Skip to main content

ပျိုမေများ ပိုမို လှပါလို ပါသလား







ထိုင်ထ၊ တင်သားအလှချည်းအတွက် လေ့ကျင့်ခန်းများသာမက လက်မောင်း၊ ပခုံး၊ ဗိုက်သားလေ့ကျင့်ခန်းများကိုပါ ပြုလုပ်ပေးသင့်ပါတယ်။ တခြားသော လေ့ကျင့်ခန်းများ ဖြစ်တဲ့ ပြေးခြင်း၊ အေရိုးဗစ်ကစားခြင်းများကိုလည်း ပြုလုပ်ပေးပါ။

အောက်ပါအဆင့်များအတိုင်းလေ့ကျင့်ခန်းများ လုပ်ဆောင်ပါ ။

(၁) ကြမ်းပြင်ပေါ်မှောက်အိပ်လိုက်ပါ။ မျက်နှာကို လက်ပေါ်ခေါင်းအုံးပြီး ဆန့်ထားတဲ့ခြေထောက်ပေါ် နောက်ခြေတစ်ဖက်တင်ပြီးကွေးပါ။ ဒူးတစ်ဖက်ကိုကွေးပြီး တင်တဲ့အချိန်မှာ တင်သားကို ကြမ်းပြင်ပေါ်မှ မကြွစေပါနဲ့။ တစ်ဖက်ပြီး တစ်ဖက်ပြုလုပ် ပေးပါ။ အကြိမ်ရေကို ကိုယ်နိုင်သလောက် ပြုလုပ်ပေးပါ။ ဒီလေ့ကျင့်ခန်းဟာ လှုပ်ရှားမှု နည်းသလောက် တင်သားအလှကို ကောင်းစွာပုံဖော်ပေးနိုင်တဲ့ လေ့ကျင့်ခန်းဖြစ်ပါတယ်။


(၂) ဒီလေ့ကျင့်ခန်းကတော့ ကိရိယာလွတ်လေ့ကျင့်ခန်းမဟုတ်ပါဘူး။ ၅-၈ ပေါင် (dumbbells) တစ်စုံလောက် လိုအပ်ပါတယ်။ ခြေကို အနည်းငယ်ခွဲပြီးရပ်ပါ။ ဒမ်ဘဲကို ပေါင်ရှေ့မှာချထားပြီး မတ်မတ်ရပ်နေပါ။ ဒူးကို အနည်းငယ်လောက်သာညွတ်ပြီး ခါးကိုသာ အဓိကထား ရှေ့ညွတ်ပြီး ကွေးချပါ။ ဒမ်ဘဲကိုင်ပြီး ထိုင်ထလုပ်ပေးပါ။ လုပ်တဲ့ အခါမှာ ခြေထောက်ကို ဒမ်ဘဲနဲ့မထိခိုက်စေဖို့ သတိပြုပါ။


(၃) ကြမ်းပြင်ပေါ် ပက်လက်လှန်အိပ်ပြီး ဒူးနှစ်ဖက်ကို မြှောက်လိုက်ပါ။ ခြေဖဝါးနှစ်ဖက်ချင်း ထိကပ်နေပါစေ။ ခြေဖဝါးချင်း ကပ်လျက်မှ ဘေးနှစ်ဖက်ကို ဆန့်ခွဲလိုက်ပါ။ ကျယ်နိုင်သမျှ ကျယ်ကျယ်လေးခွဲပေးပါ။


(၄) ကြမ်းပြင်ပေါ် လေးဖက်ထောက်အနေအထားနဲ့ ခြေထောက်တစ်ဖက်ကို ကွေးပြီး ဘေးဘက်ကို ဆန့်ထုတ်ပေးပါ။ တစ်ခါလုပ်ရင် (၁၅) ကြိမ်ခန့်ပြုလုပ်ပေးပါ။ ဒီလေ့ကျင့်ခန်းကို ပြုလုပ်တဲ့အခါမှာ ခြေထောက်ကိုဆန့်ရင် ကျန်တဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းများကို ငြိမ်ငြိမ်လေးထိန်းထားပေးပါ။


(၅) ကြမ်းပြင်ပေါ် ပက်လက်အိပ်လျက်အနေအထားမှာ ဒူးတစ်ဖက်ထောင် ခြေတစ်ဖက်ဆန့်ပေးပါ။ ဆန့်ထားတဲ့ခြေကို အပေါ်ကို ဆန့်ဆန့်အနေအထားနဲ့ မြှောက်ပေးပါ။ ခြေထောက်ကို မြှောက်တဲ့အခါမှာ ခါးနဲ့ကျောပါ တစ်ဆက်တည်း ကြွပေးသွားပါ။


Mg Mandalay





from သစ်ထူးလွင် (ကျန်းမာရေး) - Thit Htoo Lwin http://ift.tt/1yFJTXc

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...

ဖုန်းပြော သူများ သတိထား၊ ကြာရှည်စွာ ဖုန်းပြောလျှင် နားကို ဒုက္ခ ပေးရာရောက်

ခေတ်မီ တိုးတက် လာသည့် အလျောက် ဆန်းပြားသော လျှပ်စစ် ပစ္စည်း များနှင့် လူ့အသုံး အဆောင် ပစ္စည်း များမှာ လည်း တစ်ခု ထက် တစ်ခု ပိုမို ကောင်းမွန် လာသည့် အတွက် လူအများ မှာလည်း အသစ် အဆန်း ဘက်ကို ဦးစားပေး ရွေးချယ် လာကြသည်။ ယခုခေတ်မြို့နေ လူငယ် အများစုဖုန်းကိုင် လာနိုင်ပြီး ဆွေ မျိုး သားချင်း၊ ချစ်သူ သမီးရည်းစား များ နှင့် ဖုန်းပြော သည့်အခါ ပုံမှန် အသံ dv (decivel) ထက်ပိုသော အသံကို ကြားလျှင်ဖြစ်စေ၊ နေ့စဉ် ရက်ဆက် အချိန်ကြာမြင့်စွာ ဖုန်းပြော လျှင်ဖြစ် စေ နားကို မထိခိုက် နိုင်သော်လည်း ပုံမှန် အသံထက် ကျယ်သော စကား ပြောသံ နှင့် အချိန်ကြာသော အခါ နား ထိခိုက် နိုင်ကြောင်း နား၊နှာခေါင်း၊ လည်ချောင်း ဆေးရုံမှ အထူးကု ဆရာ ၀န် ဒေါက်တာ ၀င်းထိုက် ကြည်က ပြောကြားသည်။ ဖုန်းကို တစ်နေ့တည်း ဆက် တိုက် ခြောက်နာရီ နှင့် အထက်ပြော ပြီး ဖုန်းပြောသံမှာ လည်း သတ်မှတ် ထား သော dv (decivel) အသံထက် ကျယ်ရင် နားအူ၍ ထုံတတ် ကြောင်း၊ ပုံမှန် နားထောင် နိုင်စွမ်း ရှိသော အသံ နှင့် ပြောလျှင် နားကို မထိခိုက် နိုင် သော်လည်း ကြာရှည် လာချိန်တွင် နားလေး သွားနိုင် ကြောင်း၊ ထို့ကြောင့် ကြာရှည်စွာ ဖုန်းပြော တတ်သည့်လူ ငယ်များ၊ ဖုန်းပြော လျှင် အော်...