Skip to main content

Posts

Showing posts from April 5, 2015

အဆုတ်ကင်ဆာနှင့် ဆီးကျိတ်ကင်ဆာအတွက် ကညွတ်ဖူး

အဆုတ်ကင်ဆာရောဂါကို ခံစားနေရသော ဝေဒနာရှင်တစ်ဦးမှ ကျန်းမာရေးသတင်းများကို မက်ဆေ့ပို့၍ ဆေးနည်းတောင်းဆိုလာပါတယ်။ ထို့အတူ ဆီးကျိတ်ရောဂါ၊ အဆုတ်ရောဂါတို့ကို ခံစားနေရသော အခြားဝေဒနာရှင်များမှလည်း မကြာခဏ သဘာဝဆေးနည်းဖြင့် ကုသနိုင်ရန် တောင်းဆိုလာကြပါတယ်။ ဝေဒနာရှင်များကို အများအားဖြင့် ဆရာဝန်နှင့်သာ အရင်ပြကြည့်ပြီး ဆေးဝါးကုသခံယူဖို့ မိမိက အမြဲတိုက်တွန်းပေးလေ့ရှိပါတယ်။ သို့သော် အချို့ဝေဒနာရှင်များက ဆရာဝန်နှင့် ပြကြည့်ပြီးဖြစ်ကြောင်း၊ အချို့ကတော့ နယ်စွန်နယ်ဖျားမှဖြစ်၍ ခေတ်မီဆးရုံဆေးခန်း၊ ဆရာဝန်များနှင့် အလှန်းဝေးကြောင်း၊ ငွေကြေးကလည်း မတတ်နိုင်သည့်အတွက်ကြောင့် ရိုးရာသဘာဝဆေးနည်းဖြင့်သာ ကုသလိုကြောင်း ပြောပြလာကြပါတယ်။ ထို့ကြောင့် ရောဂါကို ခံစားနေရသော ဝေဒနာရှင်များ သက်သာပျောက်ကင်းနိုင်စေရန် ဆေးနည်းလေးကို ပြန်လည် မျှဝေပေးလိုက်ပါတယ်။ ဒီဆေးနည်းကတော့ ဦးနရပတိဆရာတော်၏ ဖေ့စ်ဘုတ်စာမျက်နှာပေါ်မှာ ပြန်ရှယ်ပေးထားတဲ့ ဦးမိုးမင်း မျှဝေပေးတဲ့ (ကညွတ်၏တန်ဖိုး) ဆိုတဲ့ခေါင်းစဉ်မှ ဖြစ်ပါတယ်။ -------------- မူရင်း….. Asparagus…..whether U believe it or not ဆိုတဲ့ခေါင်းစဉ်နဲ့မေလ်းတစ်ခုကို ကျွန်တော့် အကို တစ်ယောက်က ပို့လိုက်

ကရဝေးရွက်၏ ဆေးဖက်ဝင် စွမ်းပကား

(၁) အစွမ်းထက် ဓာတ်တိုး ဆန့်ကျင် ပစ္စည်း တစ်မျိုး ဖြစ်ပါတယ်။ ကရဝေးရွက်ကို ဟင်းလျာတွေထဲ ထည့်ချက်ရင် ဟင်းနံ့ကို သင်းပျံ့စေပြီး အရသာ တိုးစေပါတယ်။ ကရဝေးရွက်ကို ချက်လိုက်တဲ့အခါ ဟင်းလျာထဲမှာ အစွမ်းထက် အင်တီ အောက်ဆီးဒင့် ပမာဏကို တိုးစေပါတယ်။ အဲဒီ အင်တီအောက်ဆီးဒင့် တွေက ကင်ဆာ၊ အစာအိမ်အနာနဲ့ အဆစ်ရောင်နာတွေကို တွန်းလှန်နိုင်ပါတယ်။ ကရဝေးရွက်မှာပါတဲ့ အင်တီ အောက်ဆီးဒင့်ဟာ အနာတွေကို မြန်မြန်ကျက်စေပြီး ခြင်ကိုက်ရာ အနာတွေကို သက်သာ စေပါတယ်။ (၂) ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို ရရှိစေပါတယ် ဟင်းချက်တဲ့အခါ ကရဝေးရွက် အနည်းငယ်ကို ထည့်ချက်ရင် ဗီတာမင်နဲ့ သတ္တု ဓာတ်မျိုးစုံ ပါဝင် တာကြောင့် ဟင်းလျာရဲ့ ကျန်းမာရေး အကျိုးကျေးဇူးကို ပိုတိုးစေပါတယ်။ ကရဝေး ရွက်မှာ ဗီတာမင်အေ၊ ဗီတာမင်စီ၊ သံဓာတ်၊ မဂ္ဂနိစ်၊ ကယ်လ်စီယမ်၊ ပိုတက်စီယမ်နဲ့ မဂ္ဂနီ ဆီယမ်တို့ များစွာ ပါဝင်ပါတယ်။ (၃) အသက်ရှူလမ်းကြောင်းဆိုင်ရာ ဝေဒနာတွေကို သက်သာစေပါတယ် ကရဝေးရွက် နှစ်ရွက်-သုံးရွက်ကို ရေတစ်ခွက်ထဲထည့်ပြီး ဆူအောင်ပြုတ်လိုက်ပါ။ ပြီးရင် ၁၅ မိနစ်လောက် အအေးခံထားပြီး တစ်ခွက်သောက်ရင် ချွေးထွက်စေကာ အဖျားကျ နိုင်ပါတယ်။ ဒါ့အပြင် ချောင်းဆိုးတာ၊ အအေးမိတာနဲ့ အသက်ရှူလမ်းကြောင

ချောင်းဆိုး၊ ချွဲကျပ်၊ သလိပ်ကပ်များအတွက် ပင်စိမ်းရွက်

မြန်မာ့ဆေးကျမ်းတွေထဲမှာ ပင်စိမ်းဖြင့် ကုသ၍ ပျောက်ကင်းနိုင်သော ရောဂါမျိုး (၄၀) ရှိကြောင်းကို ဖော်ပြထားကြပါတယ်။ အအေးမိခြင်း၊ နှာစေးခြင်း၊ ချောင်းဆိုး၊ ချွဲကျပ်၊ သလိပ်ကပ်များကို ပင်စိမ်းဖြင့် မိမိတို့နေအိမ်တွင်းမှာ အလွယ်တကူ ကုသနိုင်ကြပါတယ်။ ၁။ ပင်စိမ်းရွက် လက်တစ်ဆုပ်ခန့်ခူးယူ၍ ရေစင်အောင် ဆေးကျောကာ ထောင်း၍၄င်း၊ ကြိတ်၍၄င်း အရည်ရအောင် ညစ်ယူလိုက်ပြီး ရေကျက်အေးနှင့် သောက်ပါ။ တစ်နေ့ကို (၂) ကြိမ်သောက်နိုင်ပြီး ၃ ရက်ခန့်သောက်ပေးပါက ချောင်းဆိုး၊ ရင်ကျပ်၊ ချွဲသလိပ်များ ပျောက်ကင်းသက်သာ စေပါမည်။ ၂။ ပင်စိမ်းပွင့်ကို ဂျင်းခြောက်၊ ကြက်သွန်ဖြူတို့နှင့် ရောထောင်း၍ ပျားရည်စစ်စစ်နှင့် လျက်ပေးပါက ချောင်းဆိုး၊ ပန်းနာ ရင်ကျပ်ရောဂါများကို ပျောက်ကင်းစေမည်။ ၃။ ပင်စိမ်းရွက်ကို လတ်လတ်ဆတ်ဆတ်ခူးယူ၍ အစိုအတိုင်း ရေသုံးခွက် တစ်ခွက်တင် ကျို၍ သောက်ပေးပါက အအေးမိ၊ တုပ်ကွေးရောဂါများ ချက်ချင်းသာပျောက်ကင်းစေပါမည်။ ဂျင်းအနည်းငယ် ထည့်ကျိုလျှင် ပိုကောင်းပါသည်။ ပျားရည်ရှိပါက အနည်းငယ်ထည့်သောက်နိုင်ပါသည်။ စောနွဲ့ နေဆိုင်(ပူတာအို) ကိုးကား ။ ။ အံ့မခန်း ပင်စိမ်းအစွမ်း၊ မြန်မာ့ဆေးကျမ်းများ ကျန်းမာရေးသတင်းများ from သစ်ထူးလွင် (ကျန်