Skip to main content

ဗိုလ်ချုပ်နှစ် ၁၀၀ ပြည့်မွေးနေ့ အကြိုလှုံ့ဆော်ဖျော်ဖြေပွဲ ဒေါ်အောင်ဆန်းစုကြည် နေအိမ်ရှေ့တွင် ကျင်းပ







ဗိုလ်ချုပ်အောင်ဆန်းနှစ် ၁၀၀ပြည့်မွေးနေ့အကြို လှုံ့ဆော်ဖျော်ဖြေပွဲကို တက်္ကသိုလ်ရိပ်သာလမ်းရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်၏ နေအိမ်ရှေ့တွင် စုတိုင်းပြည်(ယုံကြည်ခြင်း တွဲလက်များ)နှင့် ပန်းရဲ့လမ်းအဖွဲ့တို့က ဒီဇင်ဘာ ၇ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ လှုံ့ဆော် ဖျော်ဖြေပွဲကို“ပြည်သူ့ထံမှ ပြည်သူ့ထံသို့”ဟူသော ဆောင်ပုဒ်ဖြင့် လွတ်လပ် ငြိမ်းချမ်း ပန်းရဲ့လမ်းအဖွဲ့မှ ဦးရဲလွင်၏ ဦးဆောင်မှုဖြင့် ဒီဇင်ဘာ ၇ ရက် မနက် ၁၀ နာရီ မိနစ်၃၀ ခန့်က စတင်သီဆိုခဲ့ကြခြင်းဖြစ်သည်။

““ကျွန်တော်တို့တစ်တွေ ဒီဇင်ဘာ ၁ရက်ကစပြီး ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မန်္တလေးတိုင်း၊ စစ်ကိုင်းတိုင်းတွေမှာ လမ်းဟောင်းအတိုင်း သွားပြီးတော့ ဗလာစာအုပ်တွေဝေမယ်။ ၂၀၁၅ မှာ ဗိုလ်ချုပ် နှစ်တစ်ရာပြည့်

မွေးနေ့ အထိမ်းအမှတ်အဖြစ် အနာဂတ်ကလေးငယ်တွေ ပိုမိုသိရှိနား လည်လာဖို့ ရည်ရွယ်ပြီးပြုလုပ်တာပါ””ဟုပန်းရဲ့လမ်းအဖွဲ့မှ ကိုသားထွေးက ပြောသည်။


၎င်းင်းပွဲတွင် အမေ့အိမ် ပညာဒါနကျောင်းမှ ကျောင်းသားလေးများက ဗိုလ်ချုပ်အောင်ဆန်း မကွယ်လွန်မီ မိန့်ဆိုခဲ့သည့် မိန့်ခွန်း ကောက်နုတ်ချက်များကို ပြန်လည် ဟောပြောခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက သီချင်း၊ အကပဒေသာများဖြင့် ဖျော်ဖြေခဲ့ရာတွင် ဒေါ်အောင်ဆန်းစုကြည်က နေ့လယ် ၁၁ နာရီခန့်ထိ ကြည့်ရှုအားပေးခဲ့သည်။

“ NLD က စီစဉ်ပြီး လာဖျော်ဖြေတာပါ။ ကျွန်တော်တို့တော့ လာပြီးပူးပေါင်း အဆင့်ပါပဲ။ ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့မတိုင်မီ လှုံ့ဆော်မှုတွေ တစ်နိုင်ငံလုံးအနှံ့မှာ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေတာပါ””ဟု မြန်မာ့လူမှုဘ၀ တိုးတက်မြင့်မားရေး အသင်းမှ ဦးနေမျိုးဇင်ကပြောသည်။


ဗိုလ်ချုပ်အောင်ဆန်းနှစ် ၁၀၀ ပြည့်မွေးနေ့လှုံ့ဆော် လှည့်လည်ဖျော်ဖြေမှုကို ပရိတ်သတ် ၂၀၀ ခန့် လာရောက်အားပေးခဲ့ကြပြီး ““စုတိုင်းပြည်””အလှပန်းခင်း၏ အခမဲ့ပညာရေး၊ အခမဲ့ ကျန်းမာရေးတို့ကို နိုင်ငံအနှံ့ ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်ရန်နှင့် ကလေးများရဲ့ အနာဂတ် ထွန်းလင်း တောက်ပနိုင်စေရန် တတ်နိုင်

သမျှ ကူညီထောက်ပံ့ ကြပါစို့ဟူသည့် ဆောင်ပုဒ်ပါ ဗီနိုင်းများ ကပ်ထားသည့် ယာဉ်များဖြင့် လှုံ့ဆော် ဖျော်ဖြေခဲ့သည်။


အောင်ကျော်ဟိန်း၊ သော်တာ (မြစ်မခ)

(၈-၁၂-၂၀၁၄ ရက်ထုတ် ပြည်မြန်မာနေ့စဉ်သတင်းစာမှ)

http://ift.tt/1AktCJi






from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1zgyOz3

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...

ဖုန်းပြော သူများ သတိထား၊ ကြာရှည်စွာ ဖုန်းပြောလျှင် နားကို ဒုက္ခ ပေးရာရောက်

ခေတ်မီ တိုးတက် လာသည့် အလျောက် ဆန်းပြားသော လျှပ်စစ် ပစ္စည်း များနှင့် လူ့အသုံး အဆောင် ပစ္စည်း များမှာ လည်း တစ်ခု ထက် တစ်ခု ပိုမို ကောင်းမွန် လာသည့် အတွက် လူအများ မှာလည်း အသစ် အဆန်း ဘက်ကို ဦးစားပေး ရွေးချယ် လာကြသည်။ ယခုခေတ်မြို့နေ လူငယ် အများစုဖုန်းကိုင် လာနိုင်ပြီး ဆွေ မျိုး သားချင်း၊ ချစ်သူ သမီးရည်းစား များ နှင့် ဖုန်းပြော သည့်အခါ ပုံမှန် အသံ dv (decivel) ထက်ပိုသော အသံကို ကြားလျှင်ဖြစ်စေ၊ နေ့စဉ် ရက်ဆက် အချိန်ကြာမြင့်စွာ ဖုန်းပြော လျှင်ဖြစ် စေ နားကို မထိခိုက် နိုင်သော်လည်း ပုံမှန် အသံထက် ကျယ်သော စကား ပြောသံ နှင့် အချိန်ကြာသော အခါ နား ထိခိုက် နိုင်ကြောင်း နား၊နှာခေါင်း၊ လည်ချောင်း ဆေးရုံမှ အထူးကု ဆရာ ၀န် ဒေါက်တာ ၀င်းထိုက် ကြည်က ပြောကြားသည်။ ဖုန်းကို တစ်နေ့တည်း ဆက် တိုက် ခြောက်နာရီ နှင့် အထက်ပြော ပြီး ဖုန်းပြောသံမှာ လည်း သတ်မှတ် ထား သော dv (decivel) အသံထက် ကျယ်ရင် နားအူ၍ ထုံတတ် ကြောင်း၊ ပုံမှန် နားထောင် နိုင်စွမ်း ရှိသော အသံ နှင့် ပြောလျှင် နားကို မထိခိုက် နိုင် သော်လည်း ကြာရှည် လာချိန်တွင် နားလေး သွားနိုင် ကြောင်း၊ ထို့ကြောင့် ကြာရှည်စွာ ဖုန်းပြော တတ်သည့်လူ ငယ်များ၊ ဖုန်းပြော လျှင် အော်...