Skip to main content

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရဲ့ ခရီးစဉ်



ကာကွယ်ရေး ဦးစီးချူပ် မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ မြန်မာ့ တပ်မတော် ချစ်ကြည်ရေး အဖွဲ့ ဟာ အရှေ့ဥရောပ နိုင်ငံ ဖြစ်တဲ့ ဘေလာရုစ် ကို ရောက်နေပါတယ်။ ဘေလာရုစ် စစ်တပ် အကြီးအကဲ ရဲ့ ဖိတ်ခေါ်မှု မဟုတ်ပဲ၊ ဘေလာရုစ် ဝန်ကြီးချူပ် မီခေးလ် မစ်နင်ကော့ဗစ်ခ်ျ ရဲ့ ဖိတ်ခေါ်ချက် နဲ့ သွားတာပါ။

ဘေလာရုစ် မြို့တော် မင့်စ်ခ် မှာ၊ ကာချူပ် ဦးဆောင်လာတဲ့ မြန်မာ စစ်တပ်ရဲ့ ချစ်ကြည်ရေး အဖွဲ့ဟာ၊ Stalin Line လို့ ခေါ်တဲ့ သမိုင်းဝင် နေရာ အပါအဝင်၊ စစ်သမိုင်းပြတိုက် အစရှိတဲ့ နေရာတွေကို ခရီးစဉ် အစဦး မှာ သွားခဲ့ ပါတယ်။


Stalin Line ဆိုတာကတော့ ဆိုဗီယက်ခေတ်က၊ အနောက် အုပ်စု ကျူးကျော်မှု တွေကို ကာကွယ်နိုင်ဖို့ ဆိုပြီး၊ ဆိုဗီယက်ပြည်ထောက်စု အနောက်ဘက်တလျှောက် တည်ဆောက် ထားခဲ့တဲ့၊ ခံစစ်ကြောင်း အရှည်ကြီး ဖြစ်ပါတယ်။


ဒီခရီးစဉ် မစခင် မြန်မာ စစ်ဘက် မီဒီယာတွေရဲ့ အဆိုအရ၊ ဗိုလ်ချူပ်မှုးကြီး မင်းအောင်လှိုင်ရဲ့ အခု ခရီးစဉ်ကနေ၊ နှစ် နိုင်ငံကြား စစ်တပ်တွေရဲ့ ဆက်ဆံရေး တွေ တိုးမြှင့်ဖို့၊ ယဉ်ကျေးမှုတွေ ဖလှယ်ဖို့ ဆိုပြီး၊ ဖော်ပြ ခဲ့ ပါတယ်။


ဒီခရီးစဉ်ရဲ့ ထူးခြားချက် တစ်ခုက၊ ကာကွယ်ရေး ဦးစီးချူပ် တစ်ယောက်ကို၊ စစ်တပ် အကြီးအကဲခြင်း က မဟုတ်ပဲ၊ အစိုးရ ဝန်ကြီးချူပ် တစ်ယောက်က ဖိတ်ခေါ်ခဲ့တာ ဆိုတဲ့ အချက် နဲ့ ပတ်သက်ပြီး မြန်မာ စစ်တပ် အကြီးအကဲဟာ နိုင်ငံရေး သံတမန်ရေး တာဝန်တွေများ ပူးတွဲ ထမ်းဆောင် နေခြင်း နဲ့ ပတ်သက်နေပြီ လားလို့ သုံးသပ် လို့ ရအောင် စစ်သံမှုးဟောင်း တစ်ဦးဖြစ်တဲ့ ဗိုလ်မှုး အောင်လင်းထွဋ် ကို မေးကြည့်ရာ မှာတော့ အကယ်၍သာ ကာကွယ်ရေး ဦးစီးချူပ် ကို သမ္မတ ရာထူးပေးဖို့ ရည်ရွယ်ချက် ရှိခဲ့ရင် နိုင်ငံတကာ ဆက်ဆံရေး၊ ဆက်သွယ်ရေး တွေ ကျင့်သားရအောင် ပြည်ပစေလွှတ်တဲ့ သဘော ရှိပုံ ပြောပါတယ်။


မြန်မာ စစ်တပ်ရဲ့ သမိုင်းမှာ ကာကွယ်ရေး ဦးစီးချူပ် တွေဟာ၊ စစ် ရာထူးကနေ အနားယူရင် နိုင်ငံရေးထဲ ပါလာကြတဲ့ သာဓက တွေ ရှိတယ်လို့လည်း ဗိုလ်မှုး အောင်လင်းထွဋ် က ဆိုပါတယ်။ ဒါ့အပြင် မြန်မာ စစ်တပ် အနေနဲ့၊ အမေရိကန်နဲ့ရော တရုတ်ရော တို့နဲ့ သာမက၊ နိုင်ငံရေး စစ်ရေး မဟာမိတ်တွေ၊ ထားရှိဖို့ လိုတယ်လို့ ယူဆနေပုံ ရတဲ့ အကြောင်း၊ ဗိုလ်မှုး အောင်လင်းထွဋ် က သုံးသပ် သွားတာပါ။


မနေ့က ဘေလာရုစ် ဝန်ကြီးချူပ် မစ်နင်ကော့ဗစ်ခ်ျ နဲ့ ဗိုလ်ချူပ်မှုးကြီး မင်းအောင်လှိုင် တို့ တွေ့ဆုံမှု အကြို၊ ဘေလာရုစ်ဘက်က ဝန်ကြီးချူပ်ရဲ့ ထုတ်ပြန်ချက်ထဲမှာ၊ အခုလို နှစ်ဘက် တွေ့ဆုံတဲ့အခါ၊ နှစ်နိုင်ငံကြား ကုန်သွယ်ရေး မြှင့်တင်ဖို့၊ သူတို့ နိုင်ငံလုပ် အရပ်သုံး စက်ပစ္စည်းတွေကို မြန်မာကို အငှားချဖို့၊ ဒါမှ မဟုတ် လက်ငင်းပေးစရာ မလိုပဲ ရောင်းချဖို့ တွေ ကို ဆွေးနွေး သွားမယ်လို့ ဆိုထား ပါတယ်။ လာမယ့် လတွေထဲမှာလည်း စီးပွားရေးနဲ့ ကုန်သွယ်ရေး ဆိုင်ရာ တွေ့ဆုံမှု တွေ နှစ် နိုင်ငံကြား မှန်မှန် ပြုလုပ်နိုင်ဖို့ ရည်ရွယ်ထားတယ် လို့ လည်း ဆိုထားပါတယ်။


ဘီဘီစီ (မြန်မာပိုင်း)

http://ift.tt/10m4EfQ











ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ဘေလာရုစ်ခရီး




from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/10m4C7T

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...