Skip to main content

မျိုးစောင့်ဥပဒေများကို ကန့်ကွက်သည့် အဖွဲ့များက သမ္မတနှင့် ဥပဒေပြုရေး သက်ဆိုင်ရာ အ...



မျိုးစောင့်ဥပဒေများကို ကန့်ကွက်သည့် အဖွဲ့များက သမ္မတနှင့် ဥပဒေပြုရေး သက်ဆိုင်ရာ အဖွဲ့အစည်းများကို တွေ့ခွင့်တောင်း



မျိုးစောင့်ဥပဒေများကို ကန့်ကွက်သည့် အဖွဲ့အစည်းများက သမ္မတဦးသိန်းစိန်၊ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းနှင့် ဥပဒေပြုရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများထံ တွေ့ဆုံခွင့် တောင်းထားကြောင်း သိရသည်။



ယင်းကဲ့သို့ တွေ့ဆုံခွင့်တောင်းသည့် စာကို မေ ၁၄ ရက်ကတည်းက ပေးပို့ထားခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ မည်သည့်ထံကမျှ အကြောင်းပြန်ကြားခြင်း မရှိသေးကြောင်း ကန့်ကွက်သည့် အဖွဲ့များတွင် ပါဝင်သည့် ကချင်အမျိုးသမီးများ ငြိမ်းချမ်းရေး ကွန်ရက်မှ ညှိနှိုင်းရေးမှူး မမေစံပယ်ဖြူက ပြောကြားသည်။



မျိုးစောင့်ဥပဒေကြမ်း ရေးဆွဲရန် ပြင်ဆင်နေမှုအပေါ် အမျိုးသမီး အဖွဲ့များနှင့် အရပ်ဘက်လူမှု အဖွဲ့အစည်းများက ထုတ်ပြန်အသိပေးအ ကြံပြုချက် တစ်စောင်လည်း ထုတ်ပြန်ထားပြီး တွေ့ဆုံခွင့် တောင်းခံရာတွင် ယင်းအဆိုပြုချက်ကိုပါ ပူးတွဲတင်ပြထားကြောင်း သိရသည်။



စာပို့တွေ့ဆုံခွင့် တောင်းခံထားသည့်သူများမှာ သမ္မတဦးသိန်းစိန်၊ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း၊ ဥပဒေကြမ်းရေးဆွဲရေး ကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုရှေ့နေချုပ်ရုံး ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တို့ဖြစ်ပြီး မိတ္တူကို ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးထံ ပို့ဆောင်ထားကြောင်း သိရသည်။



အဆိုပါ ဥပဒေအား ကန့်ကွက်ခြင်းကို မူလက အရပ်ဘက် အဖွဲ့အစည်း ၉၇ ဖွဲ့က လက်မှတ်ရေးထိုး တင်ပြခဲ့သော်လည်း လက်ရှိတွင် လက်မှတ်ရေးထိုးသူ ၁၅၄ ဖွဲ့အထိ ရှိသွားပြီဖြစ်ကြောင်း အဆိုပါ အဖွဲ့များထံမှ သိရသည်။



ယင်းကဲ့သို့ ကန့်ကွက်သည့် အဖွဲ့များအနေဖြင့် မဘသနှင့် လာရောက်တွေ့ဆုံမည် ဆိုပါက ကြိုဆိုကြောင်းနှင့် ရှင်းလင်းပြောကြား သွားမည်ဖြစ်ကြောင်း အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ (မ.ဘ.သ) အဖွဲ့ ဘက်က ပြောကြားထားသည်။ သို့သော် ကန့်ကွက်သည့် အဖွဲ့များအနေဖြင့် ဥပဒေပြုနိုင်သည့် အဖွဲ့များနှင့် တွေ့ဆုံလိုကြောင်း ပြောကြားသည်။



မ.ဘ.သအဖွဲ့(ဗဟို)မှ ဗဟိုအလုပ်အမှုဆောင် ဓမ္မစက္ကဦးမောင်မောင်က အရပ်ဘက် အဖွဲ့အစည်းများနှင့် ၎င်းတို့တွေ့ဆုံရန် စီစဉ်ခဲ့သော်လည်း အရပ်ဘက် အဖွဲ့အစည်းများဘက်က ရောက်ရှိလာခြင်း မရှိခဲ့ကြောင်း၊ တွေ့ဆုံရေးအတွက် အမြဲတမ်း လမ်းဖွင့်ထားပါကြောင်း ပြောကြားသည်။



မျိုးစောင့်ဥပဒေများကို ကန့်ကွက်သည့် အဖွဲ့များက အဆိုပါဥပဒေများ ရေးဆွဲရန် ကြိုးပမ်းနေခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ၂၀၁၅ ရွေးကောက်ပွဲများကို အာရုံလွှဲစေချင်လိုသောကြောင့် အချိန်ကိုက် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး မ.ဘ.သ ကလည်း အဆိုပါ ကန့်ကွက်မှုများသည် နိုင်ငံရေး ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ပြန်လည်ပြောကြားမှုများ ရှိနေသည်။



ကိုးကွယ်ခြင်း ဘာသာကူးပြောင်းခြင်း ဆိုင်ရာ ဥပဒေ၊ လက်ထပ်ထိမ်းမြားခြင်း ဆိုင်ရာဥပဒေ၊ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေနှင့် လူဦးရေ တိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ဥပဒေများကို ပြဋ္ဌာန်းပေးရန် အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့(ဗဟို) ဥက္ကဋ္ဌဆရာတော် အဂ္ဂမဟာပဏ္ဍိတ နိုင်ငံတော်သြ၀ါဒါစရိယ ဘဒ္ဒန္တတိလောကာဘိဝံသက လက်မှတ်ရေးထိုးကာ သမ္မတဦးသိန်းစိန်ထံသို့ ၂၀၁၃ ခုနှစ် ဇူလိုင် ၉ ရက် နေ့စွဲဖြင့် ပေးပို့ခဲ့သည့်အတွက် အဆိုပါဥပဒေများကို ပြဋ္ဌာန်းပေးရေးကိစ္စအား သုံးသပ်စဉ်းစားပေးရန် သမ္မတဦးသိန်းစိန်က ပြည်ထောင်စု လွှတ်တော်နာယကထံသို့ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်က သ၀ဏ်လွှာပေးပို့ခဲ့ကြောင်း သိရသည်။



ယင်းအပေါ်တွင် ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက အဆိုပါ ဥပဒေမူကြမ်းများကို သက်ဆိုင်ရာ ၀န်ကြီးဌာနများနှင့် ဌာနဆိုင်ရာများက ရေးဆွဲပြီး ပြည်ထောင်စု အစိုးရအဖွဲ့၏ စိစစ်ချက်ဖြင့် လွှတ်တော်သို့ ပြန်လည်တင်ပြရန် နိုင်ငံတော် သမ္မတထံ သ၀ဏ်လွှာ ပြန်လည်ပေးပို့ ခဲ့သည့်အတွက် သမ္မတဦးသိန်းစိန်က အဆိုပါ ဥပဒေကြမ်းလေးခုမှ ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာနှင့် လူဦးရေတိုးပွားနှုန်း ထိန်းညှိရေးဆိုင်ရာ ဥပဒေကြမ်းများကို ရေးဆွဲရန် ကော်မရှင်တစ်ရပ်ကို ဖွဲ့စည်းပေးခဲ့သည်။



အဆိုပါကော်မရှင် အနေဖြင့် အပြီးသတ် ပြုစုရေးဆွဲပြီးသည့် ဥပဒေကြမ်း နှစ်ရပ်ကို ၂၀၁၄ ခုနှစ် ဇွန် ၃၀ ရက်ထက် နောက်မကျစေဘဲ သမ္မတထံတင်ပြ ရမည်ဖြစ်ပြီး အဆိုပါ ဥပဒေကြမ်းနှစ်ရပ်အား ဥပဒေအဖြစ် အတည်ပြု ပြဋ္ဌာန်းပြီးမှသာ ကော်မရှင်လုပ်ငန်းတာဝန် ပြီးဆုံးမည်ဖြစ်သည်။

from Eleven Media Group's Facebook Wall http://ift.tt/1jxNgwB

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...