Skip to main content

Posts

Showing posts from May 22, 2014

"တရုတ်နိုင်ငံ ရှင်ကျန်းပြည်နယ် အနောက်မြောက်ပိုင်းတွင် မသမာသူများ၏ တိုက်ခိုက်မှြုေ...

"တရုတ်နိုင်ငံ ရှင်ကျန်းပြည်နယ် အနောက်မြောက်ပိုင်းတွင် မသမာသူများ၏ တိုက်ခိုက်မှုကြောင့် လူ ၃၁ ဦးသေဆုံး" (ရှင်ကျန်း၊ မေ ၂၃) မတည်မငြိမ်ဖြစ်နေသော တရုတ်နိုင်ငံ ရှင်ကျန်းပြည်နယ် အနောက်မြောက်ပိုင်း ရှိ ဈေးလမ်းပေါ်တွင် ယမန်နေ့က မသမာသူများ၏ တိုက်ခိုက်မှုကြောင့် လူ ၃၁ ဦးသေဆုံးကာ ၉၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များ ၏ ပြောပြချက် အရသိရသည်။ အဆိုပါဖြစ်စဉ်မှာ မူဆလင် အစွန်းရောက် ခွဲထွက်ရေး ပါတီမှ လုပ်ဆောင်ခြင်းဖြစ်သည် ဟု စွပ်စွဲ ခံထားရပြီး ရှင်ကျန်း အာဏာပိုင်ကမူ ယင်းဖြစ်စဉ်မှာ အကြမ်းဖက် သမားများ၏ အကြံအစည် ရှိရှိဖြင့် လုပ်လေ့ ရှိသော ယုတ်မာသည့် လုပ်ရပ်တစ်ခုဖြစ်သည်ဟု ဆိုထားသည်။ ထိုပေါက်ကွဲမှုဖြစ်ပွားရာ ယွမ်ရှီးဒေသသည် ပြီးခဲ့သည့် လကပင် မီးရထားဘူတာရုံတွင် တိုက်ခိုက်သူနှစ်ဦး၏ ဗုံးဖောက်ခွဲမှုကြောင့် လူသုံးဦးသေဆုံးကာ ၇၉ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ ခိုင်သဇင် from Popular Myanmar News Journal's Facebook Wall http://ift.tt/TAF306
from Mizzima - News in Burmese's Facebook Wall http://ift.tt/1gVA3NO

အတုမရှိဂျာနယ်ထုတ်ရန် ရဟန်းနှင့် လူပုဂ္ဂိုလ် ၄၁ ဦးကို မန္တလေး မဘသ သင်တန်းပေး မန္တေ...

အတုမရှိဂျာနယ်ထုတ်ရန် ရဟန်းနှင့် လူပုဂ္ဂိုလ် ၄၁ ဦးကို မန္တလေး မဘသ သင်တန်းပေး မန္တလေး၊ မေ ၂၂ အမျိုးဘာသာ၊ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (အထက်မြန်မာပြည်) ဖွဲ့စည်းရန် အတုမရှိ ကျောင်းတော်ကြီးတွင် သံဃာသုံးသောင်းကျော် တက်ရောက်သည့် အစည်းအဝေး ဆုံးဖြတ်ချက်အရ ဘက်မလိုက်သည့် လူမှုရေး၊ ဘာသာရေး သတင်းများကို ရေးသား ဖော်ပြရန်အတွက် အတုမရှိ ဂျာနယ် ထုတ်ဝေမည် ဖြစ်ပြီး ရဟန်းနှင့် လူပုဂ္ဂိုလ် ၄၁ ဦးကို မေလ ၂၀ ရက်နေ့မှစတင်ကာ သင်တန်းပေးလျက် ရှိကြောင်း အဆိုပါအဖွဲ့ ဦးဆောင်ဆရာတော် အရှင်ဝီရသူက မိန့်ကြားသည်။ ရဟန်းအပါး ၃၀၊ လူ ၁၁ ဦး စုစုပေါင်း ၄၁ ဦးတို့ကို ကျင့်ဝတ်နှင့်အညီ သတင်းရေးသား ဖော်ပြတင်ဆက်ပုံများ၊ နိုင်ငံတကာ သတင်းမီဒီယာများ တင်ဆက် ရေးသားပုံများကို သင်တန်းပေးနေပြီး သင်တန်း လာရောက်တက်သူများ ပြားသဖြင့် သင်တန်းဦးရေ ကန့်သတ် ထားလိုက်ရသည်ဟု အတုမရှိဂျာနယ်တွင် အယ်ဒီတာချုပ်အဖြစ် တာဝန် ထမ်းဆောင်မည့် ဦးဆန်းဦးက ပြောကြားသည်။ အဆိုပါ ထုတ်ဝေမည့် ဂျာနယ်တွင် သတင်း၊ ဆောင်းပါးများ၊ အမျိုးသားရေး ဝတ္ထုတိုများ၊ မန်လည် ဆရာတော်ဘုရား၏ မာဃလင်္ကာရ ကဗျာများ၊ မဘသအဖွဲ့၏ ဆောင်ရွက်ချက်များကို မြန်မာလဆန်းရက်များနှင့် လဆုတ်ရက်များတွင် နှစ်ပတ်တစ်ကြိမ

" မုန်တိုင်းသတိပေးချက် မိုးဇလထုတ်ပြန် " ရန်ကုန် မေ ၂၃ မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြ...

" မုန်တိုင်းသတိပေးချက် မိုးဇလထုတ်ပြန် " ရန်ကုန် မေ ၂၃ မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ မြန်မာစံတော်ချိန် ခြောက်နာရီခွဲအချိန် တိုင်းတာမှုများအရ ဘင်္ဂလားပင်လယ်အော် အရှေ့ အလယ်ပိုင်း တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့ လျားနိုင်သည်ဟု ခန့်မှန်းထားသော်လည်း ရခိုင်ကမ်း ရိုးတန်း နှင့် အလွန်နီးကပ် နေပါသဖြင့် လိမ္မော်ရောင် အဆင့်သတ်မှတ်ထားကြောင်း သိရသည်။ မုန်တိုင်းငယ်၏အရှိန်ကြောင့် ဧရာဝတီတိုင်းဒေသကြီး နှင့် ရခိုင်ပြည်နယ်တို့တွှု နေရာ အနှံ့အပြား မိုးထစ်ချုန်းရွာပြီး ဒေသအလိုက် မိုးကြီး နိုင်ပါသည်။ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါမိုးသက်လေပြင်းများကျရောက်ပြီးလှိုင်းကြီးနိုင်ပါသည် ။ မိုးသက်လေပြင်းကျစဉ်ရေပြင်မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၄၀ မှ ၄၅ မိုင်အထိတိုက်ခတ်နိုင်ပါသည်။ မြစ်ဝကျွန်းပေါ်၊ရခိုင်ကမ်း ရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီးကမ်းဝေး ငါးဖမ်းရေယာဉ်များ၊သင်္ဘောများအနေဖြင့်မုန်တိုင်း အန္တရာယ် ကိုကြိုတင်သတိပြုရန်မိုးလေ၀သနှင့်ဇလဗေဒ ဦးစီးဌာနက အကြံပြုထားပါသည်။ အဆိုပါ မုန်တိုင်းငယ်သည် သိ

Congratulations to our chief photographer Kaung Htet from Burma, whose impressiv...

Congratulations to our chief photographer Kaung Htet from Burma , whose impressive body of work on the controversial Letpadaung copper mine project in Sagaing Region and the aftermath of a Tatmadaw assault on villages in Kachin State has earned him two Society of Publishers in Asia award nominations. http://bit.ly/1piaCFS Times photographer Kaung Htet shortlisted for SOPA award www.mmtimes.com The Myanmar Times chief photographer Kaung Htet has been named as a finalist for a Society of Publishers in Asia’s award. from The Myanmar Times's Facebook Wall http://ift.tt/1lZLHEP

http://ift.tt/1kvgzyP...

http://ift.tt/RcTW6D Times photographer Kaung Htet shortlisted for SOPA award www.mmtimes.com The Myanmar Times chief photographer Kaung Htet has been named as a finalist for a prestigious Society of Publishers in Asia’s award for his coverage of a controversial copper mine project in Sagaing Region and the aftermath of a Tatmadaw assault on villages in Kachin State. from The Myanmar Times's Facebook Wall http://ift.tt/1kvgBXp
အရက်မူးပြီး လူသတ်မှုဖြစ် myanmar.mmtimes.com ဒဂုံဆိပ်ကမ်းမြို့နယ်တွင် မေလ ၁၈ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်ခန့်က ဒဂုံဆိပ်ကမ်း မြို့နယ်နေ သက်ဦးနှင့် စိန်ဝင်းရွှေတို့နှစ်ဦး အရက်သောက်ပြီးပြန်လာစဉ် စိန်ဝင်းရွှေ နေအိမ်အရောက် ၎င်း၏ ဇနီးဖြစ်သူနှင့် အရက်သောက်သည့်ကိစ္စ စကားများ ရန်ဖြစ်ခဲ့သည်။ from The Myanmar Times's Facebook Wall http://ift.tt/1lZLH7B

မြန်မာ-ထိုင်း နယ်စပ်ဂိတ်တစ်ခုဖြစ်သည့် မြ၀တီ တရားဝင်နယ်စပ်ဂိတ် နံနက် ၇ နာရီခွဲတွ...

မြန်မာ-ထိုင်း နယ်စပ်ဂိတ်တစ်ခုဖြစ်သည့် မြ၀တီ တရားဝင်နယ်စပ်ဂိတ် နံနက် ၇ နာရီခွဲတွင် ပြန်လည်ဖွင့်လှစ် မို့မို့ကြည် ရန်ကုန်၊ မဇ္ဈိမ။ ။ ထိုင်းစစ်တပ်အာဏာသိမ်းပိုက်ပြီးနောက် ထိုင်းနိုင်ငံ၏ လုံခြုံရေး အခြေအနေများအရ မြန်မာ-ထိုင်းနယ်စပ်ဂိတ် အားလုံးကို မေလ ၂၂ရက် နံနက် ညနေခြေက်နာရီတွင် ပိတ်ဆို့လိုက်ပြီးနောက် ၂၃ ရက်နံနက် သုံးနာရီ၌ မြ၀တီနယ်စပ်ဂိတ်ကို ကုန်သွယ်မှုပိတ်ဆို့လိုက်ပြီး ၂၃ရက်နံနက်၇နာရီခွဲတွင် ပြန်လည် ဖွင့်ပေးလိုက်ပြီဟု မြ၀တီနယ်စပ်ဂိတ်မှ တာဝန်ရှိသူတစ်ဦးက မေလ ၂၃ ရက်တွင် မဇ္ဈိမကိုပြောသည်။ "မြ၀တီ နယ်စပ်ဂိတ်ကို မနက်သုံးနာရီမှာပိတ်လိုက်တယ်၊ မနက် ၇နာရီခွဲမှာ လုပ်ငန်းတွေပြန်လည်ပတ်နေပါပြီ၊ ခဏပဲပိတ်လိုက်တာဆိုတော့ ကုန်သွယ်မှုနဲ့ပတ်သက်ပြီး ဘာထိခိုက်မှုမှမရှိပါဘူး ” ဟု အဆိုပါတာဝန်ရှိသူ ကပြောသည်။ အဆိုပါ မြန်မာ -ထိုင်းနယ်စပ်ဂိတ်များကို ထိုင်းနိုင်ငံ၏ လုံခြုံရေးအခြေအနေများအရ ထိုင်းနိုင်ငံဘက်မှ ပိတ်ဆို့ လိုက်ခြင်းဖြစ်သည်။ မြ၀တီနယ်စပ်ဂိတ်တွင် ပို့ကုန်၊ သွင်းကုန်ပစ္စည်းများကို တစ်ရက်လျှင်ပျမ်းမျှ အမေရိကန်ဒေါ်လာ တစ်သန်းခန့် ကုန်သွယ်မှုပြုလျှက်ရှိပြီး ကုန်သွယ်မှုပြုသည့် ကုန်ပစ္စည်းများမှာ သွင်းကုန်အဖြစ် ဆောက်လုပ

အမေရိကတွင် မူလတန်းကျောင်းသားနှစ်ဦးက ဆရာမကို အဆိပ်ခတ် နယူးယောက်၊ မေ ၂၂ အမေရိကန...

အမေရိကတွင် မူလတန်းကျောင်းသားနှစ်ဦးက ဆရာမကို အဆိပ်ခတ် နယူးယောက်၊ မေ ၂၂ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင် မူလတန်း ကျောင်းသားနှစ်ဦးက ဆရာမ၏ ရေဘူးအတွင်းသို့ အဆိပ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း CNN သတင်းဌာနတွင် ဖော်ပြထားသည်။ အသက် ၉ နှစ်နှင့် ၁၂ နှစ်အရွယ်ရှိ ကျောင်းသားနှစ်ဦးသည် တနင်္လာနေ့ နေ့လယ်ခင်းတွင် ၎င်းတို့ ဆရာမ၏ ရေဘူးအတွင်းသို့ အဆိပ်ခတ်ခဲ့ခြင်း ဖြစ်ပြီး ထိုအဆိပ်ပါသောရေကို သောက်မိသည့် ဆရာမမှာ နောက်တစ်နေ့တွင် ပျို့အန်ချင်သော ဝေဒနာကို ခံစားခဲ့ရကာ ဆေးကုသမှု ခံယူခဲ့ရသည်။ ဓာတ်ခွဲစမ်းသပ်မှုအရ ကျောင်းသား နှစ်ဦးသည် ကြွက်သတ်ဆေးကို အသုံးပြုခဲ့ခြင်း ဖြစ်သည်ဟု ယူဆရပြီး ယခုအခါတွင် ရဲတပ်ဖွဲ့က ထိုကျောင်းသားနှစ်ဦးကို ဖမ်းဆီး ထိန်းသိမ်းထားသည်။ ဆရာမကို အဆိပ်ခတ်ခဲ့သော ကျောင်းသားနှစ်ဦးကို ဒုတိယအဆင့် ဒီဂရီ ကိုယ်ထိလက်ရောက် ကျူးလွန်မှု၊ မဆင်မခြင် အန္တရာယ် ဖြစ်စေမှု၊ ရာဇဝတ်မှု မြောက်သော လက်နက် အသုံးပြုမှုတို့ဖြင့် တရားစွဲဆို သွားမည်ဟု နယူးယောက် ရဲဌာနက ကြေညာချက် ထုတ်ပြန်ခဲ့သည်။ အဆိုပါ အဆိပ်ခတ်မှုမှာ ကျောင်းသား ၈၄၉ ယောက် ပညာသင်ကြားလျက် ရှိသည့် ကျောင်းတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ကျောင်းမှ တာဝန်ရှိသူများကမူ ထိုဖြစ်ရပ်နှ

NLD နှင့် ၈၈ ပူးပေါင်းကာ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး မြို့ကြီး ၁၇ မြို့တွင် ထပ်မံဟောပြောမည်

ရန်ကုန်၊ မေ ၂၂ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အကောင်အထည်ဖော်မှု ကော်မတီက အခြေခံဥပဒေ ပုဒ်မ ၄၃၆ (က) နှင့် (ခ) ကို ပြင်ဆင်ပေးမည်ဟု ဆိုထားသော်လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီနှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းတို့က ယင်းပုဒ်မ ပြင်ဆင်ပေးရေးအတွက် မြို့ကြီး ၁၇ မြို့တွင် ဟောပြောပွဲများနှင့် လူထုဆန္ဒ လက်မှတ် ကောက်ယူပွဲများ ထပ်မံပြုလုပ်သွားမည် ဖြစ်ကြောင်း NLD ဗဟို ကော်မတီဝင် ဦးထွန်းထွန်းဟိန်က ပြောကြားသည်။ အခြေခံဥပဒေ ပြင်ဆင်ရေးတွင် ပြည်သူများအားလုံး သိရှိနားလည်စေရန် တိုင်းဒေသကြီးနှင့် ပြည်နယ် မြို့ကြီးများတွင် ဟောပြောပွဲများ ပြုလုပ်ရခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။ “ပုဒ်မ ၄၃၆ ကို နားလည်အောင် ရှင်းပြရမယ့် အချိန်ရောက်နေလို့ နိုင်ငံအနှံ့ ဟောပြောပွဲများ ပြုလုပ်သွားမှာပါ” ဟု ၎င်းကဆိုသည်။ ထို့အပြင် ဟောပြောပွဲပြုလုပ်မည့် သက်ဆိုင်ရာ မြို့နယ်များအလိုက် ပြင်ဆင်မှုများ ပြုလုပ်ရမည် ဖြစ်သောကြောင့် ထုတ်ပြန်ပြောကြားနိုင်ခြင်း မရှိသေးကြောင်း ၈၈ မျိုးဆက်ကျောင်းသား ဦးဂျင်မီက ပြောကြားသည်။ “တချို့ မြို့တွေမှာ အခက်အခဲ ရှိနိုင်မလား ဆိုတာကို ပြန်စဉ်းစားရဦးမှာပါ” ဟု ၎င်း

မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းရေး တရားဝင် လုပ်ဆောင်ရန် နိုင်ငံရေး အကျဉ်းသားဟောင်းများ မှတ်ပုံတင်မည်

ရန်ကုန်၊ မေ ၂၂ဧရာဝတီ မြစ်ဆုံတွင် ရေအားလျှပ်စစ် စီမံကိန်းကို ၂၀၁၅ ခုနှစ်တွင် ပြန်လည် အကောင်အထည် မဖော်ရေး ကန့်ကွက် ဆန္ဒပြမှုများကို တရားဝင် လုပ်ဆောင်နိုင်ရန်အတွက် မြန်မာနိုင်ငံလုံး ဆိုင်ရာ နိုင်ငံရေး အကျဉ်းသားဟောင်းများ အစည်းအရုံးအဖြစ် မှတ်ပုံတင်မည် ဖြစ်ကြောင်း အဆိုပါ အစည်းအရုံး အထွေထွေ အတွင်းရေးမှူး ဦးရဲထွဋ်ခေါင်က ပြောကြားသည်။ ရေအားလျှပ်စစ် စီမံကိန်း ရပ်ဆိုင်းရန်အတွက် မတ်လအတွင်းက နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ချုပ် အမည်ဖြင့် လူဦးရေ ၁၀၀ ကျော် ရန်ကုန်မြို့တော်မှ ကချင်ပြည်နယ် မြစ်ဆုံအထိ လမ်းလျှောက် ဆန္ဒပြ ကန့်ကွက် ခဲ့ကြသော်လည်း လမ်းတစ်ဝက်၌ မြန်မာနိုင်ငံလုံး ဆိုင်ရာ နိုင်ငံရေး အကျဉ်းသားဟောင်းများ အစည်းအရုံးအဖြစ် အမည်ပြောင်းလဲ ခဲ့ပြီး ယခုအခါ မေလ ၂၉ ရက်နေ့တွင် တရားဝင် မှတ်ပုံတင်မည် ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ အဆိုပါ အစည်းအရုံး အောက်တွင် ဧရာဝတီ မြစ်ဆုံဖျက်သိမ်းရေး ကော်မတီ၊ တောင်သူ လယ်သမားနှင့် အလုပ်သမားရေးရာ ကော်မတီ၊ လူငယ်နှင့် ကျောင်းသားရေးရာ ကော်မတီ သုံးခုပါဝင်ပြီး အဓိကလုပ်ငန်း အနေနှင့် မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းရေးအတွက် နိုင်ငံတော် သမ္မတနှင့် လွှတ်တော်သို့ တရားဝင် ကန့်ကွက်အကြောင်းကြားစာ တ
ငြိမ်းချမ်းရေးမြတ်နိုးသည့် ဆွီဒင် စစ်ရေးပို့ကုန် တိုးမြင့်၍ လက်နက်ဩဇာလွှမ်းမိုး နိုင� myanmar.mmtimes.com လင်ကိုပင်း (ဆွီဒင်) - ဥရောပတိုက် အနောက် မြောက်ပိုင်းဒေသ စကင်ဒီနေးဗီးယားကျွန်း ဆွယ်ရှိ ဆွီဒင်နိုင်ငံသည် ငြိမ်းချမ်းရေးဖော်ဆောင်မှုနျင့် နိုင်ငံခြားကူညီ ထောက်ပံ့မှုများကို ရက်ရက်ရောရော ပေးကမ်းကူညီခြင်းတို့တွင် ကမ္ဘာတစ်ဝန်းလုံး၌ ထင်ပေါ် ကျော်ကြားမှုများ ရရှိနေသည့် တစ်ချိန်တည်းမှာပင် ကမ္ဘာ့အစိုးရ အဖွဲ့အတော်မျ… from The Myanmar Times's Facebook Wall http://ift.tt/1n8lEOt

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော မုန်တိုင်းသည် ရခိုင်ကမ်းရိုးတန်း ဒေသများသို့ ဦးတည်ရွေ့လျားနိုင်သည့် အနေအထားတွင် မရှိတော့ကြောင်း မိုးဇလပြော

ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် ဗဟိုချက်နေရာမှ သိသာထင်ရှားစွာ ရွေ့လျားမှုမရှိဘဲ မြောက်-အနောက် မြောက်ဘက်သို့ ဦးတည်နေကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။ “မုန်တိုင်းက ခုထိသိသိသာသာ ရွေ့လျားမှုမရှိဘဲနဲ့ ငြိမ်နေတယ်။ မြန်မာနိုင်ငံကို ၀င်ရောက်နိုင်မှုလည်း မရှိတော့ဘူး။ ရခိုင်ကမ်းရိုးတန်းကိုလည်း ဦးတည်တဲ့ အနေအထားလည်း မရှိတော့ဘူး။ မုန်တိုင်းက မြောက်-အနောက် မြောက်ကိုပဲ ဦးတည်နေတယ်” ဟု မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးကပြောသည်။ မုန်တိုင်းသည် မြန်မာနိုင်ငံသို့ ဦးတည်နိုင်သည့် အနေအထား မရှိတော့သော်လည်း မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်း ကျရောက်ကာ လှိုင်းကြီးနိုင်ပြီး၊ တစ်နာရီလေတိုက်နှုန်းသည် မိုင် ၄၀ မှ ၄၅ မိုင်အထိ တိုက်ခိုက်နိုင်သဖြင့် ကမ်းနီးကမ်းဝေး ငါးဖမ်းလှေများအား ပင်လယ်ပြင်တို့ မထွက်ရောက်သေးရန် သက်ဆိုင်ရာများမှ ညွှန်ကြားထားသည်။ အဆိုပါမုန်တိုင်း အရှိန်ကြောင့် မိုးရွာသွန်းမှု အခြေနေများသည် မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး

တပ်မတော်မှအာဏာသိမ်းကို ဆန့်ကျင်သည့်လှုံ့ဆော်မှုများရေးသားပါက မည်သည့်လူမှုကွန်ရက်ကို...

တပ်မတော်မှအာဏာသိမ်းကို ဆန့်ကျင်သည့်လှုံ့ဆော်မှုများရေးသားပါက မည်သည့်လူမှုကွန်ရက်ကိုမဆိုပိတ်မည်ဟု ထိုင်းအာဏာသိမ်းအဖွဲ့ကသတိပေး ဘန်ကောက်၊ မေ ၂၃ လူမှုကွန်ရက်များတွင် တပ်မတော်မှအာဏာသိမ်းမှုနှင့် တပ်မတော်ခေါင်းဆောင်များကို ကိုဝေဖန်ပြောဆိုခြင်း(သို့) ဆန့်ကျင်ခြင်း အစရှိသည့် ဖော်ပြမှုမျိုးရှိပါက မည်သည့်လူမှုကွန်ရက်ကိုမဆို ပိတ်မည်ဖြစ်ကြောင်း အာဏာသိမ်းအဖွဲ့ကယနေ့သတိပေးသည်။ "လူမှုကွန်ရက်ကို အသုံးပြုသူတွေအနေနဲ့ အာဏာသိမ်းကောင်စီကိုဝေဖန်တာမျိုး ဆန့်ကျင်တာမျိုး လက်ရှိ ဥပဒေကိုချိုးဖောက်တာမျိုးတွေဖြစ်အောင်လှုံ့ဆော်တဲ့စာသားမျိုးတွေ မရေးကြပဲ ပူးပေါင်းဆောင်ရွက်ပေးကြစေချင်ပါတယ်။ တစ်ကယ်လို့ မလိုက်နာပဲဆန့်ကျင်တာတွေကို တွေ့ရင် လူမှုကွန်ရက် ၀န်ဆောင်မှုကို ချက်ခြင်းပိတ်ပစ်ပြီး၊ သက်ဆိုင်သူကိုလဲ ချက်ခြင်းဆင့်ခေါ်တရားစွဲမှာပါ"ဟုလည်း အာဏာသိမ်းကောင်စီမှဆိုသည်။ ထိုင်းနိုင်ငံတွင် Twitter နှင့် facebook လူမှုကွန်ရက်တို့ကို အထူးပင်လူကြိုက်များကာ သုံးစွဲသူလည်း အလွန်များပြားပါသည်။ PP ref: AFP from Popular Myanmar News Journal's Facebook Wall http://ift.tt/1ia8ICo

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော မုန်တိုင်းသည် ရခိုင်ကမ်းရိုးတန်း ဒေသများသို့ ဥ...

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော မုန်တိုင်းသည် ရခိုင်ကမ်းရိုးတန်း ဒေသများသို့ ဦးတည်ရွေ့လျားနိုင်သည့် အနေအထားတွင် မရှိတော့ကြောင်း မိုးဇလပြော ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် ဗဟိုချက်နေရာမှ သိသာထင်ရှားစွာ ရွေ့လျားမှုမရှိဘဲ မြောက်-အနောက် မြောက်ဘက်သို့ ဦးတည်နေကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။ “မုန်တိုင်းက ခုထိသိသိသာသာ ရွေ့လျားမှုမရှိဘဲနဲ့ ငြိမ်နေတယ်။ မြန်မာနိုင်ငံကို ၀င်ရောက်နိုင်မှုလည်း မရှိတော့ဘူး။ ရခိုင်ကမ်းရိုးတန်းကိုလည်း ဦးတည်တဲ့ အနေအထားလည်း မရှိတော့ဘူး။ မုန်တိုင်းက မြောက်-အနောက် မြောက်ကိုပဲ ဦးတည်နေတယ်” ဟု မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးကပြောသည်။ မုန်တိုင်းသည် မြန်မာနိုင်ငံသို့ ဦးတည်နိုင်သည့် အနေအထား မရှိတော့သော်လည်း မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်း ကျရောက်ကာ လှိုင်းကြီးနိုင်ပြီး၊ တစ်နာရီလေတိုက်နှုန်းသည် မိုင် ၄၀ မှ ၄၅ မိုင်အထိ တိုက်ခိုက်နိုင်သဖြင့် ကမ်းနီးကမ်းဝေး ငါးဖမ်းလှေများအား ပင်လယ်ပြင်တို့ မထွက်ေ

၂၀၁၅ ခရီးသွားရာသီ ကမ္ဘာလှည့်ခရီးသည် ငါးသန်း မျှော်မှန်း ရန်ကုန်၊ မေ ၂၂ လာမည့် ၂...

၂၀၁၅ ခရီးသွားရာသီ ကမ္ဘာလှည့်ခရီးသည် ငါးသန်း မျှော်မှန်း ရန်ကုန်၊ မေ ၂၂ လာမည့် ၂၀၁၅ ခုနှစ် ခရီးသွား ရာသီတွင် မြန်မာနိုင်ငံသို့ ကမ္ဘာလှည့် ခရီးသွား အရေအတွက် ငါးသန်း ဝင်ရောက်နိုင်ရန် မျှော်မှန်းထားကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာန ဟိုတယ်နှင့် ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်ဇော်ဝင်းက ပြောကြားသည်။ ယခုနှစ် ၂၀၁၄ ခုနှစ်တွင် ကမ္ဘာလှည့်ခရီးသည် သုံးသန်း လာရောက်မည်ဟု မျှော်မှန်းထားပြီး မေလ ပထမပတ်အထိ ဝင်ရောက်လာသည့် ခရီးသည် အရေအတွက် ၁ ဒသမ ၄ သန်း ရှိနေပြီ ဖြစ်ကြောင်း အဆိုပါဌာနက မေလ ၁၅ ရက်နေ့က ထုတ်ပြန်သည်။ “လွန်ရောကျွံရော ငါးသန်း မှန်း ထားတယ်။ အသေအချာ ပြောလို့တော့ မရသေးဘူး။ ဒီနှစ် မှန်းထားတဲ့ သုံးသန်း ပြည့်မီ၊ မမီကိုတော့ ပြန်ကြည့်ရမယ်။ ခရီးသွား သုံးသန်းကတော့ ဒီနှစ်အတွက် ရနိုင်ပါတယ်။ ၁ ဒသမ ၄ သန်းဆိုတာ ၂၀၁၂ ခုနှစ် တစ်နှစ်လုံးစာ ဝင်ခဲ့တဲ့ ခရီးသွား အရေအတွက်လောက် ရှိနေပြီ” ဟု ၎င်းကဆိုသည်။ ကမ္ဘာလှည့် ခရီးသွား မြင့်တက်နေသည့်အတွက် အခန်းများရရှိရန် ဟိုတယ် လိုင်စင်များကိုလည်း အမြန်ဆုံး ဆောင်ရွက်ပေးနေကာ လက်ရှိအချိန်အထိ တစ်နိုင်ငံလုံး အခန်းပေါင်း သုံးသောင်း ရှစ်ထောင်ထိ ရှိနေကြောင်း ည
ရန်ကုန် ရေပေးဝေရေးအတွက် ဂျပန်ချေးငွေဖြင့် လအနည်းငယ်အတွင်း အကောင်အထည်ဖော်မည် myanmar.mmtimes.com ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် ဂျပန်တို့ ပူးပေါင်းဆောင်ရွက်နေသော အစီအစဉ်များအနက် ရန်ကုန်မြို့ရေပေးဝေရေးစနစ် တိုးတက်စေရေး အစီအစဉ်အတွက် ချေးငွေပေးရန် သဘောတူညီချက်ကို မကြာမီ အကောင်အထည်ဖော်နိုင်တော့မည်ဖြစ်သည်။ from The Myanmar Times's Facebook Wall http://ift.tt/1t108Ls

နိုင်ငံတကာသတင်းတိုများ တရုတ်အစိုးရရုံးများ၏ ကွန်ပျူတာစနစ်များကို စစ်ဆေးသွားမည်...

နိုင်ငံတကာသတင်းတိုများ တရုတ်အစိုးရရုံးများ၏ ကွန်ပျူတာစနစ်များကို စစ်ဆေးသွားမည် တရုတ်နိုင်ငံမှ အရေးကြီးသည့် အချက်အလက်များကို ကာကွယ်ရန် ရည်ရွယ်၍ အစိုးရရုံးများ၏ ကွန်ပျူ တာစနစ်များ ကို စစ်ဆေးသွားမည် ဖြစ်ကြောင်း မေလ ၂၂ ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။အမေရိ ကန်နှင့် ဆိုက်ဘာလုံခြုံရေး ကိစ်္စများ အငြင်းပွားနေသည့်အချိန်တွင် ယင်းပြောကြားချက် ထွက်ပေါ်လာ ခြင်း ဖြစ်သည်။ ထိုင်းဆွေးနွေးပွဲများ ရလဒ်မထွက်ပေါ်သေး ထိုင်းနိုင်ငံအား ယူကရိန်း (သို့) အီဂျစ်ကဲ့သို့ ဖြစ်မလာစေရန် ခေတ်္တ ထိန်းသိမ်းစောင့်ရှောက်သည့် အနေဖြင့် စစ်အုပ် ချုပ်မှု ပြဋ္ဌာန်းခဲ့သည့်နောက်ပိုင်း ထိုင်းစစ်တပ်မှ အပြန်အလှန် တိုက်ခိုက် နေကြသောနိုင်ငံရေး ပြိုင်ဘက်များကြား တွေ့ဆုံညှိနှိုင်းနိုင်မည့် ဆွေးနွေးပွဲ တစ်ရပ်အား မေလ ၂၁ ရက်က ပထမ အကြိမ်ကျင်းပခဲ့သော်လည်း သဘောတူညီ ချက်များ မရရှိခဲ့ကြောင်း မေလ ၂၂ ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ တရုတ်နိုင်ငံ၏ ရေခဲမြစ်များ အရည်ပျော် တရုတ်နိုင်ငံ၏ ရေခဲမြစ်များမှာ လွန်ခဲ့သောနှစ်ပေါင်း ၃၀ မှစ၍ ရာသီဥတု ပြောင်းလဲမှုများကြောင့် စတုရန်းကီလို မီတာ ထောင်ပေါင်းများစွာ အရည်ပျော် ခဲ့ကြောင်း မေလ ၂၂ ရက်က အေအ

အူရီးဒူးနှင့် MIT Media Lab တို့ ပူးပေါင်းကာ အိုင်စီတီ ဆန်းသစ်တီထွင်မှုအားမြှင့်...

အူရီးဒူးနှင့် MIT Media Lab တို့ ပူးပေါင်းကာ အိုင်စီတီ ဆန်းသစ်တီထွင်မှုအားမြှင့် လုပ်ဆောင်မည် စ, ချိုကို အိုင်စီတီ ဆန်းသစ်တီထွင်မှုများကို တိုးမြှင့်လုပ်ဆောင်သွားရန်အတွက် ဆက်သွယ်ရေးလိုင်စင်ရ အူရီးဒူးနှင့် MIT Media Lab တို့ ပူးပေါင်းကာ ဆောင်ရွက်သွားမည်ဟု အူရီးဒူးမြန်မာမှ မေ ၂၂ ရက်တွင် သတင်းထုတ်ပြန်သည်။ အူရီးဒူးမြန်မာ၏ အမှုဆောင်အရာရှိချုပ် RossCormack က“ယနေ့ခေတ်မှာ ICT နည်းပညာရဲ့ လျင်လျင်မြန်မြန် တိုးတက်စုစည်းလာတာကြောင့် ထွန်းသစ်စဈေးကွက်တွေရှိ သုံးစွဲသူတွေဟာ မိုဘိုင်းစက်ပစ္စည်းတွေ အသုံးပြုပြီးသူတို့ရဲ့ နေ့စဉ်ဘ၀တွေမှာ ထောင့်စုံ ICT ကို အသုံးချလာနေကြတာ တွေ့ရပါတယ်။ MIT Media Lab နဲ့ အခုလိုပူးပေါင်းဆောင်ရွက်လိုက်တာကြောင့် ကမ္ဘာ့ထိပ်တန်းအဖွဲ့အစည်းတစ်ခုရဲ့ ဆန်းသစ်တီထွင်မှုတွေကို အသုံးချပြီး ကျွန်တော်တို့ရဲ့သုံးစွဲသူတွေအတွက် ထူးခြားဆန်းသစ်တဲ့ ကုန်ပစ္စည်းနဲ့ ၀န်ဆောင်မှုတွေကို ပေးအပ်နိုင်မှာ ဖြစ်ပါတယ်”ဟု ဆိုသည်။ ထို့ပြင်အရှေ့တောင်အာရှဒေသအတွင်း “ဆန်းသစ်တီထွင်သောစနစ်” ဖြစ်ထွန်းတိုးတက်လာရန်နှင့် MIT ပညာရှင်များ၏ ဆန်းသစ်တီထွင်သောအတွေးအခေါ်များကို ပိုမိုကျယ်ပြန့်စေရန် ကူညီပေးခြင်း၊ သုတေသ နပညာရှင်များနှင့် ရင

နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ ၀င်လာပါက Web Developer များအတွက် အလုပ်အကိုင်ပ...

နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ ၀င်လာပါက Web Developer များအတွက် အလုပ်အကိုင်ပိုမိုရရှိမည် မောင်မန်း နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်လာပါက ပြည်တွင်း Web Developer များအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာနိုင်မည်ဖြစ်ပြီး ပြည်တွင်းပညာရှင်လူငယ်များအနေဖြင့် ပြည်တွင်း ပြည်ပလုပ်ငန်းများတွင် လုပ်ကိုင်နိုင်ရန်အတွက် နည်းပညာရပ်များကို ပိုမိုလေ့လာပြီး ကိုယ်ပိုင်အရည်အသွေးများ မြှင့်တင်နေသင့်သည်ဟု Web Developer ဘာသာရပ်များ သင်ကြားပေးနေသည့် Myanmar Link မှ အမှုဆောင်အရာရှိချုပ် ဦးစိုးသီဟနောင်က မဇ္ဈိမကို ပြောသည်။ ဦးစိုးသီဟနောင်က“အခုဆိုရင် ဂျပန်လိုနိုင်ငံမျိုးတွေက ဒီမှာရင်းနှီးမြှုပ်နှံမှုတွေ လုပ်လာပါပြီ။ ဒီအချိန်မှာ ပြည်တွင်းက Web Developer တွေအနေနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုများလာမှာပါ”ဟုဆို သည်။ လက်ရှိအချိန်တွင် ပြည်တွင်းWeb Developer များအနေဖြင့် ကိုယ်ပိုင်လုပ်ငန်းထူထောင်ရန် အခက်အခဲများရှိနေပြီး ပူးပေါင်းလုပ်ဆောင်နိုင်မှုပိုင်းတွင် အားနည်းချက်များရှိနေသည်ဟုလည်း ဦးစိုးသီဟနောင်က သုံးသပ်သည်။ ၎င်းက “ပြည်တွင်းက လူငယ်တွေအနေနဲ့ သူများအလုပ်မှာ သွားလုပ်တယ်ဆိုရင် အတိုင်းအတာ တစ်ခုအထိ ရပ

အမြန်လမ်းမှာ ကံစမ်းပါ မောင်မှန် (သရော်စာ) အမြန်လမ်းလား၊ မပြန်လမ်းလားမသိ၊ ကာတွန...

အမြန်လမ်းမှာ ကံစမ်းပါ မောင်မှန် (သရော်စာ) အမြန်လမ်းလား၊ မပြန်လမ်းလားမသိ၊ ကာတွန်းတွေက ကလိလှပြီ။ တမလွန်ကို အမြန်ရောက်တဲ့ လမ်း လား၊ အိမ်ကို ပြန်မရောက်တဲ့ လမ်းလား၊ ဘယ်သူများ ပြောပြနိုင်မှာပါလိမ့်နော်။ လက်တွေ့ဖြစ်ရပ်ကတော့ နှစ်ခုလုံးပါပဲလို့ အဖြေပေးနေပါပြီ ခင်ဗျာ။(၁၂-၅-၁၄) က အမြန်လမ်း ၁၉၇ မိုင်မှာ ရာဇာမင်းကားဟာ တံတားပေါ်ကနေ အောက်ကို ထိုးကျခဲ့ပြန်ပါပြီ။ ခရီးသည် ၁၄ ဦး သေဆုံးပြီး ၃၀ ဦး ဒဏ်ရာ ရရှိသွားပါတယ်။ စိတ်မချမ်းမြေ့စရာ သတင်းပါ။ ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ အမြန်လမ်း ရဲ တပ်ဖွဲ့မှူး ရဲမှူးကြီး နေ၀င်းက အခင်းဖြစ်ပွားနေတဲ့အချိန်မှာ အမြန်လမ်းမှာ မိုးတွေ အရမ်းရွာနေတယ်။ အမြန်လမ်းမှာ မိုးအရမ်းရွာနေရင် ကားကို ရပ်ထားသင့်ပါတယ်။ ဒါပေမဲ့ အဲဒီကားက ရပ်မထားဘဲ မိုးရွာ နေတဲ့အချိန်လည်း မောင်းလို့လမ်းချော်ပြီး အရှိန်မထိန်းနိုင်ဘဲ အောက် ကို ထိုးကျသွားတယ်လို့ အကြမ်း ဖျင်း ယူဆထားပါတယ်။ ယာဉ်မောင်းဖြစ်သူကို နေပြည်တော် ကုတင် ၁,၀၀၀ ဆေးရုံမှာ ရဲတွေနဲ့ စောင့် ကြည့်ထားပါတယ်။ ဒီဖြစ်စဉ်က ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမှာ အဆိုးရွားဆုံးဖြစ်စဉ်လို့ ပြောလို့ရ ပါတယ်” လို့ ပြောပါတယ်။ ဒရိုင်ဘာကတော့ ဒီတစ်ခါ ပြေးမလွတ်တော့ဘူးပေါ့။ (ဧပြီ

တရုတ်သို့ လူကုန်ကူးသည့်ဂိုဏ်း မန္တလေးတွင် ဖမ်းမိ

မန္တလေး၊ မေ ၂၂သတို့သမီး လိုအပ်ချက် မြင့်တက်နေသဖြင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ မြန်မာ အမျိုးသမီးငယ်များကို သွေးဆောင် ဖျားယောင်းကာ လူကုန်ကူးမှုများ ဆောင်ရွက်လျက်ရှိရာ အဆိုပါ မြန်မာအမျိုးသမီး များကို ပို့ဆောင်နေသော ဂိုဏ်းကို မန္တလေးမြို့တော်ရှိ ချမ်းမြရွှေပြည် ကားကြီးဝင်းမှတစ်ဆင့် ခြေရာခံမိကာ မေလလယ်ခန့်တွင် ခုနစ်ဦး ဖမ်းဆီးရမိခဲ့ကြောင်း လူကုန်ကူးမ တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့တပ်ဖွဲ့စု (မန္တလေး) မှတပ်ဖွဲ့စုမှူး ဦးဖေသိန်းကျော်က ပြောကြားသည်။ မိထ္ထီလာမြို့တွင် နေထိုင်သည့် အသက် ၁၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို မူဆယ်မြို့သို့ လူကုန်ကူး ခေါ်ဆောင်ရန်အတွက် မန္တလေးမြို့တော်ရှိ ချမ်းမြရွှေပြည် ကားဝင်းတွင် စည်းရုံးခေါ်ဆောင်နေသူ သုံးဦးကို ဖမ်းဆီးရမိသည့်အပြင် စည်းရုံး ခေါ်ဆောင်ခဲ့သည့် မိထ္ထီလာမြို့ရှိ အမျိုးသမီး နှစ်ဦးကို ဆက်လက်ဖမ်းဆီးရမိပြီး မန္တလေးမြို့တော်ရှိ တည်းခိုခန်း တစ်ခုသို့ စည်းရုံး ခေါ်ဆောင်လာမည့် အမျိုးသမီးများကို စောင့်ဆိုင်းနေသူ နှစ်ဦးကိုလည်း ဧပြီလ ၁၂ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ကြီးတံခွန် မြို့မရဲတပ်ဖွဲ့စခန်းထံမှ သိရသည်။ “ဖမ်းမိတဲ့ ကျူးလွန်သူတွေကို စစ်ဆေးလိုက်တော့ ဂိုဏ်းဖွဲ့ကျူးလွန် နေ

မက်ဆာချူးဆက် နည်းပညာတက္ကသိုလ်နှင့် အော်ရီဒူး ပူးပေါင်း၍ သုတေသန လုပ်မည် ရန်ကုန်၊...

မက်ဆာချူးဆက် နည်းပညာတက္ကသိုလ်နှင့် အော်ရီဒူး ပူးပေါင်း၍ သုတေသန လုပ်မည် ရန်ကုန်၊ မေ ၂၂ အမေရိကန်ပြည်ထောင်စုမှ နာမည်ကျော် မက်ဆာချူးဆက် နည်းပညာတက္ကသိုလ် (MIT-Massachusetts Institute of Technology) သုတေသနဌာန (MIT Media Lab) နှင့် အော်ရီဒူးတို့ သုတေသန လုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်မည် ဖြစ်ကြောင်း အော်ရီဒူးမြန်မာမှ အမှုဆောင်အရာရှိချုပ် Mr.Ross Cormack က ပြောကြားသည်။ “MIT Media Lab နဲ့ ပူးပေါင်း ဆောင်ရွက်လိုက်တာကြောင့် သူတို့ရဲ့ ဆန်းသစ် တီထွင်မှုတွေကို အသုံးချနိုင်မှာပါ” ဟု ၎င်းကဆိုသည်။ အော်ရီဒူးမြန်မာသည် MIT Media Lab နှင့် ပူးပေါင်းမည် ဖြစ်သည့်အတွက် ၎င်းတို့၏ အဖွဲ့ဝင် ၇၀ ကျော်တွင် အဖွဲ့ဝင် လုပ်ငန်းတစ်ခု ဖြစ်လာမည် ဖြစ်ကြောင်း MIT ထံမှ သိရသည်။ “MIT Media Lab က ကမ္ဘာပေါ်မှာ အသုံးဝင်တဲ့ နည်းပညာတွေ တီထွင်နေတဲ့ နေရာပဲ။ ဆက်သွယ်ရေး နည်းပညာဆိုင်ရာ တီထွင်မှုတွေအပြင် မြန်မာကျောင်းသားတွေ အတွက်လည်း ပါဝင် ဆောင်ရွက်နိုင်မယ့် အခွင့်အလမ်းတွေ ဖန်တီးပေးရင် ပိုကောင်းတာပေါ့” ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အကြီးတန်း အင်ဂျင်နီယာတစ်ဦးက ဆိုသည်။ MIT Media Lab တွင် ICT၊ လျှပ်စစ်ပစ္စည်း၊ ဖျော်ဖြေရေး၊ ကျန်းမာရေးနှင့် ဆက်သွယ်ရေး စ

တရုတ်-ဗီယက်နမ် ပဋိပက္ခကြောင့် မြန်မာ့ဆန် တရုတ်ဝယ်လိုအားမြင့်နေ သီဟကိုကို| သောကြာ...

တရုတ်-ဗီယက်နမ် ပဋိပက္ခကြောင့် မြန်မာ့ဆန် တရုတ်ဝယ်လိုအားမြင့်နေ သီဟကိုကို| သောကြာနေ့၊ မေလ ၂၃ ရက် ၂၀၁၄ ခုနှစ် တရုတ် - ဗီယက်နမ်နယ်စပ် အရေးအခင်းများကြောင့် မြန်မာနိုင်ငံမှ ဆန်များကိုသာ တရုတ်နိုင်ငံဘက်မှ ပိုမိုဝယ်ယူလာခြင်းကြောင့် ၀ယ်လိုအားမြင့်တက်လာပြီး ပြည်တွင်းဆန်ဈေးနှုန်းပါ မြင့်တက်လာနေသည်ဟု ဆန်ကုန်သည်ကြီးများက မဇိ္ဈမကို ပြောသည်။ တရုတ်နိုင်ငံသည် မြန်မာနှင့်ဗီယက်နမ် နှစ်နိုင်ငံမှဆန်များကို အားထားဝယ်ယူလျက်ရှိနေရာမှ တရုတ်- ဗီယက်နမ်နှစ်နိုင်ငံ ရေပိုက်နက် အငြင်းပွားသည့် အရေးအခင်းများကြောင့် နယ်စပ် ပိတ်လိုက်ပြီးနောက် တွင် မြန်မာဆန်များကို ယခုရက်ပိုင်းအတွင်း ပိုမိုဝယ်ယူလာကြခြင့်း ဖြစ်သည်။ မူဆယ်ဆန်စပါး ကုန်စည်ဒိုင်၏ ဒုတိယဥက္ကဋ္ဌ ဦးချမ်းသာဦးက “တရုတ် -ဗီယက်နမ် နှစ်နိုင်ငံပြဿနာတွေဖြစ် တော့ တရုတ်က မြန်မာဘက်ကဆန်ကို အ၀ယ် လိုက်လာတယ်။ ဈေးနှုန်းပိုင်းလည်း တစ်အိတ်ကို ပျမ်းမျှ လေးယွမ်လောက် ပိုရလာတယ်။ လက်ရှိ အခြေအနေတွေကြောင့်တော့ တရုတ်က မြန်မာဘက်က ဆန် ၀ယ်ဖို့ကို ပိုအလေးထားလာဖို့ရှိပေမယ့် ဈေးနှုန်းအရတော့ မြန်မာဘက်က သိပ်တက်သွားလို့ မရပြန်ဘူး ” ပြောသည်။ တရုတ်နိုင်ငံသို့ ဆန်အဓိကတင်ပို့နေသည့် မူဆယ်နယ်စပ်မှတစ်ဆင်

တစ်နှစ်သားရဲ့ ကျေးဇူးစကား ၂၄၊ ၅၊ ၂၀၁၃ (မနှစ်) က စတင် ထွက်ရှိခဲ့တဲ့ မဇ္ဈိမသတင်းစ...

တစ်နှစ်သားရဲ့ ကျေးဇူးစကား ၂၄၊ ၅၊ ၂၀၁၃ (မနှစ်) က စတင် ထွက်ရှိခဲ့တဲ့ မဇ္ဈိမသတင်းစာဟာ ဒီကနေ့မှာ တစ်နှစ်ပြည့်ပါပြီ။ စတင်ထွက်ရှိကတည်းကနေ ဒီကနေ့လို တစ်နှစ်သားအဖြစ် နှစ်ပတ်လည်လာတဲ့အထိ မီဒီယာလောကထဲ ရဲရဲဝံ့ဝံ့ ဖြတ်သန်းလာဖို့မှာ အရေးတကြီး ကူညီပေးကြပါတဲ့ သတင်းရင်းမြစ်များ၊ ကြော်ငြာရှင်များ၊ မီဒီယာလောကမှ လုပ်ဖော်ကိုင်ဖက်များ၊ ပိုင်းခြားဝေဖန် ပေးကြပါသော မဇ္ဈိမသတင်းစာရဲ့ အမာခံပရိသတ်များ၊ စာဖတ်သူများ၊ ဖြန့်ချိပေးသူများ၊ လက်ပွေ့ရောင်းပေးသူများ၊ ပုံနှိပ်စက် မန်နေဂျာနဲ့ လုပ်သားများ၊ စာရေးဆရာများ၊ ကာတွန်းဆရာများ၊ နိုင်ငံရေးသမားများ၊ လွှတ်တော်အမတ်များ၊ အစိုးရအရာရှိများ၊ ဘာသာရပ်ဆိုင်ရာ ပညာရှင်များ၊ နိုင်ငံကျော် အနုပညာရှင်များ၊ အားကစားသမားများ၊ ကျော်ကြားသူများ၊ မီဒီယာလောကမှ လုပ်ဖော်ကိုင်ဖက် မီဒီယာသမားများ၊ မဇ္ဈိမကို ဝေဖန်စာရေးသူများ၊ မဇ္ဈိမသတင်းစာပါ သတင်းများနှင့်ပတ်သက်၍ ကူညီပံ့ပိုးပေးသူများစသဖြင့် အဘက်ဘက်မှ ကူညီ၊ အားပေး၊ ထောက်ပြ၊ စောကြောပေးပါသော မဇ္ဈိမကို ချစ်ခင်သူ၊ အားပေးသူ၊ စိတ်ဝင်စားသူ၊ နှစ်လိုသူ၊ အပြစ်ဆိုသူ၊ အထွေထွေ လူအပေါင်းနှင့် ကျေးဇူးတင်ထိုက် သူအပေါင်းတို့အား ကျေးဇူးတင်ပါကြောင်းနှင့် ဆက်လက်၍လည်း လက်

“မြန်မာ စာနယ်ဇင်းဖွံ့ဖြိုးတက်ရေးမှာ နိုင်ငံတကာ အကူအညီတွေရဲ့ အခန်းကဏ္ဍ ဘယ်လောက် အရေ...

“မြန်မာ စာနယ်ဇင်းဖွံ့ဖြိုးတက်ရေးမှာ နိုင်ငံတကာ အကူအညီတွေရဲ့ အခန်းကဏ္ဍ ဘယ်လောက် အရေးပါခဲ့သလဲ” စည်သူအောင်မြင့် မြန်မာ့ မီဒီယာအခန်းကဏ္ဍကို ပြန်ကြည့်ရင် ဒီမိုကရေစီစနစ်ကို သွားမယ်ဆိုတဲ့ သမ္မတ ဦးသိန်းစိန် အစိုးရသစ်တက်လာတာ သုံးနှစ်ကျော် ကြာလာသည်အထိ ရုပ်သံထုတ်လွှင့်ခွင့်နဲ့ ရေဒီယိုအသံလွှင့်ခွင့်ကို အစိုးရက ရာနှုန်းပြည့် ထိန်းချုပ်ထားဆဲ ဖြစ်ပါတယ်။ အစိုးရက အခွင့်ထူးပေးထားတဲ့ ကုမ္ပဏီ နှစ်ခု ရုပ်သံလုပ်ငန်း ၀င်လုပ်နေတာ ရှိသလို၊ ခရိုနီကုမ္ပဏီ ခြောက်ခုကို ရေဒီယို အသံလွှင့်ခွင့်ပြုထားပါတယ်။ အဲဒီ နယ်ပယ်နှစ်ခုမှာ သတင်းလွတ်လပ်ခွင့်ကို လုံးဝပိတ်ပင်ထားရုံမက အလွန့်အလွန်ကြီးမားတဲ့ စီးပွားရေးလုပ်ငန်းတွေကိုလည်း အဲဒီကုမ္ပဏီတွေကိုပဲ လက်ဝါးကြီးအုပ် လုပ်ကိုင်ခွင့် ပေးထားတာပါ။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် အစိုးရသစ်လက်ထက်မှာ စာနယ်ဇင်းလို့ခေါ်တဲ့ ပုံနှိပ် မီဒီယာကတော့ လွတ်လပ်ခွင့် အပြည့်နီးပါး ရခဲ့ပါတယ်။ ပုဂ္ဂလိက သတင်းစာထုတ်ဝေခွင့် ရလာသလို၊ ဘယ်လို ကြိုတင် စိစစ်ဖြတ် တောက်မှုမှ မရှိဘဲ သတင်းတွေ၊ သတင်းဆောင်းပါးတွေ ရေးသား ထုတ်ဝေလာနိုင်ပါတယ်။ ဒီလို သတင်းလွတ်လပ်ခွင့်ရ၊ သတင်းစာတွေ ထုတ်ဝေလာနိုင်တဲ့အခါ မြန်မာစာနယ်ဇင်းသမားတွေ လုပ်နိုင်ပါ့မလား ဆိ

ပညာရေး ဝန်ကြီးဌာန ကျောင်းပြင်ပ မူလတန်းပညာရေး မြို့နယ် ၂၀ ထပ်တိုးမည် ရန်ကုန်၊ မေ...

ပညာရေး ဝန်ကြီးဌာန ကျောင်းပြင်ပ မူလတန်းပညာရေး မြို့နယ် ၂၀ ထပ်တိုးမည် ရန်ကုန်၊ မေ ၂၂ အခြေခံပညာ မူလတန်းကျောင်းများတွင် အကြောင်းရင်း အမျိုးမျိုးကြောင့် ပညာသင်ကြားခွင့် မရသူများအတွက် ပညာရေး ဝန်ကြီးဌာနက တိုင်းဒေသကြီးနှင့် ပြည်နယ် ခုနစ်ခုတွင် ကျောင်းပြင်ပ မူလတန်းပညာရေး မြို့နယ် ၂၀ ထပ်တိုး ဖွင့်လှစ်မည် ဖြစ်ကြောင်း ကျောင်းပြင်ပ မူလတန်း ပညာရေး စီမံချက် မန်နေဂျာ ဦးထွန်းကြည်က The Voice သို့ ပြောကြားသည်။ ထပ်တိုးစီမံချက် မြို့နယ် ၂၀ မှာ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့မှ ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ ၂၀၁၃ ပညာသင်နှစ်က မြို့နယ် ၈၀ တွင် ကျောင်းပြင်ပ မူလတန်းပညာရေး အစီအစဉ်ကို ဆောင်ရွက်ခဲ့ရာ ယခုနှစ်တွင် မြို့နယ် ၁၂ ခု၌ စီမံချက် ပြီးဆုံးသွားခြင်းကြောင့် ယခု မြို့နယ် ၂၀ ထပ်တိုး၍ ၂၀၁၄ ပညာသင်နှစ်တွင် စီမံချက်မြို့နယ် ၈၈ ခု၌ ဆောင်ရွက်မည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။ ကျောင်းပြင်ပ မူလတန်းစီမံချက် မြို့နယ်တိုး၍ ဆရာ၊ ဆရာမ ၂၁၅ ဦး တိုးခေါ်ယူသွားမည် ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာနထံမှ စုံစမ်းသိရှိရသည်။ ကျောင်းပြင်ပ မူလတ
ကန့်ဘလူတောင်သူများက သိမ်းဆည်းခံရသော မြေယာများအတွက် ဦးပိုင်ကို တရားစွဲမည် myanmar.mmtimes.com စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်မှ လယ်သိမ်းခံတောင်သူများက ယခင်က သကြား စက်ရုံ (ကန့်ဘလူ) တည်ဆောက်ရန်အတွက် သိမ်းယူထားသည့်မြေယာများအတွက် တောင်း ဆိုထားသည့် မြေယာလျော်ကြေး (သို့မဟုတ်) မြေယာများကို မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းမှ မပေးပါက တရားစွဲဆိုသွားမည်ဟု လယ်သိမ်းခံ တောင်သူများက ယခုလ ၁၄ ရက်နေ့… from The Myanmar Times's Facebook Wall http://ift.tt/1n89Aws

" ယာဉ်ထိန်းရဲကို တာဝန်ချိန်အတွင်း အပြင်းအထန်နာကျင်အောင်ပြုလုပ် သည်ဟု စွပ်စွဲချက်...

" ယာဉ်ထိန်းရဲကို တာဝန်ချိန်အတွင်း အပြင်းအထန်နာကျင်အောင်ပြုလုပ် သည်ဟု စွပ်စွဲချက်ဖြင့် သရုပ်ဆောင် နေသူရိန်နှင့် မိသားစုဝင်တို့ကို ၃ လကျော်အကြာမှ ဖမ်းဆီးအရေးယူ " ယာဉ်ထိန်းရဲ၏ တာဝန်ချိန်အတွင်းအပြင်းအထန် နာကျင်အောင်ပြု လုပ် နှောင့်ယှက်သည်ဟု စွပ်စွဲချက်ဖြင့် သရုပ်ဆောင်နေသူရိန်နှင့် ၎င်းမိသားစုဝင်တို့ကို မင်္ဂလာတောင်ညွန့် ရဲစခန်းမှ ပြဿနာဖြစ်ပွားပြီး ၃ လကျော်အကြာ မေလ ၁၂ ရက်နေ့တွင် ဖမ်းဆီး အရေးယူလိုက်ကြောင်း သိရသည်။ ပြီးခဲ့သော ၂ဝ၁၄ ခုနှစ် ဖေဖော်ဝါ ရီလ ၉ ရက်နေ့က မင်္ဂလာတောင်ညွန့် မြို့နယ်၊ သိမ်ဖြူလမ်းနှင့် ကန်တော်ကြီးကန်ပတ်လမ်းဆုံတွင် တာဝန်ကျသည့် ယာဉ်ထိန်းရဲတပ်ကြပ်ကြီး သောင်းဒန် နှင့် သရုပ်ဆောင်နေသူရိန် တို့ ဖြစ်ပွားခဲ့သည့်ပြဿနာအတွက် မင်္ဂလာတောင်ညွန့်ရဲစခန်းမှ သရုပ်ဆောင် နေသူရိန်မိသားစုကို ၃ လ နှင့် ၂ ရက် ကျော်အကြာတွင်မှ ထိုသို့ ဖမ်းဆီးအရေးယူလိုက်ခြင်း ဖြစ်သည်။ ထိုသို့ဖမ်းလိုက်သော ပုဒ်မက ပုဒ်မ ၃၃၃ (တာဝန်ထမ်းဆောင်နေချိန်ဝန်ထမ်းကို အပြင်းအထန်နာကျင်စေမှု) ဖြင့်ဖြစ် သည်ဟု ထိုရဲစခန်းက ပေါ်ပြူ လာနယူးစ်သို့ အတည်ပြုပြောသည်။ ဖြစ်စဉ်မှာ၂ဝ၁၄ ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက် ၁၁ နာရီ ၃ဝ မိနစ် အချိန်ခန့်နှင့် ဖေဖော

မူးယစ်ဆေး ရောင်းဝယ်သည်ဟု သတင်းထွက်နေသည့်အိမ်တွင် ရဲတပ်ဖွဲ့ဝင်နှစ်ဦးကို ဖမ်းမိ

မြစ်ကြီနား၊ မေ ၂၁မြစ်ကြီနားမြို့ မန်ခိန်ဆရာက ထောင်ရပ်ကွက် အတွင်းရှိ မူးယစ်ဆေးဝါး ရောင်းဝယ် သုံးစွဲသည်ဟု ကျော်ဇော သတင်းထွက်နေသည့် နေအိမ်ကို ရပ်ကွက်နေသူ ၁၀၀ ကျော်ပါသည့်အဖွဲ့က မေလ ၂၁ ရက်တွင် ဝိုင်းဝန်းပိတ်ဆို့ ဖမ်းဆီးရာ ရဲတပ်ဖွဲ့ဝင်နှစ်ဦး အပါအဝင် အရပ်သားနှစ်ဦးကို ဖမ်းဆီးမိခဲ့ကြောင်း ဖမ်းဆီးရာတွင် ဦးဆောင် ပါဝင်သူ မန်ခိန် ဆရာကထောင် ရပ်ကွက်မှ နှစ်ခြင်း အသင်းတော် သင်းအုပ်ဆရာ ထိန်နန်တူးက ပြောကြားသည်။ ယင်းရပ်ကွက်တွင် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုများ တစ်နေ့ထက် တစ်နေ့ များပြားလာသောကြောင့် ဒေသခံများ ပူးပေါင်းပါဝင်သည့် မူးယစ်ဆေးဝါး ဆန့်ကျင်တိုက်ဖျက်ရေး လှုပ်ရှားမှု တစ်ခုအဖြစ် မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ကျော်ဇောသတင်း ထွက်နေသည့် ဘောမ်ဇုန်း၏ နေအိမ်ကို ဝိုင်းဝန်းပိတ်ဆို့ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း၊ ဘောမ်ဇုန်းမှာ ရဲတပ်ဖွဲ့ဝင်အချို့နှင့် နီးစပ်သူ ဖြစ်ပြီး မူးယစ်ဆေးဝါး ရောင်းဝယ်သည့် လုပ်ငန်းများတွင် အချို့သော ရဲတပ်ဖွဲ့ဝင်များမှ သွယ်ဝိုက်၍ ပါဝင်ပတ်သက် နေသည်ကို မန်ခိန်ဒေသခံများက သတင်းပေး၍ ယခုကဲ့သို့ ဝိုင်းဝန်းပိတ်ဆို့ ဖမ်းဆီးရခြင်း ဖြစ်ကြောင်း သင်းအုပ်ဆရာ ထိန်နန်တူးက ဆက်လက်ပြောကြားသည်။ “ဒေသခံတွေ မူးယ

မုန်တိုင်းငယ် ရခိုင်ကမ်းရိုးတန်းသို့ ဦးတည်၊ ၁၂ နာရီအလိုတွင် အနီရောင်အဆင့် သတိပေ...

မုန်တိုင်းငယ် ရခိုင်ကမ်းရိုးတန်းသို့ ဦးတည်၊ ၁၂ နာရီအလိုတွင် အနီရောင်အဆင့် သတိပေးမည် ရန်ကုန်၊ မေ ၂၂ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသည့် လိမ္မော်ရောင် အဆင့်ရှိ မုန်တိုင်းငယ်မှာ ရခိုင်ကမ်းရိုးတန်း ဒေသသို့ ဦးတည် ရွေ့လျားနေပြီး ကမ်းရိုးတန်းသို့ မဝင်ရောက်မီ ၁၂ နာရီခန့် အလိုတွင် အနီရောင်အဆင့် ထုတ်ပြန်၍ သတိပေးမည် ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက မေလ ၂၂ ရက်နေ့ ညနေ ၄ နာရီခွဲတွင် ကြေညာချက် ထုတ်ပြန်သည်။ “လက်ရှိမှာ ရခိုင်ကမ်းရိုးတန်းကို ဦးတည်နေပေမယ့် မုန်တိုင်းလမ်းကြောင်း ဘယ်ကွေ့မလား ညာကွေ့မလား ဆိုတာတော့ မပြောနိုင်သေးဘူး” ဟု အဆိုပါဌာန တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။ အဆိုပါ မုန်တိုင်းငယ်သည် ဂွမြို့၏ အနောက် အနောက်တောင်ဘက် ၁၂၅ မိုင်ခန့်၊ ကျောက်ဖြူမြို့၏ အနောက်တောင်ဘက် ၁၆၀ မိုင်ခန့်၊ စစ်တွေမြို့၏ အနောက်တောင်ဘက် ၂၉၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပြီး ရခိုင်ကမ်းရိုးတန်းသို့ ဦးတည်နေကြောင်း ၎င်းက ပြောဆိုသည်။ မုန်တိုင်းငယ် အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်ဒေသ၊ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မိုးသက်လေပြင်း ကျရောက်ပြီး လှိုင်းကြီးမည် ဖြစ်ကာ ဧရာဝ

အမေရိကန် ဒေါ်လာ၁ဒသမ ၆၇သန်း ကုန်ကျမည့် သားသတ်ရုံ မြို့ကြီးသုံးမြို့တွင် တည်ဆောက်မည...

အမေရိကန် ဒေါ်လာ၁ဒသမ ၆၇သန်း ကုန်ကျမည့် သားသတ်ရုံ မြို့ကြီးသုံးမြို့တွင် တည်ဆောက်မည် ဖြိုး| သောကြာနေ့၊ မေလ ၂၃ ရက် ၂၀၁၄ ခုနှစ် ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့၏ညွှန်ကြားချက်အရ အစားအစာလုံခြုံစိတ်ချမှုနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု လျော့ကျစေရန် အမေရိကန်ဒေါ်လာ ၁ ဒသမ ၆၇ သန်း ကုန်ကျမည့် ခေတ်မီ သားသတ်ရုံများကို မြန်မာနိုင်ငံရှိ မြို့ကြီးသုံးမြို့တွင် တည်ဆောက်သွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီမှ အကြီးအကဲတစ်ဦးက မဇ္ဈိမကို ပြောသည်။ “စည်ပင်အနေနဲ့ ကိုယ့်ဘတ်ဂျက်နဲ့ ကိုယ်ဆောက်ရမှာဖြစ်ပါတယ်။ အဓိကတော့ ဈေးနှင့်သားသတ်ဌာနက ဆောင်ရွက်သွားမှာပါ။ အဆောက်အအုံအတွက် နေရာလျာထားပြီးပြီဆိုတော့ နေရာသေချာပြီဆိုတာနဲ့ တင်ဒါခေါ်မယ်။ ပြီးရင် စက်ပစ္စည်း၊ ရေပေးရေးစနစ်တို့၊ ၀န်ထမ်းအိမ်ရာတို့ ထားရှိမှာဖြစ်ပါတယ်။ ၂၀၁၆ မှာ အပြီးတည်ဆောက်သွားမှာပါ” ဟု ၎င်းက ဆိုသည်။ ယင်းသားသတ်ရုံတည်ဆောက်ပြီးစီးပါက နေ့စဉ် ကျွဲ၊ နွားအကောင်ရေ ၂၀၀ ခန့်သတ်နိုင်မည်ဖြစ်ပြီး အသားကိုလည်း အအေးခန်းဖြင့်ထားကာ စက်ဖြင့် အရေခွံခွာ၊ အသားထုတ်ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်သည်။ ခေတ်မီသားသတ်စက်ရုံကို တောင်အင်းမြောက်အင်းတွင် တည်ဆောက်ပြီးပါက မန္တလေးမြို့ စိန်ပန

မျိုးတုံးတော့မည့် လိပ်ကတုံးနှင့် သောင်လိပ် မျိုးစိတ်များ ရှာဖွေမည် ဇာဏီထွဏ်း|ေ...

မျိုးတုံးတော့မည့် လိပ်ကတုံးနှင့် သောင်လိပ် မျိုးစိတ်များ ရှာဖွေမည် ဇာဏီထွဏ်း| သောကြာနေ့၊ မေလ ၂၃ ရက် ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံ မျိုးစိတ်ရင်းဖြစ်သည့် မျိုးတုံးရန် အလွန်နီးသော လိပ်ကတုံး(Batagur affinis)နှင့် သောင်လိပ် (Bata-gur baska) မျိုးစိတ်များကို နှစ်နှစ်အတွင်း ရှာဖွေတွေ့ရှိမှု မရှိသဖြင့် လာမည့်ဇူလိုင်လမှ စတင်ကာ ကမ်းရိုးတန်းတစ်လျှောက် ထပ်မံ ရှာဖွေထိန်းသိမ်းသွားမည်ဖြစ်ဟု သားငှက်တိရစ္ဆာန် ထိန်သိမ်းရေးအဖွဲ့ လိပ်ထိန်းသိမ်းစောင့်ရှောက်ရေး ညှိနှိုင်းရေးမှူး ဒေါ်ကလျာက မဇ်္ဈိမကို ပြောသည်။ လိပ်ကတုံးနှင့် သောင်လိပ်များသည် ဒီရေတောပေါက်ရောက်ရာ ဒေသများတွင် နေထိုင်သည့် လိပ်မျိုးစိတ် များ ဖြစ်သောကြောင့် ဒီရေတောပေါက်ရောက်ရာ ကမ်းရိုးတန်းဒေသဖြစ်သော ရခိုင်ကမ်းရိုးတန်း၊ မြစ်ဝကျွန်းပေါ်ဒေသ၊ တနင်္သာရီကမ်းရိုးတန်း ဒေသများကို ရှာဖွေသွားမည်ဖြစ် သည်ဟု ၎င်းက ဆိုသည်။ WCS အဖွဲ့အနေဖြင့် ၂၀၀၆ ခုနှစ်က လိပ်မျိုးစိတ်များ စစ်တမ်းကောက်ယူရာတွင် ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်းရှိ ဒီရေတောများတွင် တွေ့ရှိခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် ပြန်လည်စစ်တမ်းကောက်ယူရာ၌ လုံးဝ ရှာဖွေ တွေ့ရှိတော့ခြင်း မရှိရခြင်းကြောင့် ထပ်မံရှာဖွေရခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

အခြေခံဥပဒေ ပြင်ဆင်ရေး ရန်ကုန်အရှေ့ပိုင်းခရိုင်တွင် လူ ၃၀၀၀ ကျော် ဆန္ဒထုတ်ဖော်မည်...

အခြေခံဥပဒေ ပြင်ဆင်ရေး ရန်ကုန်အရှေ့ပိုင်းခရိုင်တွင် လူ ၃၀၀၀ ကျော် ဆန္ဒထုတ်ဖော်မည် ရန်ကုန်၊ မေ ၂၂ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ရန်ကုန်အရှေ့ပိုင်း ခရိုင်တွင် အရပ်ဘက် အဖွဲ့အစည်း ၃၅ ဖွဲ့မှ လူ ၃၀၀၀ ကျော် ဆန္ဒထုတ်ဖော်မည် ဖြစ်ကြောင်း အခြေခံဥပဒေ ပြင်ဆင်ရေး တက်ကြွလှုပ်ရှားသူများ ကွန်ရက် အဖွဲ့ဝင် ဦးကျော်ကျော်ညွန့်က ပြောကြားသည်။ အဆိုပါ လူပေါင်း ၃၀၀၀ ကျော် ပါဝင်မည့် ရန်ကုန်အရှေ့ပိုင်းခရိုင် ဆန္ဒထုတ်ဖော်ပွဲ ခွင့်ပြုမိန့် လျှောက်ထားလွှာကို မေလ ၁၉ ရက်နေ့တွင် သာကေတမြို့နယ် အုပ်ချုပ်ရေးမှူးရုံးသို့ တင်ထားကြောင်း အခြေခံဥပဒေ ပြင်ဆင်ရေး တက်ကြွလှုပ်ရှားသူများ ကွန်ရက်ထံမှ သိရသည်။ ယင်းဆန္ဒထုတ်ဖော်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက်များ ပူးတွဲ ဟောပြောမည် ဖြစ်ကြောင်း ဦးကျော်ကျော်ညွန့်က ဆိုသည်။ “တိုင်းရင်းသား ခေါင်းဆောင်တွေထဲက တစ်ယောက်ကိုလည်း ဖိတ်ကြားမှာပါ၊ လာရောက်ဟောပြောမှာ သေချာပါတယ်၊ ဒါပေမဲ့ ဘယ်သူ တက်မလဲ ဆိုတာကတော့ သူတို့ဘက်က သဘောပါ” ဟု ၎င်းကဆိုသည်။ လူထုဆန္ဒ ထုတ်ဖော်ပွဲကို သာကေတ ကျောက်တိုင်မှ စတင် ပြုလုပ်မည် ဖြစ်ပြီး သာကေတ အားကစားကွင်းတွင် စုရပ်အဖြစ် သတ်မှတ်ကာ အခြေခံဥပဒေ ပြင်ဆင်ရေး လူ
Justin Bieber က ပါးကို နာနာလေး တစ်ချက်လောက်အချခံဖို့လိုနေတာ လို့ပြောလိုက်တဲ့ Sharon Osbourne -... http://ift.tt/1czkJ7l from Myanmar News Now's Facebook Wall http://ift.tt/1oma55L