Skip to main content

Vaginal itching မိန်းမကိုယ်ယားခြင်း










အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။

၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။


၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က ၃၆ နှစ်ပါ။ ပြည်ပမှာနေပါတယ်။ ဆရာကန်တော့ပါရှင့် သမီး အဖြူဆင်းပြီး ယားနေလို့ပါဆရာ။ ဘားဆေးသောက်ရမလဲဆရာ။ ပြီးတော့သမီးအခုမျိုးဥကြွေ မကြွေ စမ်းရတဲ့ရက်ပါ ဆရာ။ OG က ဒီဇူလိုင်လ ၂-၃-၄-၅-၆ ရက်တွေ စစ်ခိုင်းထားပါတယ်ဆရာ။


၃။ ဆရာရှင့် ကန်တော့နော့့် မိန်းမကိုယ်ကမခံနိုင်အောင်ယားနေလို့။ တချိန်လုံးရေဆေးနေရတယ်။ ကိုယ်ဝန်ရှိနေရင် သက်သာမယ့်ဆေးသောက်ဘို့လိုပါသလား။ ဘယ်လိုသက်သာအောင်လုပ်လို့ရပါသလဲ။ ကလေးကိုထိခိုက်မှာ စိုးရိမ်လို့ပါ။


Vaginal itchess ကိုဘာသာပြန်ရင် (ဗဂျိုင်းနား) ယားခြင်းဖြစ်တယ်။ မြန်မာလိုဆိုရင် မွေးလမ်းကြောင်းယားတာပါ။ တကယ်တော့ မိန်းမကိုယ်ဆိုတာကို Vulva ဖြစ်ပါတယ်။ မိန်းမကိုယ်ယားယံတဲ့ရောဂါကို Pruritus vulvae လို့ ခေါ်တယ်။ အဖြစ်မနည်းပါ။ အပျိုတွေမှာလဲ ဖြစ်တယ်။ တချို့မှာခဏဖြစ်ပြီး တချို့မှာတာရှည်ဖြစ်တယ်။


အောက်ခံရောဂါ တခုခုရှိနေလို့ဖြစ်တာများတယ်။ ရောဂါရယ်လို့မဟုတ်ဘဲ အစိုဓါတ်ကနေလဲ ဖြစ်စေနိုင်တယ်။ Moisture အစိုဓါတ်ဆိုတာ ဆီးစိုနေတာ၊ ဝမ်းသွားတာနဲနဲပေကျန်တာ၊ ချွေးထွက်များတာ၊ အစားအသောက်ထဲမှာကိုယ်နဲ့ အဆင်မပြေတာ၊ ဥပမာ ကေဖင်း၊ ခရမ်းချဉ်သီးနဲ့ မြေပဲပါနေတာတွေကနေ ဖြစ်စေနိုင်တယ်။


• ဗဂျိုင်းနားကနေတခုခုဆင်းနေတာ၊ (ဗဂျိုင်းနား) ပိုးဝင်တာ၊ မိန်းမကိုယ်ရောင်တာ၊ လိင်လမ်း-ကြွက်နို့၊ သားအိမ်-ကင်ဆာတွေနဲ့ ပတ်သက်တယ်။

• ဝမ်းမလုံတဲ့ရောဂါ၊

• ပိုးသေဆေးသောက်နေရရင်လဲမွေးလမ်းမှာမှိုပိုးဝင်လာစေနိုင်တယ်။

• ဆီးချို နဲ့ HIV ရှိနေသူတွေမှာလဲမှိုပိုးဝင်လွယ်စေတယ်။ ဆီးချိုကိုယ်၌ကနေလဲယားတတ်တယ်။

• မှို၊ Threadworms သန်ကောင်၊ ဝဲနဲ့ STDs လိင်ကတဆင့် ကူးစက်ရောဂါတွေ ဖြစ်နိုင်တယ်။

• Eczema, Psoriasis, Lichen simplex, Lichen planus, Lichen sclerosus အရေပြားနာအမျိုးမျိုးကနေ ဖြစ်နိုင်တယ်။ ကြည့်ရင် သိသာပါတယ်။ တော်တော်နဲ့ မပျောက်နိုင်ဘဲ၊ ဖြစ်တဲ့နေရာမှာသိသာတဲ့ အရောင်၊ အထူအပါးမတူတာ၊ အနာလိုဖြစ်တာတွေ ရှိနေမယ်။

• ဆပ်ပြာ၊ ရေမွှေး၊ ချွေးနံ့ပျောက်ဆေး၊ (ကွန်ဒွမ်)၊ အဝတ်အထည်ဆိုးဆေး၊ ဆပ်ပြာမှုံ့၊ အဝတ်အထည် (ကွန်ဒီရှင်နာ)၊ စတဲ့ သန့်ရှင်းရေးနဲ့ အလှအပအမွှေးအကြိုင်တွေနဲ့ ကိုယ်နဲ့ မတည့်သူတွေမှာလဲယားနိုင်တယ်။

• သွေးဆုံးသူတွေမှာလဲ အဖြစ်မနည်းကြပါ။

• ကိုယ်ဝန်ဆောင်နေချိန်၊ ကလေးနို့တိုက်ချိန်တွေမှာလဲ တချို့ မိန်းမကိုယ် ယားတယ်။

• ကင်ဆာကိုလဲစာရင်းထဲထည့်ရတယ်။ အဖြစ်အလွန်နည်းပါတယ်။


ဘယ်လိုကုသရမလဲ -

- Antibiotics ပိုးဝင်တာတွေ လိင်ကတဆင့် ကူးစက်ရောဂါတွေ ရှိရင် ပဋိဇီဝဆေးပေးမယ်။

- Antifungal drugs မှိုပိုးဆိုရင် ပေးမယ်။

- Antihistamine = Benzodiazepines (အင်တီ-ဟစ်တမင်း) ဆေးညအချိန်သောက်နိုင်တယ်။

- Hormones ointments သွေးဆုံးသူတွေအတွက် ပေးမယ်။

- Steroid creams or lotions ရောင်ရမ်းတာ သက်သာအောင်ပေးမယ်။ (စတီရွိုက်) လိမ်းဆေး သတိထားသုံးပါ။ တချို့အခြေအနေတွေကို ပိုဆိုးစေနိုင်တယ်။

• Moisturisers (Emollients) ဆေးကို Cream ခရင် Ointment လိမ်းဆေးအနေနဲ့ လာတယ်။ ဘာလို့ ယားတာ ဖြစ်ဖြစ်နေနေ သက်သာစေမယ်။ ဆေးများသွားလို့လဲ ကိစ္စမရှိဘူး။


၁။ Metronidazole (မက်ထရိုနိုက်ဒဇိုးလ်) 500 mg တနေ့ ၂ ကြိမ် ၅-၇ ရက်သောက်ပါ။ လိင်ဆက်ဆံဘက်ကပါ သောက်သင့်တယ်။ (ကွန်ဒွမ်) သုံးပါ။ မဆက်ဆံမီရေဆေးပါ။ ရေကူးကန်မှာရေမကူးပါနဲ့။ အတွင်းခံသူများနဲ့ လဲမဝတ်ပါနဲ့။ ဆေးက ပျို့-အန်တတ်တယ်။ အစားပျက်တယ်။ ဆေးကိုအရက်နဲ့ တွဲမသောက်ရပါ။


၂။ Clotrimazole (Gyne-Lotrimin, Mycelex-7) vaginal tablet မွေးလမ်းထည့်ဆေးညတိုင်း ၆-၇ ရက်ထည့်ပါ။


၃။ Antihistamines (အင်တီ-ဟစ်တမင်း) လိမ်းဆေး၊ Topical anesthetics ထုံဆေးလိမ်းရင် နာတာ၊ ယားတာ သက်သာစေမယ်။


ဘယ်လိုဆင်ခြင်ရမလဲ -

• ယားလို့ ကုပ်ရင် ပိုဆိုးစေတယ်။ အတတ်နိုင်ဆုံးမကုပ်မိအောင် ထိန်းပါ။ (ကော်တွန်) လက်အိတ်သုံးပါ။ လက်သည်း အတိုဖြတ်ပါ။ လက်သည်းနီဆိုးတာ သတိထားပါ။

• အတွင်းခံ (ကော်တွန်) ၁ဝဝ% ခပ်ချောင်ချောင်ကိုသာဝတ်ဆင်ပါ။ အကြပ်တွေ မဝတ်ပါနဲ့။ အတွင်းခံကို နေ့တိုင်း လဲလှယ်ပါ။ စိုထိုင်းတာများရင် တနေ့တခါမကလဲပါ။ နေလို့ရတဲ့ နေရာ-အချိန်တွေမှာ အတွင်းခံမဝတ်ဘဲနေပါ။ လေသလပ်ခံပါ။

• ဆံပင် ခေါင်းလျှော်တာကိုသီးသန့်လုပ်ပါ။ တချို့ ခေါင်းလျှော်ရည်ကကိုယ်နဲ့မသင့်တာဖြစ်နိုင်တယ်။ ဆပ်ပြာ၊ ရေမွှေး၊ ချွေးနံ့ပျောက်ဆေးတွေကကိုယ်နဲ့ သင့်-မသင့် သတိထားပါ။ လိုမယ်ထင်ရင် ပြောင်းသုံးပါ။ မသုံးဘဲနေလို့ရရင် မသုံးပါနဲ့။

• ရေနဲ့ နေ့တိုင်းမိန်းမကိုယ်ကို အသာအယာဆေးကြောပါ။ Feminine hygiene sprays and douches ကရိယာတွေ၊ အသုံးအဆောင်တွေ မသုံးဘဲသာဆေးပါ။ သန့်ရှင်းရေးလုပ်တာမှာ (ထိုင်နေတဲ့ အနေအထားမှာ) လက်ကိုရှေ့ကနေ နောက်ဖက်ဆီသာ တလမ်းသွားလှုတ်ရှားပါ။ ရေကိုအပေါ်ကနေလောင်းချနည်းက စည်ပိုင်းထဲစိမ်ချိုးတာထက် ကောင်းတယ်။ ရေမခြောက်သေးခင် အတွင်းခံမဝတ်ပါနဲ့။

• Vinegar douches ဆိုတဲ့ (ဗဂျိုင်းနား) သန့်အောင်ဆေးကြောနည်းမသင့်ပါ။ မ-အင်္ဂါနေရာ သန့်ရှင်းရေးကို လိုတာထက် မပိုစေနဲ့။ (ဗဂျိုင်းနား) ဟာသူ့အလိုလိုသန့်အောင်ကြိုးစားနိုင်တယ်။ မှိုတွေကစိုထိုင်းပြီး ပူနွေးတာကို ကြိုက်တယ်။

• လိင်ဆက်ဆံတာမှာ အထူးသတိထားပါ။ ပဋိဇီဝဆေးကိုလိုမှသာသုံးပါ။ လိင်ကတဆင့် ကူးစက်တာတွေအတွက် ဆေးသပ်သပ်လိုပါမယ်။ (ကွန်ဒွမ်) မှာ သုက်ပိုးသတ်ဆေးလဲတွဲထားတာဆိုရင် ကိုယ်နဲ့ သင့်-မသင့် ကြည့်ပါ။ ဆီးစပ်မွှေး မရိတ်ပါနဲ့။

• Yogurt (ရောဂတ်) ဒိန်ချဉ် စားသင့်တယ်။ စိတ်ဖိအားများနေရင် လျှော့ချပါ။ ကိုယ်အလေးချိန် များနေရင် ပိန်အောင်လုပ်ပါ။


- Vaginal Discharge မွေးလမ်းကြောင်းမှ အဖြူဆင်းခြင်း http://doctortintswe.blogspot.com/2014/…/vaginal-itching.htm

- Vaginal itching မိန်းမကိုယ်ယားခြင်း http://doctortintswe.blogspot.com/2014/…/vulvovaginitis.html

- Vulvovaginitis အမျိုးသမီးအင်္ဂါရောင်ခြင်း http://doctortintswe.blogspot.com/20…/…/vaginal-itching.html

- Chlamydia (ကလာမိုင်ဒီးယား) အဖြစ်များဆုံး STD http://doctortintswe.blogspot.com/2014/12/chlamydia-std.html

- STDs Basic လိင်မှတဆင့် ကူးစက်သောရောဂါများအခြေခံ http://doctortintswe.blogspot.com/2014/11/stds-basic.html


Dr. တင့်ဆွေ

https://www.facebook.com/pages/Dr-Tint-Swe/490031307758025





from သစ်ထူးလွင် (ကျန်းမာရေး) - Thit Htoo Lwin http://feedproxy.google.com/~r/myanmarnewsnow/LNje/~3/jtMNb75WuYU/vaginal-itching.html

Comments

Popular posts from this blog

(ဂရင်ဂျီနာ) ဖြစ်ပွားပါက ကုသနည်းနှင့် ကာကွယ်နည်းများ

ဂရင်ဂျီနာဟာ လိပ်ခေါင်းတစ်မျိုးဖြစ်ပြီး ကာလရှည်ကြာစွာ ဖြစ်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဂရင်ဂျီအနာ ပေါက်ဟာ နီရဲတဲ့ သွေးလိုအရည်ကျတတ်တယ်။ ဆီးသွားတဲ့ အကြောနဲ့ယှဉ်တွဲနေလို့ ဆီးကျန်၊ ဆီးကျဉ်၊ဆီးပူခြင်းတို့ဖြစ်တတ်ပါတယ်။ စအိုပတ်လည်မှာ အဖုအပိမ့်များထွက်လာခြင်း၊ ယားယံခြင်း၊ ရောင်ခြင်း၊ နာကျင်ခြင်း၊ ကိုက်ခဲခြင်း၊ အနာနဲ့ အနာပေါက်လေးများ ထွက်ပေါ်လာရင် ဂရင်ဂျီနာ ဖြစ်လာ ပါတယ်။ ဂရင်ဂျီနာဖြစ်ခဲ့ရင် စအိုနှုတ်ခမ်း ဘေးပတ်လည်၊ ပေါင်၊ တင်ပါး၊ ဆီးခုံဝန်းကျင်မှာ ယားယံခြင်း၊ ရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးနည်းခြင်းတွေ ဖြစ်တတ်တယ်။ လိင်အင်္ဂါဝန်းကျင် တစ်ဝိုက်မှ တင်ပါးအထိ ဖြစ်တတ်တယ်။ ဝမ်းချုပ်ခြင်း၊ အညောင်းထိုင်လွန်းခြင်း၊ အညှော်နံ့ခံရခြင်း၊ ရေချိုးမမှန်ခြင်း၊ တစ်ကိုယ်ရေ ကျန်းမာရေး မလိုက်စားသူတွေဟာ ဆီးခုံအစပ်မှာ အဖုငယ်များ ထွက်ပေါ်ကာ သွေးရည်ကြည်လို ကျနေတတ်သလို တချို့ကာလရှည်စွာ ပြည်ပုပ်များ ကျနေတတ်ပါတယ်။ ဂရင်ဂျီနာ၊ မြစ်ခြောက်နာက မြစ်စိုနာနဲ့ တွဲပြီး သားနံရေအနည်းငယ် သာကျကာ ချွေးပေါက်ပိတ်ဆို့ပြီး ကျစ်လျစ်မာကျောတဲ့ အမျှင်များနဲ့ ဖွဲ့စည်း ထားတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ တစ်ဆင့်ပြီးတစ်ဆင့် အသားထဲ ထိုးဖေ

TOP TEN of Miss Universe Myanmar 2014 Finalist

# TOP TEN of Miss Universe Myanmar 2014 Finalist # The 20 finalists of Miss Universe Myanmar 2014 are vying for the crown of Beauty Pageant, which will be held at the National Theater in Yangon on July 26. Here are MC's TOP TEN Selection ,,,, from Myanmar Celebrity: Gossip, News, Video, Photo, Fashion, Entertainment http://ift.tt/1q8GOM3