Skip to main content

Posts

Showing posts from May 10, 2014

UK စီးပွားရေးဆိုင်ရာ စီမံခန့်ခွဲမှု ဘာသာရပ်များ တက်ရောက်နိုင်မည် ရန်ကုန်၊ မေ ၁၀...

UK စီးပွားရေးဆိုင်ရာ စီမံခန့်ခွဲမှု ဘာသာရပ်များ တက်ရောက်နိုင်မည် ရန်ကုန်၊ မေ ၁၀ ABE (Association of Business Executices,UK) ၏ စီးပွားရေးဆိုင်ရာ စီမံခန့်ခွဲမှု ဘာသာရပ်များကို အသက်မွေးဝမ်းကျောင်း ဘာသာရပ်များ သင်ကြား ပို့ချနေသော YCTC Business Institute တွင် Diploma, Higher Diploma နှင့် Graduate Diploma သင်တန်းများကို ဇွန်လ ၂၄ ရက်နေ့တွင် စတင် ဖွင့်လှစ်နိုင်မည် ဖြစ်ကြောင်း အဆိုပါ သင်တန်းကျောင်းထံမှ သိရသည်။ အဆိုပါ သင်တန်းကျောင်းတွင် တက်ရောက်နိုင်မည့် သင်တန်းများမှာ Diploma in Business Management, Diploma in Marketing Management, Diploma in Travel, Tourism & Hospitality Management, Higher Diploma in Business Management နှင့် Graduate Diploma in Business Management တို့ ဖြစ်ပြီး စီးပွားရေးတက္ကသိုလ်နှင့် ပြည်ပတက္ကသိုလ်များမှ ပါမောက္ခ၊ ကထိကဆရာ၊ ဆရာမများက စာတွေ့နှင့် လက်တွေ့စနစ်ဖြင့် သင်ကြားပေးမည် ဖြစ်ကြောင်း အဆိုပါ သင်တန်းကျောင်းထံမှ သိရှိရသည်။ အသေးစိတ် သိရှိလိုပါက YCTC Business Institute ဖုန်း ၀၁-၅၄၂၀၃၃၊ ၀၉-၄၂၀၁၁၈၁၀၀၊ ၀၉-၂၅၀၆၄၀၄၂၉၊ အမှတ် ၃၂ (J/3)၊ နတ်မောက်ရိပ်သာလမ်းသွယ်၊ ကမ္ဘာအေးဘုရားလမ်း (အထက ၂

လဂွန်းပြင် ရေပေးစီမံကိန်း ဆောက်လုပ်မှု ၃၆ ရာခိုင်နှုန်းကျော် ပြီးစီး ရန်ကုန်၊ မေ...

လဂွန်းပြင် ရေပေးစီမံကိန်း ဆောက်လုပ်မှု ၃၆ ရာခိုင်နှုန်းကျော် ပြီးစီး ရန်ကုန်၊ မေ ၁၀ ရန်ကုန် အရှေ့ပိုင်းခရိုင် မြို့နယ်များကို အဓိကထား ရေဖြန့်ဝေမည့် လဂွန်းပြင် ရေပေးဝေရေး စီမံကိန်း ဆောက်လုပ်မှုမှာ ၃၆ ရာခိုင်နှုန်းကျော် အထိ ပြီးစီးနေပြီ ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) မှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။ လဂွန်းပြင် ရေပေးဝေရေး စီမံကိန်းကို ၂၀၁၃ ခုနှစ်အတွင်းက စတင်ခဲ့ခြင်း ဖြစ်ပြီး၊ ထိုအချိန်မှ စတင်ကာ ရေသွယ်ယူမှု လုပ်ငန်းများ၊ မြေသားပြုပြင်မှု လုပ်ငန်းများ၊ ဘိုးလ်ပိုင် စိုက်ခြင်းများကို တစ်ပြိုင်နက် ဆောက်ရွက်လျက် ရှိကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ “လုပ်ငန်းတွေကိုတော့ တစ်ပြိုင်တည်း လုပ်နေတာ ဖြစ်တဲ့အတွက် လုပ်ငန်းတစ်ခုချင်း အပြီးလုပ်တာထက် မြန်မြန် ပြီးစီးနိုင်ပါတယ်။ ၂၀၁၅ ခုနှစ် နှစ်လည်ပိုင်းလောက် ပြီးစီးနိုင်ဖို့ ဆောင်ရွက်နေပါတယ်။” ဟု ၎င်းက ရှင်းပြသည်။ အဆိုပါ ရေပေးဝေရေး စီမံကိန်းကို ဒဂုံမြို့သစ် (တောင်ပိုင်း) အမှတ် (၂) လမ်းမကြီးဘေးတွင် စတင်ခဲ့ပြီး စီမံကိန်း ပြီးစီးပါက သောက်သုံးရေများကို ယုဇနဥယျာဉ်မြို့တော် အပါအဝင် ဒဂုံမြို့သစ် (တောင်ပိုင်း)၊ ဒဂုံ

ယာဉ်ထိန်းရဲများအတွက် ပုဂ္ဂလိက ကုမ္ပဏီတစ်ခု နေကာမျက်မှန် ထောက်ပံ့ ရန်ကုန်၊ မေ ၁၀...

ယာဉ်ထိန်းရဲများအတွက် ပုဂ္ဂလိက ကုမ္ပဏီတစ်ခု နေကာမျက်မှန် ထောက်ပံ့ ရန်ကုန်၊ မေ ၁၀ ရန်ကုန်တိုင်းဒေသကြီးအတွင်း တာဝန် ထမ်းဆောင်နေသည့် ယဉ်ထိန်းရဲများ အတွက် ပုဂ္ဂလိက လျှပ်စစ်နှင့် စက်ပစ္စည်းများ နေကာ မျက်မှန်များကို ရောင်းဝယ်ရေး ကုမ္ပဏီတစ်ခု ဖြစ်သော Soe Electrical & Mechanical Co,Ltd က ထောက်ပံ့ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူး ရုံးမှ တပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး လင်းထွဋ်က ပြောကြားသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း တာဝန် ထမ်းဆောင်နေသော ယာဉ်ထိန်းရဲ ၈၈၃ ဦးကို တစ်ဦးလျှင် UV 400 ပါ နေကာမျက်မှန် တစ်လက်နှုန်း ထောက်ပံ့ခြင်း ဖြစ်ကြောင်း၊ ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်များ တာဝန် ထမ်းဆောင်နေချိန်တွင် ၎င်းတို့၏ မျက်လုံးများ ခရမ်းလွန်ရောင်ခြည်ဒဏ်ကို ကာကွယ်ရန်နှင့် ၎င်းတို့၏ ကျန်းမာရေးအတွက် မြန်မာတစ်နိုင်ငံလုံးရှိ ယာဉ်ထိန်းရဲများ နေကာမျက်မှန်တပ်ဆင်ခွင့်ကို ဧပြီလ ၂၆ ရက်နေ့မှ စ၍ ပြည်ထဲရေး ဝန်ကြီးဌာနက ခွင့်ပြုခဲ့ခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရှိရသည်။ အဆိုပါ နေကာမျက်မှန် လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ကုန်ကျစရိတ်များ၊ လှူဒါန်းရခြင်း အကြောင်းတို့ကို မိမိအနေနှင့်ေ

၂၄ ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးဖွင့်ပွဲတွင် သမ္မတ ကြီး က ရာသီဥတုပြောင်းလဲမှုမ...

၂၄ ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးဖွင့်ပွဲတွင် သမ္မတ ကြီး က ရာသီဥတုပြောင်းလဲမှုများတုံ့ပြန်ရေး အတွက် အဆိုပြု နေပြည်တော် မေ ၁၁ (၂၄) ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေး ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော် သမ္မတကြီးဦးသိန်းစိန်က ရာသီဥတုပြောင်းလဲမှုများတုံပြန်ရေး ကိစ္စနှင့်ပတ်သတ်ပြီး အချက်သုံးချက်ပါဝင်သည့် အဆိုပြုချက်တစ်ခုကို ပြောကြားခဲ့သည်။ အဆိုပါ အဆိုပြုချက်တွင် သဘာဝဘေးအန္တရာယ်ကျရောက်ပါက အာဆီယံနိုင်ငံများအနေဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့ပေးရန် ထူထောင်ထားသော AHA ဌာနသည်ထိရောက်စွာတုန့်ပြန်နိုင်စွမ်းမရှိသေးသည်ကိုတွေ့ရသည့်အတွက် သဘာဝဘေးအန္တရာယ် ကျရောက်ပါက လျင်မြန်စွာတုန့်ပြန်နိုင်မည့်စွမ်းရည်ကို အရေးကြီး ကိစ္စတစ်ရပ်အနေဖြင့် ထူထောင်ကြရန် ၊ရာသီဥတုပြောင်းလဲမှုဒဏ်ခံနိုင်သည့် လယ်ယာထွက်ကုန်များထုတ်လုပ်နိုင်ရန် အတွက်အာဆီယံနိုင်ငံများတွင် သုတေသနဌာနများကို ထူထောင်ထားရှီပြီး အတွေ့အကြုံကောင်းများ ဖလှယ်ခြင်းများကို ဆောင်ရွက်ရန်နှင့် ရာသီ ဥတုပြောင်းလဲမှု ဒဏ်ကို လျော့နည်းစေရေးအတွက် အရေးယူဆောင်ရွက်မှုများ ကိုပြုလုပ်ကြရန် စသည်တို့ ပါဝင်သည်။ ယင်းကြောင့်အဆိုပါ ကိစ္စများကို ဖြေရျင်းသည့် နည်းတစ်ခုအနေဖြင့်လည်း

#emg_editorials ၂၀၁၄ မေလ ၁၁ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်...

#emg_editorials ၂၀၁၄ မေလ ၁၁ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော် အာဆီယံနှင့် ပထဝီနိုင်ငံရေး အရှေ့တောင်အာရှဒေသသည် ကမ္ဘာ့နိုင်ငံရေး၌ အလွန်အရေးကြီးသော ဒေသတစ်ခုအဖြစ် ကာလကြာရှည်စွာ ရပ်တည်လာခဲ့သည်။ စစ်အေးတိုက်ပွဲသည် ဥရောပတွင်စတင်၍ ဥရောပတွင် အဆုံးသတ်ခဲ့သည်ဟု ဆိုနိုင်သော်လည်း အရှေ့တောင်အာရှဒေသတွင် အပြင်းထန်ဆုံး ဖြစ်ပွားခဲ့သည်။ ယခုတစ်ဖန် အာရှဒေသ၏ ဖွံ့ဖြိုးတိုးတက်မှုများက လာမည့်ဆယ်စုနှစ်များအတွင်း နိုင်ငံတကာ၏ နိုင်ငံရေးရှုခင်းကို အဆုံးအဖြတ်ပေးလိမ့်မည်ဟု တစ်ကမ္ဘာလုံးက သတိပြုမိလာပြန်သည်။ ယင်းအချိန်၌ တရုတ်သည် မကြုံစဖူး စီးပွားရေးအင်အား ကြီးထွားလာပြီး လာမည့် နှစ် ၂ဝ အတွင်း ကမ္ဘာ့စီးပွားရေးအင်အား အကြီးဆုံးနိုင်ငံ ဖြစ်လာဖွယ်ရှိနေသည်။ တရုတ်သည် ပထဝီနိုင်ငံရေးကို ပြန်လည်ပုံဖော်ခြင်းနောက်ကွယ်မှ အဓိကတွန်းအား ဖြစ်သည်။ အရှေ့တောင်အာရှဒေသသည် တရုတ် အင်အားကြီးမားလာမှုနှင့်ပတ်သက်၍ တိုက်ရိုက်အကျဆုံး ရိုက်ခတ်ခံရသည့် ဒေသတစ်ခုဖြစ်သည်။ နှစ်ပေါင်း ၃ဝ အတွင်း တရုတ်တို့သည် ခပ်ခွာခွာနေခဲ့သည့် အရှေ့တောင်အာရှဒေသနှင့် စီးပွားရေးချိတ်ဆက်မှု အသစ်များကို တစ်ဟုန်ထိုးပြုလုပ်ခဲ့သည်။ တရုတ်နှင့် အာဆီယံတို့အကြား အပြန်အလှန်သက်ေ

#thedailyelevencover

#thedailyelevencover from Eleven Media Group's Facebook Wall http://ift.tt/1l5cihY

ဒေါ်အောင်ဆန်းစုကြည် မအူပင်၌ ဟောပြောသည့် ဖွဲ့စည်းပုံဆိုင်ရာ လူထုဆန္ဒခံယူပွဲတွင် တက်...

ဒေါ်အောင်ဆန်းစုကြည် မအူပင်၌ ဟောပြောသည့် ဖွဲ့စည်းပုံဆိုင်ရာ လူထုဆန္ဒခံယူပွဲတွင် တက်ရောက်လာသူ အားလုံးနီးပါးက ဖွဲ့စည်းပုံ ပြုပြင်ရန် သဘောထားပေး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဟောပြောသည့် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ လူထုဆန္ဒသဘောထား ရယူပွဲကို ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့၌ မေ ၁ဝ ရက်က ပြုလုပ်ခဲ့ရာ အဆိုပါ ဟောပြောပွဲသို့ တက်ရောက်လာသည့် သောင်းချီသည့် ပြည်သူများက ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် သဘောထားပေးခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီး ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ လူထုဆန္ဒသဘောထားရယူပွဲ အခမ်းအနားသို့ ဧရာတီတိုင်းအတွင်းရှိ ပုသိမ်၊ မြောင်းမြ၊ ဟင်္သာတ၊ မအူပင်၊ လပွတ္တာ၊ ဓနုဖြူ စသည့် ခရိုင်ခြောက်ခုရှိ မြို့နယ် ၂၆ ခုမှ ပြည်သူများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်များ တက်ရောက်ခဲ့ကြပြီး ဟောပြောပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်တို့က ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာကိစ္စရပ်များကို ဟောပြောဆွေးနွေးခြင်း၊ တက်ရောက်လာသ

အာဆီယံဥက္ကဋ္ဌ တာဝန်ယူချိန်တွင် လူ့အခွင့်အရေးကိစ္စအပါအ၀င် အချက်လေးချက်ကို အရေးကြီးကိစ...

အာဆီယံဥက္ကဋ္ဌ တာဝန်ယူချိန်တွင် လူ့အခွင့်အရေးကိစ္စအပါအ၀င် အချက်လေးချက်ကို အရေးကြီးကိစ္စများအဖြစ် သတ်မှတ်ထားသည်ဟု သမ္မတဦးသိန်းစိန် ပြောကြား မြန်မာနိုင်ငံက အာဆီယံဥက္ကဋ္ဌ တာဝန်ယူချိန်တွင် လူ့အခွင့်အရေးကိစ္စအပါအ၀င် အချက်လေးချက်ကို အရေးကြီးကိစ္စများအဖြစ် သတ်မှတ်ထားသည်ဟု သမ္မတဦးသိန်းစိန်က မေ ၁၀ ရက်တွင် ပြောကြားခဲ့သည်။ သမ္မတဦးသိန်းစိန်သည် နေပြည်တော်၌ ပြုလုပ်နေသော (၂၄) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအ၀းသို့ တက်ရောက်လာသည့် အာဆီယံနိုင်ငံများမှ ခေါင်းဆောင်များ၊ အစိုးရကိုယ်စားလှယ်များကို ဂုဏ်ပြုညစာစားပွဲဖြင့် မေ ၁၀ ရက် ညပိုင်းတွင် ဧည့်ခံခဲ့ပြီး အဆိုပါဂုဏ်ပြု ညစာစားပွဲ၌ ပြောကြားသည့် ကြိုဆိုနှုတ်ခွန်းဆက်စကားတွင် ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ “မိမိတို့တွေရဲ့ ဖြစ်ပေါ်တိုးတက်မှုများကို ကမ္ဘာတစ်ဝန်းက စောင့်ကြည့်နေတဲ့ ကာလမှာ အခုလို အာဆီယံထိပ်သီးအစည်းအဝေးကို လက်ခံကျင်းပခွင့် ရတဲ့အတွက် များစွာဂုဏ်ယူမိပါတယ်။ မြန်မာနိုင်ငံက အာဆီယံဥက္ကဋ္ဌ အဖြစ် တာဝန်ယူမယ့်အချိန်မှာ မိမိတို့ ပြည်သူတွေရဲ့ ဘ၀နဲ့ လူနေမှုအဆင့်အတန်း မြင့်မားရေးဖြစ်စဉ်ကိစ္စရပ်များကို အာရုံစိုက် ဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု သမ္မတဦးသိ

သဘောကွဲလွဲမှုများ ရှိခဲ့သော်လည်း တောင်တရုတ်ပင်လယ်အတွင်း တင်းမာမှုပိုလာခြင်းကို စို...

သဘောကွဲလွဲမှုများ ရှိခဲ့သော်လည်း တောင်တရုတ်ပင်လယ်အတွင်း တင်းမာမှုပိုလာခြင်းကို စိုးရိမ်ကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ထုတ်ပြန် တောင်တရုတ်ပင်လယ်အတွင်း တင်းမာနေမှုပိုလာခြင်းနှင့် ပတ်သက်၍ စိုးရိမ်ကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက မေ ၁ဝ ရက်တွင် ကြေညာချက် ထုတ်ပြန်လိုက်သည်။ (၂၄) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေး ပထမနေ့အဖြစ် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးပြုလုပ်ခဲ့ပြီး ထိုအစည်းအဝေးအပြီးတွင် ယင်းကဲ့သို့ ကြေညာချက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ “အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ တောင်တရုတ်ပင်လယ်ကိစ္စကို ဆွေးနွေးခဲ့တယ်။ ဒါနဲ့ပတ်သက်ပြီး အားလုံး သဘောတူညီချက်တစ်ခု ရရှိခဲ့တယ်။ နိုင်ငံခြားရေးဝန်ကြီးတွေ အားလုံးကနေ တောင်တရုတ်ပင်လယ်အရေးကိစ္စကို ငြိမ်းချမ်းစွာဖြေရှင်းဖို့ တိုက်တွန်းခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် တောင်တရုတ်ပင်လယ်အရေးနဲ့ပတ်သက်ပြီး သူတို့ အမှန်တကယ် စိုးရိမ်မှုရှိကြောင်း ပြောကြားခဲ့ပါတယ်”ဟု မေ ၁ဝ ရက် ညနေပိုင်းက ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ဆိုသည်။ အာဆီယံနိုင်ငံခြ

အာဆီယံအစိုးရအချို့၏ ၀င်ရောက်စွက်ဖက်မှုကြောင့် အာဆီယံခေါင်းဆောင်များအား အာဆီယံအရပ်...

အာဆီယံအစိုးရအချို့၏ ၀င်ရောက်စွက်ဖက်မှုကြောင့် အာဆီယံခေါင်းဆောင်များအား အာဆီယံအရပ်ဘက် ကိုယ်စားလှယ်များ တွေ့ဆုံမည်မဟုတ် အာဆီယံအစိုးရအချို့၏ စွက်ဖက်မှုများကြောင့် မေ ၁၁ ရက်တွင်ပြုလုပ်မည့် အာဆီယံခေါင်းဆောင်များနှင့် မျက်နှာစုံညီ အစည်းအဝေးတွင် အာဆီယံအရပ်ဘက် ကိုယ်စားလှယ်များအားလုံး နုတ်ထွက်ကာ တွေ့ဆုံမည်မဟုတ်ကြောင်း မေ ၁ဝ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှ သိရသည်။ အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ မလေးရှားနှင့် စင်ကာပူနိုင်ငံတို့မှ အရပ်ဘက် ကိုယ်စားလှယ်များအား ဆိုင်ရာနိုင်ငံအစိုးရများက တွေ့ဆုံရန် ခွင့်မပြုခဲ့ဘဲ ၎င်းတို့ကိုယ်တိုင်ရွေးချယ်သည့် ကိုယ်စားလှယ်များကိုသာ ပါဝင်စေမည်ဟု ဆိုသောကြောင့် ယခုကဲ့သို့ အာဆီယံအရပ်ဘက်ကိုယ်စားလှယ်များအားလုံး နုတ်ထွက်ရခြင်းဖြစ်ကြောင်း သိရသည်။ အာဆီယံခေါင်းဆောင်များနှင့် အရပ်ဘက်ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးရာတွင် အာဆီယံနိုင်ငံများ အားလုံးသဘောတူညီသည့် မူဝါဒလေးချက်ဖြစ်သော အဓိပ္ပာယ်ရှိသောတွေ့ဆုံမှု၊ လူထုအသံများကို ထင်ဟပ်နိုင်မှု၊ အပြန်အလှန်လေးစားမှုနှင့် အရပ်ဘက် ကိုယ်စားလှယ်များအား လွတ်လပ်စွာရွေးချယ်ခွင့်ပြုရေးဟု ချမှတ်ထားကြောင်း သိရသည်။ ယင်းသို့ ချမှတ်ထားေ

ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားနေသော တရုတ်နိုင်ငံမှ တရားမ၀င်အေးခဲ ကြက်သား တစ်ရက်လ...

ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားနေသော တရုတ်နိုင်ငံမှ တရားမ၀င်အေးခဲ ကြက်သား တစ်ရက်လျှင် ၁၀ တန်ခန့် ၀င်ရောက်လျက်ရှိပြီး စားသုံးရန်သင့် မသင့် စစ်ဆေးခြင်းမရှိ မန္တလေးမြို့အတွင်းသို့ ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားနေသော တရုတ်နိုင်ငံမှ တရားမဝင် အေးခဲကြက်သားများ တစ်ရက်လျှင် ခြောက်တန်မှ ၁ဝ တန်အတွင်း နေ့စဉ် ဝင်ရောက်လျက်ရှိနေသော်လည်း သက်ဆိုင်ရာအဖွဲ့အစည်းများမှ စားသုံးရန်သင့်၊ မသင့် စစ်ဆေးခြင်းများ ပြုလုပ်မှုမရှိကြောင်း စုံစမ်းသိရသည်။ တရုတ်နိုင်ငံတွင် လက်ရှိအချိန်၌ H7N9 ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားလျက်ရှိရာ မန္တလေးမြို့အတွင်း ဝင်ရောက်လာရာလမ်းကြောင်းတစ်လျှောက်ရှိ မွေးမြူရေးခြံများတွင် ကြက်ငှက်တုပ်ကွေးရောဂါ ကူးစက်နိုင်သည့် အခွင့်အလမ်းများစွာရှိနေကြောင်း၊ ဈေးကွက်အတွင်း ရောင်းချနေသည့် အေးခဲ ကြက်သားများကို စစ်ဆေးမှုများမရှိသောကြောင့် စားသုံးသူများအတွက် ဘေးအန္တရာယ်ကင်းရှင်းရေးမှာ ခြိမ်းခြောက်လျက်ရှိကြောင်း သိရသည်။ “တရုတ်ဘက်ကနေ နယ်စပ်ဂိတ်တွေကို ဖြတ်ကျော်ပြီး တရားမဝင် အေးခဲကြက်သားနဲ့ ကြက်ဥ ဝင်ရောက်မှုတွေရှိနေခဲ့တာ ကြာပါပြီ။ လက်ရှိအချိန်မှာ ပြည်တွင်းဈေးကွက်အတွင်း ကြက်သားဈေး တက်နေတာကြောင့် ဈေးကွက်ရှိတဲ့အတွက် ပိုဝ

ရန်ကုန်တွင် တရားမ၀င် ဖွင့်လှစ်ထားသော တရုတ်ဆေးခန်းများကို ထပ်မံစစ်ဆေး၍ ပိတ်သိမ်းေ...

ရန်ကုန်တွင် တရားမ၀င် ဖွင့်လှစ်ထားသော တရုတ်ဆေးခန်းများကို ထပ်မံစစ်ဆေး၍ ပိတ်သိမ်းစေမည် ရန်ကုန်တိုင်းဒေသကြီးအတွင်း တရားမဝင် ဖွင့်လှစ်ထားသော တရုတ်ဆေးခန်းများအား ထပ်မံစစ်ဆေးမည်ဖြစ်ပြီး၊ တွေ့ရှိက ပိတ်သိမ်းမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာမြင့်သိန်း၏ ပြောကြားချက်အရ သိရသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း တရုတ်ဆေးခန်းများ သိသာစွာများပြားလာပြီး ယင်းဆေးခန်းများတွင် ကုသရန်လာရောက်စဉ်က တစ်မျိုး၊ ကုသနေစဉ်တစ်မျိုး ငွေကြေးကောက်ခံနေကြောင်း၊ ကုသရာတွင်လည်း အဆင်ပြေစွာ ကုသနိုင်ခြင်းမရှိသောကြောင့် ဆေးခန်းလာပြသော လူနာများ စိတ်ဆင်းရဲမှုများ ရှိနေကြောင်း သိရသည်။ ယင်းအတွက် တရုတ်ဆေးခန်းများကို စစ်ဆေးခဲ့ရာ ခွင့်ပြုချက်မရှိဘဲ ဆေးခန်းဖွင့်လှစ်ခြင်းနှင့် မြန်မာနိုင်ငံဆေးကောင်စီတွင် ကန့်သတ်ဆေးကုသခွင့်လိုင်စင် ခွင့်ပြုချက်မရှိသော တရုတ်နိုင်ငံသားများ ဆေးဝါးကုသမှုလုပ်ငန်းများ ပြုလုပ်နေ၍ ကြည့်မြင်တိုင်မြို့နယ်ရှိ အပိုလိုဆေးခန်းကို ၂ဝ၁၃ ခုနှစ်အတွင်းက ပိတ်သိမ်းစေခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာမြင့်သိန်း၏ ပြောကြားချက်အရ သိရသည်။ ထို့ပြင် ယခုနှစ်ဆန်းပိုင်းက လိုအပ်သည်ထက် ပိုမိုကြော်ငြာ

ကမ္ဘာတွင် အပြုသဘောဆောင်သည့်ကိစ္စများသာမက စိုးရိမ်ဖွယ်ရာများလည်း ရှိလာကြောင်း သမ္မတဥ...

ကမ္ဘာတွင် အပြုသဘောဆောင်သည့်ကိစ္စများသာမက စိုးရိမ်ဖွယ်ရာများလည်း ရှိလာကြောင်း သမ္မတဦးသိန်းစိန်ပြော နေပြည်တော်၊ မေ ၁၁ ယနေ့ကမ္ဘာတွင် အပြုသဘောဆောင်သည့်တိုးတက်မှုများသာမက စိုးရိမ်ဖွယ်ရာကိစ္စရပ်များလည်း ရှိလာသည်ကိုတွေ့ရကြောင်း နိုင်ငံတော်သမ္မတဦးသိန်းစိန်က ယနေ့နံနက်တွင်ကျင်းပသည့် အာဆီယံထိပ်သီးအစည်းအဝေးဖွင့်ပွဲ အခမ်းအနား မိန့်ခွန်းတွင်ပြောကြားခဲ့သည်။ မြန်မာအနေနှင့် အာဆီယံအလှည့်ကျဥက္ကဌတာဝန်ရယူထားချိန်တွင် ကိုရီးယားကျွန်းဆယ်အရေးကိစ္စ၊ အရှေ့အလယ်ပိုင်းကိစ္စနှင့် အရှေ့ဥရောပဒေသကိစ္စများကို စိတ်ဝင်တစားလေ့လာစာင့်ကြည့်နေ မည်ဖြစ်ပြီး ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးမှုများပြုလုပ်သွားမည်ဟုလည်း သိရသည်။ မတ်လ(၂၇)ရက်နေ့တွင် ဖိလစ်ပိုင်နိုင်ငံ၌ လက်မှတ်ရေးထိုးနိုင်ခဲ့သည့် ဘန်ဆာမိုရို ငြိမ်းချမ်းရေးသဘောတူညီချက်မှာ အပြုသဘော ဆောင်သည့် အောင်မြင်မှု တစ်ရပ်ဖြစ်ပြီး ယင်းအတွက် ဖိလစ်ပိုင်၊ မလေးရှား၊ အင်ဒိုနီးရှားနှင့် အခြားအာဆီယံအဖွဲ့ဝင်များကို ချီးကျူးကြောင်းသမ္မတက မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။ လက်ရှိတွင် အာဆီယံခေါင်းဆောင်များ၏ မျက်နှာစုံညီအစည်းအဝေးကို စတင်နေပြီဖြစ်ကာ အဆိုပါ အစည်းအဝေးတွင် ယမန်နေ့ မေလ (၁၀)ရက်နေ့တွင် ပြုလုပ်ခ

၂၄ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးပွဲ ယနေ့နံနက်စတင် အာဆီယံ(၁၀)နိုင်ငံမှခေါင်းဆေ...

၂၄ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးပွဲ ယနေ့နံနက်စတင် အာဆီယံ(၁၀)နိုင်ငံမှခေါင်းဆောင်များတက်ရောက် ----------------------------------------------------------------------- နေပြည်တော် ၊ မေ (၁၁) ၂၄ကြိမ်မြောက်အာဆီယံထိပ်သီးအအစည်းအဝေးဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီတွင်နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၁)-ကျောက်စိမ်းခန်းမတွင်စတင်ကျင်းပ နေပြီဖြစ်သည်။ အခမ်းအနားတွင် အလှည့်ကျဥက္ကဌအဖြစ်တာဝန်ယူထားသည့်နိုင်ငံတော် သမ္မတဦးသိန်းစိန်မှ မိန့်ခွန်းပြောကြားခဲ့သည်။ အစည်းအဝေးကို ဘရူနိုင်းဒါရူဆလမ်နိုင်ငံဘုရင် ဆူလ်တန် ဟာဂျီဟာဆန်နယ်ဘိုလ်ကီးယား မူအစ်ဇာဒင် ဝါဒေါင်လာ၊ ကမ္ဘောဒီးယား နိုင်ငံဝန်ကြီးချုပ် ဆမ်ဒက်ခ်ဟွန်ဆန်၊ အင်ဒိုနီးရှား သမ္မတနိုင်ငံသမ္မတ ဒေါက်တာ ဆူစီလိုဘမ်ဘမ်းယူဒိုရိုနိုနှင့်ဇနီး၊ လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ သောင်ဆင်းသမ်မာဗောင်၊ မလေးရှားနိုင်ငံ ဝန်ကြီးချုပ် ဒါတိုဆရီဟာဂျီမိုဟာမက်နာဂျစ်နှင့်ဇနီး၊ ဖိလစ်ပိုင်သမ္မတနိုင်ငံ သမ္မတ ဘီနစ်ဂ်နိုအာကွီနို၊ စင်ကာပူသမ္မတနိုင်ငံဝန်ကြီးချုပ် မစ္စတာ လီရှန်လွန်းနှင့် ဇနီး၊ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာငုယင်

ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်မှုစနစ် ညှိနှိုင်းရန် နိုင်ငံရေးပါတီများကို ရွေးကောက်ပွ...

ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်မှုစနစ် ညှိနှိုင်းရန် နိုင်ငံရေးပါတီများကို ရွေးကောက်ပွဲ ကော်မရှင် တွေ့မည် ရန်ကုန်၊ မေ ၁၀ ယခုနှစ် ပွင့်လင်းရာသီတွင် ကျင်းပပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲတွင် မဲဆွယ် စည်းရုံးခွင့်နှင့် ပတ်သက်ပြီး နိုင်ငံရေးပါတီများနှင့် တွေ့ဆုံညှိနှိုင်းရန် စီစဉ်ထားကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က The Voice သို့ ပြောကြားသည်။ နိုင်ငံရေးပါတီများနှင့် ရွေးကောက်ပွဲ ကော်မရှင်တို့ မေလ ၁၅ ရက်နေ့တွင် တွေ့ဆုံ ဆွေးနွေးမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။ လစ်လပ် မဲဆန္ဒနယ်များတွင် သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်သာမက ပါတီဝင် တစ်ဦးဦးက စိတ်ကြိုက် မဲဆွယ် စည်းရုံးခွင့် ရှိသည့် အခွင့်အရေးကို ဆွေးနွေး ညှိနှိုင်းမည် ဖြစ်ကြောင်း ဦးသောင်းလှိုင်က ရှင်းပြသည်။ “လွှတ်တော်ကိုယ်စားလှယ် မအားလို့ သူ့ကိုယ်စား ပါတီဝင်တွေက မဲဆွယ်ခွင့် ရှိတာကို ချပြမယ်။ ဒါပေမဲ့ ဘယ်နှဦးထိ ခွင့်ပြုမလဲ ဆိုတာကို ညှိရမယ်” ဟု ၎င်းကဆိုသည်။ အဆိုပါ မဲဆွယ်ခွင့် မူကြမ်းကို နိုင်ငံရေးပါတီများထံသို့ ပေးပို့ထားပြီး လစ်လပ် မဲဆန္ဒနယ်များတွင် လွှတ်တော် ကိုယ်စားလှယ်များကို လွတ်လပ်စွာ မဲဆွယ်ခွင့် ပြုရန်အတွက် ရွေးကောက်ပ

G20 အတွက်အာဆီယံမူကြမ်းထုတ်ပြန် နေပြည်တော် မေ ၁၀ လာမည့်နိုဝင်ဘာလအတွင်း သြစတေးလျ...

G20 အတွက်အာဆီယံမူကြမ်းထုတ်ပြန် နေပြည်တော် မေ ၁၀ လာမည့်နိုဝင်ဘာလအတွင်း သြစတေးလျနိုင်ငံ တွင်ကျင်းပမည့် G20 ထိပ်သီးအစည်းအဝေးသို့ တင်ပြမည့် စီးပွားရေးကဏဆိုင်ရာ အာဆီယံမူကြမ်းကို ယနေ့ ထုတ်ပြန်လိုက်သည်။ အဆိုပါ မူကြမ်းတွင် ကုန်သွယ်မှုအတားအဆီးများ ဖယ်ရှားရေး ၊အလုပ်အကိုင် အခွင့်အလမ်းများ တီထွင်ဖန်တီးရေး ၊ကမ္ဘာ့ဘဏာရေး တည်ငြိမ်မှု နှင့်လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး စသည့်အချက်များအပြင် အာဆီယံစီးပွားရေး မျှော်လင့်ချက်နှင့်စိန်ခေါ်မှုများ ၊G20 အပေါ်အာဆီယံ ၏အမြင် ၊အခြေခံအဆောက်အအုံ ကဏ တွင်ပုဂ္ဂလိက ကဏရင်းနှီးမြှုပ်နှံမှု ဆွဲဆောင်နိုင်ရေး ၊ဖွံ့ဖြိုးတိုးတက်မှုအတွက် အားဖြည့်ပေးရေး ၊အာဆီယံစွမ်းအင်ဈေးကွက်ခိုင်မာရေး ၊G20နှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်ရေးစသည့် အချက်ဆယ်ချက် ပါဝင်သည်။ အဆိုပါမူကြမ်းသည်ပထမမူကြမ်းဖြစ်ပြီးအပြီးသတ်မူကြမ်းကို မူ လာမည့်သြဂုတ်လအတွင်း ပြုစုရန်ရည်ရွယ်ထားသည်။ယင်းနောက် (46) ကြိမ်မြောက်အာဆီယံစီးပွားရေးဝန်ကြီးများ အစည်းအဝေးသို့ တင်ပြအတည်ပြုချက် ရယူသွားမည်ဖြစ်ကြောင်းသိရသည်။ သုတလင်း ၊မြတ်စုငြိမ်း from Popular Myanmar News Journal's Facebook Wall http://ift.tt/1oDiKQV

မြန်မာ-အင်ဒိုနီးရှား ဗီဇာ ကင်းလွတ်ခွင့် ယခုလအတွင်း စတင်မည် နေပြည်တော်၊ မေ ၁၀ အ...

မြန်မာ-အင်ဒိုနီးရှား ဗီဇာ ကင်းလွတ်ခွင့် ယခုလအတွင်း စတင်မည် နေပြည်တော်၊ မေ ၁၀ အာဆီယံဒေသတွင်း နိုင်ငံများ ပေါင်းစည်းဗီဇာ (Single Visa) အစီအစဉ် မစတင်မီ မြန်မာနှင့် အင်ဒိုနီးရှား နှစ်နိုင်ငံ ပြည်ဝင်ခွင့် ဗီဇာ ကင်းလွတ်ခွင့်ကို ယခုလ (မေလ) အတွင်း စတင်နိုင်မည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က The Voice သို့ ပြောကြားသည်။ ပြည်ဝင်ခွင့်ဗီဇာ ကင်းလွတ်ခွင့်ကို အင်ဒိုနီးရှားနိုင်ငံဘက်က ယခု သီတင်းပတ် အတွင်း စတင်ရန် လျာထားသော်လည်း မြန်မာနိုင်ငံဘက်ကမူ မေလအတွင်း စတင်ရန် စီစဉ်နေကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ “ကျွန်တော်တို့ နိုင်ငံရဲ့ထုံးစံအရ ဒါက ပြီးသွားရင် ဝန်ကြီးဌာနတွေ ချပြီးတော့ ဆုံးဖြတ်ရတယ်” ဟု ဦးရဲထွဋ်က ဆိုသည်။ အင်ဒိုနီးရှားနှင့် မြန်မာနိုင်ငံတို့ကြား ဗီဇာကင်းလွတ်ခွင့် သဘောတူညီမှု စာချုပ်ကို မေလ ၁၀ ရက်နေ့ အာဆီယံ ထိပ်သီး အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများ ကျင်းပရာ နေပြည်တော်ရှိ MICC ခန်းမတွင် လက်မှတ်ရေးထိုးခဲ့ကြသည်။ အင်ဒိုနီးရှား ခရီးသွားလာရေးနှင့် စီးပွားရေးအကြံပေး ဝန်ကြီးက ယခုနှစ်ဆန်းပိုင်းကတည်းက မြန်မာနှင့် ဗီဇာကင်းလွတ် အစီအစဉ်ကို အပြီးသတ် ရေးဆွဲထားကြောင်း ထုတ်ဖော် ပြောကြ

လမ်းပြောင်းပြန်နှင့် မီးနီ ဖြတ်မောင်းသူများကို ယာဉ်မောင်းလိုင်စင် တစ်နှစ်မှ လေး...

လမ်းပြောင်းပြန်နှင့် မီးနီ ဖြတ်မောင်းသူများကို ယာဉ်မောင်းလိုင်စင် တစ်နှစ်မှ လေးနှစ်အထိ ပိတ်မည် ရန်ကုန်၊ မေ ၁၀ ရန်ကုန်မြို့တော်တွင် မောင်းနှင်လျက် ရှိသော မော်တော်ယာဉ်များ အနေနှင့် လမ်းပြောင်းပြန်နှင့်၊ မီးနီ ဖြတ်မောင်းပါက သတ်မှတ်ထားသော ဒဏ်ကြေးငွေများ အပြင် လိုင်စင်ကို တစ်နှစ်မှ လေးနှစ်အထိ (နှစ်အကန့်အသတ်ဖြင့်) ပိတ်သိမ်းရန် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနနှင့် ညှိနှိုင်းလျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှူး ရုံးမှ ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး လင်းထွဋ်က ပြောကြားသည်။ မော်တော်ယာဉ်များ အနေနှင့် မီးနီ ဖြတ်မောင်းခြင်း၊ ကွေ့ကြောကို အတည့်ထွက်ခြင်း၊ နှစ်ထပ်ရပ်ခြင်း၊ လမ်းပြောင်းပြန် မောင်းခြင်းများကို ဒဏ်ငွေ ကျပ်၁၅၀၀ ပေးဆောင်ရပြီး ယခုအခါ စည်းကမ်း တင်းကျပ်သည့် အနေနှင့် ယဉ်မောင်းလိုင်စင်ကို တစ်နှစ်မှ လေးနှစ်အထိ ပိတ်သိမ်း အရေးယူနိုင်ရေးနှင့် ယာဉ်မောင်းလိုင်စင် ပိတ်သိမ်းသော ကာလအတွင်း ဆက်လက် မောင်းနှင်ပါက ထောင်ဒဏ် တစ်လအထိ ချမှတ်ရန် စီစဉ်လျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရှိရသည်။ “ယာဉ်မောင်းတွေက ဒဏ်ငွေ ၁၅၀၀ လောက်ကို မမှုတေ

သမ္မတရုံး ဝန်ကြီးနှင့် နေပြည်တော် မြို့တော်ဝန် ဦးသိန်းညွန့် စင်ကာပူတွင် အရေးပေါ်...

သမ္မတရုံး ဝန်ကြီးနှင့် နေပြည်တော် မြို့တော်ဝန် ဦးသိန်းညွန့် စင်ကာပူတွင် အရေးပေါ် ဆေးကုသမှု ခံယူ နေပြည်တော်၊ မေ ၉ အစိုးရသစ် လက်ထက်တွင် သမ္မတရုံးဝန်ကြီး (၁)၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် နေပြည်တော် မြို့တော်ဝန်အဖြစ် တာဝန်ယူထားသော ဦးသိန်းညွန့်သည် ကျန်းမာရေး အခြေအနေကြောင့် စင်ကာပူနိုင်ငံတွင် အရေးပေါ် ဆေးကုသမှု သွားရောက် ခံယူနေရကြောင်း နိုင်ငံတော်သမ္မတရုံး အသိုင်းအဝိုင်းက ပြောကြားသည်။ ဦးသိန်းညွန့်၏ ကျန်းမာရေး အခြေအနေသည် နှလုံးရောဂါကြောင့် စိုးရိမ်ရသည်ဟု နေပြည်တော်ကောင်စီ အသိုင်းအဝိုင်းတွင် သတင်းများ ထွက်ပေါ်ခဲ့သော်လည်း အရိုးကျီးပေါင်းတက်သည့် ရောဂါသာ ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ ၎င်း၏ ကျန်းမာရေး အခြေအနေကြောင့် မေလ ၇ ရက်နေ့တွင် စင်ကာပူသို့ ဆေးကုသမှု ခံယူရန် သွားရောက်ခဲ့ပြီး လက်ရှိ အချိန်အထိ ပြန်လည်ရောက်ရှိမှု ရှိမရှိကို အတည်ပြုပေးနိုင်ခြင်း မရှိကြောင်း ၎င်းက ထပ်လောင်းဆိုသည်။ ဦးသိန်းညွန့်သည် ယခင်က လေဖြတ်ရောဂါ ခံစားခဲ့ရသောကြောင့် ဆိုးဝါးသည့် ကျန်းမာရေး အခြေအနေ မရှိခဲ့သော်လည်း ပုံမှန် ဂရုစိုက်နေရသည့် အခြေအနေ ရှိကြောင်း နေပြည်တော်ကောင်စီ အသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။ from T

တောင်တရုတ် ပင်လယ်အရေး အထူးစိုးရိမ်ကြောင်း ထိပ်သီးအစည်းအဝေး အကြို အာဆီယံ ထုတ်ပြန်...

တောင်တရုတ် ပင်လယ်အရေး အထူးစိုးရိမ်ကြောင်း ထိပ်သီးအစည်းအဝေး အကြို အာဆီယံ ထုတ်ပြန် နေပြည်တော်၊ မေ ၁၀ ဗီယက်နမ်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့၏ တောင်တရုတ်ပင်လယ် အတွင်း မေလဆန်းမှ စတင်ဖြစ်ပွားနေသော တင်းမာမှုများအပေါ် အထူးစိုးရိမ်ကြောင်း မေလ ၁၁ ရက်နေ့ အာဆီယံ ထိပ်သီးအစည်းအဝေး မတိုင်မီ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများက ထုတ်ပြန် ကြေညာလိုက်သည်။ မေလဆန်းက တရုတ် ရေနံတူးစင်တစ်ခု ဗီယက်နမ် ကမ်းလွန် ပင်လယ်ပြင်တွင် လာရောက် အခြေချပြီးနောက် ပိုမိုတင်းမာလာသော တောင်တရုတ်ပင်လယ် ပိုင်နက် အငြင်းပွားမှုအတွက် အထူးစိုးရိမ်ကြောင်း အစည်းအဝေး တက်ရောက်သော အာဆီယံ နိုင်ငံခြားရေးဝန်ကြီး အားလုံးက ထုတ်ဖော် ပြောကြားသွားသည်။ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးကို မေလ ၁၀ ရက်နေ့ နံနက် ၉ နာရီမှ ၁၀ နာရီအထိ တစ်နာရီ ကျင်းပရမည်ဟု ကြိုတင် ဝေငှထားသော အချိန်ဇယားတွင် ဖော်ပြထားသော်လည်း နေ့လည် ၁၁ နာရီကျော်မှ အစည်းအဝေး အဆုံးသတ်နိုင်ခဲ့သည်။ မီဒီယာ စင်တာအတွင်း ရုပ်မြင်သံကြားစက်များမှ တစ်ဆင့် အသံမပါ အရုပ်သီးသန့် တိုက်ရိုက်ထုတ်လွှင့်မှုအရ နိုင်ငံခြားရေး ဝန်ကြီးများ အချိန်အတော်အကြာ အပြန်အလှန် ဆွေးနွေးနေသည်ကို တွေ့ရပြီး အစည်းအဝေးနှင့် ပတ်

မအူပင်၌ ကျင်းပသည့် ဖွဲ့စည်းပုံဆိုင်ရာ လူထုဆန္ဒခံယူပွဲတွင် ဒေါ်အောင်ဆန်းစုကြည် တက်ေ...

မအူပင်၌ ကျင်းပသည့် ဖွဲ့စည်းပုံဆိုင်ရာ လူထုဆန္ဒခံယူပွဲတွင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် ဟောပြော၊ သောင်းချီသည့် တက်ရောက်သူအားလုံးနီပါးက ဖွဲ့စည်းပုံပြင်ရန် သဘောထားပေး မအူပင်၌ ကျင်းပသည့် ဖွဲ့စည်းပုံဆိုင်ရာ လူထုဆန္ဒခံယူပွဲတွင် ဒေါ်အောင်ဆန်းစုကြည်တက်ရောက� မအူပင်၌ ကျင်းပသည့် ဖွဲ့စည်းပုံဆိုင်ရာ လူထုဆန္ဒခံယူပွဲတွင် ဒေါ်အောင်ဆန်းစုကြည်တက်ရောက် ဟောပြော ၊ သောင်းချီသည့် တက်ရောက်သူအားလုံးနီပါးက ဖွဲ့စည်းပုံပြင်ရန် သဘောထာ... from Eleven Media Group's Facebook Wall http://ift.tt/1go9Am9

ထိုင်းနိုင်ငံ တာ့ခရိုင်(၉)မြို့နယ်တွင် တစ်ဦးချင်းဝင်ငွေ အနည်းဆုံးနှင့် အခွင့်အရေ...

ထိုင်းနိုင်ငံ တာ့ခရိုင်(၉)မြို့နယ်တွင် တစ်ဦးချင်းဝင်ငွေ အနည်းဆုံးနှင့် အခွင့်အရေး ချိုးဖောက်ခံရဆုံးဖြစ်နေ၊ တာ့ခရိုင်အတွင်းမြန်မာရွှေ့ပြောင်းလုပ်သားအများစုရှိသည့်မဲဆောက်ဒေသလည်းပါဝင် ထိုင်းနိုင်ငံ တာ့ခရိုင်(၉)မြို့နယ်တွင် တစ်ဦးချင်းဝင်ငွေ အနည်းဆုံးနှင့်အခွင့်အရေး ထိုင်းနိုင်ငံ တာ့ခရိုင်(၉)မြို့နယ်တွင် တစ်ဦးချင်းဝင်ငွေ အနည်းဆုံးနှင့်အခွင့်အရေး ချိုးဖောက်ခံရဆုံးဖြစ်နေ၊ တာ့ခရိုင်အတွင်းမြန်မာရွှေ့ပြောင်းလုပ်သားအများစုရှိသည... from Eleven Media Group's Facebook Wall http://ift.tt/RB5QYT

မြေနီကုန်း ခုံးကျော်တံတားကို ယခုဘဏ္ဍာနှစ်အတွင်း တိုင်းဒေသကြီး အစိုးရအဖွဲ့မှ အထူးစီ...

မြေနီကုန်း ခုံးကျော်တံတားကို ယခုဘဏ္ဍာနှစ်အတွင်း တိုင်းဒေသကြီး အစိုးရအဖွဲ့မှ အထူးစီးမံကိန်းတစ်ခုဖြင့် တည်ဆောက်ရန် စီစဉ်နေ ၊ ဘဏ္ဍာငွေ ထည့်သွင်းတောင်းခံမှု ဆောင်ရွက်ပြီးဖြစ်ကာ ကျပ်(၁၆.၉၂၈)ဘီလျံ အသုံးပြုရန်ရှိ မြေနီကုန်း ခုံးကျော်တံတားကို ယခုဘဏ္ဍာနှစ်အတွင်း တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အထူးစီးမံ� မြေနီကုန်း ခုံးကျော်တံတားကို ယခုဘဏ္ဍာနှစ်အတွင်း တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အထူးစီးမံကိန်းတစ်ခုဖြင့် တည်ဆောက်ရန် စီစဉ်နေ ၊ ဘဏ္ဍာငွေ ထည့်သွင်းတောင်းခံမှု ဆောင်ရွက်ြ... from Eleven Media Group's Facebook Wall http://ift.tt/RB5P7g

ရွှေပြည်သာစက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံတစ်ခုမှ အမျိုးသမီးဝန်ထမ်း (၁ဝဝ)ကျော်က သပိတ်...

ရွှေပြည်သာစက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံတစ်ခုမှ အမျိုးသမီးဝန်ထမ်း (၁ဝဝ)ကျော်က သပိတ်စခန်းဖွင့်ဆန္ဒပြ၊ ရုန့်ရင်းကြမ်းတမ်းစွာပြောဆိုသော စက်ရုံမန်နေဂျာကို ရာထူး မှ နှုတ်ထွက်ရန် ဆန္ဒပြခဲ့ ရွှေပြည်သာစက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံတစ်ခုမှ အမျိုးသမီးဝန်ထမ်း(၁ဝဝ)ကျော်က သပိတ်စခန်� ရုန့်ရင်းကြမ်းတမ်းစွာပြောဆိုသော စက်ရုံမန်နေဂျာကို ရာထူး မှနုတ်ထွက်ရန် ဆန္ဒပြခဲ့ from Eleven Media Group's Facebook Wall http://ift.tt/1go9xae

တရုတ်တွင် ကြက်ငှက်တုပ်ကွေး ဖြစ်ပွားလျက်ရှိပြီး ယင်းနိုင်ငံမှ တရားမဝင် အေးခဲကြက်သ...

တရုတ်တွင် ကြက်ငှက်တုပ်ကွေး ဖြစ်ပွားလျက်ရှိပြီး ယင်းနိုင်ငံမှ တရားမဝင် အေးခဲကြက်သားများ မန္တလေးသို့ ဝင်ရောက်မှုရှိနေ ၊ တစ်ရက်ကို(၆)တန်ကနေ(၁ဝ)တန်အတွင်းနေ့စဉ်ဝင်ရောက်မှုရှိ တရုတ်တွင် ကြက်ငှက်တုပ်ကွေး ဖြစ်ပွားလျက်ရှိပြီး ယင်းနိုင်ငံမှ တရားမဝင်အေးခဲကြက်သားမ� တရုတ်တွင် ကြက်ငှက်တုပ်ကွေး ဖြစ်ပွားလျက်ရှိပြီး ယင်းနိုင်ငံမှ တရားမဝင်အေးခဲကြက်သားများ မန္တလေးသို့ ဝင်ရောက်မှုရှိနေ ၊ တစ်ရက်ကို(၆)တန်ကနေ(၁ဝ)တန်အတွင်းနေ့စဉ်ဝင်ရေ... from Eleven Media Group's Facebook Wall http://ift.tt/RB5OA6

အာဆီယံထိပ်သီးအစည်းအဝေးတွင် မြန်မာနိုင်ငံအတွင်းရှိ ပဋိပက္ခများကို တရားဝင်ဆွေးနွေး...

အာဆီယံထိပ်သီးအစည်းအဝေးတွင် မြန်မာနိုင်ငံအတွင်းရှိ ပဋိပက္ခများကို တရားဝင်ဆွေးနွေးရန် အစီအစဉ်မရှိ၊ အာဆီယံခေါင်းဆောင်များ၏ အလွတ်သဘော အမြင်ဖလှယ်မှုတွင် ပြောဆိုမှုရှိနိုင်ဟု ဦးရဲထွဋ်ပြော အာဆီယံထိပ်သီးအစည်းအဝေးတွင် မြန်မာနိုင်ငံအတွင်းရှိ ပဋိပက္ခများကိုတရားဝင်ဆွေးနွေးရန� အာဆီယံခေါင်းဆောင်များ၏ အလွတ်သဘော အမြင်ဖလှယ်မှုတွင် ပြောဆိုမှုရှိနိုင်ဟု ဦးရဲထွဋ်ပြော from Eleven Media Group's Facebook Wall http://ift.tt/1go9tHw

ပန်းဆိုးတန်း မှတ်တိုင်တွင် ရပ်ထားသည့် ကားကို လှမ်းမြင်လိုက်ရတာမို့ ခြေလှမ်း ခ...

ပန်းဆိုးတန်း မှတ်တိုင်တွင် ရပ်ထားသည့် ကားကို လှမ်းမြင်လိုက်ရတာမို့ ခြေလှမ်း ခပ်သွက်သွက်ဖြင့် ကားအနီး အရောက်သွား လိုက်သည်။ သို့သော် ကားနံဘေး အရောက် ကားပေါ်တွင် ပိုက်ဆံ ကောက်နေသည့် စပယ်ယာကို မြင်လိုက်ရသည့်အခါ ကားစီးမည့် သူမခြေလှမ်းများ တုံ့ဆိုင်းသွားရသည်ဟု မဇင်မေက ဆိုသည်။”အိမ်ပြန်နောက် ကျချင် နောက်ကျပါစေ။ ဒီစပယ်ယာ လိုက်တဲ့ ကားတော့ မစီးတော့ဘူး”ဟု မဇင်မေက ပြောသည်။ ဝန်ဆောင်မှုမှအပ စိတ်ဒုက္ခ မျိုးစုံ ရလို ပါသလား လာဟေ့ … ကားစီးကြ - သစ်ထူးလွင် (နေ့စဉ်သတင်း) - www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/RB4UDP

(မေလ ၁၁ ရက်နေ့ထုတ် The Voice နေ့စဉ်သတင်းစာ မျက်နှာဖုံးနှင့် Editor's Word) အခမ်...

(မေလ ၁၁ ရက်နေ့ထုတ် The Voice နေ့စဉ်သတင်းစာ မျက်နှာဖုံးနှင့် Editor's Word) အခမ်းအနား မြန်မာလူမှုပတ်ဝန်းကျင်မှာ ကြုံရတဲ့ အခမ်းအနား၊ ပွဲလမ်းသဘင်တွေကို လေ့လာကြည့်တဲ့အခါ အခမ်းအနားကို စနစ်တကျ စီမံခန့်ခွဲနိုင်မှု အင်မတန် အားနည်းတာ တွေ့ရတယ်။ အားနည်းတာကို ပြောမယ်ဆိုရင် အခမ်းအနား စီစဉ်ကျင်းပသူနဲ့ အခမ်းအနား လာတက်သူ အနည်းဆုံး နှစ်ဖက်စလုံးကို ပြောရမယ်။ အခမ်းအနား စီစဉ်သူတွေမှာ တူညီတဲ့ အားနည်းချက်ကတော့ သတ်မှတ်ချိန်ထက် နောက်ကျပြီး ကျင်းပတာပဲ။ အခမ်းအနား အများစုရဲ့ အစီအစဉ်တိုင်းမှာ အချိန်သတ်မှတ်ချက် တိတိကျကျ မရှိဘူး။ စာရွက်ပေါ်မှာ အချိန်သတ်မှတ်ချက် ရှိနေပေမယ့်လည်း အဲဒီအချိန်အတိုင်း မလိုက်နာကြသလောက်ပဲ။ စီစဉ်တဲ့သူတွေက နောက်ကျမှ အခမ်းအနား စတာ ရှိသလို ဗီအိုင်ပီလို့ ပြောနေကြတဲ့ အုပ်ချုပ်ရေးအဖွဲ့က တာဝန်ရှိသူပုဂ္ဂိုလ် မလာသေးလို့ စောင့်နေရတာလည်း ပါတယ်။ အခမ်းအနား လာတက်တဲ့ သူတွေကလည်း ထုံးစံအတိုင်း နောက်ကျမှာပါလေလို့ တွက်ပြီး နောက်ကျမှ သို့မဟုတ် အချိန်ကပ်မှ လာတတ်ကြတာလည်း ပါတယ်။ အနောက်နိုင်ငံတွေမှာတော့ အခမ်းအနားတွေ၊ ဆွေးနွေးပွဲတွေ လုပ်ပြီဆိုရင် moderator လို့ ခေါ်တဲ့ သဘာပတိက အခမ်းအနားကို ထိန်းကျောင်းပေးတယ်။ အထူးသဖြ

−ဧရာဝတီမြစ်ရေ ရုတ်တရက်တိုးမည် မြစ်ရိုးတစ်လျှောက်နေထိုင်သူများ သတိထားရန်လို −ဧရာ...

−ဧရာဝတီမြစ်ရေ ရုတ်တရက်တိုးမည် မြစ်ရိုးတစ်လျှောက်နေထိုင်သူများ သတိထားရန်လို −ဧရာဝတီမြစ်ထိန်းသိမ်းရေးကမ္ဘာ့ ဘဏ်ဒေါ်လာသန်း ၁၀၀ကူညီရန် စီစဉ် −အာဆီယံစီးပွားရေးအသိုက်အ ၀န်းဖော်ဆောင်မှု မြန်မာအပါအ ၀င် လေးနိုင်ငံအတွက် ပြင်ဆင် ချိန်သုံးနှစ်တိုးပေး −တင်းမာမှုများဖြစ်ပေါ်နေသော တောင်တရုတ်ပင်လယ်အရေး အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ စိုးရိမ်ကြောင်း သတင်းထုတ်ပြန် −မြန်မာ−အင်ဒိုနီးရှားနှစ်နိုင်ငံ ဗီဇာ ကင်းလွတ်ခွင့်သဘောတူညီမှုရ −မိုးသက်ကုမ္ပဏီထံမှ ပဲဖိုးဆုံးရှုံး ငွေအားလုံးနီးပါး ကုမ္ပဏီများပြန် ရမည် −စိတ်ဖိစီးလာလို့ ဖေ့စ်ဘွတ်ခ်ကို ကျောခိုင်းသွားတဲ့ မီးမီးခဲ −သမ္မတပူတင် ခရိုင်းမီးယားဒေသ သို့ သွားရောက်ခြင်းကို ကန်နှင့် အီးယူရှုတ်ချ . . . .စသော သတင်းထူးများ၊ အထူးသတင်းပေးပို့ချက်များ၊ ဆောင်းပါးများ ကဏ္ဍစုံလင်စွာဖြင့် 7 Day Daily သတင်းစာကို သင့်ထံ အရောက်ပို့ပေးလိုက်ပါပြီ။ from 7Day News Journal's Facebook Wall http://ift.tt/RAXksQ

ဒေါ်အောင်ဆန်းစုကြည် မအူပင်မြို့  ဖွဲ့ စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဟောပြော ရှင်...

ဒေါ်အောင်ဆန်းစုကြည် မအူပင်မြို့  ဖွဲ့ စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဟောပြော ရှင်းလင်းပွဲ အသံဖိုင် အပြည့်အစုံ နားဆင်နိုင်ပါရန်.. ဒေါ်အောင်ဆန်းစုကြည် မအူပင်မြို့  ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ဟောပြောပွဲ (အသံဖို� www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/RAVKqR

၁၀.၅.၂၀၁၄ ရက်နေ့ ၁၄၀၀ အချိန်တွင် မှော်ဘီမြို့နယ်၊ လိပ်ပုတ်ကျေးရွာ အုပ်ချုပ်ရေး...

၁၀.၅.၂၀၁၄ ရက်နေ့ ၁၄၀၀ အချိန်တွင် မှော်ဘီမြို့နယ်၊ လိပ်ပုတ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးရွှေသီးမှ ၎င်းသည် နေအိမ်၌ရှိနေစဉ် လိပ်ပုတ်ကျေးရွာအုပ်စု၊ ဆယ်အိမ်တန်းကျေးရွာရှိ နှင်းဆီခြံတွင် ခြံပိုင်ရှင် ညီအစ်မ(၂)ဦး စကားများရန်ဖြစ်ကာ တုတ်၊ ဓါးများဖြင့် ရိုက်၊ခုတ်နေကြကြောင်းကြားသိရသဖြင့် သွားရောက် ကြည့်ရှုခဲ့ကြောင်း၊ ထိုသို့သွားရောက်ကြည့်ရှုရာ ခြံပိုင်ရှင် ဒေါ်မယ်လေးချော၊ (၄၆)နှစ်၊(ဘ)ဦးစောအာချော၊ လှော်ကား၊ ရွှေပြည်သာမြို့နယ် နေသူအား နဖူးယာဘက်၊ မေးစေ့၊ ၀ဲမျက်ခုံးတို့တွင်ပေါက်ပြဲဒဏ်ရာများ၊ ယာနားပြတ်ရှ ဒဏ်ရာ၊ မျက်နှာဖူးရောင်ဒဏ်ရာများဖြင့် လဲကျနေသည် ကိုတွေ့ရှိရသဖြင့် အမွေကိစ္စဖြင့် စကားများ ရန်ဖြစ်စဉ် ညီမဖြစ်သူမှ အစ်မဖြစ်သူအား တုတ်ဖြင့်ရိုက်၊ ဓါးဖြင့် http://ift.tt/1czkJ7l from Myanmar News Now's Facebook Wall http://ift.tt/1syXy0O