Skip to main content

နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ ၀င်လာပါက Web Developer များအတွက် အလုပ်အကိုင်ပ...



နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ ၀င်လာပါက Web Developer များအတွက် အလုပ်အကိုင်ပိုမိုရရှိမည်



မောင်မန်း



နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်လာပါက ပြည်တွင်း Web Developer များအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာနိုင်မည်ဖြစ်ပြီး ပြည်တွင်းပညာရှင်လူငယ်များအနေဖြင့် ပြည်တွင်း ပြည်ပလုပ်ငန်းများတွင် လုပ်ကိုင်နိုင်ရန်အတွက် နည်းပညာရပ်များကို ပိုမိုလေ့လာပြီး ကိုယ်ပိုင်အရည်အသွေးများ မြှင့်တင်နေသင့်သည်ဟု Web Developer ဘာသာရပ်များ သင်ကြားပေးနေသည့် Myanmar Link မှ အမှုဆောင်အရာရှိချုပ် ဦးစိုးသီဟနောင်က မဇ္ဈိမကို ပြောသည်။



ဦးစိုးသီဟနောင်က“အခုဆိုရင် ဂျပန်လိုနိုင်ငံမျိုးတွေက ဒီမှာရင်းနှီးမြှုပ်နှံမှုတွေ လုပ်လာပါပြီ။ ဒီအချိန်မှာ ပြည်တွင်းက Web Developer တွေအနေနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုများလာမှာပါ”ဟုဆို သည်။



လက်ရှိအချိန်တွင် ပြည်တွင်းWeb Developer များအနေဖြင့် ကိုယ်ပိုင်လုပ်ငန်းထူထောင်ရန် အခက်အခဲများရှိနေပြီး ပူးပေါင်းလုပ်ဆောင်နိုင်မှုပိုင်းတွင် အားနည်းချက်များရှိနေသည်ဟုလည်း ဦးစိုးသီဟနောင်က သုံးသပ်သည်။



၎င်းက “ပြည်တွင်းက လူငယ်တွေအနေနဲ့ သူများအလုပ်မှာ သွားလုပ်တယ်ဆိုရင် အတိုင်းအတာ တစ်ခုအထိ ရပ်တည်နိုင်ပါတယ်။ ကိုယ်ပိုင်ထူထောင်ဖို့ကြတော့ နည်းပညာနဲ့ ပတ်သက်တဲ့ အခြေခံအဆောက်အအုံးလိုအပ်ချက်တွေ စသည်ဖြင့် အခက်အခဲတွေ ရှိပါတယ်။ လူငယ်ပညာရှင်တွေအချင်းချင်း ပူးပေါင်း ဆောင်ရွက်နိုင်မှုအပိုင်းမှာ အားနည်းချက်တွေ ရှိနေပါတယ်”ဟု ဆိုသည်။



ပြည်တွင်းပညာရှင် လူငယ်များအနေဖြင့် ကိုယ်ပိုင်လုပ်ငန်းစတင်နိုင်ရန်အတွက် အင်တာနက်လိုအပ်ချက်သည် အခက်အခဲတစ်ခုအဖြစ်ရှိနေပြီး စတင်လေ့လာသူများအတွက်လည်း လိုအပ်ချက်တစ်ခုဖြစ်နေသည်ဟု ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်း အလုပ်အမှုဆောင် ဦးဝေလင်းထွန်းက မဇ္ဈိမကို ပြောသည်။



ဦးဝေလင်းထွန်းက“ကိုယ်ပိုင်လုပ်ငန်းစလုပ်မယ့် ပညာရှင်လူငယ်တွေအတွက် အင်တာနက် လိုအပ်ချက်က အခက်အခဲတစ်ခုဖြစ်နေတယ်။ စတင်သုံးဖို့ကုန်မယ့် ပမာဏက များတယ်။ လေ့လာဖို့အတွက်ဆိုလည်း အင်တာနက်က မရှိမဖြစ်လိုအပ်ချက်ဖြစ်တဲ့အတွက် အင်တာနက်ကောင်းဖို့ လိုအပ်ပါတယ်”ဟု ဆိုသည်။



ပြည်တွင်းရှိ ပညာရှင်လူငယ်များအနေဖြင့် နည်းပညာအပေါ် လေ့လာခြင်းကို ပိုမိုအားစိုက်နေပြီး လက်တွေ့ဖြေရှင်းရမည့် လိုအပ်ချက်များကို ဂရုပြုရန်လိုအပ်သည်ဟု ဦးဝေလင်းထွန်းက သုံးသပ်သည်။



၎င်းက“နည်းပညာတွေက အများကြီးရှိတယ်။ ဘယ်ဟာကို သုံးသုံးရပါတယ်။ ဘယ်လိုဖန်တီးမယ်၊ ပြဿနာတွေ ဘယ်လိုဖြေရှင်းမယ်၊ Data တွေကို ဘယ်လို ထိန်းသိမ်းမယ်ဆိုတာမျိုးတွေက ပိုပြီးအရေးကြီးပါတယ်။ အပြင်စာတွေ များများဖတ်ဖို့လိုပါတယ်”ဟု ပြောသည်။



ပြည်တွင်းပညာရှင် လူငယ်များအနေဖြင့်Web Developer တစ်ဦးအဖြစ် ရပ်တည်နိုင်ရန်အတွက် ပြည်တွင်း ပြည်ပကုမ္ပဏီများ၏ လိုအပ်ချက်အပေါ်မူတည်နေပြီး ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများဝင်လာသည့်အတွက် အလုပ်အကိုင် အခွင့်အလမ်းများလည်း ပိုကောင်းလာပြီ ဖြစ်သည်ဟု ပညာရှင်များက ဆိုသည်။

from Mizzima - News in Burmese's Facebook Wall http://ift.tt/TArGwI

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...