Skip to main content

သဘောကွဲလွဲမှုများ ရှိခဲ့သော်လည်း တောင်တရုတ်ပင်လယ်အတွင်း တင်းမာမှုပိုလာခြင်းကို စို...



သဘောကွဲလွဲမှုများ ရှိခဲ့သော်လည်း တောင်တရုတ်ပင်လယ်အတွင်း တင်းမာမှုပိုလာခြင်းကို စိုးရိမ်ကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ထုတ်ပြန်



တောင်တရုတ်ပင်လယ်အတွင်း တင်းမာနေမှုပိုလာခြင်းနှင့် ပတ်သက်၍ စိုးရိမ်ကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက မေ ၁ဝ ရက်တွင် ကြေညာချက် ထုတ်ပြန်လိုက်သည်။



(၂၄) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေး ပထမနေ့အဖြစ် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးပြုလုပ်ခဲ့ပြီး ထိုအစည်းအဝေးအပြီးတွင် ယင်းကဲ့သို့ ကြေညာချက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။



“အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ တောင်တရုတ်ပင်လယ်ကိစ္စကို ဆွေးနွေးခဲ့တယ်။ ဒါနဲ့ပတ်သက်ပြီး အားလုံး သဘောတူညီချက်တစ်ခု ရရှိခဲ့တယ်။ နိုင်ငံခြားရေးဝန်ကြီးတွေ အားလုံးကနေ တောင်တရုတ်ပင်လယ်အရေးကိစ္စကို ငြိမ်းချမ်းစွာဖြေရှင်းဖို့ တိုက်တွန်းခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် တောင်တရုတ်ပင်လယ်အရေးနဲ့ပတ်သက်ပြီး သူတို့ အမှန်တကယ် စိုးရိမ်မှုရှိကြောင်း ပြောကြားခဲ့ပါတယ်”ဟု မေ ၁ဝ ရက် ညနေပိုင်းက ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ဆိုသည်။



အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ ကြေညာချက်၌ “တောင်တရုတ်ပင်လယ်အတွင်း တောင်တရုတ်ပင်လယ်အရေးနှင့် ပတ်သက်၍ ၁၉၈၂ ခုနှစ် UN Convention on the Law of the Sea (UNCLOS) အပါအဝင် နိုင်ငံတကာ တရားဥပဒေများမှ ပြဌာန်းထားချက်များကို လိုက်နာပြီး ထိန်းထိန်းသိမ်းသိမ်းနှင့် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိခိုက်မည့်လုပ်ရပ်များ ရှောင်ရှားရန်၊ အင်အားမသုံးဘဲ ငြိမ်းချမ်းသည့် နည်းလမ်းများဖြင့် ပြဿနာများကိုဖြေရှင်းရန် သက်ဆိုင်သူများကို တိုက်တွန်းကြောင်း”ဖော်ပြခဲ့သည်။



ထို့ပြင် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ရေကြောင်းလုံခြုံရေး၊ တောင်တရုတ်ပင်လယ်အတွင်း လွတ်လပ်စွာသွားလာခွင့်နှင့် လေကြောင်းမှ လွတ်လပ်စွာပျံသန်းခွင့်အပြင် တောင်တရုတ်ပင်လယ်ဆိုင်ရာ မူဝါဒ ခြောက်ချက်၊ (၁ဝ) ကြိမ်မြောက် တောင်တရုတ်ပင်လယ်နှင့် သက်ဆိုင်သူများအတွက် ကျင့်ဝတ်ဆိုင်ရာစာတမ်းများ အစည်းအဝေးတွင် ထုတ်ပြန်ခဲ့သည့် (၁၅) ကြိမ်မြောက် အာဆီယံ-တရုတ်ပူးတွဲကြေညာချက်တို့၏ အရေးပါပုံကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ က ပြန်လည်အတည်ပြု ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။



ထို့နောက် တောင်တရုတ်ပင်လယ်နှင့် သက်ဆိုင်သူများအတွက် လုပ်ထုံးလုပ်နည်းဆိုင်ရာကြေညာချက် (DOC) ကို လိုက်နာရန်နှင့် ယုံကြည်မှုတည်ဆောက်ရန်အတွက် DOC အတိုင်း ပြည့်ပြည့်ဝဝနှင့် ထိထိရောက်ရောက် ဖော်ဆောင်ပေးရန် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ သဘောတူကြောင်းနှင့် တောင်တရုတ်ပင်လယ်နှင့်သက်ဆိုင်သူများအတွက် လုပ်ထုံးလုပ်နည်း (COC) အဆုံးသတ်ရေး ဆွဲမှုကို လျင်မြန်စွာလုပ်ဆောင်ရန်ကိုလည်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက အလေးထားကြောင်းကြေညာချက်တွင် ဖော်ပြခဲ့သည်။



မေ ၁ဝ ရက်တွင် ပြုလုပ်သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးတွင် တောင်တရုတ်ပင်လယ်အရေးအတွက် ကြေညာချက်ထုတ်ပြန် သင့်၊ မသင့်နှင့် ပတ်သက်၍ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအကြား သဘောထားကွဲမှုများ ရှိခဲ့သည့်အပြင် အစည်းအဝေးကိုလည်း အချိန်တိုးမြှင့်ပြုလုပ်ခဲ့သည်။



အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို မေ ၁ဝ ရက် နံနက် ၉ နာရီမှ ၁ဝ နာရီအထိ ပြုလုပ်ရန် စီစဉ်ခဲ့သော်လည်း မပြီးပြတ်ဘဲ ၁၁ နာရီကျော်အချိန်အထိ ပြုလုပ်ခဲ့သည်။ ထို့ပြင် ကြေညာချက်ထုတ်ပြန်ရေးအတွက် ညှိနှိုင်းမှုများ ဆက်လက်ပြုလုပ်ခဲ့သဖြင့် မွန်းလွဲ ၁ နာရီ ၃ဝ မိနစ်အချိန်မှသာ အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးကောင်စီအသိုက်အဝန်း အစည်းအဝေးကို ပြုလုပ်ခဲ့ရသည်။



“ဒီနေ့အစည်းအဝေးက အရင်ကအစည်းအဝေးတွေထက် ကြာနေတာက တောင်တရုတ်ပင်လယ်အရေးကြောင့်ဆိုတာ ဟုတ်ပါတယ်။ တောင်တရုတ်ပင်လယ်အရေးနဲ့ ပတ်သက်ပြီး အချက်နှစ်ချက်ကို ဆွေးနွေးတာ ကြာနေတာပါ။

တစ်ခုက တောင်တရုတ်ပင်လယ်အရေးနဲ့ပတ်သက်ပြီး ထုတ်ပြန်ကြေညာချက်တစ်ခု သက်သက်ထုတ်မလား ဒါမှမဟုတ် မူရင်းထုတ်ပြန်ချက်မှာမှ အပိုဒ်ခွဲတစ်ခု အနေနဲ့ ထုတ်ပြန်မလားဆိုတာရယ်၊ နောက်တစ်ခုက အာဆီယံနိုင်ငံအချင်းချင်း ကြားမှာ အမြင်အမျိုးမျိုး ဖြစ်နေတာကြောင့်ပါ။ အာဆီယံအဖွဲ့အနေနဲ့က ဘယ်သူမှားတယ်။ ဘယ်သူမှန်တယ်ဆိုတာမျိုး ပြောဖို့ မဟုတ်ဘဲ နှစ်ဘက်စလုံးအနေနဲ့ ငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်းဖို့ပဲ အဓိကပြောဆိုတာပါ”ဟု မြန်မာနိုင်ငံ၏ အာဆီယံရေးရာ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က ဆိုသည်။



နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး အချိန်ကြာခဲ့ခြင်းမှာ တောင်တရုတ်ပင်လယ်အရေး တစ်ခုတည်းကြောင့်မဟုတ်ဘဲ အခြားကိစ္စများလည်း ပါဝင်သည်ဟု နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က သတင်းစာရှင်းလင်းပွဲအပြီးတွင် The Daily Eleven သို့ သီးသန့်ပြောကြားသည်။



“ဆွေးနွေးတာကတော့ ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးကြတဲ့ သဘောပါပဲ။ အဲဒါကြောင့် (တောင်တရုတ်ပင်လယ်အရေး) ကြန့်ကြာတာတော့ မဟုတ်ဘူး။ ဆွေးနွေးတာကတော့ နိုင်ငံခြားရေးဝန်ကြီးများရဲ့ တာဝန် ယူရတဲ့ Scope နဲ့ Area တွေက ကျယ်တဲ့အခါကျတော့ ဒီဟာတွေကို ပြည့်ပြည့်စုံစုံနဲ့ တစ်ထိုင်တည်း ဆွေးနွေးကျင့်သုံးတဲ့အခါ အချိန်ပိုသွားတဲ့ သဘောပါပဲ”ဟု ဦးဝဏ္ဏမောင်လွင်က ပြောကြားသည်။



တောင်တရုတ်ပင်လယ်အတွင်း အခြေအနေတင်းမာမှုသည် (၂၄) ကြိမ်မြောက် အာဆီယံထိပ်သီးဆွေးနွေးပွဲ မစတင်မီ ပြီးခဲ့သည့်ရက်သတ္တပတ်က ပြန်လည်ပေါ်ပေါက်ခဲ့ခြင်းဖြစ်ပြီး ဗီယက်နမ်၊ ဖိလစ်ပိုင်နှင့် တရုတ် နိုင်ငံတို့အကြား တင်းမာမှု ပိုလာခဲ့ခြင်းဖြစ်သည်။



(နေပြည်တော်တွင် မေ ၁၀ ရက်က ပြုလုပ်သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို တွေ့ရစဉ်(ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်))







from Eleven Media Group's Facebook Wall http://ift.tt/1j7GWvu

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...