Skip to main content

Posts

Showing posts from November 13, 2014

အမေရိကန် နိုင်ငံသားများကို ၁၀ နှစ်သက်တမ်းရှိ ပြည်ဝင်ခွင့်ဗီဇာ ကို တရုတ်အစိုးရ ပထမဆုံးအကြိမ် ထုတ်ပေး

ဝါရှင်တန် ၊ ၁၄-၁၁-၂၀၁၄ တရုတ်အစိုးရ သည် အမေရိကန် နိုင်ငံသားများ ထံသို့ ၁ဝ နှစ် သက်တမ်းရှိ ပြည်ဝင်ခွင့်ဗီဇာ များကို နိုဝင်ဘာ ၁၂ ရက်က ပထမဆုံး အကြိမ် ထုတ်ပေးခဲ့ကြောင်း သိရသည်။ အသက် ၂၃ နှစ်အရွယ် အက်မွန်ဒေါင်းနီ (ပုံ) အမည်ရှိ သုတေသန ပညာရှင်သည် အမေရိကန်နိုင်ငံ ရှိ တရုတ်သံရုံးမှ ၁ဝ နှစ်သက်တမ်းရှိ ဗီဇာကို လက်ခံ ရရှိခဲ့သည့် ပထမဦးဆုံး အမေရိကန် နိုင်ငံသား တစ်ဦး ဖြစ်လာခဲ့ကြောင်း သိရသည်။ ပေကျင်းမြို့တွင် နိုဝင်ဘာ ၁၂ ရက်က ကျင်းပခဲ့သော အာရှပစိဖိတ် စီးပွားရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ( APEC ) ထိပ်သီး အစည်းအဝေး ပွဲတွင် ကြေညာခဲ့သည့် သဘောတူညီချက် အသစ်အရ တရုတ် နှင့် အမေရိကန် အစိုးရတို့သည် ၄င်းတို့ နှစ်နိုင်ငံအကြား စီးပွားရေး လုပ်ငန်းရှင်များ နှင့် ကမ္ဘာလှည့် ခရီးသည်များကို ၁ဝ နှစ် သက်တမ်းရှိ ဗီဇာများ တရားဝင် ခွင့်ပြု ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ကျောင်းသားဗီဇာ များကိုလည်း ငါးနှစ်အထိ တိုးမြှင့် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ #PyiChitThar http://ift.tt/1wvKNUy from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1wvKLMc

အခြေခံဥပဒေပြင်ဆင်ရေး ၇ ရက်တာ ဆွေးနွေးပွဲမှာ တိုင်းပြည်ပေါ်ထားတဲ့ စိတ်ရင်းမှန်တွေကို ပြည်သူအပေါင်း သိခွင့်ရတော့မည် – လင်းထိုက် (Y.I.T)

တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို တဖြည်းဖြည်း လျှော့ချမယ် လို့ လေသံပစ်ထားပေမယ့် တပ်ရဲ့ အခုအကြံပြုချက် တွေကို သုံးသပ်ရရင် မြန်မာ့နိုင်ငံရေးမှာ တပ်မတော်ဟာ သူ့ရဲ့ အခန်းကဏ္ဍ ကို လျှော့ချဖို့ နေနေသာသာ တပ်မတော်ရဲ့အာဏာကို ဖွဲ့စည်းပုံမှာ ပိုမိုတိုးမြှင့်လိုတဲ့ဆန္ဒ သဘောထားကို အထင်းသားမြင်နေရ … ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ အမေရိကန် အခြေစိုက် ဟားဗတ် ဥပဒေပညာသင်ကျောင်း (Harvard Law School) ရဲ့ နိုင်ငံတကာ လူ့အခွင့်အရေး ဌာနက နိုဝင်ဘာ ၇ ရက်နေ့စွဲနဲ့ ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။ အရင်စစ်အစိုးရ လက်ထက်က တိုင်းရင်း သား ဒေသတွေမှာ စစ်ရာဇ၀တ်မှုတွေကို အစိုးရထိပ်တန်း အရာ ရှိတွေ ကိုယ်တိုင် ကျူးလွန်ခဲ့ကြတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။ ““စစ်ရာဇ၀တ်မှုနှင့် လူသားဆိုင်ရာများအပေါ် ဥပဒေ မဲ့မှုများ ကျူးလွန်ခြင်း (War Crimes and Crimes against Humanity) ဆိုတဲ့ အဲဒီ့အစီရင်ခံစာမှာ ၂၀၀၅ က ၂၀၀၈ ခုနှစ်အထိ စစ် ဆင်ရေးတွေ မှာ တောင်ပိုင်း တိုင်းစစ်ဌာနချုပ် လက်အောက်ခံ တပ်တွေနဲ့ တပ်မ ၆၆ လက်အောက်ခံ တပ်တွေက စစ်ရာဇ၀ တ်မှုဆိုင်ရာ ကျူးလွန်ခဲ့မှုတွေ ရှိကြောင်း ဖော်ပြထားပါ တယ်။ အဲဒီကာလတွေမှာ တောင်ပိုင်းတိုင်း တိုင်းမှူးတာ

IS အဖွဲ့ ခေါင်းဆောင်ရဲ့ အသံဖိုင် ဆိုပြီး ထွက်ပေါ်နေ

IS လက်နက်ကိုင် အဖွဲ့ရဲ့ ခေါင်းဆောင် Abu Bakr al- Baghdadi ရဲ့ အသံလို့ ယူဆရတဲ့ အသံဖိုင် တစ်ခုကို IS တွေ ဘက်က ထုတ်ပြန် လိုက်ပါတယ်။ အမေရိကန်တို့ ရဲ့ အီရတ်နိုင်ငံ အတွင်း ပြုလုပ်ခဲ့တဲ့ လေကြောင်း တိုက်ခိုက်မှု တစ်ခုမှာ မစ္စတာ ဒဏ်ရာ ရသွားတယ် ဒါမှမဟုတ် သေဆုံး သွားတယ် ဆိုတဲ့ ကောလဟာလ တွေ ထွက်ပေါ် လာခဲ့အပြီး၊ ရက် အနည်းငယ် အတွင်းမှာပဲ၊ အခုလို အသံဖိုင် ထွက်ပေါ် လာတာပါ။ အဲဒီ့ အသံဖိုင်ထဲမှာ ပြောဆို နေတာတွေဟာ အမေရိကန်ရဲ့ လေကြောင်းတိုက်ခိုက်မှု နောက်ပိုင်း ဖြစ်ပေါ်လာခဲ့တဲ့ အကြောင်းအရာများ ကို ရည်ညွှန်း ပြောဆိုမှုများ ပါဝင်ပါတယ်။ ဒါပေမယ့် ဒီအသံဟာ မစ္စတာ Baghdadi ရဲ့ အသံအစစ် ဆိုတာ အတည် မပြုနိုင်သေးဘူး လို့ အမေရိကန် နိုင်ငံခြားရေး ဌာနရဲ့ ပြောခွင့်ရသူ ကတော့ ဆိုပါတယ်။ နောက်ပိုင်း ဖြစ်တဲ့ အကြောင်းအရာတွေလို့ ဆိုတာမှာ၊ အီရတ်မှာ နောက်ထပ် အမေရိကန် စစ်ဘက် ဝန်ထမ်းတွေကို သမ္မတအိုဘားမား က နေရာချတာမျိုး၊ လစ်ဗျား၊ အီဂျစ်နဲ့ ယီမင်နိုင်ငံ တွေက ဂျီဟာ့ဒ်ဝါဒီ အုပ်စုတွေက၊ IS အပေါ် သစ္စာခံကြောင်း ကြေညာတာမျိုးတွေ အဒီ့ အသံဖိုင်ထဲ ပါဝင်တယ်လို့ ဆိုပါတယ်။ ဒီအချိန်မှာပဲ အမေရိကန်ရဲ့ ထိပ်တန်း စစ်ဘက် အရာရှိတွေဟာ အီရတ်နဲ့ ဆီးရီးယားတို့မှာ လုပ်ဆေ

အမျိုးသား ပညာရေးဥပဒေ ကျောင်းသားထု ကန့်ကွက်

မြန်မာနိုင်ငံ အမျိုးသား ပညာရေး ဥပဒေကို ကျောင်းသားထုက ကန့်ကွက် လိုက်ပါတယ်။ တင်းကြပ်တဲ့ ဗဟိုစနစ်နဲ့ ထိန်းချုပ်မှု တွေရှိနေတဲ့ ဒီဥပဒေဟာ အရင် အဖိနှိပ်ခံ ပညာရေးကို ပြန်အသက်သွင်းသလို ဖြစ်နေတဲ့အတွက် ဒီမိုကရေစီ ပညာရေး အနှစ်သာရ ရှိစေမယ့် အမျိုးသား ပညာရေး ဥပဒေ တရပ် မြန်မာနိုင်ငံ မှာ ပေါ်ပေါက်အောင် ဆောင်ရွက်ပေးဖို့ ပထမဆုံးအကြိမ် အဖြစ် ကျင်းပတဲ့ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ် အစည်းအဝေး ကနေ တောင်းဆိုလိုက်တာပါ။ အပြည့်အစုံကို မအေးအေးမာက သတင်းပေးပို့ထားပါတယ်။ ဗကသများအဖွဲချုပ် အပါအ၀င် တနိုင်ငံလုံးက ကျောင်းသားကိုယ်စားလှယ် ၅၀၀ခန့် နဲ့ ကျောင်းသားထု အရေးပေါ် အစည်းဝေးကနေ သဘောထားတွေထုတ်ပြန်ခဲ့ပြီး လုပ်ငန်းတွေ အကောင်အထည်ဖော်ဖို့ ကော်တီတွေလည်း ဖွဲ့ခဲ့ကြပါတယ်။ အမျိုးသား ပညာရေး ဥပဒေကို ဆန့်ကျင် ကန့်ကွက်ခဲ့ကြတဲ့ ကျောင်းသားတွေအနေနဲ့ သဘောထား ၆ချက်ကို အတည်ပြုဆုံးဖြတ်ခဲ့ကြောင်း တနိုင်ငံလုံး ဆိုင်ရာကျောင်းသားထု အရေးပေါ် အစည်းအဝေးဖြစ်မြောက်ရေး လုပ်ငန်း အဖွဲ့ ရဲ့  သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ကိုရဲရင့်ကျော်က အခုလိုပြောပါတယ်။ " လက်ရှိအစိုးရက ပြဋ္ဌာန်းထားတဲ့ ပညာရေးဥပဒေဟာ ဆိုးဝါးပြီးတော့ ပညာရေး စနစ် အဟောင်းကိုပဲ အရ

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ ဖြုတ်ချပေးရန် စစ်ကိုင်းတွင် ဆန္ဒထုတ်ဖော်ပွဲ ပြုလုပ်မည်

စစ်ကိုင်း၊ နိုဝင်ဘာ ၁၃ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက်္ကဌ အဖြစ် တာဝန်ယူ ထားသည့် ဦးတင်အေး အပါအ၀င် ကော်မရှင် အဖွဲ့ဝင် အားလုံးကို အယုံအကြည် မရှိသောကြောင့် ဖြုတ်ချပေး ရန်အတွက် စစ်ကိုင်းမြို့မှ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများ ဦးဆောင်သော အဖွဲ့က နိုဝင်ဘာ (၁၈)ရက်နေ့တွင် ဆန္ဒထုတ်ဖော် တောင်းဆို သွားမည် ဖြစ်ကြောင်း ဆန္ဒထုတ်ဖော်ပွဲကို ဦးဆောင်မည့် ဦးသန်းထိုက်ဦးက မြန်မာ သံတော်ဆင့် သို့ ပြောသည်။ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးမှာ တပ်ဘက်မှ ဒုတိယဗိုလ်ချုပ်ကြီး အဆင့်ဖြင့်အနားယူခဲ့ပြီး အရပ်ဘက် တွင်လည်း ပြည်ခိုင်ဖြိုး ပါတီမှ ၀င်ရောက် အရွေးချယ်ခံခဲ့ရကာ ကော်မရှင်ဥက္ကဋ္ဌအဖြစ် တင်မြှောက် ခံရသူ ဖြစ်သည့်အတွက် လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင်လည်း ဘက်လိုက်မှုများ ရှိလာနိုင်သောကြောင့် ယခုကဲ့သို့ ဆန္ဒထုတ်ဖော်ရန်အတွက် ပြုလုပ်ရခြင်း ဖြစ်သည်ဟု ၎င်းက ယခုကဲ့သို့ ပြောသည်။ ““ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌနဲ့ အဖွဲ့ကို အယုံအကြည် မရှိတဲ့အတွက်ကြောင့် ဖြုတ်ချပေး ဖို့ နိုဝင်ဘာလ (၁၈) ရက်နေ့မှာ ဆန္ဒထုတ်ဖော်ပွဲ ပြုလုပ်သွားမှာပါ၊ ပြည်သူလူထု ယုံကြည် လေးစားရတဲ့ ဥက္ကဋ္ဌနဲ့ အဖွဲ့ကို ပြန်လည် ခန့်အပ်ပေးဖို့ တောင်းဆိုသွားမှာပါ၊ ဘာဖြစ်လို့လဲဆိုတေ

ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ လုပ်ပိုင်ခွင့် တိုးမြှင့်ပေးဖို့ ဆွေးနွေး

လွှတ်တော်ကို ဖျက်သိမ်း နိုင်တဲ့ အထိ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီရဲ့ လုပ်ပိုင်ခွင့်ကို တိုးမြှင့်ပေးဖို့ ဒီကနေ့ နေပြည်တော်မှာ ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေက ဦးဆောင် ဆွေးနွေး ခဲ့ကြပါတယ်။ ဒီဆွေးနွေးချက်တွေနဲ့ ပတ်သက်ပြီး NLD ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက အခုလို ရှင်းပြ ပါတယ်။ "ပုဒ်မ ၂ဝ၁ ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ ဖွဲ့စည်းခြင်းပုဒ်မ အရင်တုန်းက အဲဒီ့ပုဒ်မက ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၁ ဦး ဖွဲ့စည်းရေးပုဒ်မပဲပါပါတယ်၊ ၂ဝ၁(က)၊ (ခ) ဆိုပြီးတော့ ၂ ပိုင်း ခွဲလိုက်ပါတယ်၊ ၂ ပိုင်းခွဲပြီးတော့ (ခ) မှာ ကာလုံရဲ့လုပ်ပိုင်ခွင့်နဲ့ တာဝန်ဆိုပြီးတော့ ထပ်ထည့်တာပါ၊ အဲဒီ့ထပ်ထည့်တဲ့အထဲမှာ အချက် ၅ ချက်လောက်ပါပါတယ်၊ အဲဒီ့ဟာတွေကတော့ လွှတ်ငြိမ်း ချမ်းသာခွင့်ပေးတာတို့၊ ငြိမ်းချမ်းရေး ကိစ္စဆွေးနွေးတာတို့၊ တိုင်းပြည်ရဲ့အရေးပေါ်အခြေအနေတွေ ဖြစ်လာခဲ့ရင်တော့ အဲဒီ့ရဲ့နောက်ဆုံးမှာတော့ လွှတ်တော်ကိုယ်စားလှယ် ၃ ပုံ ၁ ပုံ နှုတ်ထွက်သွားရင် ပေါ့နော်၊ လွှတ်တော်ကို ဖျက်သိမ်းနိုင်တယ်ဆိုတဲ့ အခြေအနေအထိပါလာတာပါ၊ ဒီဟာကိုကြည့်မယ်ဆိုရင် တပ်မတေ

အခြေခံ ဥပဒေ ပြင်ရေး လွှတ်တော်တွင်း စဆွေးနွေး

အခြေခံ ဖွဲ့စည်းပုံ ဥပဒေ ပြင်ဆင်ရေးအတွက် ပြည်ထောင်စု လွှတ်တော်မှာ ပထမဆုံးနေ့ အဖြစ် လွှတ်တော် အမတ်တွေ ဆွေးနွေး ခဲ့ကြပါတယ်။ စစ်တပ် ကိုယ်စားလှယ်တွေက လွှတ်တော်နဲ့ အစိုးရအဖွဲ့မှာ စစ်တပ် ဆက်ပါဝင် သင့်တဲ့ အကြောင်းကို အဓိက ထောက်ပြ ပြောဆိုသွားပါတယ်။ NLD အမတ်တွေကတော့ ပုဒ်မ ၄၃၆ ကို ပြင်ဖို့နဲ့ ၅၉ (စ) ကိုပြင်ဖို့ အဓိကထား ပြောခဲ့ပါတယ်။ ဆွေးနွေးသွားတဲ့ အချက်တွေကို ကြည့်ရင် ထူးထူးခြားခြား ပြင်မယ့် အနေအထား အထိ မရောက်နိုင်ဘူးလို့ လွှတ်တော် အမတ်တချို့က သုံးသပ်ပါတယ်။ ဖွဲ့စည်းပုံ ပြင်ဆင်ရေး အချက်ဖြစ်တဲ့ ပုဒ်မ ၄၃၆ ကို နဂိုအတိုင်း ထားဖို့ တပ်မတော်သား အမတ်တွေက တင်ပြ လာတာကြောင့် ဖွဲ့စည်းပုံမှာ ထူးထူးခြားခြား ပြင်ဆင်နိုင်မယ့် အနေအထား ရှိမလာနိုင်ဘူးလို့ လွှတ်တော်အမတ် ဦးဖုန်းမြင့်အောင်က သုံးသပ်ပါတယ်။ ဒီဆွေးနွေးပွဲမှာ အမတ်တစ်ဦးကို တင်ပြခွင့် ၈မိနစ်သာ အချိန်ပေး ထားပြီး ဆွေးနွေးမယ့်သူ ၁၀ဝ ကျော်ရှိတဲ့အတွက် အတော်လေး အချိန်ယူ ဆွေးနွေးရဦးမှာ ဖြစ်ပါတယ်။ ဘီဘီစီ (မြန်မာပိုင်း) http://ift.tt/1EBesQw အခြေခံ ဥပဒေပါ ပုဒ်မ ၄၃၆ နဲ့ ၅၉( စ )ကို ပြင်ဖို့ NLD အမတ်တွေ အဓိက ပြောခဲ့ကြ from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin

ကျောက်မီးသွေးတူးဖေါ်ရေးစီမံကိန်းရပ်ဆိုင်းပေးရန် RCSS ထံ သံဃာနှင့်လူထုတောင်းဆို

နိုဝင်ဘာ ၁၄ ရက် ၂၀၁၃ သျှမ်းပြည်အလယ်ပိုင်း မိုင်းကိုင်မြို့နယ်အတွင်းရှိ ကျောက်မီးသွေးများ တူးဖေါ်ရန် ပြင်ဆင်နေသည့် ကုမ္မဏီများ၏ လုပ်ငန်း စီမံကိန်းများ အားလုံး ရပ်ဆိုင်းပေးရန် သျှမ်းပြည်တပ်မတော် RCSS/SSA ထံ သံဃာထု နှင့် လူထု ၂၀၀ ကျော်က စုပေါင်း လက်မှတ်ရေးထိုး တောင်းဆိုလိုက်သည်။ သျှမ်းပြည်အလယ်ပိုင်း မိုင်းကိုင်မြို့နယ် တောင်ဘက် ဝမ့်ယတ်ကျေးရွာ အုပ်စုနှင့် ဝမ့်ဟွေ့ကျေးရွာအုပ်စုအတွင်း ဒေသခံ တောင်သူ လယ်သမားများ၏ လယ်၊ ယာ၊ စားကျက်မြေ၊ ထင်းရှူးတော အပါအဝင် မြေ ဧက ၅၀၀ ကျော် သိမ်းပိုက်၍ ကျောက်မီးသွေး တူးဖေါ်သယ်ယူနေသော ကုမ္မဏီများအား တားမြစ်ပေးရန် တောင်းဆိုခဲ့ခြင်းဖြစ် သည်။ နိုဝင်ဘာ ၁၂ ရက်က မြို့ နယ် သံဃာနာယက ဆရာတော် အပါအဝင် သံဃာတော် ၁၁ ပါး၊ ဒေသခံလူထု ၂၂၉ ယောက် တို့က စုပေါင်း လက်မှတ်ရေးထိုးပြီး တောင်ကြီးမြို့ သျှမ်းပြည်တပ်မတော် ကိုယ်စားလှယ်ရုံးသို့ တိုင်ကြားတောင်းဆိုခဲ့ပါသည်။ “တိန်းချောင်း ရေထွက်လေ ဒီဒေသက။ ကျောက်မီးသွေးတူးဖေါ်တယ်ဆိုတော့ စားကျက်မြေတွေ၊ ထင်းရှူး တောတွေ၊ အကုန်ပါသွားပြီလေ။ တိန်းချောင်းမှီခို အားကိုးတဲ့ တောရိုင်းတိရစ္ဆာန်တွေ၊ အိမ်မွေးတိရစ္ဆာန်တွ လူတွေ အားလုံး အတွက် ကျောက်မီးသွေးကနေထွက်တဲ့ ဓါတုအ

ဂြိုဟ်ဆင်းယာဉ် ကြယ်တံခွန်ပေါ်မှာ ပြဿနာ ကြုံနေ

ဗုဒ္ဓဟူးနေ့က ကြယ်တံခွန် ပေါ်ကို ခက်ခက်ခဲခဲ ဆင်းသက် ခဲ့ရတဲ့ Philae ဂြိုဟ်ဆင်း ယာဉ်ငယ်ဟာ အခုတော့ ကြယ်တံခွန် မျက်နှာပြင် ပေါ်မှာ တည်တည် ငြိမ်ငြိမ် ရပ်နား လိုက်နိုင်ပြီး ဓာတ်ပုံတွေ စတင် ပို့ပေး နေပေမယ့် သူ့ရဲ့ ဘက်ထရီ သက်တမ်းနဲ့ ပတ်သက်လို့တော့ စိုးရိမ် နေရတယ်လို့ သိရပါတယ်။ ကြယ်တံခွန် မျက်နှာပြင်ပေါ်ကို ဆင်းသက်စဉ်က ၂ ကြိမ်တိုင် အာကာသထဲ ပြန်လွင့်စင် ထွက်ခဲ့ပြီးနောက် မူလ ရည်ရွယ် ထားတဲ့ နေရာကနေ ၁ ကီလိုမီတာ အကွာမှာ ရှိတဲ့ ကျောက်ဆောင် တစ်ခုရဲ့ အရိပ်ထဲမှာ ရပ်နား လိုက်နိုင်တာ ဖြစ်ပါတယ်။ ဒါကြောင့် သူ့ရဲ့ ဘက်ထရီကို အားပြန်သွင်းဖို့ အတွက် နေရာင်ခြည် လုံလုံလောက်လောက် မရမှာကို စိုးရိမ် နေကြတာ ဖြစ်ပါတယ်။ Philae ဂြိုလ်ဆင်း ယာဉ်ကို ကြယ်တံခွန်ပေါ်မှာ ကျောက်ချ ချိတ်တွယ် ထားသေးတာ မဟုတ်တဲ့အတွက် အဲဒီနေရာမှာပဲ အခြေချ ထားရှိမလား၊ တခြား ပိုကောင်းတဲ့ နေရာကို ရွှေ့ရမလား ဆိုတာကို ဆုံးဖြတ်ကြမှာ ဖြစ်ပါတယ်။ အာကာသ ခရီးစဉ် နှစ်ပေါင်း ၁၀ နှစ် ကြာခဲ့ အပြီးမှာ Philae ဂြိုဟ်ဆင်း ယာဉ်ငယ်ဟာ ကြယ်တံခွန် တစ်ခုပေါ် ပထမဆုံး ဆင်းသက် နိုင်တဲ့ အာကာသယာဉ် အဖြစ် သမိုင်း မှတ်တိုင် ထူလိုက် နိုင်ခဲ့ပါတယ်။ ဘီဘီစီ (မြန်မာပိုင်း) http://ift.tt/1EzXwt

သားကြောဖြတ် ပေးတဲ့ အိန္ဒိယ ဆရာဝန်ကို ဖမ်းဆီး

အိန္ဒိယ နိုင်ငံက အစိုးရ ဆေးခန်း တစ်ခုမှာ သားကြောဖြတ် ခွဲစိတ်မှု ခံယူတဲ့ အမျိုးသမီးတွေ သေဆုံး ခဲ့ရတာနဲ့ ပတ်သက်ပြီး အဲဒီ ခွဲစိတ် သားကြောဖြတ် ပေးခဲ့တဲ့ ဆရာဝန်ကို ဖမ်းဆီး ထိန်းသိမ်း လိုက်ပါတယ်။ ဒေါက်တာ RK Gupta နဲ့ သူ့လက်ထောက်တို့ဟာ ပြီးခဲ့တဲ့ စနေနဲ့ တနင်္လ࿿ာ နေ့တွေက ချပ်တီးစ်ဂါ ပြည်နယ်က ဆေးခန်း ၂ ခုမှာ အမျိုးသမီး ၁၃၀ ကို သားကြောဖြတ် ပေးခဲ့တာ ဖြစ်ပါတယ်။ ပထမ ဆေးခန်းက အမျိုးသမီး ၁၄ ဦး သေဆုံးပြီး ဒုတိယ ဆေးခန်းက တစ်ဦး ထပ်မံ သေဆုံး ခဲ့ကာ အယောက် ၉၀ ကျော်ကို ဆေးရုံ တင်ထားရပါတယ်။ ထိန်းသိမ်း ခံထားရတဲ့ ဆရာဝန် R K Gupta ကတော့ ဆေးဝါး အာနိသင် ချွတ်ယွင်းမှုကြောင့် အခုလို ပြဿနာ ဖြစ်ခဲ့ရပုံ ရပြီး သူ့မှာ တာဝန် မရှိကြောင်း ငြင်းဆို ထားပါတယ်။ အရင်ကလည်း တစ်နေ့ကို လူနာ ၃ ရာလောက် အထိ သူ သားကြောဖြတ် ပေးခဲ့တယ်လို့ ဆိုပါတယ်။ တနေ့ကို လူနာ ၃၅ ယောက်ထက် ပိုပြီး သားကြော မဖြတ်ဖို့ အစိုးရက သတ်မှတ် ထားပါတယ်။ ဘီဘီစီ (မြန်မာပိုင်း) http://ift.tt/1EzXrX1 အမျိုးသမီး ၉၀ ကျော်ကို ဆေးရုံတင်ထားရ from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1Bji65h

နိုဝင်ဘာလ (၁၅)ရက်နေ့ ထုတ် Net Guide Journal Vol 3 Issue 60

နိုဝင်ဘာလ (၁၅)ရက်နေ့ ထုတ် Net Guide Journal Vol 3 Issue 60 နိုဝင်ဘာလ (၁၅)ရက်နေ့ ထုတ် Net Guide Journal Vol 3 Issue 60 ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1qG2HSv

နိုဝင်ဘာလ (၁၃)ရက်နေ့ ထုတ် အားကစားမြင်ကွင်းဂျာနယ် အတွဲ(၃) အမှတ်(၄၅)

နိုဝင်ဘာလ (၁၃)ရက်နေ့ ထုတ် အားကစားမြင်ကွင်းဂျာနယ် အတွဲ(၃) အမှတ်(၄၅) ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1qG2HSm

နိုဝင်ဘာလ (၁၄)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ

နိုဝင်ဘာလ (၁၄)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ နိုဝင်ဘာလ (၁၄)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1zRtseY

နိုဝင်ဘာလ (၁၄)ရက်နေ့ ထုတ် ကြေးမုံ နေ့ စဉ် သတင်းစာ

နိုဝင်ဘာလ (၁၄)ရက်နေ့ ထုတ် ကြေးမုံ နေ့ စဉ် သတင်းစာ နိုဝင်ဘာလ (၁၄)ရက်နေ့ ထုတ် ကြေးမုံ နေ့ စဉ် သတင်းစာ သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1zRtu6C

နိုဝင်ဘာလ (၁၄)ရက်နေ့ ထုတ် ပြည်ထောင်စု နေ့ စဉ် သတင်းစာ

နိုဝင်ဘာလ (၁၄)ရက်နေ့ ထုတ် ပြည်ထောင်စု နေ့ စဉ် သတင်းစာ နိုဝင်ဘာလ (၁၄)ရက်နေ့ ထုတ် ပြည်ထောင်စု နေ့ စဉ် သတင်းစာ သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1zRttQ2