Skip to main content

Posts

Showing posts from March 22, 2015

ရှောက်ရည် သောက်ခြင်း၏ အကျိုးကျေးဇူးများ

ရှောက်ရည်မှာ ဓာတ်တိုး ဆန့်ကျင် ပစ္စည်းတွေ ပါဝင်ပြီး ကင်ဆာကို တွန်းလှန်နိုင်တဲ့ ဂုဏ်သတ္တိကြောင့် နှစ်ပေါင်းများစွာ ကတည်းကပင် အသုံးပြု ခဲ့ကြပါတယ်။ ရှောက်ရည်ရဲ့ ကျန်းမာရေး အကျိုးကျေးဇူး တွေကို အောက်မှာ ဖော်ပြ ပေးလိုက်ပါတယ်။ (၁)ခုခံအားစနစ်ကို မြှင့်တင်ပေးနိုင်ခြင်း (၂)အစာခြေရန် ကူညီနိုင်ခြင်း (၃)အာရုံစူးစိုက်မှု ကောင်းမွန်နိုင်ခြင်း (၄)အသည်းနှင့် ကျောက်ကပ်မှ အဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်ခြင်း (၅)အစာစားချင်စိတ်ကို ချိုးနှိမ်ပေးခြင်း (၆)နှလုံးအလုပ်မလုပ်နိုင် မဖြစ်အောင် ကာကွယ်ပေးခြင်း (၇)အနာကျက်မြန်စေခြင်း (၈)ခန္ဓာကိုယ်မှ အဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်ခြင်း (၉)ရောဂါပိုးကို တွန်းလှန်နိုင်ခြင်း (၁၀)အအေးမိနှင့် ချောင်းဆိုးဝေဒနာ သက်သာစေခြင်း (၁၁)ရင်ကျပ်ပန်းနာ သက်သာစေခြင်း (၁၂)ပျို့ခြင်း၊ အန်ခြင်းနှင့် ကားမူးခြင်းကို ကာကွယ်ပေးခြင်း (၁၃)အရိုးနှင့်သက်ဆိုင်သော ရောဂါများကို ကာကွယ်ပေးနိုင်ခြင်း (၁၄)ဝက်ခြံ၊ မှည့်ခြောက်နှင့် အမည်းစက်များကို ဖယ်ရှားပေးနိုင်ခြင်း (၁၅)ဆံပင်သန်မာစေခြင်း ဒေါက်တာ ခင်မိုးမိုး credit to Health Articles from သစ်ထူးလွင် (ကျန်းမာရေး) - Thit Htoo Lwin http://

ခြင်ကိုက် သက်သာ ပြီး ခြင်ပြေး စေရန်

ခြင်ကိုက် သက်သာ ပြီး ခြင်ပြေး စေရန် ၁။ ကြက်သွန် ဖြူကို ဆီနှင့် ရော၍ (၂၄) နာရီ ထားပါ။ ထို့နောက် ရေ လက်ဖက်ရည် ပန်းကန်လုံး (၂) ခွက်၊ လတ်ဆတ်သော သံပရာရည် စားပွဲ ဇွန်း (၁) ဇွန်း ရောထည့်ပြီး အ၀တ်နှင့် စစ်ပါ။ ဖျန်းဘူးထဲ ထ ည့်၍ လှုပ်ခါပြီး အခန်း ထောင့်ကို ပက်ဖျန်းပါ။ ၂။ ယူက လစ်ဆီကို သံပရာရည်၊ နေ ကြာဆီ နှင့်ရော၍ အသားတွင် လိမ်း ပေးပါ။ ၃။ ရှာလကာရည် Venigar ကို လိမ်းပေး နိုင်သည်။ အသားတွင် လည်းကောင်း၊ မိမိထိုင် သည်ခုံ၊ အလုပ်လုပ် သည့်စားပွဲ ခြေတိုင်များ တွင်လည်း ကောင်း လိမ်းထား ပါ။ ၄။ လင်ဗင်ဒါ ဆီကို နားရွက် အနောက်၊ ခါး၊ လည်ပင်း တို့တွင် လိမ်းထားပါ။ ရနံ့သင်း ရုံမက ခြင်ကို လည်း ပြေးစေ သည်။ အထက်ပါ နည်းများမှာ ခြင်သေစေ ရန် ရည်ရွယ် ပြုလုပ်ခြင်း မျိုးမဟုတ် ဘဲ အနံ့ မကြိုက်၍ ခြင်ပြေး စေသော နည်းလမ်း မျှသာဖြစ်သည်။ Health Updates Journal မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from သစ်ထူးလွင် (ကျန်းမာရေး) - Thit Htoo Lwin http://ift.tt/1MZ3iuQ

အဆိပ်ပြေစေမည့် တွဲဖက်အစားအစာများ

မိမိတို့နေစဉ် စားသောက်နေကြတဲ့ အစားအစားတွေထဲမှာ အာဟာရကို ဖြစ်စေနိုင်တဲ့ဓါတ်များ ပါဝင်နေသလို ဘေးထွက်ဆိုးကျိုးများ ဖြစ်စေနိုင်တဲ့အရာများလည်း ပါဝင်နေကြပါတယ်။ ဥပမာအားဖြင့် မိမိတို့မြန်မာလူမျိုးတွေ နှစ်ခြိုက်စွာ စားသုံးနေကြတဲ့ အီကြာကွေးထဲကို ကြွတ်ရွနေအောင် ကျောက်ကျဉ်တို့လို၊ ဆိုဒါတို့လိုဟာတွေ ထည့်ထားသည့်အတွက် Aluminum ဓါတ်ကို ဖြစ်ပေါ်စေပါတယ်။ ၄င်းအလူမီနမ်ဓါတ်ဟာ ဦးနှောက်ဆဲလ်များကို သေစေနိုင်ပြီး မှတ်ဉာဏ်ချို့တဲ့စေသလို လူ့ခန္ဓာကိုယ်အတွက်လည်း ဆိုးကျိုးများကို ဖြစ်ပေါ်စေပါတယ်။ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်စေပါတယ်။ ၄င်းအလူမီနမ်ဓါတ်ကို ခြေဖျက်ပေးနိုင်တာက ပဲနို့ရည်ဖြစ်ပါတယ်။ ထို့ကြောင့် နိုင်ငံခြားမှာ ပဲနို့နဲ့အီကြာကွေးကို အမြဲ တွဲရောင်းပေးလေ့ရှိကြတယ်။ မိမိတို့မြန်လူမျိုးများ နှစ်ခြိုက်စွာ စားသုံးနေကြသည့် ငပိရည်နှင့်တို့စရာတွေထဲမှ အချဉ်ဖောက်ထားသည့် ကတက်ချဉ်၊ မုန်လာချဉ်၊ မုန်ညင်းချဉ်၊ သရက်ချဉ်စတဲ့ ချဉ်ဖတ်အမျိုးမျိုးဟာ အူမကြီးကင်ဆာ၊ အစာအိမ်ကင်ဆာစတဲ့ရောဂါများကို ဖြစ်ပေါ်စေနိုင်တဲ့ဓါတ်တွေ ပါဝင်နေပါတယ်။ အဲဒီအချဉ်ဖောက်ထားတဲ့ဓါတ်ကို ပယ်ဖျက်ပေးနိုင်တာက ကီဝီသီးတို့လို ဗီတာမင်စီပြည့်ဝတဲ့ အစားအစာဖြစ်ပါတယ်။

တွဲဖက်စားလျှင် သေစေနိင်သောအစားအစာများ

တွဲဖက်၍ စားသုံးလျှင် မူးဝေ၊ အော့အန်၊ အဆိပ်အတောက်ဖြစ်စေတတ်တဲ့ အစားအစာများကို မကြာခဏဖော်ပြပေးတဲ့အတွက် ဖတ်ဖူးကြမှာပါ။ ယခုတဖန် တွဲဖက်စားသုံးလျှင် သေစေနိုင်သည့် အစားအစာများကို ထပ်မံမျှဝေပေးလိုက်ပါတယ်။ ဉာဏ်ဖြင့်ဆင်ခြင်၍ ရှောင်ရှားနိုင်ကြပါစေ။ နွားနို့ + မှို = သေ မင်းကွတ်သီး + သကြား = သေ ရေခဲမုန့် + ချင်းသုပ် = သေ လက်ဖက် + ကျွဲခေါင်းသီး = သေ အမဲသား + ခရု = သေ ဂွေးသီး + အာတာလွတ် = သေ နို့ဆီ + ကိုးပါးဆေး = သေ တညင်းသီး + ရှိန်းခို = သေ အုန်းနို့ခေါက်ဆွဲ + ပက်ပစီ = သေ ကိုင်းဥ + ပုစွန်ချဉ် = သေ နွားနို့ + အချဉ်အမျိုးအမျိုး = သေ သိုးသား + စောင်းလျားသီး = သေ ကျွှဲခေါင်းသီး + သံပုရာသီး = သေ မှို + ဖားသား = သေ မှို + လယ်ကဏန်း = သေ ၀က်သား + ထန်းရည်ချို =သေ ၀က်သား + ဗျိုင်းသား = သေ ၀က်သား + ကြာရိုးကြာစွယ် =သေ ပျားရည် + သြဇာသီး =သေ ပျားရည် + အုန်းသီး =သေ ပျားရည် + ဥသျှစ်သီး =သေ ခိုသား + ချင်း =သေ ခိုသား + ဖရုံသီး =သေ ကြောင်လျှာသီး + ငါးသေတ္တာ =သေ ကြောင်လျှာသီး + ပဲဒလက် =သေ ကြောင်လျှာသီး + စပါးကြီးမြွေ =သေ ပီလောပီနံ + ပဲကြားလှော် =သေ ပီလောပီနံ + မျှစ်ချဉ် =သေ ပီလောပီနံ + ဒေါင်းသား =သေ ပီလောပီနံ + အချဉ်

ကညွတ်ဟာ ဆီချိုရောဂါ အတွက် နောက်ဆုံးပေါ် လက်နက်ဟုဆို

ကညွတ်ဟာ ဆီချိုရောဂါ အတွက် နောက်ဆုံးပေါ် လက်နက်ဟုဆိုကညွတ်ကို ပုံမှန်စားသုံးတဲ့ သူတွေ ဟာ သွေးတွင်း သကြားဓာတ် ပုံမှန်ဖြစ် အောင် ထိန်းချုပ်နိုင်ပြီး ဂလူးကို့စ်ကို စုပ် ယူဖို့ ကူညီနိုင်တဲ့ အင်ဆူလင်ဟော်မုန်း ထုတ်လုပ်မှုလည်း မြင့်တက်လာ နိုင်တယ် လို့ သိပ္ပံပညာ ရှင်တွေက တွေ့ရှိခဲ့ပါ တယ်။ ဒါကြောင့် ကညွတ်ဟာ ဆီးချိုရော ဂါကို တွန်းလှန်ဖို့ နောက်ဆုံးပေါ်လက် နက်ဖြစ်လာမယ်လို့ သိပ္ပံပညာရှင် တွေက ယုံကြည်ကြ ပါတယ်။ ကမ္ဘာပေါ်မှာ လူ ပေါင်း တစ်သန်းကျော်ဟာ ဆီးချိုရောဂါ ဖြစ်နေမှန်း မသိရှိကြသူ တွေဖြစ်ပါတယ်။ မောပန်းတာ၊ ရေငတ်တာ၊ မကြာခဏ ဆီးသွားတာ၊ မှက္ခရုပေါက်တာနဲ့ အနာ ကျက်နှေးတာလိုမျိုး ဆီးချိုရောဂါရဲ့ လက္ခဏာတွေကို မသိရှိနားမလည်ကြ လို့ပါ။ အဲဒါတွေကို ကုသမှုမခံယူရင် အ မျိုးအစား (၂) ဆီးချို ရောဂါကြောင့် နှလုံးတိုက်ခိုက် ခံရတာ၊ အမြင်အာရုံ ဆုံး ရှုံးတာနဲ့ ခြေပြတ်လက်ပြတ်တွေ ဖြစ်လာ နိုင်ပါတယ်။ ကညွတ်ဟာ ခန္ဓာကိုယ်ကြွက်သားနဲ့ တစ်သျှူးတွေမှ ဂလူးကို့စ်သုံးစွဲနိုင်မှု ၈၁ ရာခိုင်နှုန်း ပိုမိုမြင့်မား စေတယ်လို့ ကရာချိ တက္ကသိုလ်မှ သိပ္ပံပညာရှင်တွေက တွေ့ရှိ ခဲ့ပါတယ်။ ကညွတ်အနှစ်ပမာဏများစွာ သုံးစွဲပါမှ မုန့်ချိုအိတ်မှ အင်ဆူလင်ထုတ် လုပ်မှုကို ထိရေ

အစာအဆိပ်မသင့်စေဖို့

(၁) ဘေးကင်းတဲ့အသားကိုရွေးပါ စူပါမားကက်မှာ အသားဝယ်လျှင် ရေခဲသေတ္တာ အောက်ဆင့်က အသားကို ရွေးပါ။ အပေါ်ဆင့်ရှိ အသားများသည် အေးသင့်သလောက် မအေးဘဲ ဖြစ်တတ်သည်။ (၂) ကျကျနနသိမ်းပါ လတ်လတ်ဆတ်ဆတ် အသားများကို ရေခဲသေတ္တာအအေးခန်း (refrigerator) တွင် နှစ်ရက်အထိ ထားနိုင်သည်။ အခဲခန်း(freezer)တွင် လပေါင်းများစွာ အထားခံ သည်။အအေးခန်း (refrigerator) တွင် ၄၀ဒီဂရီဖာရင်ဟိုက်ရှိသင့်ပြီး အခဲခန်း (freezer) တွင်သုညဒီဂရီ ဖာရင်ဟိုက်ရှိသင့်သည်။ (၃) ကျကျနနရေခဲဖျော်ပါ အေးခဲထားသည့် အသားကို ရေထဲထည့်စိမ်၍ ရေခဲပျော်အောင် ထားပါ။ မီးဖိုစင်တွင် အတိုင်းသားတင်၍ ရေခဲပျော်အောင်ထားခြင်းသည် ဘက်တီးရီးယားများ ပွားလာစေသည်။ (၄) ဆေးကြောသန့်စင်ပါ အသားကိုင်မည့် လက်ကို ဆေးကြောသန့်စင်ပါ။ စဥ့်နှီတုံး၊ ပန်းကန်၊ ဓား၊ ဒယ်အိုးမှန်သမျှကို ဆေးကြောပါ။ ပန်းကန်ဆေးစင်(sink)ကို ဆေးကြောပါ။ (၅) အပူချိန်မှန်မှန်ချက်ပါ ကြက်သားကို (၁၆၅)ဒီဂရီဖာရင်ဟိုက်မှာ ချက်ပါ။ ၀က်သားနှင့် အမဲသားကို (၁၄၅)ဒီဂရီဖာရင်ဟိုက်၊ ငါးကို (၁၄၅)ဒီဂရီဖာရင်ဟိုက်မှာ ချက်ပါ။ (၆) မုန့်ဖုတ်ထားသည့် စားသောက်ကုန်များကို သတိထားပါ ကြက်ဥ ပေါင်မုန့်၊ ကွတ်ကီး စသည့် အသင့်စားထုတ်ကုန်များကို မစားပါနှင့်

ကိုလက်စထရော ပြဿနာအတွက် ဆောင်ရန်ရှောင်ရန် နည်းလမ်းကောင်းများ

ကိုလက်စထရော ဆိုတာ သွေးထဲမှာ စီးဆင်းနေတဲ့ အဆီမော်လီကျူးတွေဖြစ်ပြီး၊ ခန္ဓာကိုယ်ကိုကောင်းကျိုးပြုတဲ့ HDL ကိုလက်စထရောနဲ့ ခန္ဓာကိုယ်ကိုဆိုးကျိုးပေးတဲ့ LDLကိုလက်စထရောဆိုပြီး နှစ်မျိုးရှိကြပါတယ်။ တစ်နည်းဆိုရရင် ကိုလက်စထရော (Cholesterol) ဆိုတာ ခန္ဓာကိုယ်ဇီဝကမ္မလုပ်ငန်းများအတွက် မရှိမဖြစ်လိုအပ်သော အဆီဓာတ်တစ်မျိုးဖြစ်ပါတယ်။ သို့သော် ပမာဏများသွားရင် ခန္ဓာကိုယ်တည်ဆောက်ရာမှာ သာမက သွေးကြောတွေကိုပါအနည်ကျပိတ်ဆို့စေပါတော့တယ်။ အထူးသဖြင့်နှလုံးသွေးလွှတ်ကြောတွေကို သွေးထောက်ပံ့မှု ကမောက်ကမဖြစ်စေတာကြောင့် 'နှလုံးရောဂါအစ၊ ကိုလက်စထရောက'လို့ ဆိုနိုင်ပါတယ်။ ကိုလက်စထရောတက်စေတဲ့အကြောင်းရင်းများ (၁) သွေးဆုံးပြီး အမျိုးသမီးများ၊ (၂)မိသားစုမျိုးရိုးထဲမှာ ကိုလက်စထရော များတဲ့ ရာဇဝင်ရှိသူများ (၃) အဆီအအိမ့် အစားများပြီးကိုယ်လက်လှုပ်ရှားမှုနည်းသူ များ (၄) အဝလွန်သူများ (၅) ဆေးလိပ် သောက်လွန်းသူများမှာ ကိုလက်စထရော တွေ တက်လာကြပါတယ်။ အစားအစာနှင့်ကိုလက်စထရောပါဝင်နှုန်းများ အရွယ်ရောက်ပြီးသူ တစ်ယောက် အတွက် တစ်နေ့လျှင် ကိုလက်စထရော အများဆုံး ၃ဝဝ မီလီဂရမ်ထက် မပိုသင့် ပေ။ သို့ပါ၍ ကျန်းမာရေးအသိစိတ်ဓာတ် ဖြင့် အစားအစာများကို ချင့်ချိန်