Skip to main content

Posts

Showing posts from December 7, 2014

ရန်ကုန်နယ်နိမိတ်အတွင်း စီးနင်းနေသည့် ဘတ္ထရီဆိုင်ကယ်များကို အရေးယူမည်

ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်း ဥပဒေမဲ့ ဆိုင်ကယ်စီးနင်း မှုတွေကို တာဝန်ရှိ အဖွဲ့အစည်းတွေက စဉ်ဆက်မပြတ် အရေးယူနေပြီး ဘတ္ထရီ ဆိုင်ကယ်တွေကိုလည်း အရေးယူ တော့မည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင် နယ်စပ်ရေးရာနဲ့ လုံခြုံရေး ဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ပြောကြားလိုက်ပါတယ်။ ဒီကနေ့ပြုလုပ်တဲ့ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် အစည်းအဝေးမှာ သင်္ဃန်းကျွန်း မြို့နယ်အမတ် ဦးကျော် မေးမြန်းတဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ် အတွင်း စီးနင်းခွင့် မပြုထားသည့် မော်တော်ဆိုင်ကယ်များအား လုံးဝရပ်ဆိုင်း သွားသည်အထိ တားမြစ် အရေးယူပေးရန် အစီအစဉ် ရှိ၊ မရှိ၊ ရပ်ကွက်တွင်း သွားလာနေသည့် ဘတ္ထရီ ဆိုင်ကယ်များအား မည်သို့ အရေးယူဆောင်ရွက်မည်နည်း၊ ဝန်ထမ်းများအတွက် သီးသန့်နံပါတ်ပြားများဖြင့် ခွဲခြားခွင့်ပြုရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနဲ့ ပတ်သတ်ပြီး ပြန်လည် ဖြေကြားခဲ့တာပါ။ အခုနှစ်အတွင်း ရန်ကုန်နယ်နိမိတ်အတွင်း မော်တော်ဆိုင်ကယ်စီးနင်းမှုနဲ့ ပတ်သက်ပြီး အသိပညာပေးမှု ၈၆၅ ကြိမ် ပြုလုပ်ခဲ့ပြီး ဖမ်းဆီးမှုတွေလည်း ပြုလုပ်ခဲ့တယ်လို့ တိုင်းဝန်ကြီးက ဆိုပါတယ်။ “ဥပဒေမဲ့ဆိုင်ကယ်စီးနင်းမှုများကို တာဝန်ရှိအဖွဲ့အစည်းများ

ဗိုလ်ချုပ်နှစ် ၁၀၀ ပြည့်မွေးနေ့ အကြိုလှုံ့ဆော်ဖျော်ဖြေပွဲ ဒေါ်အောင်ဆန်းစုကြည် နေအိမ်ရှေ့တွင် ကျင်းပ

ဗိုလ်ချုပ်အောင်ဆန်းနှစ် ၁၀၀ပြည့်မွေးနေ့အကြို လှုံ့ဆော်ဖျော်ဖြေပွဲကို တက်္ကသိုလ်ရိပ်သာလမ်းရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်၏ နေအိမ်ရှေ့တွင် စုတိုင်းပြည်(ယုံကြည်ခြင်း တွဲလက်များ)နှင့် ပန်းရဲ့လမ်းအဖွဲ့တို့က ဒီဇင်ဘာ ၇ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ အဆိုပါ လှုံ့ဆော် ဖျော်ဖြေပွဲကို“ပြည်သူ့ထံမှ ပြည်သူ့ထံသို့”ဟူသော ဆောင်ပုဒ်ဖြင့် လွတ်လပ် ငြိမ်းချမ်း ပန်းရဲ့လမ်းအဖွဲ့မှ ဦးရဲလွင်၏ ဦးဆောင်မှုဖြင့် ဒီဇင်ဘာ ၇ ရက် မနက် ၁၀ နာရီ မိနစ်၃၀ ခန့်က စတင်သီဆိုခဲ့ကြခြင်းဖြစ်သည်။ ““ကျွန်တော်တို့တစ်တွေ ဒီဇင်ဘာ ၁ရက်ကစပြီး ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မန်္တလေးတိုင်း၊ စစ်ကိုင်းတိုင်းတွေမှာ လမ်းဟောင်းအတိုင်း သွားပြီးတော့ ဗလာစာအုပ်တွေဝေမယ်။ ၂၀၁၅ မှာ ဗိုလ်ချုပ် နှစ်တစ်ရာပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် အနာဂတ်ကလေးငယ်တွေ ပိုမိုသိရှိနား လည်လာဖို့ ရည်ရွယ်ပြီးပြုလုပ်တာပါ””ဟုပန်းရဲ့လမ်းအဖွဲ့မှ ကိုသားထွေးက ပြောသည်။ ၎င်းင်းပွဲတွင် အမေ့အိမ် ပညာဒါနကျောင်းမှ ကျောင်းသားလေးများက ဗိုလ်ချုပ်အောင်ဆန်း မကွယ်လွန်မီ မိန့်ဆိုခဲ့သည့် မိန့်ခွန်း ကောက်နုတ်ချက်များကို ပြန်လည် ဟောပြောခဲ့ပြီး ကျောင်းသား၊ ကျောင်းသူမျာ

လျှပ်စစ်ဓာတ်အား ပြတ်တောက်ပါက အမှောင်ထုထဲတွင် LED မီးလုံးများက အလိုအလျောက် သုံးနာရီ မီးလင်း နိုင်တော့မည်

ဗြိတိန်နိုင်ငံ၌ ယခုနှစ် ဆောင်းရာသီတွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများ ဖြစ်ပေါ် လာနိုင်၍ စီးပွားရေး လုပ်ငန်းရှင်များ နှင့်တကွ ပြည်သူများ အမှောင်ထုထဲတွင် နေရမည်ကို စိုးရိမ်လျက် ရှိသည်။ ယင်းကဲ့သို့ လျှပ်စစ်ဓာတ်အား ပြတ်တောက် သွားပါက ပြတ်တောက်ပြီး သုံးနာရီ အတွင်း အလင်းရောင်အတွက် စိတ်ပူစရာ မလိုတော့ပေ။ ဗြိတိန်နိုင်ငံ ဝေလပြည် Litonics Ltd. မှ ထုတ်လုပ်လိုက်သော လျှပ်စစ်မီးလုံးသည် လျှပ်စစ်ဓာတ်အား ပြတ်တောက်သွားချိန် အတွင်း မည်ကဲ့သို့ဆက်၍ မီးလင်းမည်ကို ပြည်သူများ လက်တွေ့ မြင်ကြရတော့မည် ဖြစ်သည်။ အဆိုပါ မီးလုံးကို iViTi ON ဟု ခေါ်ပြီး ဘက်ထရီကို မီးလုံးအတွင်း ထည့်သွင်း တပ်ဆင်ပေးထားသည်။ အဆိုပါ ဘက်ထရီက နောက်ထပ် ၃ နာရီ အလိုအလျောက် မီးလင်းအောင် လုပ်ပေးနိုင်ခြင်း ဖြစ်သည်။ လျှပ်စစ်ဓာတ်အား ပြန်ဝင်လာသည်နှင့် ဘက်ထရီကို အလိုအလျောက်အား သွင်းပေးထားမည် ဖြစ်ပြီး လျှပ်စစ်မီးလုံးကလည်း ပုံမှန်အတိုင်းဆက်၍ မီးလင်းစေရန် လုပ်ဆောင်သွားမည် ဖြစ်သည်။ ဤမီးလုံး ထုတ်လုပ်သော Litonics Ltd.. မှာ ဝေလပြည်f Powys ပြည်နယ် Knig-hton မြို့၌တည်ရှိ၍ ၎င်းတို့၏ နည်းပညာကို မီးလုံးများ၌ အသုံးပြုထားသည်။ ON အလိုအလျောက် ခလုတ်ပြောင်းခြင်းသည် ပြည်သူမ

အအေးမိနေတဲ့ အချိန်မှာ

လက်ဖက်ရည် ကလည်း အတော်လေးကို အထောက်အကူ ပြုစေပါတယ်။ ၁။ ရေဓာတ်မခန်းခြောက်ပါစေနှင့် အအေးမိခြင်း၊ တုပ်ကွေး ဖျားခြင်းတို့လို အသက်ရှူ လမ်းကြောင်း အပေါ်ပိုင်းမှာ ပိုးဝင်တာကြောင့် နှာရည် ယိုတတ်ပါတယ်။ အဲဒီလို အရည် ပိုတွေယိုစီးကျမှုဟာ လည်ချောင်းဆီ ရောက်ပြီး ယားယံ စေကာ ချောင်းဆိုး စေတတ်ပါတယ်။ အရည်များများ သောက်ရင် နှာရည်တွေ ကျဲသွားပါတယ်။ အရည်များများ သောက်တာဟာ အကျိအချွဲ တွေကိုပါ စိုစွတ် နေစေပါတယ်။ ၂။ ငုံဆေးနှင့် ဆေးအပူ တွေကလည်း အထောက်အကူ ပြုပါတယ် ပရုတ်အေး ပါဝင်တာကို စဉ်းစားသင့်ပါတယ်။ သူဟာ လည်ချောင်းနာတာကို သက်သာ စေတယ်။ သူ့ကြောင့် ချောင်းဆိုး ထုတ်မယ့် အကြိမ်ရေ နည်းလာ ပါတယ်။ ပူနွေးတဲ့ ပျားရည်ပါတဲ့ လက်ဖက်ရည် ကလည်း အတော်လေးကို အထောက်အကူ ပြုစေပါတယ်။ ၃။ ပြင်းထန်သော အနံ့အသက်များကို ရှောင်ကြဉ်ပါ အနံ့ဆိုးရွားတဲ့ အမွှေးခဲတွေ၊ ဖျန်းဆေးတွေကလည်း လူတွေရဲ့ နှာခေါင်း မြှေးတွေ ယားယံလာအောင် လှုံ့ဆော် ပေးပါတယ်။ ဒီအချိန်မှာ နာတာရှည် ချောင်းဆိုးခြင်းကို ခံစား ရတတ်ပါတယ်။ သူတို့ကြောင့် ချွဲတွေဟာ ပိုထွက်လာပါတယ်။ အဆိုးရွားဆုံး အချက်ကတော့ ဆေးလိပ်ပါပဲ။ ဆေးလိပ် သောက်တတ်သူ အတော်များများဟာ ဆေးလိပ်ကြောင့် ချောင်းဆိုး တတ်ပါတယ်။ သူ

Penis size and enlargement surgery ကျားအင်္ဂါခွဲစိတ်ကုသနည်း

(ဒီစာတင်ရတာကို ခွင့်ပြုစေချင်ပါတယ်။ မေးတဲ့သူက ရန်ကုန်မှာရှိတယ်ဆိုလို့ ဆင်ခြင်နိုင်ဘို့သာ ရေးတာပါ။) ဆရာ အခုရန်ကုန်မှာ (ခေတ်မှီဆေးခန်း) တို့ (နယူးဟောင်ကောင်) ဆေးခန်းတို့ ဖွင့်ထားပါတယ်။ သူတို့က လိင်အင်္ဂါ ရှည်စေဖို့ (2cm) ရှည်စေရမယ်လို့ ရေးထားပါတယ်။ အဲဒါ စိတ်ချရပါ့မလား။ မေးကြည့်တော့ ဆေးထိုးဆေးသောက် ၁ လလုပ်ရမယ်တဲ့။ ကျားလိင်အင်္ဂါကို ပြုပြင်ပေးနည်းတွေ (၅) ပုဒ်ရေးထားပါတယ်။ ဒီစာထဲမှာတော့ ခွဲစိတ်နည်းတခုထဲကိုသာ ရေးပါမယ်။ ကျားလိင်အင်္ဂါခွဲစိတ်နည်းက ၁၉၇၁ ကတည်းကပေါ်ပါတယ်။ အဓိကတီထွင်ရတာကတော့ Micropenis ခေါ်တဲ့ မွေးရာပါ လိင်င်္ဂါသေးလွန်းနေတာအတွက် ဖြစ်ပါတယ်။ ဒါ့ပြင် (Peyronie's disease) လိင်အင်္ဂါ ကင်ဆာနဲ့ ထိခိုက် ဒဏ်ရာရသူ (ဥပမာ လှီးဖြတ်ခံရသူ) တွေကိုလဲ လုပ်ပေးပါတယ်။ အမေရိကမှာ လုံးပတ်၊ အရှည်အတွက်ခွဲစိတ်မှုကို ၁၉၈ဝ ကျော်မှာလုပ်ပါတယ်။ နည်းစနစ်ဆိုတာကိုတော့ ၁၉၉ဝ ကျမှ ပေါ်ထွက်လာပါတယ်။ ခုထိ လူနာပေါင်း ၂ဝဝဝဝ ကျော် ခွဲစိတ်ပြုပြင်မှုခံယူပြီးဖြစ်ပါတယ်။ ဒါပေမဲ့ စနစ်ကျတဲ့ လေ့လာ ဆန်းစစ်မှုနဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ထုတ်ပြန်ထားတာ မရှိသေးပါ။ လက်လှမ်းမီသလောက် ရလဒ်တွေက စိုးရိမ်စရာတွေ များပါတယ်။ Penile lengthening ရှည်စေနည်း

Snake-bite မြွေကိုက်လျှင်

မြန်မာနိုင်ငံမှာ အတွေ့များတဲ့ မြွေတွေ မြွေဆိပ်တက်ပုံတွေ မြွေဆိပ်ဖြေဆေးရဲ့ အကျိုးသက် ရောက်ပုံ တွေ မြွေကိုက်ခံရရင် လုပ်ရမယ့် ဆောင်ရန်ရှောင်ရန်တွေ စသည်ဖြင့် ရေးသားထားတဲ့ ဆရာ့ဆောင်းပါး ရှိပါသလား ဆရာ။ မြွေအမျိုးအစား အများကြီးရှိပေမဲ့ အဆိပ်ရှိတဲမြွေက အရေအတွက် နည်းတယ်။ သူများတိုင်းပြည်က မြွေတွေကို ဘယ်လောက်ဆန်းဆန်း အသာထားပါ။ မြန်မာနိုင်ငံသားတွေကို ဒုက္ခပေးနေတဲ့ မြွေပွေးနဲ့ မြွေဟောက်ကိုသာ သိထားစေချင်ပါတယ်။ ဒီမြွေတွေ မဟုတ်ရင် မစိုးရိမ်ပါနဲ့။ မြွေပွေးကသာ အသက်သေစေတာ အများဆုံး ဖြစ်တယ်။ အရေးကြီးတဲ့ နောက်တချက်ကတော့ မြန်မာပြည်ပေါက်မြွေတွေအတွက် မြန်မာပြည်ထုတ်ဆေးတွေက အကောင်းဆုံး ဖြစ်တယ်။ ချမ်းသာတိုးတက်တိုင်းပြည်တွေမှာ မြွေအကြောင်း ဆရာဝန်တွေကအစ သိပ်မသိကြဘူး။ သူတို့ဆီမှာ ၉၁၁ နံပါတ်ကို ဖုန်းခေါ်တာနဲ့ ချက်ချင်းဆေးအဖွဲ့ရောက်လာတာမို့ ရှေးဦးသူနာပြုစရာ အချိန်သိပ်မလိုပါ။ ကျွန်တ်ာတို့ တိုင်းပြည်မှာတော့ ဘာမဆို ‘အတ္တာဟိ အတ္တနော နတ္ထော’ ချည်းဘဲမဟုတ်ပါလော။ ရှေးဦးသူနာပြုသင်ခန်းစာတွေ တချို့က ဟောင်းသွားပြီး၊ ခေတ်မီနည်းတွေ ထပ်မထည့်ကြတော့ဘူး။ အစိုးရရဲ့ မြဝတီ (ဆိုက်) ထဲမှာ “သတိပြုရှောင်ကြဉ်ဖွယ် မြွေဆိုးအန္တရာယ်” ကိုလဲ ဖတ်ကြည

မိခင်နို့ရည်တွင် ပိုးမွှား ၇၀ဝ ကျော်ပါရှိ

လူသားတို့၏ ခန္ဓာကိုယ်တွင် ကျန်းမာရေး အထောက်အကူ ပြုသော ဘက်တီးရီးယား များစွာကို သယ်ဆောင် ထားနိုင်သည်။ ကလေးငယ် များသည် မိခင်နို့မှ တစ်ဆင့် ၎င်းတို့ ခန္ဓာကိုယ်တွင် အခြေချ နေထိုင်မည့် ပိုးမွှားများကို ပထမဆုံး စတင် ထိတွေ့ ကြရသည်၊ လေ့လာမှုများ အရ မိခင်နို့တွင် ဘက်တီးရီးယားမျိုး စိတ်ပေါင်း ၇၀ဝ ကျော် ပါဝင်ပြီး ယခင် လက်ခံ ထားသည် ထက်များစွာ ပိုမိုတွေ့ ရှိခဲ့ခြင်း ဖြစ်သည်။ မိခင်နို့ အတွင်းရှိ ဘက်တီးရီးယား အားလုံး၏ အခန်း ကဏ္ဍကို ရှင်းလင်းစွာ မသိရ သေးသော်လည်း ဘက်တီးရီးယား မျိုးစုံ ပါဝင်ခြင်းကြောင့် မိခင်နို့ကို အာဟာရ အဖြစ် ချေဖျက် ရာတွင် အထောက် အပံ့ဖြစ်စေခြင်း ၊ရင်သွေး၏ ကိုယ်ခံအား စနစ်ကို အားပြည့်စေခြင်း စသည့် အကျိုး ကျေးဇူးများ ရှိကြောင်း သုတေသီများက ဆိုသည်။ နောက်ပိုင်း လေ့လာမှု များတွင် မိခင်နို့ သောက်စို့ ခွင့်မရသော ကလေးများ အတွက်ဖြည့် စွက်အာဟာ ရပေး နည်းစနစ် များကို ထပ်မံ သုတေသန ပြုလုပ်ရမည် ဖြစ်သည်။ မိခင်နို့တွင် ပါဝင်သော အဏုဇီဝ ပိုးမွှားများကို pyrosequencing ဟုအမည်ရသည့် ဒီအင်အေ မျိုးဗီဇ လေ့လာမှု နည်းစနစ်ဖြင့် မျိုးစိတ် ခွဲခြားထားခြင်း ဖြစ်သည်။ ဒီအင်အေ အစီအစဉ် (sequence) အမျိုးအစား ၇၀ဝ ကျော်တွေ့  ရှိခဲ့ ရ

စပါးခြွေလှေ့စက်မောင်းနှင်စဉ် အမျိုးသားတစ်ဦး စက်ညပ်သေဆုံး

စပါးခြွေလှေ့စက် ရန်ကုန်၊ ဒီဇင်ဘာ ၈ ၇.၁၂.၂၀၁၄ ရက်နေ့ ၁၉၃၀ အချိန်တွင် သန်လျင်မြို့နယ်၊ ဖားကူး ရဲကင်း စခန်းမှ တပ်ဖွဲ့ ၀င်များသည် သန်လျင်မြို့နယ်၊ ၀င်းခနီးကျေးရွာ လယ်ကွင်း အတွင်း၌ အမျိုးသား တစ်ဦး စပါးခြွေလှေ့ စက်ညပ်၍ သေဆုံးကြောင်း သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူမှာ လှည်းကူးမြို့နယ်၊ ဒါးပိန်ကျေးရွာနေ ကိုဇော်မင်း၊ (၃၄)နှစ်ဖြစ်ကြောင်း သိရှိရပါသည်။ ဖြစ်စဉ်အားစုံစမ်းရာ ၎င်းသည် ၁၇၃၀ အချိန်ခန့်က အဆိုပါကျေးရွာရှိ လယ်ကွင်း အတွင်း စပါးလှေ့ရန်အတွက် ခြွေလှေ့ စက်မောင်းနှင်စဉ် စက်ပန်ကာနှင့် ပုဆိုးညပ်ပြီး ၀မ်းဗိုက်ပွင့်ထွက်၊ ၀ဲဒူးစုတ်ပြဲဒဏ်ရာ များရရှိကာ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။ ၎င်းသေဆုံးမှုနှင့် ပတ်သက်၍ သန်လျင်မြို့မ ရဲစခန်း သေမှု သေခင်း အမှတ်စဉ် (၅၉/၂၀၁၄) ဖြင့် ရေးဖွင့်ကာ စုံစမ်းစစ်ဆေး လျက်ရှိကြောင်း သတင်းရရှိ ပါသည်။ Yangon Police http://ift.tt/1oASl5N from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/12VwZf6

နေပြည်တော် တောင်သူတွေကို တရားစွဲဆို ထောင်ချ

Photo: Myo Thant Khaing/RFA နေပြည်တော် ကောင်စီနယ်မြေ ဒက္ခိဏသီရိ မြို့နယ် ကူဆယ်စု မန်ကျည်းကုန်းရွာနဲ့ ကုလားကြီးကုန်း ကျေးရွာက ဒေသခံ တောင်သူတွေကို ကျူးကျော်အဖြစ် ယခင်က သစ်တောက တရားစွဲဆို ထောင်ချခဲ့ပြီး အခုအခါမှာလည်း နေပြည်တော် ကောင်စီ တရားမှာ အထူးစီးပွားရေး စီမံကိန်းဇုန်ကို ကျူးကျော်သူတွေလို့ သတ်မှတ်ပြီး နေပြည်တော် ဇမ္ဗူသီရိမြို့နယ် စည်ပင်သာယာ တရားရုံးမှာ တောင်သူတွေကို စီရင်ချက်ချ မယ်လို့ သိရပါတယ်။ ဒေသခံတောင်သူတွေကို လျော်ကြေးနဲ့ အစားထိုးမြေပေးခြင်းမရှိဘူးလို့လည်း သိရပါတယ်။ တောင်သူ ၃၁ ဦး ကိုစည်ပင်ပုဒ်မ ၂၆ နဲ့ နေပြည်တော်ကောင်စီက စည်ပင် တရားရုံးမှာတရားစွဲဆိုပြီး လတ်တလော တောင်သူ၃ဦးကို ထောင်ချလိုက်ပြီလို့ သိရပါတယ်။ RFA Burmese http://ift.tt/1mveILg from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/12VwYYm

အမေရိကန်လက်ဝှေ့သမား ဆိုင်းရပ်စ် မြန်မာ့ချန်ပီယံ ထွန်းထွန်းမင်းကို အလဲထိုး အနိုင်ယူ

နိုင်ငံတကာ မြန်မာ့ ရိုးရာ လက်ဝှေ့ စိန်ခေါ်ပွဲ တွေကို ဒီဇင်ဘာ ၇ ရက်က ရန်ကုန်မြို့ မျှော်စင်ကျွန်းမှာ ကျင်းပခဲ့တာမှာ မြန်မာပြည်ချန်ပီယံ ထွန်းထွန်းမင်းကို အမေရိကန် လက်ဝှေ့သမား ဆိုင်းရပ်က တတိယအချီမှာ အလဲထိုး အနိုင်ရ ပါတယ်။ ပြည်တွင်းစိန်ခေါ်ပွဲ ၅ ပွဲ နိုင်ငံတကာဖိတ်ခေါ်ပွဲ ၃ ပွဲ စုစုပေါင်း ၈ ပွဲကျင်းပတာမှာ မြန်မာလက်ဝှေ့သမားတွေ မျက်နှာပန်းမလှ ဖြစ်ခဲ့ပါတယ်။ မြန်မာလက်ဝှေ့သမား ကျားပေါက်ကို ထိုင်းလက်ဝှေ့သမား ရယ်ဒယ်က တတိယအချီမှာ အလဲထိုးအနိုင်ရပြီး မြန်မာလက်ဝှေ့သမား ထက်အောင်ဦးနဲ့ ထိုင်းလက်ဝှေ့သမား ဆောင်းထရမ်တို့ သရေကျပါတယ်။ နောက်ဆုံးပွဲစဉ်မှာ အမေရိကန်လက်ဝှေ့သမား ဆိုင်းရပ်စ်က မြန်မာပြည်ချန်ပီယံ ထွန်းထွန်းမင်းကို back kick ကန်ချက်နဲ့ တတိယအချီမှာ အလဲထိုးအနိုင်ယူပြီး Air KBZ ရွှေအောင်လံဆုကို ရယူသွားတာဖြစ်ပါတယ်။ By ဒီဗွီဘီ http://ift.tt/1wmkcPD from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1w4MjPX

သင်္ဃန်းကျွန်းမြို့နယ်၊ ငမိုးရိပ်ရပ်ကွက်တွင်နေအိမ်မီးလောင်မှုဖြစ်

ရန်ကုန်၊ ဒီဇင်ဘာ ၈ ၈.၁၂.၂၀၁၄ ရက်နေ့ ၁၁၃၀ အချိန်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ ငမိုးရိပ်ရပ်ကွက်၊ ငမိုးရိမ်(၅)လမ်းရှိ နေအိမ်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ရာ ပတ်ဝန်းကျင်နေ ပြည်သူများနှင့် မီးသတ်ယာဉ်များ ရောက်ရှိ မီးငြှိမ်းသတ်ခဲ့သဖြင့် ၁၁၄၅ အချိန်တွင် မီးငြိမ်း သွားခဲ့ကြောင်းနှင့် တာဝန်ရှိသူများ ရောက်ရှိ စစ်ဆေး လျက်ရှိကြောင်း သတင်းရရှိပါသည်။ Yangon Police http://ift.tt/1nAnmKq from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1w4Mjzz

၂ဝ၁၅ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲ အချိန်စာရင်း ထွက်ရှိ

၁၁-၃-၂ဝ၁၅ ဗုဒ္ဓဟူးနေ့ နံနက်(၉)နာရီမှ (၁၂)နာရီအထိ ………………. မြန်မာစာ ၁၂-၃-၂ဝ၁၅ ကြာသပတေးနေ့ နံနက်(၉)နာရီမှ (၁၂)နာရီအထိ …………. အင်္ဂလိပ်စာ ၁၃-၃-၂ဝ၁၅ သောကြာနေ့ နံနက်(၉)နာရီမှ (၁၂)နာရီအထိ ……………… သင်္ချာ ၁၄-၃-၂ဝ၁၅ စနေနေ့ နံနက်(၉)နာရီမှ (၁၂)နာရီအထိ ………………. စိတ်ကြိုက်မြန်မာစာ ၁၆-၃-၂ဝ၁၅ တနင်္လာနေ့ နံနက်(၉)နာရီမှ (၁၂)နာရီအထိ …………………… ဓာတုဗေဒ ၁၇-၃-၂ဝ၁၅ အင်္ဂါနေ့ နံနက်(၉)နာရီမှ (၁၂)နာရီအထိ …………………… ရူပဗေဒ ၁၈-၃-၂ဝ၁၅ ဗုဒ္ဓဟူးနေ့ နံနက်(၉)နာရီမှ (၁၂)နာရီအထိ ………………………… ဇီဝဗေဒ ဘောဂဗေဒ ၁၉-၃-၂ဝ၁၅ ကြာသပတေးနေ့ နံနက်(၉)နာရီမှ (၁၂)နာရီအထိ ……………………… ပထဝီဝင် ၂ဝ-၃-၂ဝ၁၅ သောကြာနေ့ နံနက်(၉)နာရီမှ (၁၂)နာရီအထိ …………………………. သမိုင်း မြ၀တီ http://ift.tt/1oFF4sG from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1w4MlHz

အနှိပ်ခန်းနှင့် ကေတီဗွီများ တရားဝင်ခွင့်ပြုပေးရန် လွှတ်တော်တွင် တိုက်တွန်း

ရန်ကုန်တိုင်း ဒေသကြီး အတွင်းက အနှိပ်ခန်းတွေကို ဥပဒေ စည်းမျဉ်း၊ စည်းကမ်းတွေ ပြဌာန်းပြီး တရားဝင် ခွင့်ပြု ပေးဖို့ တိုက်တွန်းကြောင်း အဆိုကို ရန်ကင်းမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ က ဦးသောင်းကျော်က ဒီနေ့ ကျင်းပတဲ့ လွှတ်တော် အစည်း အဝေးမှာ တင်သွင်း လိုက်ပါတယ်။ တဆက်တည်းမှာပဲ ရန်ကင်းမြို့နယ်က လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးခင်က ရန်ကုန်တိုင်း အတွင်းက လူနေရပ်ကွက်တွေမှာ ဖွင့်ထားတဲ့ ကေတီဗွီ၊ အနှိပ်ခန်း၊ နိုက်ကလပ်၊ အရက်ဘား၊ ကချေသည်ခန်းမတွေကို နေရာတခုသတ်မှတ်ပြီး တစုတစည်းတည်း ဖွင့်လှစ်ပေးဖို့ အစီစဉ်ရှိ မရှိ မေးမြန်းခဲ့ရာ အစီစဉ်မရှိကြောင်း သက်ဆိုင်ရာဝန်ကြီးဌာနက ပြန်လည်ဖြေကြားခဲ့ပါတယ်။ By ဒီဗွီဘီ http://ift.tt/1wmkfLn from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/12VwXUo

မောင်တောအထွေထွေအုပ်ချုပ်ရေးရုံးမှ အသက် ၂၉ နှစ်အရွယ် စာရေးမတစ်ဦး ပျောက်ဆုံး

မောင်တော အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ အသက် ၂၉ နှစ်အရွယ် စာရေးမ တစ်ဦး ပျောက်ဆုံး နေကြောင်း သူမ၏ ခင်ပွန်းဖြစ်သူနှင့် မြို့ခံများ၏ ပြောပြချက်အရ သိရသည်။ မောင်တော မြို့နယ် အုပ်ချုပ်ရေးမှူးရုံးတွင် အငယ်တန်း စာရေး အဖြစ် တာဝန် ထမ်းဆောင်နေသည့် အဆိုပါအမျိုး သမီးမှာ ပြီးခဲ့သည့် နိုဝင်ဘာလ ၁၅ ရက်နေ့မှစတင်ကာ သူမ၏ ၇ နှစ် အရွယ်သားငယ်နှင့်အတူ ပျောက်ဆုံးသွား ခဲ့ခြင်း ဖြစ်သည်ဟု ခင်ပွန်းဖြစ်သူ ကပြောသည်။ “ပြီးခဲ့တဲ့လ ၁၅ ရက်နေ့ကနေ ကျွန်တော့်သားနဲ့အတူ ပျောက်နေတာပါ။ ဒီနေ့အထိ ဘယ်လိုမှအဆက်အသွယ် မရသေးပါဘူး။ ရဲစခန်းမှာလူပျောက်တိုင်ထားပါတယ်။သတင်းစာမှာလည်း လူပျောက်ကြော်ငြာထည့်ဖို့လုပ်တာ ရဲက ထောက်ခံချက် လိုတယ်ဆိုလို့ ရဲဆီက ထောက်ခံချက်တောင်းပေမယ့် ရဲက ထောက်ခံချက်မပေးပါဘူး”ဟု သူမ၏ခင်ပွန်း ဖြစ်သူက ပြောသည်။ မြို့ပေါ်တွင် သတင်းများအမျိုးမျိုးထွက်ပေါ်နေသော်လည်း နိရဉ္စရာ အနေဖြင့် အတည်ပြု နိုင်ခြင်း မရှိသေးပါ။“ တစ်ဦးဦးနဲ့ လိုက်ပါသွားတယ်လို့ ကြားပါတယ်။ ဒီသတင်းကို တစ်မြို့လုံးလည်း စိတ်ဝင်စားနေကြပါတယ်” ဟု မောင်တောမြို့ခံ ဦးစိန်လှဖြူက ပြောသည်။ ယင်းနှင့်ပတ်သက်ပြီး ခင်ပွန်းဖြစ်သူက မယကရုံးသို့သွားရောက်စုံစမ်းသော်လည်း ရုံးမှတာ