိုင်းပြတိုက် အစရှိတဲ့ နေရာတွေကို ခရီးစဉ် အစဦး မှာ သွားခဲ့ ပါတယ်။ Stalin Line ဆိုတာကတော့ ဆိုဗီယက်ခေတ်က၊ အနောက် အုပ်စု ကျူးကျော်မှု တွေကို ကာကွယ်နိုင်ဖို့ ဆိုပြီး၊ ဆိုဗီယက်ပြည်ထောက်စု အနောက်ဘက်တလျှောက် တည်ဆောက် ထားခဲ့တဲ့၊ ခံစစ်ကြောင်း အရှည်ကြီး ဖြစ်ပါတယ်။ ဒီခရီးစဉ် မစခင် မြန်မာ စစ်ဘက် မီဒီယာတွေရဲ့ အဆိုအရ၊ ဗိုလ်ချူပ်မှုးကြီး မင်းအောင်လှိုင်ရဲ့ အခု ခရီးစဉ်ကနေ၊ နှစ် နိုင်ငံကြား စစ်တပ်တွေရဲ့ ဆက်ဆံရေး တွေ တိုးမြှင့်ဖို့၊ ယဉ်ကျေးမှုတွေ ဖလှယ်ဖို့ ဆိုပြီး၊ ဖော်ပြ ခဲ့ ပါတယ်။ ဒီခရီးစဉ်ရဲ့ ထူးခြားချက် တစ်ခုက၊ ကာကွယ်ရေး ဦးစီးချူပ် တစ်ယောက်ကို၊ စစ်တပ် အကြီးအကဲခြင်း က မဟုတ်ပဲ၊ အစိုးရ ဝန်ကြီးချူပ်

နိုင်ငံတော်အကြီးအကဲ၏ ဂုဏ်သိက္ခာနှင့် အခွင့်အရေးကို ထိခိုက်စေသည့်အတွက် မြန်မာသံတော်ဆင့် ဂျာနယ်အား တရားဥပဒေနှင့်အညီ တရားစွဲဆိုမည်

၁။ ၉-၈-၂ဝ၁၄ ရက်နေ့ ထုတ်ဝေသော မြန်မာသံတော်ဆင့် ဂျာနယ် အတွဲ ၃၊ အမှတ်(၂၂) စာမျက်နှာ (၃ဝ) ပါ အံ့ခေါင်မင်း၏ နိုင်ငံရေးတွေ့ဆုံ မေးမြန်းခြင်း ကဏ္ဍတွင် ကောက်စာနှင့် အတွင်းစာသားတို့၌ နိုင်ငံတော်သမ္မတအား ဂုဏ်သိက္ခာ ထိခိုက်စေပြီး၊ အကြည်ညို ပျက်စေသည့်''နိုင်ငံတော် သမ္မတသည် အထွတ်အထိပ်၊ အဲဒီပုဂ္ဂိုလ်တစ်ယောက်ရဲ့ စကားက ကပြောင်းကပြန်၊ ဗလောင်းဗလဲ၊ ဟိုပြောဒီပြော၊ ဘရွတ်ရွှတ်တ၊ ပေါက်ပန်းလေးဆယ်၊ ကလေကချေ၊ ကလေကဝ၊ ကျွန်တော်စကားလုံး ထပ်ရှာလို့ရရင် အကုန် ထည့်သုံးမှာ၊ အရည်မရ၊ အဖတ်မရ၊ ပေါက်လွှတ်ပဲစား ပြောသလို ဖြစ်နေ တာ'' ဟု လည်းကောင်း၊ ဆောင်းပါးစာသားတွင်လည်း ''ဘာကြောင့်မို့လို့ ရူးကြောင်မူးကြောင် အတွေးတွေကို ဘယ်သူတွေ ထည့်ပေးလို့ ဘယ်လိုမျိုး စနစ်မကျတဲ့၊ ဘာမှမဟုတ်တဲ့ အပေါစား ပေါ်လစီတွေ ချမှတ်ပြီးတော့ အခုလို လုပ်နေလဲဆိုတာ စဉ်းစားလို့ကို မရဘူး'' စသည့် အသုံးအနှုန်းများကို လည်းကောင်း ရေးသားဖော်ပြခဲ့သဖြင့် သက်ဆိုင်ရာ ဂျာနယ်အနေဖြင့် စာနယ်ဇင်းကျင့်ဝတ်နှင့်အညီ ညှိနှိုင်းဖြေရှင်းပေးနိုင်ရေးအတွက် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)သို့ အကြောင်းကြားခဲ့ပါသည်။ ၂။ မြန်မာသံတော်ဆင့်ဂျာနယ်အနေဖြင့် ထိုကဲ့သို့ နု

ခွဲစိတ် ကုသပြီး ကိုယ်အလေးချိန် လျှော့ရင် ဆီးချို သက်သာနိုင်

အဝလွန် သူတွေကို ခွဲစိတ် ကုသပြီး ကိုယ်အလေးချိန် လျှော့ချ ပေးနိုင်မယ် ဆိုရင် ဆီးချိုရောဂါ (အမျိုးအစား ၂) ကို ၈၀ ရာခိုင်နှုန်း အထိ လျှော့ချ နိုင်မယ်လို့ ဗြိတိသျှ ဆေးသုတေသီ တွေက ပြောပါတယ်။ အစာအိမ်ကို အရွယ် ငယ်သွားအောင် ခြုံ့တဲ့ ကုသနည်း အပါအဝင် ကိုယ်အလေးချိန် လျော့အောင် ခွဲစိတ် ကုသမှုတွေ ခံယူခဲ့တဲ့ လူကြီး ၄၀ဝ၀ ကျော်ကို လေ့လာမှု အရ သူတို့တွေမှာ ဆီးချို ရောဂါ အခြေအနေ ပိုဆိုးမလာတာ တွေ့ရပါတယ်။ ဒီရလဒ်က ကျားမ မရွေး၊ အသက်အရွယ် မရွေး အကျုံးဝင်တယ်လို့ ဆိုပါတယ်။ King's College London က သုတေသီတွေရဲ့ လေ့လာချက်ကို ဗြိတိန်က Lancet ဆေးသိပ္ပံ ဂျာနယ်ရဲ့ Diabetes and Endocrinology ခေါင်းစဉ် အောက်မှာ ဖော်ပြ ထားတာ ဖြစ်ပါတယ်။ ဘီဘီစီ (မြန်မာပိုင်း) http://ift.tt/1s9PotV ခွဲစိတ် ကုသပြီး ကိုယ်အလေးချိန် လျှော့ရင် ဆီးချို သက်သာနိုင် from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1s9PnGx

၂၀၁၅ မှာ ရခိုင်ပြည်နယ် တစ်ခုလုံး နိုင်ငံသား စိစစ်မယ်

ရခိုင်ပြည်နယ်မှာ လာမယ့် ၂၀၁၅ ခုနှစ် ဇန်နဝါရီလအတွင်း နိုင်ငံသား စိစစ်ရေးကို တစ်ပြည်နယ်လုံး အတိုင်းအတာနဲ့ ပြုလုပ်ဖို့ စီမံချက်တွေ ရေးဆွဲနေပါတယ်။ ဒီအစဉ်ကို ပြီးခဲ့တဲ့ ရက်ပိုင်းက လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီး ဦးခင်ရီ ရခိုင်ပြည်နယ်ကို ရောက်လာစဉ် ညွှန်ကြား ခဲ့တာဖြစ်ပါတယ်။ ရခိုင်ပြည်နယ် အတွင်း မွတ်ဆလင်တွေ အပေါ် နိုင်ငံသား စိစစ်မှု ပြုလုပ်ဖို့ စီမံချက်တွေကို စတင် ရေးဆွဲနေပြီး နိုဝင်ဘာနဲ့ ဒီဇင်ဘာမှာ အဖွဲ့တွေ ဖွဲ့၊ သင်တန်း ပေးဖို့ ကြိုတင်ပြင်ဆင်နေပြီလို့ ရခိုင်ပြည်နယ် လူဝင်မူကြီးကြပ်ရေးနဲ့ အမျိုးသား မှတ်ပုံတင် ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခင်စိုးက ပြောပါတယ်။ အခု ရေးဆွဲနေတဲ့ စီမံချက်ကို ပြည်ထောင်စု အဆင့် ဝန်ကြီးဌာနကို ဆက်လက် တင်ပြမယ်လို့ လည်း သူက ပြောပါတယ်။ အခုချိန်ထိ မြေပုံမြို့နယ် တစ်ခုတည်း ကိုသာ မွတ်ဆလင်တွေကို နိုင်ငံသား စစ်ဆေးမှု လုပ်နိုင်ခဲ့ပြီး လူပေါင်း ၃၈၃ ဦးကို နိုင်ငံသားနဲ့ နိုင်ငံသား ပြုခွင့်ရသူ အဖြစ် အသိအမှတ် ပြုခဲ့ပါတယ်။ နိုင်ငံသား စိစစ်မူကို မြေပုံမှာ စမ်းသပ် အစီအစဉ် အရ လုပ်ဆောင်နေပြီး မွတ်ဆလင် အများစု နေထိုင်တဲ့ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တို့မှာ နေထိုင်သူတွေကို အခုအချိန်ထိ တစ်စုံ တစ်ရ

ယာမြေ ဧက ၆၀၀၀ ပြန်ရရေး ကော်မရှင်ထံ တင်ပြမည်

မန္တလေးတိုင်း ဒေသကြီး၊ ကျောက်ဆည်နဲ့ မြစ်သားမြို့နယ်မှာ စစ်တပ်က သိမ်းထားတဲ့ ယာမြေဧက ၆ ထောင်ကျော် ပြန်လည်ရ ရှိဖို့ အတွက် ပြည်ထောင်စု လွှတ်တော် လယ်ယာမြေနဲ့ အခြားမြေများ စုံစမ်းရေး ကော်မရှင်ထံ တင်ပြသွားမှာ ဖြစ်တယ်လို့ တံတားဦးမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်သန္တာက ဒေသခံတွေကို ကတိပေး ပြောကြား လိုက်ပါတယ်။ သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေမှာ တပ်မတော်က အခုအချိန်အထိ ဘာမှအကောင်အထည်ဖော်ထားတာမရှိဘဲ လယ်ဝင်ထွန်တဲ့ လယ်သမားတွေက တရားစွဲဆိုခံထားရတယ်လို့ တံတားဦးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်သန္တာက ပြောပါတယ်။ "အစိုးရကလည်း စီမံကိန်းအတိုင်း လက်တွေ့အကောင်အထည်ဖော်တာလည်းမရှိဘူး၊ တကယ်ဘာမှအသုံးမချတဲ့ တောရိုင်းကြီးဖြစ်နေတဲ့ သူတို့ရဲ့ အရင်တုန်းက ပိုင်ဆိုင်ခဲ့ဖူးတဲ့မြေတွေကို ပြန်ဖော်ပြီးတော့မှလုပ်ကြတာ၊ အဲ့ဒါကို သူတို့က ထွန်တုံးတိုက်ပွဲလုပ်တယ်လို့ ခေါင်းစဉ်တပ်ပြီးတော့မှ တရားစွဲထားတယ်၊ လောလောဆယ်တော့ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ သက်ဆိုင်ရာ လယ်ယာခန့်ခွဲမှုကော်မတီအနေနဲ့ ဆက်ပြီးတော့မှ အလုပ်လုပ်ဖို့ အကြံဥာဏ်ပြုပါတယ်" အဲဒီ့ယာမြေတွေ ပြန်လည်ရရှိဖို့ သက်ဆိုင်

Kumudra Vol 4 No 27

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။ from သစ်ထူးလွင် (သတင်းစာ၊ ဂျာနယ်နှင့် ရုပ်သံ) - Myanmar News Now http://ift.tt/1tAPVtt via IFTTT

မြန်မာသံတော်ဆင့်အပတ်စဉ်သတင်း၊ အတွဲ(၃)၊ အမှတ်(၃၄)

MyanmarThandawsint Vol-3,No-34.pdf by Thit Htoo Lwin မြန်မာသံတော်ဆင့်အပတ်စဉ်သတင်း၊ အတွဲ(၃)၊ အမှတ်(၃၄) from သစ်ထူးလွင် (သတင်းစာ၊ ဂျာနယ်နှင့် ရုပ်သံ) - Myanmar News Now http://ift.tt/1tAPVtk via IFTTT

The Street View Vol 3 No 42

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။ from သစ်ထူးလွင် (သတင်းစာ၊ ဂျာနယ်နှင့် ရုပ်သံ) - Myanmar News Now http://ift.tt/1tAPSxP via IFTTT

The Messenger Vol 5 No 23

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။ from သစ်ထူးလွင် (သတင်းစာ၊ ဂျာနယ်နှင့် ရုပ်သံ) - Myanmar News Now http://ift.tt/1tAPShe via IFTTT

တောင်သူတွေကို ကူညီခဲ့သူ စွဲချက်အသစ်များနဲ့ ရင်ဆိုင်ရ

မန္တလေးတိုင်း မတ္တရာမြို့နယ်က လယ်သိမ်းခံတောင်သူတွေကို ကူညီတဲ့အတွက် ဆူပူအောင်လှုံ့ဆောင်မှုနဲ့ ထောင်ချခံထားရတဲ့ ရန်ကုန်ပြည်သူ့ အကျိုးဆောင် ကွန်ယက်က ကိုအောင်စိုးကို နောက်ထပ်ပုဒ်မတွေနဲ့  မတ္တရာမြို့ နယ်တရားရုံးမှာ ဒီနေ့ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ အခုတစ်ကြိမ်မှာတော့ ကိုအောင်စိုးကို ပိုင်နက်ကျူးလွန်မှု၊ အကျိုးစီးပွါး ဖျက်ဆီးမှုတွေနဲ့ တရားစွဲပြီး ရုံးထုတ်နေတာဖြစ်တယ်လို့  မတ္တရာမြို့နယ်က ကိုကျော်နိုင်က RFA ကိုပြောပါတယ်။ "သပြေသာကျေးရွာကနေမှ စံပြငါးမွေးမြူရေးခြံမှာ ငါးသားပေါက်ကန်တွေ ချိုးဖောက်ခံရမှုတွေနဲ့ ပတ်သက်ပြီးတော့ အဲ့ဒီကိစ္စကို ၄၄၇ နဲ့နေပြီးတော့ သူတို့က တရားစွဲဆိုထားတာတွေရှိပါတယ်၊ အဲ့ဒီကိစ္စကို သူတို့ပြန်ပြီးတော့ တရားစွဲဆိုတာပါ" အဲ့ဒီ မတ္တရာမြို့နယ်မှာ သမဝါယမအသင်းက ၁၉၈၆ ခုနှစ်ကစလို့  မြေတွေသိမ်းထားပြီး ၊ အသိမ်းခံ ထားရတဲ့လယ်မြေတွေက ဧက ၆ဝဝ လောက်ရှိတယ်လို့ ဆိုပါတယ်။ အဲ့ဒီမြေတွေပြန်ရဖို့ ကြိုးပမ်းတဲ့အတွက် ဒေသခံလယ်သမားတွေ တော်တော်များများက ပုဒ်မ ၁၈၊ ပုဒ်မ ၅ဝ၅ (ခ) တွေနဲ့ တရားစွဲခံထားရသလို၊ ပုဒ် ၄၄၇/ ၄၂၇ စတဲ့ ကျူးကျော်ဝင်ရောက်မှု၊ အကျိုးစီးပွါးဖျက်ဆီးမှုတွေနဲ့လည်း တရားစွဲခံထားရပါတယ်။ ကိုအောင်စိုးက အဲဒီ