Skip to main content

Posts

Showing posts from August 19, 2014

(၁၉-၈-၂ဝ၁၄)ရက်နေ့၊ ညပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ရောဂါစောင့်ကြပ်ကြည့်ရှုရေး...

(၁၉-၈-၂ဝ၁၄)ရက်နေ့၊ ညပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ရောဂါစောင့်ကြပ်ကြည့်ရှုရေးအဖွဲ့သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်း ဆောင်ရွက်စဉ် အာဖရိကအနောက်ပိုင်းဒေသ Guinea နိုင်ငံနှင့် Liberia နိုင်ငံများတွင် အလုပ်သွားရောက်လုပ်ကိုင်ပြီး မြန်မာနိုင်ငံသို့ ပြန်လာသူ အသက်(၂၂)နှစ်အရွယ် အမျိုးသား(၁)ဦးသည် ဖျားခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်းစသည့် ရောဂါလက္ခဏာများ ခံစားနေရကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ဝေဘာဂီအထူးကုဆေးရုံသို့ လွှဲပြောင်း၍ လိုအပ်သော ဆေးကုသခြင်းနှင့် ဓာတ်ခွဲစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။ http://ift.tt/VErwVs အာဖရိကအနောက်နိုင်ငံမှ ပြန်လာသူတစ်ဦးတွင် အဖျားရောဂါတွေ့ရှိ - သစ်ထူးလွင် (နေ့စဉ်သတင်း) www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/VErvAG

ကျန်းမာရေးဝန်ကြီးဌာနမှ ရောဂါစောင့်ကြပ် ကြည့်ရှုရေးအဖွဲ့သည် ရန်ကုန်အပြည်ပြည်ဆိုင်ရ...

ကျန်းမာရေးဝန်ကြီးဌာနမှ ရောဂါစောင့်ကြပ် ကြည့်ရှုရေးအဖွဲ့သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ရောဂါစောင့်ကြပ် ကြည့်ရှုခြင်း လုပ်ငန်းဆောင်ရွက်စဉ် သြဂုတ်လ (၁၉) ရက်နေ့၊ ည (၈) နာရီအချိန် တွင် လေယာဉ်ခရီးစဉ်အမှတ် (8M-332) ဖြင့် ထိုင်းနိုင်ငံမှ ရန်ကုန်မြို့သို့ လိုက်ပါလာသော မြန်မာနိုင်ငံသား ခရီးသည်တစ်ဦးသည် ကိုယ်အပူချိန် မြင့် တက်ခြင်း၊ ကိုယ်လက်နှုံးချိခြင်း စသည့် ရောဂါလက္ခဏာများ ခံစားနေရကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါသည်။ ၎င်း၏ ခရီးသွားရာဇ၀င်အား စုံစမ်းခဲ့ရာ ၎င်းသည် ကူးစက်မြန် အီဘိုလာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားနေသော အာဖရိက အနောက်ပိုင်းဒေသ၊ Guinea နိုင်ငံနှင့် Liberia နိုင်ငံများတွင် (၁၃) လခန့် အလုပ်လုပ်ပြီး http://ift.tt/1kTH2Zs ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ကူးစက်မြန် အီဘိုလာဗိုင်းရပ်စ်ရောဂါ သံသယရှိ လူနာတ� www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/VErwVl

အာဖရိက အနောက်ပိုင်းဒေသ နိုင်ငံတွေမှာ သွားရောက် အလုပ်လုပ်ကိုင်ခဲ့ပြီး သြဂုတ်လ ၁...

အာဖရိက အနောက်ပိုင်းဒေသ နိုင်ငံတွေမှာ သွားရောက် အလုပ်လုပ်ကိုင်ခဲ့ပြီး သြဂုတ်လ ၁၉ရက် ည၈နာရီက ရန်ကုန်လေဆိပ်ကို ထိုင်းလေကြောင်းလိုင်းနဲ့ လိုက်ပါရောက်ရှိလာတဲ့ မြန်မာသင်္ဘောသား ကိုဇင်မင်းဦး(အဘ-ဦးမြင့်သိန်း) အသက်(၂၂)နှစ်ဟာ အပြင်းဖျားလာတာကြောင့် လေဆိပ်တာဝန်ရှိသူတွေက အီဘိုလာဗိုင်းရပ်စ် ကူးစက်ခံရတယ်လို့ သံသယရှိတာမို့ သူနဲ့ လူနာကို ပြုစုလိုက်ပါ ပို့ဆောင်သူ(၄)ဦးကို ဝေဘာဂီ ဆေးရုံကိုပို့ပြီး သီးခြားစီ ခွဲခြားထားရှိကာ ဆေးစစ်ဆေးမှုတွေပြုလုပ်နေပါတယ်။ လူနာအပါအအ၀င် ထိတွေ့ခဲ့သူ(၄)ဦးရဲ့ ဓာတ်ခွဲနမူနာများကို ရယူပြီး ကူးစက်မြန် အီဘိုလာဗိုင်းရပ်စ် ရှိမရှိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO သတ်မှတ်ထားတဲ့ ညွှန်းပို့ဓာတ်ခွဲခန်းဆီကို ပေးပို့စစ်ဆေးနေကြောင်းလည်း သိရှိရပါတယ်။ DVB TV News ------------------------------------------------------------------ အီဘိုလာဗိုင်းရပ်စ် ရောဂါဖြစ်ပွါးနေတဲ့ အာဖရိက နိုင် ငံ က နေပြန်လာသူ မြန်မာနိုင် ငံသား၅ဦး ထဲက တစ်ဦးဟာဖျာနာမူ ရှိနေလို့ မြောက်ဥက္ကလာဆေးရုံ ဝေဘာဂီမှာကျန်း မာရေး စစ်ဆေးဆောင် ရွက် စောင့်ကြည့် နေတယ်လို့ သိရ ပါတယ်။ ဖျားနာသူ နဲ့ ပါလာတဲ့သူ လေးဦးကို လည်း ကျန်းမာ ရေး အ ခြေ နေ

ရန်ကုန်တိုင်း ဒေသကြီး အတွင်းတွင် နေ့စဉ်နှင့် အမျှ ယာဉ်တိုက်မှု အသေးနှင့် ယာဉ် မေ...

ရန်ကုန်တိုင်း ဒေသကြီး အတွင်းတွင် နေ့စဉ်နှင့် အမျှ ယာဉ်တိုက်မှု အသေးနှင့် ယာဉ် မတော်တဆ မှုများရန်ကုန်မြို့ အနှံအပြား ဖြစ်ပေါ်လျှက်ရှိရာ အဆိုပါ ယာဉ်တိုက်မှုများတွင် လူထိခိုက် ဒဏ်ရာ ရရှိမှု မရှိပဲ ကားပျက်စီးမှုသာ ဖြစ်ပေါ်သော အမှု အများစုသည် ယာဉ်မောင်းများ အချင်းချင်း ညှိနှိုင်း၍ အခင်းဖြစ်နေရာမှ လမ်းရှင်းရာ နေရာမော်တော်ယာဉ်အား နေရာရွှေ့ပြောင်း ယူသွား တတ်ကြပြီး ယာဉ်မောင်း အချင်းချင်း ဖြစ်စေ၊ ယာဉ်ထိန်း အကူအညီ ရယူ၍ ဖြစ်စေ မှားသည့် ယာဉ်ဘက်မှ လျှော်ကြေးငွေ ပေးချေသော ညှိနိုင်းမှု မျိုးဖြင့်သာ ဖြေရှင်းသွားတတ်ကြသည်။ http://ift.tt/1uUGNAW နေ့စဉ်နှင့် အမျှ ယာဉ်တိုက်မှု နှင့် ယာဉ် မတော်တဆ မှုများ ရန်ကုန်မြို့ အနှံအပြားတွင်... www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1uUGPZn

ဒီစာမျိုးကို အရင်ကတော့ ဖေ့စ်ဘွတ်မှာမတင်ပါ။ အသက် (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာတေ...

ဒီစာမျိုးကို အရင်ကတော့ ဖေ့စ်ဘွတ်မှာမတင်ပါ။ အသက် (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာတွေ ဘလော့ခ် ပျက်သွားလို့သာ စာတွေကိုရွေးတင်ပါတယ်။ နားလည်မှုပေးစေလိုပါတယ်။ ဆရာ မင်္ဂလာပါခင်ဗျာ Reply လုပ်ပေးလို့ လေးလဲလေးစားမိပြီး အားကိုးရမဲ့ ဆရာကောင်းတွေ့လို့ အရမ်းဝမ်းသာမိပြီး အားတက်မိပါတယ်ဆရာ။ ကျွန်တော်လကုန် သင်္ဘောတက်ရပါတော့မယ် ဆရာ။ အခုဆို ကျွန်တော်ခံစားရတာ စောစောကလိုပါပဲ ဘယ်ဘက်ဥ ကြင်ကြင်နေတာပါ။ ဘုရားရှိခိုးလို သမင်ခွေထိုင်ရင်လဲ နဲနဲကြင်လာပါတယ်။ http://ift.tt/1qosVrC Erectile Dysfunction Causes ပန်းသေ-ပန်းညှိုး အချက် (၉) ချက် - သစ်ထူးလွင် (ကျန်းမာရေးနှင့်... http://ift.tt/1czkJ7l from Myanmar News Now's Facebook Wall http://ift.tt/1pcB4TR

• ဆေးသစ်ကနေ တချို့လူတွေမှာ ဆံပင်ပြန်ပေါက်တယ်ဆိုတာ ကနေ့မနက်မှာလာတဲ့ ဆေးပညာသတင်းြ...

• ဆေးသစ်ကနေ တချို့လူတွေမှာ ဆံပင်ပြန်ပေါက်တယ်ဆိုတာ ကနေ့မနက်မှာလာတဲ့ ဆေးပညာသတင်း ဖြစ်ပါတယ်။ (ကိုလမ်ဘီယာ) ဆေပညာစင်တာကသုတေသနလုပ်နေတာဖြစ်ပါတယ်။ • ရိုးတွင်းခြင်ဆီရောဂါအတွက်သုံးနေတဲ့ စမ်းသပ်ဆဲဆေးကနေ ထိပ်ပြောင်တာကိုပါ သက်သာစေတယ်လို့ သိလာရပါတယ်။ http://ift.tt/1pcB32d New drug helps some bald patients regrow hair ဆံပင်ပြန်ပေါက်ဆေးသစ် - သစ်ထူးလွင် (ကျန်းမာရေးနှင့်... http://ift.tt/1czkJ7l from Myanmar News Now's Facebook Wall http://ift.tt/1qosY6F

New drug helps some bald patients regrow hair ဆံပင်ပြန်ပေါက်ဆေးသစ်

• ဆေးသစ်ကနေ တချို့လူတွေမှာ ဆံပင်ပြန်ပေါက်တယ်ဆိုတာ ကနေ့မနက်မှာလာတဲ့ ဆေးပညာသတင်း ဖြစ်ပါတယ်။ (ကိုလမ်ဘီယာ) ဆေပညာစင်တာကသုတေသနလုပ်နေတာဖြစ်ပါတယ်။ • ရိုးတွင်းခြင်ဆီရောဂါအတွက်သုံးနေတဲ့ စမ်းသပ်ဆဲဆေးကနေ ထိပ်ပြောင်တာကိုပါ သက်သာစေတယ်လို့ သိလာရပါတယ်။ • ကြွက်တွေကိုစမ်းပြီးဖြစ်တဲ JAK inhibitors ဆေး ၂ မျိုးရှိတာထဲကတမျိုးကို ဆံပင်ပြောင်နေသူအမျိုးသမီး ၇ ယောက်နဲ့၊ အမျိုးသား ၅ ယောက်ကို Ruxolitinib ဆေး ၁ တောင့်၊ ၂ ကြိမ်ပေးတယ်။ ခုခံအားစနစ်ကို နှိမ်ပေးတယ်။ ရလဒ်တွေကောင်းတယ်လို့ Nature Medicine သဘာဝဆေးပညာဂျာနယ်မှာ ရေးသားလိုက်ပါတယ်။ • အမျိုးသမီးတွေဆံပင်ကျွတ်တာကို Male pattern baldness ယောက်ျားဆန်တဲ့ထိပ်ပြောင်ခြင်းလို့ ဆေးပညာမှာ သုံးတယ်။ • ဒီဆေးက Alopecia areataခေါ်တဲ့တခေါင်းလုံးပြောင်တာကိုတော့ မရလောက်ဘူးလို့ သတိပေးပါတယ်။ လူတိုင်းလဲရမှာ မဟုတ်ပါ။ ဘေးထွက်ဆိုးကျိုးတွေလဲရှိပါမယ်။ • တချို့လူတွေကို Cortisone injections ကော်တီဇုန်းဆေးထိုးပေးတာ ကောင်းတယ်။ • Ruxolitinib လိမ်းဆေးတော့မလုပ်ရသေးပါ။ • JAK inhibitor အမျိုးအစားထဲက Tofacitinib ဆေးကို Rheumatoid arthritis (ရူမတွိုက်) အဆစ်နာအတွက် သုံးနေပါတယ်။ ဆေးသောက်သူတွေမှာ ဆံပင်ြ

ဧရာမရေငန်မိကျောင်းတိုက်ခိုက်မှုကြောင့် သြစတြေးလျ ငါးဖမ်းလုပ်သား သေဆုံး

ဒါဝင် သြဂုတ် ၁၉ သြစတြေးလျမြောက်ပိုင်း၌ ဇနီးမောင်နှံနှစ်ဦး ငါးဖမ်းနေစဉ် ဧရာမရေငန်မိကျောင်းကြီးတစ်ကောင်၏တိုက်ခိုက်မှုကြောင့် အမျိုးသားတစ်ဦး သေဆုံးခဲ့သည်။ အဆိုပါ အမျိုးသားသည် ဒါဝင်တောင်ပိုင်း Ade Laid မြစ်အတွင်း ဆင်းသက်စဉ် ၄ ဒသမ ၅ မီတာ (၁၅ ပေ)ရှိ မိကျောင်းတစ်ကောင်၏တိုက်ခိုက်မှုခံခဲ့ရခြင်း ဖြစ်သည်။ အမျိုးသမီးသည် အော်သံကြားခဲ့ရပြီး ရေထဲ၌ရိုက်ခတ်နေသော အမြီးကိုတွေ့ခဲ့ရကြောင်း အရာရှိများကို ပြောပြခဲ့သည်။ တိုက်ခိုက်ခံရပြီး နာရီအနည်းငယ်ကြာမှ အလောင်းကို တွေ့ခဲ့ရကြောင်း၊ ရဲတပ်ဖွဲ့ဝင်များက မိကျောင်းကို ပစ်သတ်ခဲ့ကြောင်း သိရသည်။ ယခုနှစ်အတွင်း သြစတြေးလျမြောက်ပိုင်းဒေသ၌ မိကျောင်းတိုက်ခိုက်မှုကြောင့် ယခုသေဆုံးသူသည် လေးဦးရှိပြီဖြစ်သည်။ အပျော်စီးသင်္ဘောများသည် တိုက်ခိုက်မှုဖြစ်ပွား၍ ပိတ်ထားသော ၄င်းမြစ်ကြောင်းနေရာ၌ မိကျောင်းက တိုင်၌ချိတ်ဆွဲထားသော ကြက်သေကောင်ကို လှမ်းဆွဲသည့်ပုံကို ပြသကြသည်။ ပုံမှန်အားဖြင့် ယင်းမိကျောင်းသည် အပျော်စီးသင်္ဘောများကို ချဉ်းကပ်လေ့ရှိသည်။ ၁၉၇၁ ခုနှစ်က မိကျောင်းကို ကာကွယ်ထားသည့် မျိုးစိတ်အဖြစ် ကြေညာပြီးကတည်းက အရေအတွက်တိုးလာခဲ့သည်။ ၄င်းတို့သည် သြစတြေးလျမြောက်ပိုင်း အပူပိုင်းဒေသ၌ တွေ့ရလေ့

ထိုင်းရဲအရာရှိကြီးတဦးကို ဘတ်ငွေ သန်း ၁၆၀ ကျော်တန်ဖိုးရှိတဲ့ မူးယစ်ဆေး အများအြ...

ထိုင်းရဲအရာရှိကြီးတဦးကို ဘတ်ငွေ သန်း ၁၆၀ ကျော်တန်ဖိုးရှိတဲ့ မူးယစ်ဆေး အများအပြားနဲ့အတူ ထိုင်းနိုင်ငံ ချင်းရိုင်ဒေသမှာ သြဂုတ်လ ၁၈ ရက်နေ့က ဖမ်းဆီးရမိခဲ့ပြီး သူဟာ မြန်မာနိုင်ငံဘက်က ရှမ်းမူးယစ်ဆေးဝါး ဂိုဏ်းတခုကနေ အခကြေးငွေယူပြီး သယ်ဆောင်လာတာဖြစ်ကြောင်း ၀န်ခံထွက်ဆိုခဲ့ပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။ http://ift.tt/1pJo1sw နာမည်ကောင်းရ ထိုင်းရဲအရာရှိ မူးယစ်ဆေးမှောင်ခိုမှုနဲ့ ဖမ်းဆီးခံရ - သစ်ထူးလွင် (နေ့စဉ်သတ� www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1pJo1sD

အသံပါဝါ ကောင်းကောင်းဖြင့် ပရိသတ်တွေ နှစ်သက် အားပေးလျက် ရှိတဲ့ တေးသံရှင် နီနီခင်ေ...

အသံပါဝါ ကောင်းကောင်းဖြင့် ပရိသတ်တွေ နှစ်သက် အားပေးလျက် ရှိတဲ့ တေးသံရှင် နီနီခင်ဇော်ဟာ ပြည်ပဖျော်ဖြေရေး ပွဲတွေမှာ ကိုယ့်အမိမြေနဲ့ ခွဲခွာနေရတဲ့ ပရိသတ်တွေ အတွက် နိုင်ငံရဲ့ အငွေ့အသက်လေးတွေ ပါတဲ့ သီချင်းမျိုးတွေကို ရွေးချယ် သီဆိုမှာ ဖြစ်ကြောင်း ပြောပြ ခဲ့ပါတယ်။ နီနီ စက်တင်ဘာလမှာ သြစတြေးလျမှာ သွားဆိုဖို့ ရှိပါတယ်။ နီနီအတွက်တော့ ပြည်ပမှာ သွားဖျော်ဖြေရတာ ပျော်လည်းပျော်သလို ရင်လည်း ခုန်မိပါတယ်။ ပြည်ပမှာ ရောက်နေတဲ့ သူတွေဟာ ကိုယ့်ရဲ့ အမိမြေကို လွမ်းဆွတ် သတိရနေတဲ့ သူတွေက များတယ်။ နီနီ သီချင်းတွေ ဆိုတဲ့အခါမှာ နိုင်ငံရဲ့ အငွေ့အသက်များတဲ့ သီချင်းမျိုးလေးတွေကို သီဆို ဖြစ်ပါတယ်။ အခုတစ်ခါ သွားဖျော်ဖြေဖို့ အတွက်ကိုလည်း နီနီ ဆိုနေကျ သီချင်းဟောင်း လေးတွေကို တစ်ဝက်စီ ရွေးထားတယ်။ ဆီးဂိမ်းမှာဆိုခဲ့တဲ့ သီချင်းလေးတွေကိုလည်း ပြန်ဆိုဖို့ စဉ်းစား ထားတယ်။ http://ift.tt/1pJo0Vu နိုင်ငံရဲ့ အငွေ့အသက်ပါတဲ့ သီချင်းလေးတွေကို သီဆို ဖြစ်တယ်ဆိုတဲ့ နီနီခင်ဇော် - သစ်ထူးလွ� http://ift.tt/1czkJ7l from Myanmar News Now's Facebook Wall http://ift.tt/1mjYZf2

မည်သည့်မျက်နှာပြင်တွင်မဆို တောက်တဲ့များအံ့ဩဖွယ် တွယ်ကပ်နေနိုင်ခြင်းမှာ ၎င်းတို့ခြေေ...

မည်သည့်မျက်နှာပြင်တွင်မဆို တောက်တဲ့များအံ့ဩဖွယ် တွယ်ကပ်နေနိုင်ခြင်းမှာ ၎င်းတို့ခြေချောင်းများပေါ်ရှိ အမွေးအမှင်များကြောင့်ဖြစ်သည်ဟု သုတေသနလေ့လာချက် အသစ်တစ်ရပ်အရသိရသည်။ အသုံးချရူပဗေဒဂျာနယ်၌ ဖော်ပြသည့် သုတေသန အစီရင်ခံချက် တွင် တောက်တဲ့ များသည် ဆဲတာဟုခေါ်သည့် ၎င်းတို့၏ ခြေချောင်း များပေါ်ရှိ သေးငယ်ပါးလွှာသည့် အမွေးအမှင်များကို အသုံးပြုပြီး မတ်စောက်သော နံရံများပေါ် တွယ်တက်လျက် ရံဖန်ရံခါ မျက်နှာကြက်ပေါ်တွင် ဇောက်ထိုးမိုးမျှော်အနေအထားဖြင့်ပင် မည်ကဲ့သို့ တွယ်ကပ်နေနိုင်သည်ဟူသော အချက်ကို ရှင်းပြထားသည်။ http://ift.tt/1pJo0oy တောက်တဲ့များ၏ တွယ်ကပ်စွမ်းပကား မြင့်မားရခြင်း၏ လျှို့ဝှက်ချက် - သစ်ထူးလွင် (ကျန်းမာရေ� http://ift.tt/1czkJ7l from Myanmar News Now's Facebook Wall http://ift.tt/1mjYWjk

သြစတြေးလျမြောက်ပိုင်း၌ ဇနီးမောင်နှံနှစ်ဦး ငါးဖမ်းနေစဉ် ဧရာမရေငန်မိကျောင်းကြီးတစ...

သြစတြေးလျမြောက်ပိုင်း၌ ဇနီးမောင်နှံနှစ်ဦး ငါးဖမ်းနေစဉ် ဧရာမရေငန်မိကျောင်းကြီးတစ်ကောင်၏တိုက်ခိုက်မှုကြောင့် အမျိုးသားတစ်ဦး သေဆုံးခဲ့သည်။ အဆိုပါ အမျိုးသားသည် ဒါဝင်တောင်ပိုင်း Ade Laid မြစ်အတွင်း ဆင်းသက်စဉ် ၄ ဒသမ ၅ မီတာ (၁၅ ပေ)ရှိ မိကျောင်းတစ်ကောင်၏တိုက်ခိုက်မှုခံခဲ့ရခြင်း ဖြစ်သည်။ http://ift.tt/1mjYYI8 ဧရာမရေငန်မိကျောင်းတိုက်ခိုက်မှုကြောင့် သြစတြေးလျ ငါးဖမ်းလုပ်သား သေဆုံး - သစ်ထူးလွင်... http://ift.tt/1czkJ7l from Myanmar News Now's Facebook Wall http://ift.tt/1pJnYNy

ကမ္ဘာလှည့် ခရီးသည်တွေ အတွက် ရည်ရွယ်တဲ့ online ကနေ တဆင့် လျှောက်နိုင်ကြမယ့် e - v...

ကမ္ဘာလှည့် ခရီးသည်တွေ အတွက် ရည်ရွယ်တဲ့ online ကနေ တဆင့် လျှောက်နိုင်ကြမယ့် e - visa စနစ်ကို မြန်မာ နိုင်ငံမှာ စက်တင်ဘာလ ၁ ရက်နေ့ ကနေ စတင် အသုံးပြုတော့ မှာ ဖြစ်ပါတယ်။ လူဝင်မှု ကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အား ဦးစီး ဌာန ရဲ့ အွန်လိုင်း ဝက်ဘ်ဆိုက် မှာ ရှိတဲ့ လျှောက်လွှာ ပုံစံ ဖြည့်စွက်ပြီး၊ ကျသင့်ငွေ ဒေါ်လာ ၅၀ ကို ဗီဇာ နဲ့ မာစတာလို ကဒ်မျိုးနဲ့ အွန်လိုင်း ကနေ ပေးဆောင် နိုင်မှာ ဖြစ်ပါတယ်။ http://ift.tt/1pJnWVY e visa နဲ့ မြန်မာပြည်ကို လာနိုင်ပြီ - သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1mjYYI0

အမေရိကန် စာနယ်ဇင်းသမား ကို၊ အစ္စလာမ်မစ် နိုင်ငံတော် အကြမ်းဖက် အဖွဲ့က၊ ခေါင်းဖြတ်...

အမေရိကန် စာနယ်ဇင်းသမား ကို၊ အစ္စလာမ်မစ် နိုင်ငံတော် အကြမ်းဖက် အဖွဲ့က၊ ခေါင်းဖြတ် သတ်နေတာကို ရိုက်ကူးထားတာ လို့ ထင်ရတဲ့၊ ဗီဒီယို ခွေဟာ၊ အစစ်အမှန် ဟုတ် မဟုတ်ကို၊ စမ်းစစ်မှု တွေ၊ ပြုလုပ်နေတယ် ဆိုပြီး၊ အမေရိကန် အာဏာပိုင်တွေ က ပြောပါတယ်။ အဆိုပါ၊ အမေရိကန် သတင်းသမား James Foley ဟာ၊ ဆီးရီးယားနိုင်ငံတွင်း မှာ၊ လွန်ခဲ့တဲ့ ၂ နှစ် နီးပါး ကတည်းက၊ ပျောက်ဆုံး သွားခဲ့သူ ဖြစ်ပါတယ်။ http://ift.tt/1pJnWoT သတင်းစာဆရာ အသတ်ခံရတဲ့ အခွေ ဟုတ်မဟုတ် - သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1pJnYgk

အမေရိကန် ဓာတ်ပုံသတင်းထောက်တယောက်ကို Islamic State စစ်သွေးကြွတွေ သတ်ဖြတ်နေတဲ့ ဗွ...

အမေရိကန် ဓာတ်ပုံသတင်းထောက်တယောက်ကို Islamic State စစ်သွေးကြွတွေ သတ်ဖြတ်နေတဲ့ ဗွီဒီယိုဟာ အစစ်အမှန် ဟုတ် မဟုတ် အတည်ပြုနိုင်ဖို့ ကြိုးစားနေတယ်လို့ အိုဘားမားအစိုးရက ပြောပါတယ်။ အီရတ်မှာ အမေရိကန်က ဝင်ရောက် စွက်ဖက်နေတာကို ရပ်အောင်လုပ်တာလို့ဆိုပြီး သတင်းထောက် James Wright Foley ကို ခေါင်းဖြတ်သတ်နေတဲ့ ဗွီဒီယိုကို စစ်သွေးကြွတွေကနေ အင်္ဂါနေ့က ထုတ်ပြန်ခဲ့ပါတယ်။ http://ift.tt/1mjYVvW အမေရိကန်သတင်းထောက် ခေါင်းဖြတ်ခံရတဲ့ဗွီဒီယို စစ်မှန်မှု အမေရိကန်စုံစမ်း - သစ်ထူးလွင် (ေ� www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1pJnW8i

အမေရိကန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံက ထိပ်သီး စီးပွားရေးသမားတချို့အပေါ် ဒဏ်ခတ်ပိတ...

အမေရိကန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံက ထိပ်သီး စီးပွားရေးသမားတချို့အပေါ် ဒဏ်ခတ်ပိတ်ဆို့ ဆက်လက်ထားရှိတာက နိုင်ငံတကာအတွက် မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံမှုလုပ်ဖို့ ခက်ခဲစေတယ်လို့ အမေရိကန်နိုင်ငံဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ မူဝါဒရေးရာအကြံပေးအရာရှိဟောင်း Peter Kucik က Wall Stree Journal ကိုပြောပါတယ်။ Peter Kucik ဟာ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနရဲ့ အကြံပေး ဖြစ်ခဲ့တုန်းက မြန်မာနိုင်ငံအပေါ် ဘယ်ပုံ ဘယ်နည်းနဲ့ ဒဏ်ခတ် ပိတ်ဆို့မှု လုပ်ရမလဲဆို တာတွေကို အကြံပေး ခဲ့သူဖြစ်ပြီး အခုအခါမှာ နိုင်ငံခြား ကုမ္ပဏီတွေ မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံ မှုလုပ်ဖို့ နည်းလမ်းတွေ ပြောပြတဲ့ Inle Advisory Group အဖွဲ့ဝင် ဖြစ်လာပါတယ်။ http://ift.tt/1uUmYK2 မြန်မာအပေါ် ပစ်မှတ်ထား ဒဏ်ခတ်မှု ဆက်ထားခြင်းကြောင့် ရင်းနှီးမြုပ်နှံဖို့ ခက်ခဲ - သစ်ထူး� www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1AwFHLW

ဘာစီလိုနာ တိုက်စစ်မှူး လူးဝစ် ဆွာရက်က တဖက် ကစားသမားအပေါ် သွားနဲ့ ကိုက်တဲ့ လု...

ဘာစီလိုနာ တိုက်စစ်မှူး လူးဝစ် ဆွာရက်က တဖက် ကစားသမားအပေါ် သွားနဲ့ ကိုက်တဲ့ လုပ်ရပ်မျိုးကို နောင် ဘယ်တော့မှာ မလုပ်တော့ဘူးလို့ ကတိပေး ပြောဆိုလိုက်ပါတယ်။ ဆွာရက်ဟာ သူ့ရဲ့အပြုအမူအတွက် ကျွမ်းကျင်သူ စိတ်ပညာရှင်တွေ နဲ့ ဆွေးနွေးအပြီးမှာ အခုလို ပြောလိုက် တာပါ။ http://ift.tt/1uUmWlh သွားဖြင့်မကိုက်တော့ဟု လူးဝစ်ဆွာရက် ကတိပြု - သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1uUmYJO

ပြီးခဲ့တဲ့လက ယူကရိန်းအရှေ့ပိုင်းမှာ ပစ်ချခံခဲ့ရတဲ့ မလေးရှားလေကြောင်းလိုင်း MH1...

ပြီးခဲ့တဲ့လက ယူကရိန်းအရှေ့ပိုင်းမှာ ပစ်ချခံခဲ့ရတဲ့ မလေးရှားလေကြောင်းလိုင်း MH17 မှာ သေဆုံးသွားသူ မလေးရှားနိုင်ငံသားတွေကို စစ်အခမ်းအနားနဲ့ ဂုဏ်ပြုသင်္ဂြိုဟ်မယ်လို့ မလေးရှားကာကွယ်ရေးဝန်ကြီးက သြဂုတ် ၁၉ ရက်နေ့က ပြောပါတယ်။ လေယာဉ်ပျက်ကျမှုမှာ ခရီးသည် ၂၉၈ ဦးလုံး သေဆုံးခဲ့ကြပြီး မလေးရှားနိုင်ငံသား ၄၃ ဦး ပါဝင်ခဲ့ပါတယ်။ http://ift.tt/1uUmW4T MH17 ပျက်ကျမှုတွင် သေဆုံး မလေးနိုင်ငံသားများကို စစ်အခမ်းအနားဖြင့် သင်္ဂြိုဟ်မည် - သစ်ထူးလွင် www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1AwFHvn

ကရင်ပြည်နယ်၊ ဖားအံမြို့ရှိ သီရိကွင်း၌ သုံးနှစ်အရွယ်ရှိသည်ဟု ယူဆရသည့် မိန်းကလေး...

ကရင်ပြည်နယ်၊ ဖားအံမြို့ရှိ သီရိကွင်း၌ သုံးနှစ်အရွယ်ရှိသည်ဟု ယူဆရသည့် မိန်းကလေး ကလေးငယ်တစ်ဦး စွန့်ပစ်ခံရသည် ကို တွေ့ရှိခဲ့ကြောင်း ဖားအံမြို့ရှိ မာဃလူမှုကူညီရေး၏ ဥက္ကဌ ဦးကျော်ကြီးက ကေအိုင်စီသို့ ပြောဆိုသည်။ ၎င်းကလေးငယ်ကို ဟိန္ဒူဘာသာဝင်ဟု ခန့်မှန်းကြပြီး သြဂုတ်လ ၁၄ရက်နေ့က ည ၇နာရီကျော်အချိန်တွင် အမှတ်(၄)ရပ်ကွက် ရှိ ကိုစိုးနိုင်ဆိုသူက ဆိုင်ကယ်နှင့် သီရိကွင်းနားကို ဖြတ်သွားရင်း ကလေးငိုသံကြားသည့်အတွက် သက်ဆိုင်ရာ ရပ်ကွက်အုပ် ချုပ်ရေးမှူးများကို အကြောင်းကြားကာ သွားရောက်ကြည့်ရှုခဲ့ပြီးနောက် ကလေးကို ဖားအံဆေးရုံသို့ ပို့ဆောင်ခဲ့သည်ဟု ဦးကျော် ကြီးက ဆိုသည်။ http://ift.tt/1mjUgKs ဖားအံမြို့သီရိကွင်း၌ စွန့်ပစ်ခံရသည့် ကလေးငယ်တစ်ဦးကို တွေ့ရှိ - သစ်ထူးလွင် (နေ့စဉ်သတင� www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1mjUilu

ဂါဇာဒေသမှာ အစ္စရေးလ်တို့ရဲ့ Missile ဒုံးလက်နက်နဲ့ တိုက်ခိုက်မှုတခုကြောင့် အမျိုး...

ဂါဇာဒေသမှာ အစ္စရေးလ်တို့ရဲ့ Missile ဒုံးလက်နက်နဲ့ တိုက်ခိုက်မှုတခုကြောင့် အမျိုးသမီး ၁ ယောက်နဲ့ ၂ နှစ်အရွယ် မိန်းကလေးငယ်တယောက် သေဆုံးခဲ့တယ်လို့ ပါလက်စတိုင်း အာဏာပိုင်တွေက ပြောပါတယ်။ အစ္စရေးလ်နဲ့ ပါလက်စတိုင်းကြား အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုတွေ ပျက်ပြားသွားခဲ့ပြီးနောက်မှာ ပထမဆုံး သေဆုံးမှုလည်း ဖြစ်ပါတယ်။ http://ift.tt/1mjUgtY အစ္စရေးလ်နဲ့ Hamas အပစ်ရပ်ဆွေးနွေးပွဲ ပျက်သုဉ်း - သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1mjUi4Z

လက်နက်မဲ့ African-American ဆယ်ကျော်သက်ကို လူဖြူရဲက ပစ်သတ်ခဲ့မှု စုံစမ်းစစ်ဆေးရာမ...

လက်နက်မဲ့ African-American ဆယ်ကျော်သက်ကို လူဖြူရဲက ပစ်သတ်ခဲ့မှု စုံစမ်းစစ်ဆေးရာမှာ အပြည့်အဝ မျှတပြီး သီးခြားလွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှု ဖြစ်စေရမယ်လို့ အမေရိကန်ရှေ့နေချုပ် Eric Holder က Ferguson မြို့က ပြည်သူတွေကို ကတိပြုလိုက်ပါတယ်။ ရှေ့နေချုပ် Holder ဟာ ဗုဒ္ဓဟူးနေ့မှာ Missouri ပြည်နယ် St. Louis ကိုသွားပြီး လူမှုအသိုင်းအဝိုင်း ခေါင်းဆောင်တွေ၊ FBI စုံစမ်းစစ်ဆေးရေးမှူးတွေ၊ ပြည်ထောင်စု အရပ်သား အခွင့်အရေးဆိုင်ရာ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။ စုံစမ်းစစ်ဆေးမှုအတွက် တရားရေးဌာနက အပြည့်အဝကူညီဖို့ ကတိပြုထားတယ်လို့ Mr. Holder ပြောတာကို St. Louis Post-Dispatch သတင်းစာမှာ ဖော်ပြထားပါတယ်။ http://ift.tt/Xz9JAO Missouri သေနတ်ပစ်သတ်ခံရမှု တရားမျှတစွာ အစိုးရစုံစမ်းစစ်ဆေးမည် - သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit... www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1mjRViL

ပါကစ္စတန်မှာ အစိုးရကို ဆန့်ကျင်ဆန္ဒပြပြီး ပါလီမန်ဘက်ကို ချီတက်နေတဲ့ သောင်းချီတဲ့...

ပါကစ္စတန်မှာ အစိုးရကို ဆန့်ကျင်ဆန္ဒပြပြီး ပါလီမန်ဘက်ကို ချီတက်နေတဲ့ သောင်းချီတဲ့ လူအုပ်ကြီးကို ထိပ်တိုက်ရင်ဆိုင်ဖို့ အလားအလာများတာကြောင့် ရဲတွေနဲ့ စစ်တပ်တွေက ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်နေကြပါတယ်။ အနီရောင်ဇုန် လို့ခေါ်တဲ့ အစိုးရ အဆောက်အဦးတွေ နဲ့ အနောက်နိုင်ငံက သံရုံးတွေရှိတဲ့ နေရာတွေကို ကာကွယ်ဖို့ အတွက် အဓိက ရုန်းရဲတွေက နေရာယူနေကြပါတယ်။ http://ift.tt/1mjRVis ပါကစ္စတန်မှာ အစိုးရကို ဆန့်ကျင် ဆန္ဒပြမှု ပိုမို ပြင်းထန်လာ - သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/Xz9IwH

အမေရိကန်နိုင်ငံ Missouri ပြည်နယ်မှာ ရဲတွေက နောက်လူတစ်ယောက်ကို သေနတ်နဲ့ ပစ်သတ်လို...

အမေရိကန်နိုင်ငံ Missouri ပြည်နယ်မှာ ရဲတွေက နောက်လူတစ်ယောက်ကို သေနတ်နဲ့ ပစ်သတ်လိုက်ပါတယ်။ အခု ပစ်ခတ်မှု ဖြစ်ခဲ့တဲ့ မြို့ဟာ St Louis မြို့ဖြစ်ပြီး ပြီးခဲ့တဲ့ တပတ်တုန်းကပဲ ပစ်ခတ်မှု ဖြစ်ခဲ့တဲ့ ဖာဂူဆန်မြို့နဲ့ နီးတဲ့မြို့ ဖြစ်ပါတယ်။ ဖာဂူဆန်မြို့ မှာတော့ ဘာလက်နက်မှ ကိုင်ဆောင် ထားခြင်းမရှိတဲ့ လူမည်း ဆယ်ကျော် သက်နှစ်ဦးကို ရဲတွေက သေနတ်နဲ့ ပစ်သတ်တဲ့ အတွက် လူမျိုးရေး ပြဿနာ တွေဖြစ်ခဲ့ပြီး ဆန္ဒပြ သူတွေကို ရဲတွေက မျက်ရည် ယိုဗုံးတွေနဲ့ ဖြိုခွင်းခဲ့ရပါတယ်။ http://ift.tt/Xz8qSk အမေရိကန်က လူမည်းတစ်ဦး ထပ်မံ ပစ်သတ်ခံရ - သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1qocJGH

အမေရိကန် ပြည်ထောင်စု၊ မစ်ဇူရီ ပြည်နယ်မှာ ရဲတွေရဲ့ ပစ်ခတ်မှုကြောင့်၊ အသက် ၂၃ နှစ်...

အမေရိကန် ပြည်ထောင်စု၊ မစ်ဇူရီ ပြည်နယ်မှာ ရဲတွေရဲ့ ပစ်ခတ်မှုကြောင့်၊ အသက် ၂၃ နှစ် အရွယ် လူမည်း အမျိုးသား တစ်ဦး သေဆုံးသွားပါတယ်။ စိန့်လူးဝစ်မြို့ရဲ့ ဆင်ခြေဖုံး၊ ဖာဂူဆန် အရပ်မှာ ဒေသခံရဲ ရဲ့ သေနတ်နဲ့ ပစ်ခတ် ခံရမှုကြောင့်၊ လက်နက်မဲ့ လူမည်း ဆယ်ကျော်သက် အရွယ် လူငယ်တစ်ဦး၊ သေဆုံးခဲ့ရ အပြီး၊ အကြမ်းဖက် အုံကြွမှုတွေ ဖြစ်ပေါ် လာနေခဲ့ရာ ကနေ၊ အခုလို နောက်ထပ်တစ်ဦး ထပ်မံ သေဆုံးသွား တာ ဖြစ်ပါတယ်။ http://ift.tt/1qocLP4 မစ်ဇူရီမှာ လူမည်းတစ်ဦး ထပ်မံ သေဆုံး - သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1qocM5m