Skip to main content

Posts

Showing posts from May 19, 2014

နေ့စား၊ လပေး မူလတန်းပြ ဆရာ၊ ဆရာမ စာရင်း ယခုလ မကုန်ခင် ကြေညာမည် ရန်ကုန်၊ မေ ၁၉...

နေ့စား၊ လပေး မူလတန်းပြ ဆရာ၊ ဆရာမ စာရင်း ယခုလ မကုန်ခင် ကြေညာမည် ရန်ကုန်၊ မေ ၁၉ နိုင်ငံတစ်ဝန်း အခြေခံပညာ မူလတန်းကျောင်းများတွင် ခန့်ထားမည့် နေ့စား၊ လပေး မူလတန်းပြ ဆရာ၊ ဆရာမများ စာရင်းကို မေလ ၂၅ ရက်နေ့ ဝန်းကျင်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများက ကြေညာသွားမည် ဖြစ်ကြောင်း ပညာရေးဝန်ထမ်း အသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။ ပညာရေး ဝန်ကြီးဌာနက ခန့်ထားပြီးသော မူလတန်းပြ ဆရာ၊ ဆရာမများ အတွက် ရွှေ့ပြောင်းကာလ ပြီးမှ လစ်လပ်သွားသော မူလတန်းပြ နေရာများကို အစားထိုးသွင်းရန် စီစဉ်ထားသောကြောင့် မေလ ၂၅ ရက်နောက်ပိုင်းမှ ကြေညာနိုင်ခြင်း ဖြစ်ကြောင်း ပညာရေး ဝန်ထမ်းတစ်ဦးက The Voice သို့ ပြောကြားသည်။ “ရန်ကုန်တိုင်းမှာဆို နေ့စား၊ လပေးတွေကို စည်ပင်သာယာ နယ်နိမိတ်မှာ မခန့်ဘူး။ ဒေသမရွေး သွားနိုင်တဲ့သူကို ခန့်မှာပါ” ဟု ၎င်းက ထပ်လောင်း ပြောကြားသည်။ ပညာရေး ဝန်ကြီးဌာနက ၂၀၁၄-၂၀၁၅ ပညာသင်နှစ်အတွက် နေ့စား၊ လပေး မူလတန်းပြ ဆရာ၊ ဆရာမနှင့် ပညာရေးဝန်ထမ်း ငါးသောင်းနီးပါးခန့် ထားရန် စီစဉ်နေကြောင်း၊ မူလတန်း ကျောင်းတစ်ကျောင်းလျှင် ကျောင်းအုပ် အပါအဝင် ဆရာ၊ ဆရာမ ငါးဦး ခန့်ထားမည့် စနစ်ကို ယခုနှစ်အတွင်း စတင်မည် ဖြစ်ကြောင်း ပညာရေး ဝန်ြ

#emg_editorials ၂၀၁၄ မေလ ၂၀ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်...

#emg_editorials ၂၀၁၄ မေလ ၂၀ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော် မြန်မာ့အနောက်ဘက်ခြမ်းအထိ ရောက်လာသည့် အကြမ်းဖက်စစ်ပွဲ အမေရိကန် ကုန်သွယ်ရေးစင်တာ တိုက်ခိုက်ခံရမှုအပြီးတွင် အစွန်းရောက်အကြမ်းဖက်မှု ပြဿနာသည် တစ်ကမ္ဘာလုံး အတိုင်းအတာနှင့် အာရုံစိုက်ခြင်း ခံလာရသည့် ပြဿနာတစ်ရပ် ဖြစ်လာခဲ့သည်။ လူပေါင်း ၃၀၀၀ ကျော် သေဆုံးခဲ့သည့် ကုန်သွယ်ရေးစင်တာ အကြမ်းဖက်မှုအပြီး အမေရိကန်နိုင်ငံက ဦးဆောင်ကာ အကြမ်းဖက်မှု ဆန့်ကျင်ရေးကွန်ရက်များ၊ ဥပဒေများ အလျင်အမြန်ပြုလုပ်ကာ အကြမ်းဖက်ဆန့်ကျင်ရေး စစ်ပွဲများလည်း ဆင်နွှဲခဲ့သည်။ အနောက်နိုင်ငံများက အကြမ်းဖက်မှု တိုက်ဖျက်ရေးအဖြစ် နည်းပညာ၊ ငွေကြေး၊ စစ်အင်အား နည်းလမ်းမျိုးစုံ အသုံးပြုနှိမ်နင်း နေခဲ့သော်လည်း ကမ္ဘာလုံးဆိုင်ရာ အစွန်းရောက် အကြမ်းဖက်မှု အန္တရာယ်သည် လျော့ပါးသွားခြင်းမရှိဘဲ အရှိန်မြင့်တက်လာလျက်သာ ရှိနေခဲ့သည်။ တာလီဘန်များ အဓိကအခြေစိုက်သည့် အာဖဂန်ကို အမေရိကန်တိုက်ပြီး နောက်ပိုင်းတွင် ပုရွက်ဆိတ်အုံတုတ်ဖြင့် ထိုးလိုက်သကဲ့သို့ တစ်ကမ္ဘာလုံးအနှံ့ အကြမ်းဖက်ကွန်ရက် အမြောက်အမြား ပေါ်ထွက်လာခဲ့သည်။ အဆိုပါအစွန်းရောက် အကြမ်းဖက်မှုစစ်ပွဲ၏ ပျံ့နှံ့မှုမှာ စည်းဘောင်များမရှိချေ။ ကမ္ဘာ

ကေအိုင်အေမှ ဖမ်းထားသူများကို မိဘများထံ ဆက်လက်အပ်နှံ အမွန်း| အင်္ဂါနေ့၊ မေလ ၂၀ ရက်...

ကေအိုင်အေမှ ဖမ်းထားသူများကို မိဘများထံ ဆက်လက်အပ်နှံ အမွန်း| အင်္ဂါနေ့၊ မေလ ၂၀ ရက် ၂၀၁၄ ခုနှစ် ကချင်လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ) ဖမ်းဆီးထားသည့် ဒေသခံ တိုင်းရင်းသား ၁၂ ဦးကို မေ လ ၁၈ ရက်က တန်ဖရဲမြစ်ဆုံတွင် ၎င်းတို့၏ မိဘများထံ အခမ်းအနားဖြင့် အပ်နှံလိုက်သည်။ ကေအိုင်အေ တပ်မဟာ(၁)၊ တပ်ရင်း (၄)က မြစ်ဆုံအနီး နေထိုင်သူ အရပ်သား ၃၂ ဦးကို မေလ ၇ ရက် ည ၁၂ နာရီတွင် လည်းကောင်း၊ တိုင်းရင်းသားအချို့ကို မြစ်ကြီးနားမြို့နယ်၊ အာလမ်ကျေးရွာအနီး နေ့လယ်တွင်လည်းကောင်း ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ “သူတို့(ကေအိုင်အေ) ပြောတာက တော့စုဆောင်းထားတဲ့သူတွေ ကုန်သွား ပြီလို့ပြောတယ်”ဟု ကချင်ပြည် နယ်မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်မှ အရာရှိတစ်ဦးက ပြောသည်။ မေလ ၁၂ ရက်မှစတင်ကာ စုစုပေါင်း ၅၂ ဦး ပြန်လည်ပေးအပ်ခဲ့သည်။ ကေအိုင်အေ တပ်မဟာ(၁)တွင် မူးယစ်ဆေးဝါးသုံးသူများ၊ ရောင်းဝယ်သူများအား ဖမ်းဆီးရာတချို့ ရောင်းဝယ်သူများသည် အာလမ်အုပ်စုရှိ ရွာငယ်များတွင် ထွက်ပြေးနေသည့်အတွက် ထိုသူများကို ဖမ်းဆီးရာမှ အစိုးရ၀န်ထမ်းနှစ်ဦးကို ဖမ်းမိခဲ့ကြောင်းလည်း ကေအိုင်အေ ဒု-ဗိုလ်မှူးကြီးတစ်ဦးက ပြောသည်။ from Mizzima - News in Burmese'

မြန်မာ့ဆန် တရုတ်သို့ တရားဝင် တင်ပို့နိုင်ပါက မူဆယ် ဆန်ဈေးကွက် ကျဆင်းမည်ဟုဆို ရ...

မြန်မာ့ဆန် တရုတ်သို့ တရားဝင် တင်ပို့နိုင်ပါက မူဆယ် ဆန်ဈေးကွက် ကျဆင်းမည်ဟုဆို ရန်ကုန်၊ မေ ၁၉ မြန်မာ့ဆန်ကို တရုတ်နိုင်ငံသို့ တရားဝင် တင်ပို့ခွင့် ရရှိမည် ဆိုပါက ပင်လယ်ရေကြောင်းမှ တင်ပို့မှု မြင့်တက်လာပြီး မူဆယ်နယ်စပ် ဆန်ဈေးကွက် ကျဆင်းသွားနိုင်ကြောင်း ပြည်တွင်းဆန်လုပ်ငန်းရှင်များက ပြောကြားသည်။ လက်ရှိအချိန်တွင် မြန်မာ့ဆန်ကို တရုတ်နိုင်ငံက တရားဝင် ဝယ်ယူခြင်း မရှိသော်လည်း တရားဝင် ဝယ်ယူနိုင်ရေးအတွက် နှစ်နိုင်ငံ တာဝန်ရှိသူများ ဆွေးနွေးလျက် ရှိသည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။ မြန်မာ့ဆန်ကို တရုတ်နိုင်ငံသို့ တရားဝင် တင်ပို့ခွင့် ရရှိပါက ပင်လယ်ရေကြောင်းမှ တရုတ်နိုင်ငံသို့ တင်ပို့ခြင်းသည် မြန်မာနိုင်ငံ အောက်ပိုင်းမှ ဆန်များကို ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့မှ တစ်ဆင့် တရုတ်နိုင်ငံအထိ သယ်ဆောင်ရသည့် စရိတ်အောက် လျော့နည်းခြင်းကြောင့် မူဆယ်ဈေးကွက် ကျဆင်းမှု ဖြစ်လာနိုင်သည်ဟု မူဆယ် ဆန်ကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးချမ်းသာဦးက ပြောကြားသည်။ “ကျွန်တော်တို့ကတော့ တရားဝင် ဖြစ်ဖို့ပဲ တောင်းဆိုတယ်။ ဒါမှ ကိုယ့်အခွင့်အရေး ကိုယ်ရမယ်” ဟု ၎င်းကဆိုသည်။ လတ်တလောတွင် မြန်မာ့ဆန်ကို တရုတ်နိုင်င
အဖွဲ့ဝင်သစ်နဲ့ အနုပညာအလုပ်တွေ ဆက်လုပ်သွားမယ် မီအင်မ ဂဲလ် အဖွဲ့ myanmar.mmtimes.com အကြောင်းအမျိုးမျိုးကြောင့် အဖွဲ့ဝင်တွေ တဖြုတ်ဖြုတ်လျော့သွားခဲ့တာမို့ အဖွဲ့သူနှစ်ဦးနဲ့သာ လှုပ်ရှားနေတဲ့ Me N Ma Girls အဖွဲ့ဟာ အခုမေလထဲမှာပဲ အဖွဲ့ဝင်သစ်တစ်ဦးကို ထည့်သွင်း လိုက်တယ်လို့ လက်ရှိအဖွဲ့သူတစ်ဦးဖြစ်တဲ့ အမွန်းက မြန်မာတိုင်း(မ်)ကို ပြောပါတယ်။ from The Myanmar Times's Facebook Wall http://ift.tt/1qQSp6S

#thedailyelevencover

#thedailyelevencover from Eleven Media Group's Facebook Wall http://ift.tt/ScEbxF

ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံများအကြား ပဋိပက္ခ ဖြစ်ပေါ်ခဲ့ပြီးနောက် ဆည်တည်းရွာသားမျာ...

ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံများအကြား ပဋိပက္ခ ဖြစ်ပေါ်ခဲ့ပြီးနောက် ဆည်တည်းရွာသားများက ၀မ်ပေါင်ကုမ္ပဏီမှ တရုတ်ဝန်ထမ်း နှစ်ဦးအား ပြန်လွှတ်ပေး လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရှိ ၀မ်ပေါင်ကုမ္ပဏီမှ တရုတ်နိုင်ငံသား ၀န်ထမ်းနှစ်ဦးအား ဆည်တည်းရွာသားများ ဖမ်းဆီးခဲ့သဖြင့် ရဲတပ်ဖွဲ့နှင့် ဒေသခံများအကြား ပဋိပက္ခများ ဖြစ်ပေါ်ပြီးနောက် မေ ၁၉ ရက် ညနေ ၆ နာရီခန့်တွင် အဆိုပါ ၀န်ထမ်းနှစ်ဦးအား ဒေသခံများမှ ပြန်လည် လွှတ်ပေးခဲ့ကြောင်း သိရသည်။ ထိုသို့ ပြန်လည်လွှတ်ပေးရန်အတွက် ဆည်တည်း-ဇီးတောရွာသစ် ဆက်ဆံရေးရုံးတွင် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံများသည် မေ ၁၉ ရက် မွန်းလွဲပိုင်း တွင် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး မေ ၁၈ ရက် ညပိုင်းတွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခ နှင့်ပတ်သက်၍ ဒေသခံတောင်သူများအား အရေးမယူရန်နှင့် လယ်ယာမြေများတွင် သံဆူးကြိုးခတ်နေခြင်းအား ရပ်ဆိုင်းပေးရန် စသည့်အချက်များအား တောင်းဆိုကာ တရုတ်နိုင်ငံသား ၀န်ထမ်းနှစ်ဦးအား ပြန်လည်လွှတ် ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “လက်ပံတောင်းတောင် ဒေသခံတောင် သူ ၃၇ ဦးရဲ့ ယာခင်းတွေကို သံဆူးကြိုးခတ်တာ ဖြေရှင်းပေးဖို့၊ မိုးဦးကျချိန်မှာ လျော်ကြေးမယူထားတဲ့အခင်းက သူတို့ဘက်က ဘာမှ

ယာဉ်မတော်တဆမှုနှင့် လူသေဆုံးမှု များပြားနေသည့် ရန်ကုန်-မန္တလေး အမြန်လမ်းကို သမ္မတဦး...

ယာဉ်မတော်တဆမှုနှင့် လူသေဆုံးမှု များပြားနေသည့် ရန်ကုန်-မန္တလေး အမြန်လမ်းကို သမ္မတဦးသိန်းစိန် လိုက်လံကြည့်ရှု စစ်ဆေး ယာဉ်မတော်တဆမှုနှင့် လူသေဆုံးမှု များပြားနေသည့် ရန်ကုန်-မန္တလေး အမြန်လမ်းကို သမ္မတဦးသိန်းစိန်က မေ ၁၉ ရက်တွင် လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်း နိုင်ငံပိုင်ရုပ်သံသတင်း ထုတ်လွှင့်မှုအရ သိရသည်။ သမ္မတဦးသိန်းစိန်သည် လမ်း၊ တံတားများ ကြံ့ခိုင်မှုအခြေအနေကို လိုက်လံစစ်ဆေးခဲ့ခြင်းဖြစ်ပြီး မိုင်တိုင်အမှတ် ၁၁၉/၂ တွင် ဆောက်လုပ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်လွင်က အမြန်လမ်းပြုပြင် ထိန်းသိမ်းနေမှုနှင့် အဆင့်မြှင့်တင်မှု အခြေအနေများကို ရှင်းလင်းခဲ့ကြောင်း သိရသည်။ ထို့နောက် သမ္မတဦးသိန်းစိန်သည် မိုင်တိုင်အမှတ် ၁၃၈/၂ ရှိ တံတားအား ရှစ်လမ်းသွားတံတားအဖြစ် တိုးချဲ့နေမှုအခြေအနေ၊ မိုင်တိုင်အမှတ် ၁၄၅/၂ ရှိ တံတားအား ရှစ်လမ်းသွားတံတားအဖြစ် တိုးချဲ့ရန် ပြင်ဆင်နေမှုအခြေအနေ၊ မိုင်တိုင်အမှတ် ၁၈၅/၁ တွင် ကတ္တရာခင်းပြီး လမ်းကြံ့ခိုင်မှုမြှင့်တင်နေခြင်း အခြေအနေ၊ မိုင်တိုင်အမှတ် ၁၉၇/၅ ရှိ မီးရထားလမ်း ခုံးကျော်တံတား အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ သမ္မတက အမြန်လမ်းကို မူလရည်မှန်းချက်အတိုင်း ရှစ်လမ်းသွားအ

ပြည်ထောင်စုအစိုးရ ရခိုင်ပြည်နယ်အတွက် တိကျသော အစီအစဉ် ချမပြနိုင်ဟု ဝေဖန် ကေဇူး|...

ပြည်ထောင်စုအစိုးရ ရခိုင်ပြည်နယ်အတွက် တိကျသော အစီအစဉ် ချမပြနိုင်ဟု ဝေဖန် ကေဇူး| အင်္ဂါနေ့၊ မေလ ၂၀ ရက် ၂၀၁၄ ခုနှစ် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးအတွက် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌ၊ ဒု-သမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ရခိုင်ပြည်နယ်သို့ ရောက်ရှိခဲ့သော်လည်း ပဋိပက္ခကို ဖြေရှင်းနိုင်သည့် တိကျသောအစီအစဉ်များ ချပြခြင်းမရှိခဲ့ဟု ၎င်းနှင့် တွေ့ဆုံဆွေးနွေးခဲ့သူများက မေလ ၁၉ ရက်တွင် မဇ္ဈိမကို ပြောသည်။ ဒု-သမ္မတသည် ရခိုင်ပြည်နယ် တာဝန်ရှိသူများနှင့် ဒေသတည်ငြိမ်အေးချမ်းရေးအတွက် မေ လ ၁၈ ရက်က စစ်တွေမြို့၊ အစိုးရရုံးတွင် ဆွေးနွေးခဲ့သည်။ “ဒေသတည်ငြိမ်ရေးအတွက် လာတယ်လို့ ပြောပေမယ့် အစိုးရကိုယ်တိုင် တိကျတဲ့ အစီအစဉ်တစ်ခုခု ထုတ်မပြနိုင်ဘူး”ဟု ဒု-သမ္မတနှင့်တွေ့ဆုံခဲ့သူ ရခိုင်ပြည်နယ် အရေးပေါ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ဝင် ဦးဦး သာပွင့်က မဇ္ဈိမကို ပြောသည်။ ဒု-သမ္မတသည် ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ မြို့မိမြို့ဖများ၊ အရေးပေါ် ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့များ၊NGO အဖွဲ့များနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ “တရားဥပဒေစိုးမိုးဖို့ အဓိကလိုတယ် ပြည်သူတွေက ပူးပေါင်းပါဝင်ဖို့ တိုက်တွန်း သွားပါတယ်။ အစိုးရ အနေနဲ့ ဖြေရှင်းမယ့်

ကျူးကျော် အင်န်အယ်လ်ဒီရုံးနှင့် နေအိမ်များ ဖယ်ရှားခိုင်း ရေခဲ(ပြည်)| အင်္ဂါနေ့၊ေ...

ကျူးကျော် အင်န်အယ်လ်ဒီရုံးနှင့် နေအိမ်များ ဖယ်ရှားခိုင်း ရေခဲ(ပြည်)| အင်္ဂါနေ့၊ မေလ ၂၀ ရက် ၂၀၁၄ ခုနှစ် စက်မှုဇုန် ပိုလျှံလယ်ယာမြေများအပေါ် ကျူးကျော်ထားသည့် ပဲခူးတိုင်း၊ ပြည်မြို့၊ န၀ဒေးရပ်ကွက်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးအပါအ၀င် နေအိမ် ၂၇ လုံးကို မူလတောင်သူများက ပြန်လည်တောင်းဆိုနေသည့်အတွက် ဖယ်ရှားခိုင်းထားကြောင်း အင်န်အယ်လ်ဒီ (ပြည်-န၀ဒေး) ရပ်ကျေးကော်မတီဝင် ဒေါ်ခင်မာနီက ပြောသည်။ “မေဒေးနေ့ ရုံးဖွင့်တဲ့ရက်တုန်းက ရပ်ကွက်လူကြီးနဲ့ လူတစ်ယောက် လာပြောတယ်။ ဒီရုံးကို ဖွင့်ခွင့်မပေးဘူး။ ဒီနေရာ ပိုင်ရှင်ပေါ်လာပြီလို့” ဟု ၎င်းင်းကဆိုသည်။လက်ရှိတွင် ပြည်အင်န်အယ်လ်ဒီ အဖွဲ့က န၀ဒေးရပ်ကွက်၊ အောင်ကမ္ဘာ သစ်စက်လမ်းမှ နေအိမ် ၂၄ လုံးနှင့် န၀ဒေးပွဲရုံလမ်းမှ နေအိမ် သုံးလုံးကို ကျူးကျော်နေအိမ်များအဖြစ် စာရင်းပြုစုကာ ဓာတ်ပုံမှတ်တမ်းများရိုက်ယူ၍ ခရိုင်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ တင်ပြထားသည်။ ကျူးကျော်အိမ်အများစုသည် လွန်ခဲ့သည့် ၁၀ နှစ်ကျော်ကပင် ၀င်ရောက်နေ ထိုင်ခဲ့ခြင်းဖြစ်ပြီး အိမ်များ စတင်ဆောက် လုပ်စဉ်က ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့သို့ တစ်အိမ်လျှင် ကျပ် ၅,၀၀၀ ပေးသွင်းရပြီး ပြန်လည်ပြုပြင်လိုပါက တစ်အိမ် ကျပ် ၁၀

ဓားစာခံခေါ်ထားသည့် တရုတ် နိုင်ငံသားများကို ပြန်လွှတ်ပေးပြီ ကိုတိုးကြီး| အင်္ဂါနေ့၊...

ဓားစာခံခေါ်ထားသည့် တရုတ် နိုင်ငံသားများကို ပြန်လွှတ်ပေးပြီ ကိုတိုးကြီး| အင်္ဂါနေ့၊ မေလ ၂၀ ရက် ၂၀၁၄ ခုနှစ် လက်ပံတောင်း ဒေသခံများက ၂၄ နာရီကျော်ကြာ ထိန်းသိမ်းထားသည့် တရုတ်နိုင်ငံသားနှစ်ဦးကို မေလ ၁၉ ရက် ညနေပိုင်းတွင် ပြန်လွှတ်ပေးလိုက်သည်။ သို့သော် နိုင်ငံခြားသားများကို ၂၄ နာရီကျော် ထိန်းသိမ်းထားသည်ဆိုကာ ဓားစာခံ ခေါ်ယူမှုဖြင့် အမှုဖွင့် အရေးယူသွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်း ဥပဒေချုပ်ရုံးမှ ဥပဒေအရာရှိက ပြောသည်။ “ဒေသခံငါးဦးကို အမှုဖွင့်အရေးယူ ထားပါတယ်။ သူတို့ရဲ့အမှုတွေကိုလည်း ဖြေလျော့တဲ့အနေနဲ့ နေ့ချင်းပြီး တရားစွဲ ဆိုလို့ ပြီးပြတ်အောင် ဆောင်ရွက်ပေးသွား မှာပါ”ဟု ၎င်းကပြောသည်။ အဆိုပါ တရုတ်နိုင်ငံသားနှစ်ဦးကို စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းစီမံကိန်းဒေသရှိ ဆည်တည်း ရွာဟောင်းကျေးရွာတွင် မေလ ၁၈ ရက် နံနက်ပိုင်း၌ ထိန်းသိမ်းလိုက်ခြင်းဖြစ်သည်။ “တရုတ်နိုင်ငံသားနှစ်ဦးကို အခုပဲ ပြန်လည်ခေါ်ဆောင်ခဲ့ပါတယ်။ နှစ်ဦးစလုံး ကျန်းမာရေး ကောင်းမွန်လျက်ရှိပါတယ်။ဒေသခံရွာသားတွေက သူတို့နှစ်ဦးအပေါ် ညှဉ်းပန်းနှိပ်စက်တာ။ အနိုင်အထက် ပြုကျင့်တာ ဘာတစ်ခုမှ မရှိခဲ့ပါဘူး” ဟု ရဲမှူးကြီးနေထွန်းက မေ ၁၉ ရက် ညနေ ပိုင်းတွင်

တစ်ကျပ်ခွဲတိုးဖြင့် ကျပ်သန်းပေါင်း ငါးသောင်း သမ၀ါယမ ထုတ်ချေးပေးမည် ဇာနည်အောင်၊...

တစ်ကျပ်ခွဲတိုးဖြင့် ကျပ်သန်းပေါင်း ငါးသောင်း သမ၀ါယမ ထုတ်ချေးပေးမည် ဇာနည်အောင်၊ လပြည့်ဝန်း| အင်္ဂါနေ့၊ မေလ ၂၀ ရက် ၂၀၁၄ ခုနှစ် ယခုနှစ် မိုးရာသီလုပ်ငန်းစရိတ် ချေးငွေမှ ကျပ်သန်းပေါင်း ငါးသောင်းကို တစ်ကျပ်ခွဲတိုးဖြင့် စတင်ချေးပေးသွားမည်ဖြစ်ကြောင်း သမ၀ါယမ၀န်ကြီးဦးကျော်ဆန်းက မေလ ၁၉ ရက်က သုဝဏ္ဏမိုးလုံလေလုံ ပြုလုပ်သည့် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘ၀မြှင့်တင်ရေး အခမ်းအနားတွင် ပြောကြားသည်။ ယခင်နှစ်များက အတိုးနှုန်း နှစ်ကျပ်ခွဲ ယူခဲ့သော်လည်း ယခု မိုးရာသီလုပ်ငန်း စရိတ်ချေးငွေမှ စတင်ကာ အတိုးနှုန်း တစ်ကျပ်လျှော့ချလိုက်ခြင်းဖြစ်သည်။ ယင်းသို့လျှော့ချလိုက်ခြင်းသည် မူလ ချေးထားသည့် တရုတ်နိုင်ငံချေးငွေ၏ အတိုးနှုန်းမှာ တစ်နှစ်လျှင် လေးကျပ်ခွဲနှုန်းသာ ရှိသည့်အတွက်ဖြစ်သည်။ ယင်းမှာ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် နိုင်ငံခြားချေးငွေများရယူ၍ လုပ်ဆောင်သည့် လုပ်နည်းလုပ်ဟန်တစ်ခုသာ ဖြစ်သည်ဟု စီးပွားရေးပညာရှင် ဦးလှမောင်က ထောက်ပြပြောဆိုသည်။ “ချေးငွေပမာဏ ထိရောက်မှုရှိဖို့လိုတယ်။ နောက်ပြီး ချေးငွေမအောင်မြင်တဲ့၊ ပြန်မဆပ်တဲ့ ကိစ္စတွေကို သမကဘယ်လို ကျော်လွှားမလဲဆိုတာ အရေးကြီးတယ်။ချေးငွေတာဝန်ယူရတဲ့သူတွေရဲ့ အရည်အချင်း လို အပ်တယ

ရန်ကုန်မြို့အတွင်း ရေကြီးရေလျှံမှုများ စည်ပင်မဖြေရှင်းနိုင် နန်းမြင့်| အင်္ဂါနေ့၊...

ရန်ကုန်မြို့အတွင်း ရေကြီးရေလျှံမှုများ စည်ပင်မဖြေရှင်းနိုင် နန်းမြင့်| အင်္ဂါနေ့၊ မေလ ၂၀ ရက် ၂၀၁၄ ခုနှစ် ယခုရက်ပိုင်းအတွင်း မိုးရေချိန်အနည်းငယ်သာရွာသွန်းခဲ့သော်လည်း ရန်ကုန်မြို့အတွင်းရှိ လမ်းမများတွင် ရေကြီး ရေလျှံမှုများ အလွန်အကျွံဖြစ်ပေါ်ကာ ခရီးသွားပြည်သူများ အခက်အခဲဖြစ်ခဲ့ရပြီး ရန်ကုန်မြို့တော် စည်ပင်ကမူ လက်တွေ့ကျကျ ဖြေရှင်းနိုင်ခြင်းမရှိသည်ကို တွေ့ရသည်။ စည်ပင်၏ ပြောဆိုချက်များအရ ၀န်ထမ်း ၈၀၀ အသုံးပြုကာ ရေကြီးရေလျှံမှုများကြောင့် ဖြစ်ပေါ်လာသည့် နှုန်းတင်မှုများ၊ လမ်းမပေါ်အမှိုက်များရောက်မှုများကို ဖြေရှင်းနေသည်ဟုဆိုသော်လည်း အဆိုပါပမာဏမှာ ရေကြီးရေလျှံမှုဖြစ်နေသည့် နေရာများနှင့်ယှဉ်လျှင် အလွန်နည်းပါးသည့် အရေအတွက်ဖြစ်သည်။ လမ်းနှင့်တံတားဌာနမှ ဒုတိယဌာနမှူး ဦးစိုးသိန်းအောင်က “ရေလျှံတာက ဒီရေတက်တဲ့အချိန်နဲ့ မိုးများများ ရွာတဲ့အခါ ရေလျှံတယ်။ မြောင်းထဲမှာ အမှိုက်ရှိလို့ ရေလျှံတာ မဟုတ်ဘူး။ မနေ့ကလို မိုးရွာ တာမျိုးဆိုရင် နှစ်နာရီလောက် ရွာလိုက်တော့ ဒီရေတက်တဲ့အချိန်နဲ့ ထောက်နေတော့ ရေမဆင်းနိုင်လို့လျှံ တာပဲရှိတယ်”ဟု ပြောသည်။ ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရန်စည်ပင်မှ ရေမြောင်းများ ရှင်းလင်းခြင်းကို ဇန်န၀ါရီကတည်းက

အလှအပတစ်ခု အတွက်နဲ့ ကျန်းမာရေးကိုတော့ အထိအခိုက်မခံသင့် ပါဘူးဆိုတဲ့ နီနီခင်ဇော်

ဒီတစ်ပတ် အနုပညာရှင် များရဲ့ ကျန်းမာရေးကဏ္ဍ မှာ ဖော်ပြပေးချင်တဲ့ အနုပညာရှင် ကတော့ နီနီခင်ဇော် ပဲ ဖြစ်ပါတယ်။ သူမက အလှအပ နဲ့ ကျန်းမာရေး ကို ဘယ်လို ထိန်းသိမ်း သင့်ကြောင်း ယခုလို ပြောပြ ခဲ့ပါတယ်။ နီနီ၏ ကျန်းမာရေး စောင့်ရှောက်မှု နီနီကတော့ အခုနောက်ပိုင်း မှာ ကျန်းမာရေး ကိုတော့ စောင့်ရှောက်တယ်။ အသားအရေ ကိုတော့ မစောင့်ရှောက် ဖြစ်ဘူး။ သနပ်ခါးတွေ ၊ Lotion တွေလည်း မလိမ်းဖြစ်ဘူး။ ပူလို့ပါ။ ဒါပေမဲ့ နီနီ အပြင်ထွက်တဲ့ အခါမှာ နေကာ မျက်မှန် တပ်တယ်။ နေရောင်ခြည် တွေက အရမ်းကို UV တွေများလို့ မျက်လုံးကို ကာကွယ်တဲ့ အနေနဲ့ မျက်မှန် တပ်တာပါ။ အပြင်သွားတဲ့ အခါမှာ ထီးကို ဆောင်းတယ်။ အဲဒီလိုတော့ လုပ်ဖြစ်တယ်။ Body Weight ကို ထိန်းတဲ့ အနေနဲ့ ကတော့ နီနီ အမြဲတမ်း ကိုယ်လက် လှုပ်ရှား ကစား ဖြစ်တယ်။ သက်လုံကောင်းဖို့ အတွက် ပြေးတာ ကောင်းပါတယ်။ ပရိသတ်အတွက် ကျန်းမာရေး စကား အခု နောက်ပိုင်း အလှအပ အတွက်နဲ့ ကျန်းမာရေး ကို ထိခိုက်ခံပြီး လုပ်နေတာတွေ ကို ကြားနေရတယ်။ ပြည်ပကနေ လိုင်စင် မရှိဘဲနဲ့ ၀င်လာတဲ့ အလှပြင် ပစ္စည်းတွေ ၊ ဆေးတွေပေါ့။ အသားအရေ လှစေတဲ့ ဆေးတွေ ၊ အသားကို တင်းစေတဲ့ ဆေးတွေ ၊ အသားဖြူ စေတဲ့ ဆေးတွေ ၀င်လာတာ တွေရှိပါတယ်။ လိုင်စင် ရ

သမ္မတဦးသိန်းစိန် အမြန်လမ်းကို ပထမဆုံးအကြိမ် ကွင်းဆင်းစစ်ဆေး ---------- ယာဉ်မတော်...

သမ္မတဦးသိန်းစိန် အမြန်လမ်းကို ပထမဆုံးအကြိမ် ကွင်းဆင်းစစ်ဆေး ---------- ယာဉ်မတော်တဆမှု များကြောင့် ခြောက်နှစ်အတွင်း လူပေါင်း ၃၈၀ ဦး သေဆုံးပြီး နောက် ရန်ကုန်-နေပြည်တော် အမြန်လမ်း၏ ကြံ့ခိုင်မှုအခြေ အနေကို ပြန်လည်ပြုပြင်ရန် နိုင်ငံ တော်သမ္မတ ဦးသိန်းစိန်ကိုယ် တိုင် မေလ ၁၉ရက်က ပထမဆုံး အကြိမ်ကွင်းဆင်းစစ်ဆေးသည်။ သတင်းအပြည့်အစုံ... http://ift.tt/1vvOfkE သမ္မတဦးသိန်းစိန် အမြန်လမ်းကို ပထမဆုံးအကြိမ် ကွင်းဆင်းစစ်ဆေး 7daydaily.com ယာဉ်မတော်တဆမှု များကြောင့် ခြောက်နှစ်အတွင်း လူပေါင်း ၃၈၀ ဦး သေဆုံးပြီး နောက် ရန်ကုန်-နေပြည်တော် အမြန်လမ်း၏ ကြံ့ခိုင်မှုအခြေ အနေကို ပြန်လည်ပြုပြင်ရန် နိုင်ငံ တော်သမ္မတ ဦးသိန်းစိန်ကိုယ် တိုင် မေလ ၁၉ရက်က ပထမဆုံး အကြိမ်ကွင်းဆင်းစစ်ဆေးသည်။ အဆိုပါ လမ်းပိုင်းတစ် လျှောက်ရှိ တံတားများကို မူလ စီမံကိန်း ရည်မှန်… from 7Day News Journal's Facebook Wall http://ift.tt/1vvOdJn

ဝေဖန်မှုများရှိသော်လည်း တရုတ် ပို့ကုန်သွင်းကုန်ဘဏ်မှ ဒေါ်လာ သန်း ၇၀၀ ချေးမည်ဟု သမ၀...

ဝေဖန်မှုများရှိသော်လည်း တရုတ် ပို့ကုန်သွင်းကုန်ဘဏ်မှ ဒေါ်လာ သန်း ၇၀၀ ချေးမည်ဟု သမ၀န်ကြီးပြော ------------ ဝေဖန်မှုများစွာရှိနေ သော်လည်း အများပြည်သူအား ပြန်လည်ချေးငှားပေးရန်အတွက် အတိုးနှုန်း ၄ ဒသမ ၅ ရာခိုင်နှုန်း ဖြင့် တရုတ်ပို့ကုန်သွင်းကုန်ဘဏ် (Exim Bank)မှ ချေးငွေကန်ဒေါ် လာ သန်း ၇၀၀ ရယူမည်ဖြစ် ကြောင်း သမ၀ါယမ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော် ဆန်းက ပြောကြားသည်။ သတင်းအပြည့်အစုံ... http://ift.tt/1vvOf4b ဝေဖန်မှုများရှိသော်လည်း တရုတ် ပို့ကုန်သွင်းကုန်ဘဏ်မှ ဒေါ်လာ သန်း ၇၀၀ ချေးမည်ဟု သမ၀န်ကြ� 7daydaily.com ဝေဖန်မှုများစွာရှိနေ သော်လည်း အများပြည်သူအား ပြန်လည်ချေးငှားပေးရန်အတွက် အတိုးနှုန်း ၄ ဒသမ ၅ ရာခိုင်နှုန်း ဖြင့် တရုတ်ပို့ကုန်သွင်းကုန်ဘဏ် (Exim Bank)မှ ချေးငွေကန်ဒေါ် လာ သန်း ၇၀၀ ရယူမည်ဖြစ် ကြောင်း သမ၀ါယမ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော် ဆန်းက ပြောကြားသည်။ ‘‘တရုတ် Exim ဘဏ်က ပထမအရစ်အနေနဲ့ သန်း ၁၀၀… from 7Day News Journal's Facebook Wall http://ift.tt/1vvOf4d

ကူးတို့သင်္ဘော နစ်မြုပ်မှုတွင် တာဝန် ပျက်ကွက်ခဲ့သည့် ကမ်းခြေစောင့်တပ်ကို ဖျက်သိမ်းမ...

ကူးတို့သင်္ဘော နစ်မြုပ်မှုတွင် တာဝန် ပျက်ကွက်ခဲ့သည့် ကမ်းခြေစောင့်တပ်ကို ဖျက်သိမ်းမည်ဟု ပတ်ဂွမ်ဟီး ကြေညာ ဆိုးလ်၊ မေ ၁၉ တောင်ကိုရီးယားနိုင်ငံတွင် ပြီးခဲ့သည့် ဧပြီလအတွင်း ဖြစ်ပေါ်ခဲ့သော ကူးတို့သင်္ဘော နစ်မြုပ်မှုကြောင့် လူပေါင်း ၃၀၀ နီးပါးခန့် သေဆုံးခဲ့ရမှုနှင့် ပတ်သက်၍ သမ္မတ ပတ်ဂွမ်ဟီးက ပြည်သူများကို ဝမ်းနည်းကြေကွဲစွာ တောင်းပန်ခဲ့ပြီး ယင်းဖြစ်ရပ်တွင် ကယ်ဆယ်ရေးအတွက် အဓိက တာဝန်ရှိသော ကမ်းခြေစောင့် တပ်ဖွဲ့ကို ဖျက်သိမ်းပစ်မည်ဟု အသိပေး ပြောဆိုလိုက်ကြောင်း CNN သတင်းဌာနက ရေးသားဖော်ပြသည်။ “ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်နဲ့ လုံခြုံရေးအတွက် တာဝန်ရှိတဲ့ သမ္မတတစ်ယောက် အနေနဲ့ ထိခိုက် ခံစားနေရတဲ့ ပြည်တွေကို အနူးအညွတ် တောင်းပန်အပ်ပါတယ်။ သင်္ဘောနစ်မြုပ်မှုကို ကောင်းမွန်စွာ တုံ့ပြန်ဆောင်ရွက် ပေးနိုင်မှု မရှိတဲ့ကိစ္စဟာ ကျွန်မရဲ့ နောက်ဆုံး တာဝန်ပါ” ဟု မစ္စပတ်ဂွမ်ဟီးက ပြောကြားသည်။ Sewol ဟု အမည်ရသည့် ကူးတို့သင်္ဘောသည် ပြီးခဲ့သည့် ဧပြီလ ၁၆ ရက်နေ့တွင် ဂျေဂျူးကျွန်းသို့ ခုတ်မောင်းသွားစဉ် တိမ်းမှောက်နစ်မြုပ်ခဲ့ရာ လူပေါင်း ၃၀၄ ဦးကျော်ခန့် သေဆုံး သို့မဟုတ် ပျောက်ဆုံးခဲ့သည်။ ယင်းသင်္ဘောပေါ်တွင် လိုက်ပါသွားသူ အများစုမှာ လေ့လာရေးခရ

ယူနတီဂျာနယ်အမှု၌ နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေဖြင့် စွဲချက်တင်သင့်၊ မတင်သင့်...

ယူနတီဂျာနယ်အမှု၌ နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေဖြင့် စွဲချက်တင်သင့်၊ မတင်သင့် နှစ်ဖက်ရှေ့နေများ လျှောက်လဲ ပေါက်မြို့နယ်အတွင်း တည်ဆောက်လျက်ရှိသော အမှတ် (၂၄) ကာကွယ်ရေးပစ္စည်းစက်ရုံ သတင်းရေးသားဖော်ပြမှုကြောင့် နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေဖောက်ဖျက်မှုဖြင့် ဖမ်းဆီးတရားစွဲခံထားရသော ယူနတီအမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက်လေးဦးတို့အမှု ယခုလ ၁၉ ရက် (၁၀) ကြိမ်မြောက်ရုံးချိန်း ပထမနေ့တွင် လက်ရှိစွဲဆိုထားသောပုဒ်မဖြင့် စွဲချက်တင်သင့်၊ မသင့် နှစ်ဖက်ရှေ့နေများ လျှောက်လဲချက်အပြီး ပခုက္ကူခရိုင်တရားသူကြီးက ၂၀ ရက်ရုံးချိန်းမှသာ ဆုံးဖြတ်မည်ဖြစ်ကြောင်း သိရသည်။ ယခင် မေ ၆ ရက်ရုံးချိန်တွင်မူ ယခုလ ၁၉ ရက် ရုံးချိန်းနှစ်ဖက်လျှောက်လဲချက်များအား ကြားနာပြီးက စွဲချက်တင်သင့်၊ မတင်သင့် ဆုံးဖြတ်ပေးမည်ဟု ခရိုင်တရားသူကြီးမှ ပြောကြားထားသော်လည်း နှစ်ဖက်ရှေ့နေများ လျှောက်လဲပြီးချိန်တွင် ဥပဒေအရ အချိန်ယူစဉ်းစားရမည့် အချက်များများစွာ ပါဝင်နေသည့်အတွက် ၂၀ ရက် ရုံးချိန်းရောက်မှသာ ဆုံးဖြတ်ရန် ရွှေ့ဆိုင်းခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။ ခရိုင်ဥပဒေအရာရှိ မှ ၂၅.၁.၂၀၁၄ ရက်ထုတ် ယူနတီဂျာနယ်တွင် က.ပ.စ ၂၄ စက်ရုံအား လျှို့ဝှက်ဓာတုလက်နက်စက

သမိုင်းဝင်ဝန်ကြီးများရုံးကို အနော်မာအနုပညာအဖွဲ့က မြေအသုံးချမှု ပရီမီယံကြေးပေးရန်မ...

သမိုင်းဝင်ဝန်ကြီးများရုံးကို အနော်မာအနုပညာအဖွဲ့က မြေအသုံးချမှု ပရီမီယံကြေးပေးရန်မလိုဘဲ နှစ် ၃၀ လုပ်ခွင့်ရပြီး တင်ဒါပြိုင်စဉ်ကမပါသော ၀န်ဆောင်မှုလုပ်ငန်းများ ထပ်မံထည့်သွင်းလုပ်ကိုင်ရန် စီစဉ်နေ ၁၆ ဧကနီးပါးကျယ်ဝန်းသော မြန်မာနိုင်ငံ၏ အထင်ကရ၀န်ကြီးများရုံးနှင့် မြေကို မြေအသုံးချမှု ပရီမီယံကြေးပေးရန်မလိုဘဲ အနော်မာအနုပညာအဖွဲ့မှ နှစ် ၃၀ အထိ လုပ်ကိုင်ခွင့်ရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်က ကျင်းပသည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ၆/၂၀၁၂ ကြိမ်မြောက်အစည်းအဝေးတွင် ၀န်ကြီးများရုံးကို ပြတိုက်အသွင်ဖြင့် ဆောင်ရွက်ရန် တင်ဒါတင်သွင်းသည့် အဖွဲ့လေးဖွဲ့ထဲမှ အနော်မာအနုပညာအဖွဲ့အား ရွေးချယ်ခဲ့ကြောင်း၊ အဆိုပြုရာတွင်လည်း မြေအသုံးချမှု ပရီမီယံကြေး ပေးသွင်းမည့်ကိစ္စ မပါကြောင်း၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေဖြင့် စတင်ရွေးချယ်စဉ်က သမိုင်းဝင်အဆောက်အအုံကို ထိန်းသိမ်းရန်အဓိကဖြစ်ပြီး လစ်လပ်မြေပေါ်တွင် အဆောက်အအုံများ ဆောက်လုပ်ခွင့်ပြုမည်မဟုတ်သဖြင့် မြေအသုံးချမှု ပရီမီယံကြေးကို တောင်းခံခြင်းမပြုခဲ့ကြောင်း သိရသည်။ အနော်မာအနုပညာအဖွဲ့မှ စတင်အဆိုပြုစဉ်က ၀န်ကြီးများရုံးအား ပြတိုက

မာရှယ်လောထုတ်ပြန်ပြီးနောက် ဘန်ကောက်မြို့၌ စက်သေနတ်တပ်ဆင်ထားသော ဂျစ်ကားနှင့်အတူ စ...

မာရှယ်လောထုတ်ပြန်ပြီးနောက် ဘန်ကောက်မြို့၌ စက်သေနတ်တပ်ဆင်ထားသော ဂျစ်ကားနှင့်အတူ စစ်သားများကို မေ ၂၀ ရက်ကတွေ့ရစဉ် (Photo:AFP) နိုင်ငံတွင်းမငြိမ်သက်မှုများကိုနှိမ်နင်းရန်ထိုင်းစစ်တပ်မှမာရှယ်လော from Eleven Media Group's Facebook Wall http://ift.tt/1o9o66Y

ဘန်ကောက်မြို့၌ စက်သေနတ်တပ်ဆင်ထားသော ဂျစ်ကား၏ ဘေးမှ ပြည်သူတစ်ဦး ဖြတ်သွားသည်ကို...

ဘန်ကောက်မြို့၌ စက်သေနတ်တပ်ဆင်ထားသော ဂျစ်ကား၏ ဘေးမှ ပြည်သူတစ်ဦး ဖြတ်သွားသည်ကို မေ ၂၀ ရက်က တွေ့ရစဉ် (Photo:AFP) နိုင်ငံတွင်းမငြိမ်သက်မှုများကိုနှိမ်နင်းရန်ထိုင်းစစ်တပ်မှမာရှယ်လော from Eleven Media Group's Facebook Wall http://ift.tt/1o0Grp4

မာရှယ်လောထုတ်ပြန်ပြီးနောက် အစိုးရပြည်သူ့ဆက်သွယ်ရေးဌာန၏ အပြင်ဘက်တွင် စစ်သားများစေ...

မာရှယ်လောထုတ်ပြန်ပြီးနောက် အစိုးရပြည်သူ့ဆက်သွယ်ရေးဌာန၏ အပြင်ဘက်တွင် စစ်သားများစောင့်ကြပ်နေသည်ကို မေ ၂၀ ရက်က တွေ့ရစဉ် (Photo:AFP) နိုင်ငံတွင်းမငြိမ်သက်မှုများကိုနှိမ်နင်းရန်ထိုင်းစစ်တပ်မှမာရှယ်လော from Eleven Media Group's Facebook Wall http://ift.tt/1o9o7rj

ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ပြည်သူများ လက်မှတ်ရေးထိုး ဆန္ဒပြုနိုင်ရန် စာအုပ်များ NLD က တ...

ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ပြည်သူများ လက်မှတ်ရေးထိုး ဆန္ဒပြုနိုင်ရန် စာအုပ်များ NLD က တစ်နိုင်ငံလုံးသို့ စတင်ဖြန့်ဝေ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ပြည်သူများ လက်မှတ်ရေးထိုး ဆန္ဒပြုနိုင်သည့် ပုံစံတူစာအုပ်များကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ရုံးချုပ်မှ NLD မြို့နယ်ရုံးများသို့ စတင်ဖြန့်ဝေ နေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဥာဏ်ဝင်းက မေ ၁၉ ရက်က ပြောကြားသည်။ ခက်ခဲတင်းကျပ်သည့် ဥပဒေပြန်ဋ္ဌာန်းချက်များ ပါဝင်သောဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်း အခန်း ၁၂မှ ပုဒ်မ ၄၃၆ အား ပြင်ဆင်ရေးအတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်း၍ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲများကို မေ ၁၇ ရက်နှင့် ၁၈ ရက်များတွင် ရန်ကုန်နှင့် မန္တလေးမြို့များ၌ ပြုလုပ်ခဲ့ပြီး ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ပြည်သူများ လက်မှတ်ရေးထိုး လှုပ်ရှားမှုကို မေ ၂၇ ရက်မှ ဇူလိုင် ၁၉ ရက် အထိ တစ်နိုင်ငံလုံးတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ NLD ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက “လက်မှတ်ရေးထိုး လှုပ်ရှားမှုက ဆန္ဒပြုနိုင်တဲ့ ပြည်သူေ

မျိုးစောင့်ဥပဒေများကို ကန့်ကွက်သည့် အဖွဲ့များက သမ္မတနှင့် ဥပဒေပြုရေး သက်ဆိုင်ရာ အ...

မျိုးစောင့်ဥပဒေများကို ကန့်ကွက်သည့် အဖွဲ့များက သမ္မတနှင့် ဥပဒေပြုရေး သက်ဆိုင်ရာ အဖွဲ့အစည်းများကို တွေ့ခွင့်တောင်း မျိုးစောင့်ဥပဒေများကို ကန့်ကွက်သည့် အဖွဲ့အစည်းများက သမ္မတဦးသိန်းစိန်၊ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းနှင့် ဥပဒေပြုရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများထံ တွေ့ဆုံခွင့် တောင်းထားကြောင်း သိရသည်။ ယင်းကဲ့သို့ တွေ့ဆုံခွင့်တောင်းသည့် စာကို မေ ၁၄ ရက်ကတည်းက ပေးပို့ထားခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ မည်သည့်ထံကမျှ အကြောင်းပြန်ကြားခြင်း မရှိသေးကြောင်း ကန့်ကွက်သည့် အဖွဲ့များတွင် ပါဝင်သည့် ကချင်အမျိုးသမီးများ ငြိမ်းချမ်းရေး ကွန်ရက်မှ ညှိနှိုင်းရေးမှူး မမေစံပယ်ဖြူက ပြောကြားသည်။ မျိုးစောင့်ဥပဒေကြမ်း ရေးဆွဲရန် ပြင်ဆင်နေမှုအပေါ် အမျိုးသမီး အဖွဲ့များနှင့် အရပ်ဘက်လူမှု အဖွဲ့အစည်းများက ထုတ်ပြန်အသိပေးအ ကြံပြုချက် တစ်စောင်လည်း ထုတ်ပြန်ထားပြီး တွေ့ဆုံခွင့် တောင်းခံရာတွင် ယင်းအဆိုပြုချက်ကိုပါ ပူးတွဲတင်ပြထားကြောင်း သိရသည်။ စာပို့တွေ့ဆုံခွင့် တောင်းခံထားသည့်သူများမှာ သမ္မတဦးသိန်းစိန်၊ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း၊ ဥပဒေကြမ်းရေးဆွဲရေး ကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုရှေ့နေချုပ်ရုံး ဒုတိယရှေ့နေချုပ် ဦး

လူးဝစ်ဗန်ဟားလ်ကို မန်ယူအသင်း (၃)နှစ်စာချုပ်ဖြင့် ခန့်အပ်၊ မန်ယူအသင်း၏ ပထမဆုံးသော ဗြိတိန်ပြင်ပနည်းပြ ဖြစ်လာခဲ့ပြီး ကစားသမားဘ၀မှ အနားယူလိုက်သည့် ရိုင်ယန်ဂစ် လက်ထောက်နည်းပြဖြစ်မည်

မန်ယူအသင်းတွင် ဆုံတွေ့ရမည့် ဟော်လန်တိုက်စစ်မှူး ဗန်ပါစီနှင့် နည်းပြသစ် လူးဝစ်ဗန်ဟားလ် (Photo:AFP) မန်ယူအသင်းသည် ဟော်လန်လက်ရွေးစင်အသင်း၏ နည်းပြ လူးဝစ်ဗန်ဟားလ်ကို နည်းပြသစ်အဖြစ် (၃)နှစ်စာချုပ်ဖြင့် ခန့်အပ်လိုက်ပြီဖြစ်ကြောင်း သိရှိရသည်။ လူးဝစ်ဗန်ဟားလ်သည် လက်ရှိအချိန်တွင် ဟော်လန်လက်ရွေးစင် အသင်းနည်းပြအဖြစ် ဆောင်ရွက်နေပြီး လာမည့် ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဆင်နွှဲရမည်ဖြစ်သော်လည်း ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး စာချုပ်သက်တမ်း ကုန်ဆုံးချိန်တွင် လမ်းခွဲမည်ဖြစ်ကြောင်း ကြိုတင်ပြောကြားထားခဲ့သည်။ ထို့ပြင် လက်ရွေးစင်အသင်းနှင့် လမ်းခွဲပြီးပါက ဥရောပကလပ်အသင်း ပြိုင်ပွဲများသို့ ပြန်လည်ဝင်ရောက်လိုကြောင်း ၀န်ခံထားခဲ့သည့်အတွက် မိုယက်စ်နှင့် လမ်းခွဲခဲ့သည့် မန်ယူအသင်းက ကမ်းလှမ်းမှု ပြုလုပ်ခဲ့ခြင်းလည်း ဖြစ်သည်။ ဥရောပ ဘောလုံးလောကတွင် အေဂျက်စ်၊ ဘာစီလိုနာနှင့် ဘေယန်မြူးနစ် အသင်းများကို ကိုင်တွယ်ပြီး အောင်မြင်မှုများစွာ ရယူနိုင်ခဲ့သည့် လူးဝစ်ဗန်ဟားလ်ကို နည်းပြသစ်လိုအပ်နေသော မန်ယူအသင်းက လိုလားခဲ့သလို၊ ဗန်ဟားလ်ကလည်း ပရီးမီးယားလိဂ် ထိပ်သီးအသင်းတစ်သင်းကို ကိုင်တွယ်ရန် ဆန္ဒရှိနေခြင်းကြောင့် မန်ယူအသင်း၏ နည်းပြသစ်နေရာကို လူးဝစ်ဗ

တောင်ငူသီလရှင်စာသင်တိုက်တွင် လူ ၇၀ခန့်အစာအဆိပ်သင့် ------- နန်းကြီးသုပ်နှင့် ဒီ...

တောင်ငူသီလရှင်စာသင်တိုက်တွင် လူ ၇၀ခန့်အစာအဆိပ်သင့် ------- နန်းကြီးသုပ်နှင့် ဒီးဒိုအ ချိုရည်တွဲဖက်စားသုံးရာမှ လူဦး ရေ ၇၀ ခန့် အစာအဆိပ်သင့်မှု လက္ခဏာများ ဖြစ်ပွားသော ကြောင့် တောင်ငူမြို့ ပြည်သူ့ဆေး ရုံကြီးတွင် ဆေးကုသမှုခံယူနေရ ကြောင်း သတင်းရရှိသည်။ သတင်းအပြည့်အစုံ... http://ift.tt/1jk6Uuz from 7Day News Journal's Facebook Wall http://ift.tt/1td4T6D

ဖမ်းဆီးခံရသော တရုတ်ဝန်ထမ်း နှစ်ဦး ၃၄ နာရီခန့်အကြာတွင် ပြန်လွတ် -------- လက်ပံတေ...

ဖမ်းဆီးခံရသော တရုတ်ဝန်ထမ်း နှစ်ဦး ၃၄ နာရီခန့်အကြာတွင် ပြန်လွတ် -------- လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဧရိယာအတွင်းရှိ ဆည်တည်းကျေးရွာဟောင်းမှ ဒေသခံအချို့က ဖမ်းဆီးထိန်း သိမ်းထားသော မြန်မာဝမ်ပေါင် ကုမ္ပဏီမှ တရုတ်နိုင်ငံသား နှစ်ဦး သည် မေလ ၁၉ ရက် ညနေတွင် ပြန်လည် လွတ်မြောက်လာ ကြောင်း သတင်းရရှိသည်။ သတင်းအပြည့်အစုံ.. http://ift.tt/1td4T6v ဖမ်းဆီးခံရသော တရုတ်ဝန်ထမ်း နှစ်ဦး ၃၄ နာရီခန့်အကြာတွင် ပြန်လွတ် 7daydaily.com လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဧရိယာအတွင်းရှိ ဆည်တည်းကျေးရွာဟောင်းမှ ဒေသခံအချို့က ဖမ်းဆီးထိန်း သိမ်းထားသော မြန်မာဝမ်ပေါင် ကုမ္ပဏီမှ တရုတ်နိုင်ငံသား နှစ်ဦး သည် မေလ ၁၉ ရက် ညနေတွင် ပြန်လည် လွတ်မြောက်လာ ကြောင်း သတင်းရရှိသည်။ မြန်မာဝမ်ပေါင်ကုမ္ပဏီမှ တရုတ်နိုင်ငံသားအင်ဂျင်နီယာ နှစ်ဦးနှင့် မြန်မာနိုင်ငံသာ… from 7Day News Journal's Facebook Wall http://ift.tt/1td4QHP

စွမ်းအင်ဝန်ကြီးဌာန ပြည်ပကုမ္ပဏီများနှင့် လေယာဉ်ဆီ ဖက်စပ်ရောင်းချမည် ရန်ကုန်၊ မေ...

စွမ်းအင်ဝန်ကြီးဌာန ပြည်ပကုမ္ပဏီများနှင့် လေယာဉ်ဆီ ဖက်စပ်ရောင်းချမည် ရန်ကုန်၊ မေ ၁၉ စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေး လုပ်ငန်းက သီးသန့် တာဝန်ယူခဲ့သည့် ပြည်တွင်း လေကြောင်းလိုင်းများကို လေယာဉ်ဆီ ဖြန့်ဖြူးရောင်းချခြင်းကို ပြည်ပကုမ္ပဏီများနှင့် ဖက်စပ်ကုမ္ပဏီ ထောင်၍ လုပ်ကိုင်မည် ဖြစ်ကြောင်း မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ပြည်တွင်းသို့ ခရီးသည် ဝင်ထွက်မှု များလာခြင်းကြောင့် နှစ်စဉ် လိုအပ်ချက် မြင့်တက်လျက် ရှိသော လေယာဉ်ဆီ ရောင်းချမှုကို ပူးပေါင်းလုပ်ကိုင်ရန် စိတ်ဝင်စားသော ပြည်ပကုမ္ပဏီများက ဇွန်လ ၁၆ ရက် နောက်ဆုံးထား၍ မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေး လုပ်ငန်းထံ အဆိုပြုလွှာ တင်သွင်းရန် လိုကြောင်း စွမ်းအင် ဝန်ကြီးဌာနထံမှ သိရသည်။ “အဓိကကတော့ ဝန်ကြီးဌာနက ဘတ်ဂျက်မစိုက်ဘဲ အမြတ်ထွက်အောင် အရင်းအနှီး စိုက်နိုင်တဲ့ ကုမ္ပဏီတွေနဲ့ တွဲလုပ်ဖို့ စီစဉ်တာပါ” ဟု ၎င်းကဆိုသည်။ ပြည်တွင်းတွင် လက်ရှိ လေယာဉ်ဆီ ဝယ်ယူရသည်မှာ အဆင်ပြေသော်လည်း လေယာဉ်ဆီ ဈေးနှုန်းများမှာမူ အိမ်နီးချင်း နိုင်ငံများနှင့် နှိုင်းယှဉ်ပါက များပြားကြောင်း ပြည်တွင်းအခြေစိုက် ပုဂ္ဂလိက လေကြောင်းလိုင

(မေလ ၂၀ ရက်ထုတ် မဇ္ဈိမနေ့စဉ်သတင်းစာမှ အယ်ဒီတာ့အာဘော်) ဖွဲ့စည်းပုံပြင်ဆင်ရေးနှင်...

(မေလ ၂၀ ရက်ထုတ် မဇ္ဈိမနေ့စဉ်သတင်းစာမှ အယ်ဒီတာ့အာဘော်) ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် မြန်မာ့နိုင်ငံရေး စိန်ခေါ်သံများ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန် လှုပ်ရှားမှုများ၊ တောင်းဆိုမှုများ ယနေ့ မြန်မာ့စာနယ်ဇင်း စာမျက်နှာများတွင် နေရာအတော်များများ ယူလာကြပြီး နိုင်ငံရေး ရေချိန်မြင့်သည့်ကာလတစ်ခုဟု ဆိုနိုင်သည်။ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် အဓိကအင်အားစုနှစ်ရပ်အဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက် ကျောင်းသားများ အင်အားစုတို့ဖြစ်ပြီး တိုင်းရင်းသားခေါင်းဆောင်များကလည်း ပူးပေါင်းပါဝင်ရန် ပြင်ဆင်မှုများပြုလုပ်လာခဲ့ကြသည်။ အင်အားစုများ ပေါင်းစည်းခြင်းနှင့်အတူ ဖွဲ့စည်းပုံပြင်ဆင်ရန် ဟောပြောပွဲများသို့ ပရိသတ် သိန်းနှင့်ချီ လာရောက်နားထောင်ကြ၊ ဟောပြောမှုများပြုလုပ်လာကြသည်ကိုလည်း တွေ့ရှိရသည်။ ဤသို့သောအခြေအနေများကြောင့် သမ္မတ၏ သတိပေးစကား ပထမဆုံးထွက်ပေါ်လာခဲ့ပြီး မြန်မာ့နိုင်ငံရေးစိန်ခေါ်သံများ ထွက်ပေါ်လာခဲ့သည်ဟု ဆိုနိုင်သည်။ အတိုက်အခံအင်အားစုတို့၏ ရှေ့တစ်လှမ်းတိုးလုပ်ဆောင်မှုဟုဆိုနိုင်ပြီး ဖွဲ့စည်းပုံ ပြင်ဆင်ရေးလက်မှတ်များ ကောက်ယူကာ အရှိန်မြှင့်ဆောင်ရွက်သွားမည်ဟုလည်း သတင်းစကားများ ပါးလိုက်ကြသည်။ ဤသ

သံတွဲခရိုင်အတွင်း သစ်တောဧက တစ်သိန်းခွဲကျော် အစားထိုးစိုက်ခင်းအတွက် မူရင်းသစ်တောမ...

သံတွဲခရိုင်အတွင်း သစ်တောဧက တစ်သိန်းခွဲကျော် အစားထိုးစိုက်ခင်းအတွက် မူရင်းသစ်တောများ ခုတ်လှဲနေခြင်းအပေါ် ဒေသခံများကန့်ကွက် သံတွဲခရိုင်အတွင်း သစ်တောဧက တစ်သိန်းခွဲကျော် အစားထိုးစိုက်ခင်းအတွက် မူရင်းသစ်တောများ ခုတ်လှဲနေခြင်းအပေါ် ဒေသခံများ ကန့်ကွက်မှုများ ရှိလာကြောင်းနှင့် ညီလာခံကာလအတွင်း ရခိုင်လူမှုကွန်ရက်မှလည်း ယင်းကိစ္စနှင့်ပတ်သက်ပြီး သဘောထားထုတ်ပြန်ချက်များ ရှိခဲ့ကြောင်း သိရသည်။ ရခိုင်ရိုးမတောင်တန်းနှင့် ဆက်နွှယ်လျက်ရှိသော တောင်တန်းများတွင် ပါဝင်သည့် သဘာဝတောတောင်များအား အစားထိုးသစ်ပင်များ စိုက်ပျိုးရန်အတွက် အစိုးရမှ ပုဂ္ဂလိကကုမ္ပဏီတစ်ခုသို့ ခွင့်ပြုချက် ပေးထားခဲ့ခြင်းကြောင့် လက်ရှိအနေအထားအရ တစ်နေ့လျှင် သစ်တောဧက ၅၀၀ ခန့်အား ခုတ်ထွင်ရှင်းလင်းခြင်း ပြုလုပ်နေသဖြင့် ချက်ချင်းရပ်တန့်ပေးရန် အတွက်လည်း ရခိုင်လူမှုကွန်ရက်(ရခိုင်ပြည်)မှ တောင်းဆိုချက်တစ်ခု ထုတ်ပြန်ခဲ့သည်။ ယင်းနှင့်ပတ်သက်ပြီး “အခုလို သဘာဝသစ်တောတွေကို ခုတ်လှဲနေတာ ဒေသခံ တိုင်းရင်းသားတွေအတွက် အများကြီး ထိခိုက်ပါတယ်။ အဲဒါကြောင့် ဒေသခံတွေ အနေနဲ့လည်း လုပ်သင့်တာ လုပ်ရပါလိမ့်မယ်။ တည်ဆဲဥပဒေထဲကပဲ စနစ်တကျ တောင်းဆိုသွားဖို့ ရှိတယ်။ လွှတ်တော်ထဲကလည်း တောင

လူးဝစ်ဗန်ဟားလ်ကို မန်ယူအသင်း (၃)နှစ်စာချုပ်ဖြင့် ခန့်အပ်၊ မန်ယူအသင်း၏ ပထမဆုံးသော...

လူးဝစ်ဗန်ဟားလ်ကို မန်ယူအသင်း (၃)နှစ်စာချုပ်ဖြင့် ခန့်အပ်၊ မန်ယူအသင်း၏ ပထမဆုံးသော ဗြိတိန်ပြင်ပနည်းပြ ဖြစ်လာခဲ့ပြီး ကစားသမားဘ၀မှ အနားယူလိုက်သည့် ရိုင်ယန်ဂစ် လက်ထောက်နည်းပြဖြစ်မည် မန်ယူအသင်းသည် ဟော်လန်လက်ရွေးစင်အသင်း၏ နည်းပြ လူးဝစ်ဗန်ဟားလ်ကို နည်းပြသစ်အဖြစ် (၃)နှစ်စာချုပ်ဖြင့် ခန့်အပ်လိုက်ပြီဖြစ်ကြောင်း သိရှိရသည်။ လူးဝစ်ဗန်ဟားလ်သည် လက်ရှိအချိန်တွင် ဟော်လန်လက်ရွေးစင် အသင်းနည်းပြအဖြစ် ဆောင်ရွက်နေပြီး လာမည့် ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဆင်နွှဲရမည်ဖြစ်သော်လည်း ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး စာချုပ်သက်တမ်း ကုန်ဆုံးချိန်တွင် လမ်းခွဲမည်ဖြစ်ကြောင်း ကြိုတင်ပြောကြားထားခဲ့သည်။ ထို့ပြင် လက်ရွေးစင်အသင်းနှင့် လမ်းခွဲပြီးပါက ဥရောပကလပ်အသင်း ပြိုင်ပွဲများသို့ ပြန်လည်ဝင်ရောက်လိုကြောင်း ၀န်ခံထားခဲ့သည့်အတွက် မိုယက်စ်နှင့် လမ်းခွဲခဲ့သည့် မန်ယူအသင်းက ကမ်းလှမ်းမှု ပြုလုပ်ခဲ့ခြင်းလည်း ဖြစ်သည်။ ဥရောပ ဘောလုံးလောကတွင် အေဂျက်စ်၊ ဘာစီလိုနာနှင့် ဘေယန်မြူးနစ် အသင်းများကို ကိုင်တွယ်ပြီး အောင်မြင်မှုများစွာ ရယူနိုင်ခဲ့သည့် လူးဝစ်ဗန်ဟားလ်ကို နည်းပြသစ်လိုအပ်နေသော မန်ယူအသင်းက လိုလားခဲ့သလို၊ ဗန်ဟားလ်ကလည်း ပရီးမီးယားလိဂ် ထိပ်သီးအသင်းတစ်