Skip to main content

Posts

Showing posts from February 4, 2015

ခြေစွယ်ငုတ်ခြင်း

ခြေမများတွင် အဖြစ်များသည်။ ခြေစွယ်များ နီရဲ၊ ရောင်ရမ်း၊ နာကျင် လာတတ်သည်။ ခြေသည်း ညှပ်စဉ် ကျန်ခဲ့သော ခြေသည်း စွယ်က အသားထဲ တိုးဝင်ရာက ခြေစွယ် ၀န်းကျင်တွင်၊ ရောင်လာ တတ်သည်။ တစ်ခါတစ်ရံ ပြည်တည် လိုက်လာသည်။ ခြေသည်း ညှပ်ရာတွင် ခြေစွယ် ကျန်ခြင်းနှင့်၊ ရှုးဖိနပ် ကျပ်ကျပ် စီးသည့် အခါ၊ ခြေချောင်းဖျားများ စုညှစ် ခံထားရခြင်း တို့မှာ ခြေစွယ်ငုပ် စေသောအရင်းခံ အကြောင်းများ ဖြစ်ကြ ပါသည်။ ဆရာဝန်နှင့်အရင်ပြရန် ခြေစွယ်ပိုးဝင်၊ ရောင်ရမ်း နေလျှင် ထိုသို့ ဝေဒနာ ရနေသူတွင် ဆီးချို၊ သွေးကြောကျဉ်း ရောဂါ စသည်တို့ ရှိလျှင်။ မိမိဘာသာဆောင်ရွက်နိုင်သောကိစ္စရပ်များ ခြေစွယ်ငုပ်မှန်း စောစီးစွာ ခန်.မှန်း သတိထား မိပါက အောက်ပါတို.ကို ဆောင်ရွက်ခြင်းဖြင့် ခြေစွယ်ငုပ် ဝေဒနာပိုဆိုး မလာအောင် ဟန်.တား ပေးထား နိုင်သည်။ ခြေစွယ် ငုပ်နေသော ခြေထောက်ကို ရေနွေးထဲ ဆားရည် နွေးနှစ်ဇွန်း၊ သုံးဇွန်း ထည့်မွှေ ထားသော ဆားရည် နွေးဖြင့် တစ်ခါစိမ် ဆယ်မိနစ်ခန်.ကြာ တစ်နေ. နှစ်ကြိမ် ပုံမှန် စိမ်ပေးပါ။ နာနေ၊ ရောင်စ ပြုနေသော ပလာစတာ ကပ်ထားပါ။ ခြေညှပ်ဖိနပ်၊ကွင်းထိုးဖိနပ်စီးပါ။ ခြေစွယ်ငုပ်နာလုံးဝပျောက်မှခြေသည်းညှပ်ပါ။ ခြေသည်းဆိုးခြင်း၊ခြေသည်းဆိုးဆေးချွတ်ြ

ပျိုမေများ ပိုမို လှပါလို ပါသလား

ထိုင်ထ၊ တင်သားအလှချည်းအတွက် လေ့ကျင့်ခန်းများသာမက လက်မောင်း၊ ပခုံး၊ ဗိုက်သားလေ့ကျင့်ခန်းများကိုပါ ပြုလုပ်ပေးသင့်ပါတယ်။ တခြားသော လေ့ကျင့်ခန်းများ ဖြစ်တဲ့ ပြေးခြင်း၊ အေရိုးဗစ်ကစားခြင်းများကိုလည်း ပြုလုပ်ပေးပါ။ အောက်ပါအဆင့်များအတိုင်းလေ့ကျင့်ခန်းများ လုပ်ဆောင်ပါ ။ (၁) ကြမ်းပြင်ပေါ်မှောက်အိပ်လိုက်ပါ။ မျက်နှာကို လက်ပေါ်ခေါင်းအုံးပြီး ဆန့်ထားတဲ့ခြေထောက်ပေါ် နောက်ခြေတစ်ဖက်တင်ပြီးကွေးပါ။ ဒူးတစ်ဖက်ကိုကွေးပြီး တင်တဲ့အချိန်မှာ တင်သားကို ကြမ်းပြင်ပေါ်မှ မကြွစေပါနဲ့။ တစ်ဖက်ပြီး တစ်ဖက်ပြုလုပ် ပေးပါ။ အကြိမ်ရေကို ကိုယ်နိုင်သလောက် ပြုလုပ်ပေးပါ။ ဒီလေ့ကျင့်ခန်းဟာ လှုပ်ရှားမှု နည်းသလောက် တင်သားအလှကို ကောင်းစွာပုံဖော်ပေးနိုင်တဲ့ လေ့ကျင့်ခန်းဖြစ်ပါတယ်။ (၂) ဒီလေ့ကျင့်ခန်းကတော့ ကိရိယာလွတ်လေ့ကျင့်ခန်းမဟုတ်ပါဘူး။ ၅-၈ ပေါင် (dumbbells) တစ်စုံလောက် လိုအပ်ပါတယ်။ ခြေကို အနည်းငယ်ခွဲပြီးရပ်ပါ။ ဒမ်ဘဲကို ပေါင်ရှေ့မှာချထားပြီး မတ်မတ်ရပ်နေပါ။ ဒူးကို အနည်းငယ်လောက်သာညွတ်ပြီး ခါးကိုသာ အဓိကထား ရှေ့ညွတ်ပြီး ကွေးချပါ။ ဒမ်ဘဲကိုင်ပြီး ထိုင်ထလုပ်ပေးပါ။ လုပ်တဲ့ အခါမှာ ခြေထောက်ကို ဒမ်ဘဲနဲ့မထိခိုက်စေဖို့ သတိပြုပါ။ (၃) ကြမ်းပြင်ပေါ် ပက်လက

ခပ်စပ်စပ် ဟင်းတွေစားရင် နှလုံးရောဂါ ကာကွယ် နိုင်တယ်လို့ ဖော်ထုတ်

ခပ်စပ်စပ် ဟင်းတွေ စားရင် နှလုံးရောဂါ ကာကွယ် နိုင်တယ်လို့ ဖော်ထုတ် မကြာ သေးခင် ရက်ပိုင်း အတွင်းက ဟောင်ကောင် တက္ကသိုလ် ကနေ ဖော်ထုတ် လိုက်တဲ့ စစ်တမ်း တစ်ခုအရ ငရုတ်သီး စပ်စပ် ဟင်းလျာတွေ စားသုံးလေ့ ရှိသူတွေဟာ နှလုံးရောဂါ ဖြစ်ပွားမှုကို ကာကွယ်နိုင်စွမ်း မြင့်မား ကြကြောင်း သိရှိ လာရပါပြီ။ ငရုတ်သီးမှာ အဓိက အားဖြင့် ပါဝင်တဲ့ အပူဓာတ် တစ်မျိုးဟာ သွေးတိုးခြင်း အပြင် သွေးတွင်း ကိုလက်စရော များပြားခြင်းကိုပါ ချေဖျက်နိုင်တဲ့ အတွက် နှလုံးရောဂါ ဖြစ်ပွားမှုကိုပါ ထိထိ ရောက်ရောက် ကာကွယ် နိုင်ဖွယ် ရှိကြောင်း အဆိုပါ တက္ကသိုလ်က လေ့လာမှုကို ဦးဆောင် ခဲ့သူ ဒေါက်တာ ဇန်ယူချွမ်က ဆိုခဲ့ပါတယ်။ "ငရုတ်သီး ထဲမှာ အဓိက အားဖြင့် ပါဝင်တဲ့ capsaicinoids ဆိုတဲ့ဓာတ် ပေါင်းတစ်မျိုးဟာ ပူစပ်ခြင်းကို ဖြစ်ပေါ် စေကာ သွေးအတွင်း အဆီဓာတ်များ ပြားမှုကိုလဲ ထိန်းသိမ်း နိုင်စွမ်း ရှိပါတယ်။ ကျွန်တော်တို့ လေ့လာ ခဲ့ကြရာမှာ ဟမ်းစတား လေးတွေကို အုပ်စု(၂) စုခွဲ ခဲ့ပြီး capsaicinoids ဓာတ်ပါဝင်တဲ့ အစားအသောက်၊ မပါဝင် အစားအသောက် ဆိုပြီး ခွဲခြား ကျွေးခဲ့ ပါတယ်။ တွေ့ရှိခဲ့ရတဲ့ ရလဒ်ကတော့ အထက်မှာ ဖော်ပြ ခဲ့သလို သွေးအတွင်း အဆီဓာတ် ပါဝင်မှု နှုန်းတွေက သိသိသာ

တင်းတိပ်ကို သဘာဝနည်းနဲ့ ကုမယ်

အကြောင်းအမျိုးမျိုးကြောင့် မျက်နှာပေါ်မှာ တင်းတိပ်ဖြစ်၍ စိတ်ညစ်နေလျှင် အောက်ပါ သဘာဝဆေးနည်းများဖြင့် ကိုယ်တိုင်ကုသနိုင်ကြပါတယ်။ (၁) ဒန္တသုခဆေးပင် အရွက်စိမ်းကို ကြိတ်၍ သနပ်ခါးနှင့်ရောစပ်ကာ ညအိမ်ယာဝင်ခါနီးတိုင်း တင်းတိပ်ပေါ်ကို လိမ်းပေးပါ။ စိတ်ရှည်စွာဖြင့် တစ်လခန့် လိမ်ပေးပါက တင်းတိပ်လုံးဝ ပျောက်ပါမည်။ (၂) ကွမ်းရွက်ကို ၃ ရွက်ခန့်ကို ပါးပါးလှီး၍ ရေ ၃ ခွက် ၁ ခွက်ဖြစ်အောင်ပြုတ်ကာ ၄င်းကွမ်းပြုတ်ရည်ကို သဘာဝပျားရည်စစ်စစ် ၂ ဇွန်းခန့်ရောစပ်၍ အဖုံးလုံးသော ပုလင်းထဲထည့်ကာ နှပ်ထားပါ။ လိမ်းခါနီး မျက်နှာကို သန့်စင်၍ မနက်နှင့်ည တစ်ရက်ကို နှစ်ကြိမ် လိမ်ပေးပါ။ (၃) ကြက်သွန်နီကို ထောင်း၍၄င်း၊ ကြိတ်၍၄င်း အရည်ညစ်ယူ၍ ရှာလကာရည်အနည်းငယ်နှင့် ရောစပ်ကာ တင်းတိပ်ပေါ်ကို လိမ်းပေးပါ။ (၄) သိန္ဓောဆားကို ဆန်စေ့ နှစ်စေ့ခန့်ယူ၍ တစ်ခါလိမ်းစာ သနပ်ခါးနှင့် ရောစပ်ကာ ညစဉ်လိမ်း၍ အိပ်ယာဝင်ပါ။ (၅) နနွင်းတစ်တက်ကို ရေစင်အောင်ဆေးကျောကာ နွားနို့အနည်းငယ်နှင့် သွေးပြီး တင်တိပ်ပေါ်ကို တစ်နေ့ ၃ ကြိမ် လိမ်းပေးပါ။ (၆) နံနံစေ့ကို ပြုတ်၍ ၄င်းဆေးရည်ဖြင့် မျက်နှာပေါ်ကို ညစဉ် လိမ်းပေးပါက တင်းတိပ်၊ ၀က်ခြံ၊ မှဲ့ခြောက်၊ ဆားဝက်ခြံများကို ပျောက်ကင်းစေပါသ

ကြက်သွန်ဖြူ (garlic )ကိုစား ကျန်းမာခြင်းသည် လာဘ်တစ်ပါး

မြန်မာပြည်တွင် မက ကမ္ဘာတစ်ဝန်းလုံးတွင် ဟင်းချက်ပြုတ်၌ အသုံးပြုသော ကြက်သွန်ဖြူသည် ဆေးဖက်ဝင် အာနိသင်များဖြင့် ပြည့်စုံလှကြောင်း ၊ ကြက်သွန်ဖြူကို တစ်နေ့ တစ်လုံးစားသုံးပေးပါက ဗီတာမင်အေ ၊ ဘီ နှင့် စီ ပြည့်ဝစွာရရှိမည်သာမက သတ္တုဓာတ်အမျိုးမျိုးကို ခန္ဓာကိုယ်အတွက် ထောက်ပံ့ပေးနိုင်မည် ဖြစ်သည် ။ မြန်မာလူမျိုးများတွင် ကြက်သွန်ဖြူကို ဟင်းချက်ရာတွင် ထည့်သုံးခြင်းအပြင် လက်ဖက်သုပ်တွင်လည်း မဖြစ်မနေပါဝင်သည်ကိုတွေ့ ရှိရပါသည် ။ လက်ဖက်၏ အကျိုးနှင့် အတူ ကြက်သွန်ဖြူပါ တွဲဖက် စားသုံးနေကြပါသည် ။ Mg Mandalay ကိုယ်တိုင်လည်း ကျန်းမာရေး အတွက် အထောက်အကူဖြစ်စေသောကြောင့် ယနေ့ တိုင် နှစ်ခြိုက်စွာ စားသုံးနေခဲ့ပါသည် ။ ကြက်သွန်ဖြူတွင် ဥပဒ်ဖြစ်စေနိုင်သော ဓာတ်ပစ္စည်းများကို ဖယ်ရှားပေးနိုင်ပြီး ရောဂါ ဘယများဖြစ်ပွားခြင်းမှ ကာကွယ်ပေးနိုင်ကြောင့် အမေရိကန်နိုင်ငံ ချာပယ်ဟီးလ်မြို့ ရှိ မြောက်ကာရိုလိုင်းနား တက္ကသိုလ်မှ သုတေသီများ၏ လေ့လာချက်တွင် ဖော်ပြခဲ့ပါသည် ။ ကြက်သွန်ဖြူတွင် ဆယ်လင်နီယမ် သတ္တုဓာတ်တို့ ပါဝင်ကြောင်း ၊ ကြက်သွန်ဖြူကို နေ့ စဉ်စားသုံးပေးခြင်းဖြင့် အူမကြီး ကင်ဆာ ဖြစ်ပွားနိုင်မှု ၁၀ ရာခိုင်နှုန်း မှ ၅၀ ရာခိုင်နှုန်းအထိ လျှော

ကြက်သွန်ဖြူ၏အစေးဖြင့် ပိုးမွှားများ၏အဆိပ်ကို ကုသနိုင်

စာရေးသူ၏ ကိုယ်တွေ့ဖြစ်ရပ်တစ်ခုကို ပြောပြချင်ပါတယ်။ တစ်ညနေ မိမိ၏ ၂ နှစ်သားအရွယ်သားလေး နေအိမ်ထဲမှာ ဆော့နေစဉ် ပျားတစ်ကောင် တုတ်သွားခဲ့ပါတယ်။ ဆိုးဆိုးဝါးဝါး အောင်ငိုသံကြောင့် ကြည့်လိုက်တော့ မီးချောင်းအောက်မှာ ပြုတ်ကျနေတဲ့ ပျားတစ်ကောင်ကို သူက တက်နှင်းထားတာကို တွေ့လိုက်ရတော့ ခြေဖ၀ါးနုနုလေးကို ပျားက တုတ်လိုက်ပြီဆိုတာ သဘောပေါက်လိုက်ပါတယ်။ ချက်ချင်းဆိုတော့ အဖေရော အမေပါ ဘာလုပ်လို့ လုပ်ရမှန်း မသိပဲဖြစ်သွားခဲ့ပါတယ်။ (ကိုက်သွားတဲ့ပျား၏ ပုံလေးကိုပါ ဓါတ်ပုံမှာထည့်ပေးလိုက်ပါတယ်) မိမိ၏ ဇနီးသည်မှာ မီးဖိုချောင်မှာ ဟင်းချက်နေချိန်ဆိုတော့ ချက်ချင်းပဲ ခေါင်းထဲပေါ်လာတဲ့ ရိုးရာဆေးမြီးတိုနည်းလေးကို သတိရပြီး ကြက်သွန်ဖြူတစ်မွှာကို ငရုတ်ကျီပွေ့ဖြင့် ထုထောင်းလိုက်ပြီး ၄င်းကြက်သွန်ဖြူ၏ အစေးဖြင့် ပျားတုတ်ထားသည့်နေရာကို ပွတ်လိမ်းပေးလိုက်ပါတယ်။ မိနှစ်ပိုင်းခန့်အကြာမှာပဲ ကလေးက အငိုတိတ်သွားပြီး ကြက်သွန်စေး၏ အစွမ်းကြောင့် အဆိပ်များပြေသွားသလို ပျားတုတ်ထားသည့်နေရာမှ အသားထဲကို နစ်ဝင်နေတဲ့ ပျားအစွယ်လည်း သူ့အလိုလို အပြင်ကို စူထွက်လာပါတယ်။ အဲဒါကို လက်သည်းလေးနဲ့ပဲ ဆွဲထုတ်လိုက်တော့ ကလေးလည်း လုံးဝမငိုတော့ပဲ ပုံမှန်အတိုင်း လမ်းလှေ