Skip to main content

Posts

Showing posts from February 16, 2015

Diabetes ဆီးချို

အသက် ၅၉။ အမျိုးသမီး။ ရောဂါလက္ခဏာ ဆီးခဏခဏသွားခြင်း၊ ခြေလက်အကြောကပ်ခြင်း၊ မျက်ရည်ပူကျခြင်း၊ မျက်စိအနီးမှုန်၊ ပြည်မြို့၊ ပဲခူးတိုင်း၊ မြန်မာနိုင်ငံ၊ ဆရာရေ အခုလောလောဆယ် မေမေက ဆီးချိုစစ်တာ အစာမစားမီ နံနက်ပိုင်းစစ်ဆေးရာမှာ ၁၅၆ ရှိပြီး၊ ညနေစစ်ရာမှာ ၂၃၆ ရှိပြီး၊ ဆေးသောက်နေရပါတယ်။ ဆောင်ရန်ရှောင်ရန်သိချင်ပါတယ်ဆရာ။ ဆီးချိုကို Diabetes mellitus လို့ခေါ်တယ်။ တချို့တွေက ဆီးချို ခေါ်တယ်၊ သွေးချိုခေါ်တယ်။ ဆီးစစ်တာကိုဆီးချို၊ သွေးစစ်တော့သွေးချို၊ အတူတူကို နှစ်မျိုး ထင်ကြနေကြတယ်။ တကယ်က ၃ မျိုးရှိတာပါ။ ၁။ Type 1 Diabetes ကိုယ်ခန္ဓာကနေ အချိုဓါတ်ကို ထိန်းညှိပေးတဲ့ သရက်ရွက်ကနေ ထုတ်ပေးရမဲ့ Insulin ဟော်မုန်း မထုတ်နိုင်တာ။ ငယ်သူတွေမှာ ဖြစ်တယ်။ ၂။ Type 2 Diabetes (အင်စူလင်) ဟော်မုန်းကို ခံနိုင်ရည်ဖြစ်နေတာ။ လူတွေ အများဆုံးဖြစ်တယ်။ ၃။ Gestational Diabetes ကိုယ်ဝန်ဆောင်နေတုံး ဖြစ်တာ။ (၁) နဲ့ (၂) က နာတာရှည်ဖြစ်ပြီး၊ လုံးဝပျောက်တယ်ဆိုတာ မရှိပါ။ (၃) ကတော့ မွေးပြီး ကောင်းသွားတာများတယ်။ နောက်မှာ အမျိုးအစား (၂) ဖြစ်သွားတတ်တာလဲရှိတယ်။ မွေးရာပါဆီးချို၊ Cystic fibrosis ရောဂါနဲ့တွဲတာ၊ Steroid ဆေးကြောင့်ဖြစ်တာ၊ စသဖြင့် ရှိသေးတယ်

ဆီးချို သွေးချို ရောဂါအတွက် ပျားမြီးရွက်

တစ်နေ့တွင် စာရေးသူနှင့်အတူ တိုင်းရင်းဆေးဆရာ ဦးအေးချိုတို့ ကျောက်မြောင်း အောင်မင်္ဂလာ မြို့ပတ်လမ်းရှိ ဦးသိန်းလှ(ဦးအန်းတူ) အလုပ်ရုံသို့ ရောက်ရှိသွားပါသည်။ ဆီးချို သွေးချို ရောဂါရှင် ဦးသိန်းလှ(ဦးအန်းတူ)ကို ကျန်းမာဝဖြိုးစွာ တွေ့လိုက်ရ၍ ဆရာ ဦးအေးချိုက--- ဦးသိန်းလှ အသားအရေ ပြောင်းလဲပြီး ကျန်းမာဝဖြိုးနေပုံထောက်တော့ ခင်ဗျားဆီးချိုရောဂါ တော်တော် အခြေအနေ ကောင်းနေပြီနဲ့တူတယ်။ ဘယ်လိုဆေးကောင်းတွေ့ပြီး ကျန်းမာဝဖြိုးလာတာလဲဆိုတာ ပြောပြစမ်းပါဦး--- တခြားတော့ မဟုတ်ဘူး ဆရာချို၊ ကျွန်တော်တို့မိတ်ဆွေတစ်ယောက် ညွှန်ပြလိုက်လို့ ဆီးချိုကျ ဆေးပင်တစ်မျိုးရပြီး အညွှန်းအတိုင်း စားတာနဲ့ ဆီးချိုရောဂါ သက်သာသွားတာပဲ။ ဆေးပင်နာမည်က ဘာတဲ့လဲဗျ၊ အပင်ရှိရင်လဲ မျိုးပေးပါဦး၊ ကျွန်တော်တို့ သုတေသနလုပ်ပြီး ရောဂါဝေဒနာရှင်တွေကို ညွှန်ပြရတာပေါ့။ ဆေးပင်နာမည်က ပျးမြီးရွက် အပင်လို့ ခေါ်တယ်။ အပြည့်အစုံသိချင်ရင်တော့ ကျွန်တော့်ကို ဆေးပင်ပေးတဲ့သူရဲ့ အညွှန်းအတိုင်း ပြောပြမယ်၊-ဟုဆိုကာ ဦးသိန်းလှ-က ဆီးချိုရောဂါ သက်သာပျောက်ကင်းစေသော တိုင်းရင်းဆေး ပျားမြီးရွက်အပင်အကြောင်း အောက်ပါအတိုင်း ပြည့်ပြည့်စုံစုံ ပြောပြခဲ့ပါသည်။ ဆေးပင်အမည်မှာ ပျးမြီ

အမျိုးသမီးများကို ဝမ်းဗိုက်နာကျင်စေခြင်း အကြောင်းရင်း( ၅ )ချက်

အမျိုးသမီးအများစုဟာ ဗိုက်အောင့်ခြင်း အဖြစ်များပါတယ်။ အမျိုးသမီးတွေမှာဖြစ်တတ်တဲ့ ဗိုက်အောင့်ဗိုက်နာခြင်းဟာ အောက်ပါ အကြောင်းရင်း ငါးရပ်ကြောင့် အဖြစ်များပါတယ်။ ၁။ သားအိမ်အတွင်းလွှာ နေရာလွှဲခြင်း ဖြစ်ပွားနှုန်း - အမျိုးသမီး ငါးသန်းနီးပါး ရောဂါအကြောင်း .... သားအိမ်တစ်သျှူးတွေနဲ့တူတဲ့ ဆဲလ်တွေဟာ နေရာလွဲမှားတည်ရှိပြီး ရာသီသွေးဆင်းတိုင်း လိုက်လံကွာကျနေတာမျိုးပါ။ ခံစားရတတ်သော လက္ခဏာများ - ရာသီလာချိန်မှာ ရောပြီး ဗိုက်အောင့်ခြင်းကို ဆိုးဆိုးရွားရွားခံစားရခြင်း၊ ခါးနဲ့ခြေထောက် အထိနာကျင်ခြင်း စမ်းသပ်စစ်ဆေးခြင်း - တစ်သျှူးအသားစယူ စစ်ဆေးခြင်း ဆေးကုသမှု - Ibuprofen, Naproxen sodium စတဲ့ အကိုက်အခဲပျောက်ဆေးတွေနဲ့ ဟော်မုန်းပါ သန္ဓေတားဆေးတွေ သုံးပြီး ကုသလေ့ရှိပါတယ်။ ဆိုးရွားတဲ့ အခြေအနေတွေမှာ သားအိမ်အတွင်းလွှာကြီးထွားမှုကို ဖယ်ရှားဖို့ ခွဲစိတ်ကုသတဲ့နည်းကို သုံးလေ့ရှိပါတယ်။ ၂။ ဆီးအိတ်တာရှည်ရောင်ရမ်းခြင်း ဖြစ်ပွားနှုန်း - အမျိုးသမီး သုံးသန်းနီးပါး ရောဂါအကြောင်း -ဆီးအိတ်ထဲမှာ မကြာခဏ မသက်မသာဖြစ်ရတဲ့ ခံစားချက်မျိုးပါ။ ဘက်တီးရီးယားပိုးကြောင့် မဟုတ်ဘဲ ဆီးအိတ်တာရှည် ရောင်ရမ်းတာပါ။ ခံစားရတတ်သော လက္ခဏာများ - ဆီး မကြာခဏ သွားခ