Skip to main content

အခြေခံဥပဒေပြင်ဆင်ရေး ၇ ရက်တာ ဆွေးနွေးပွဲမှာ တိုင်းပြည်ပေါ်ထားတဲ့ စိတ်ရင်းမှန်တွေကို ပြည်သူအပေါင်း သိခွင့်ရတော့မည် – လင်းထိုက် (Y.I.T)



တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို တဖြည်းဖြည်း လျှော့ချမယ် လို့ လေသံပစ်ထားပေမယ့် တပ်ရဲ့ အခုအကြံပြုချက် တွေကို သုံးသပ်ရရင် မြန်မာ့နိုင်ငံရေးမှာ တပ်မတော်ဟာ သူ့ရဲ့ အခန်းကဏ္ဍ ကို လျှော့ချဖို့ နေနေသာသာ တပ်မတော်ရဲ့အာဏာကို ဖွဲ့စည်းပုံမှာ ပိုမိုတိုးမြှင့်လိုတဲ့ဆန္ဒ သဘောထားကို အထင်းသားမြင်နေရ …

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


အမေရိကန် အခြေစိုက် ဟားဗတ် ဥပဒေပညာသင်ကျောင်း (Harvard Law School) ရဲ့ နိုင်ငံတကာ လူ့အခွင့်အရေး ဌာနက နိုဝင်ဘာ ၇ ရက်နေ့စွဲနဲ့ ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။ အရင်စစ်အစိုးရ လက်ထက်က တိုင်းရင်း သား ဒေသတွေမှာ စစ်ရာဇ၀တ်မှုတွေကို အစိုးရထိပ်တန်း အရာ ရှိတွေ ကိုယ်တိုင် ကျူးလွန်ခဲ့ကြတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။ ““စစ်ရာဇ၀တ်မှုနှင့် လူသားဆိုင်ရာများအပေါ် ဥပဒေ မဲ့မှုများ ကျူးလွန်ခြင်း (War Crimes and Crimes against Humanity) ဆိုတဲ့ အဲဒီ့အစီရင်ခံစာမှာ ၂၀၀၅ က ၂၀၀၈ ခုနှစ်အထိ စစ် ဆင်ရေးတွေ မှာ တောင်ပိုင်း တိုင်းစစ်ဌာနချုပ် လက်အောက်ခံ တပ်တွေနဲ့ တပ်မ ၆၆ လက်အောက်ခံ တပ်တွေက စစ်ရာဇ၀ တ်မှုဆိုင်ရာ ကျူးလွန်ခဲ့မှုတွေ ရှိကြောင်း ဖော်ပြထားပါ တယ်။


အဲဒီကာလတွေမှာ တောင်ပိုင်းတိုင်း တိုင်းမှူးတာဝန်ယူထားတဲ့ လက်ရှိ ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို၊ ၂၀၀၆ ခုနှစ်အထိ တပ်မ ၆၆ ရဲ့ တပ်မှူးရာထူး ထမ်းဆောင်ခဲ့ပြီး လက်ရှိမှာတော့ စစ်ဆင်ရေး အထူးအဖွဲ့ (၄) အဖွဲ့မှူး တာဝန်ယူထားတဲ့ ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦးနဲ့ လက်ရှိ နေပြည်တော် တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မောင်မောင်အေးတို့ ပါဝင် ကျူးလွန်ခဲ့ တယ်လို့ အစီရင်ခံစာမှာ ဖော်ပြ ရေးသားထားပါတယ်။


စစ်ရာဇ၀တ်မှု ကျူးလွန်ခဲ့တဲ့ ရွာပေါင်း ၉၀ ကျော်က ဒေသခံ ရွာသား ထောင်ကျော်ကို တွေ့ဆုံမေးမြန်းပြီး မှတ်တမ်းတင် ထားတာတွေကို အခြေခံပြီး အစီရင်ခံစာကို ပြုစုရေးထားတာ ဖြစ်တယ်လို့ ဆိုပါ တယ်။ တွေ့ဆုံ မေးမြန်းခဲ့သူတွေထဲမှာ စစ်ရာဇ၀တ်မှု ကျူးလွန်စဉ်အတွင်း ညှဉ်းပမ်း နှိပ်စက်ခံရပြီး ပြန်လည် လွတ်မြောက် လာသူတွေလည်း ပါဝင်ကြောင်း အစီရင်ခံစာက ဆိုပါတယ်။


(Transitional Justice) လို့ခေါ်တဲ့ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု ရှာဖွေရေး လုပ်ငန်းစဉ်ဆိုရာမှာ အစိုးရတစ်ရပ် ပြောင်းသွား အပြီး နောင်တက်လာတဲ့ အစိုးရဟာ အရင်အစိုးရ လက်ထက် ကျူးလွန်ခဲ့တဲ့ ဥပဒေမဲ့ လုပ်ရပ်တွေကို ပြန်လည် ဖော်ထုတ် အရေးယူခြင်းမျိုးကို ဆိုလိုတာပါ။ ကမ္ဘာ့နိုင်ငံ အသီးသီးမှာလည်း အစိုးရတစ်ရပ် ပြောင်းပြီးရင် အရင်အစိုးရ လက်ထက် တာဝန်ထမ်းဆောင်ခဲ့တဲ့ သမ္မတတို့၊ ၀န်ကြီးတို့ရဲ့ ဥပဒေမဲ့ လုပ်ရပ်တွေကို ပြန်လည်ဖော်ထုတ် အရေးယူခြင်းတွေ မြောက်မြားစွာ ရှိခဲ့ပါသည်။


အခု အစီရင်ခံစာမှာ ဖော်ပြခံရတဲ့ ပုဂ္ဂိုလ်များဟာဆိုရင် လက်ရှိအစိုးရ လက်ထက်မှာ တပ်မတော်ရဲ့ ထိပ်တန်းတာဝန်တွေ ယူထားရတဲ့ ဗိုလ်ချုပ်၊ ဒုတိယ ဗိုလ်ချုပ်ကြီး ရာထူးတွေနဲ့ တာဝန် ထမ်းဆောင် နေသူတွေ ဖြစ်ပါတယ်။ အခု ဟားဗတ် အစီရင်ခံစာအပြင် ကမ္ဘာ့လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့တွေ မှတ်တမ်းတင်ပြုစု ထားတဲ့ အစီရင်ခံစာ အများအပြားလည်း ရှိနိုင်ပါသေးတယ်။ ဒါ့အပြင် အရင်စစ် အစိုးရလက်ထက် ကာလ အတွင်း ကမ္ဘာသိ ကျူးလွန်ခဲ့တဲ့ ဖြစ်ရပ်များဖြစ်တဲ့ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးမှာ သံဃာတော်နဲ့ ပြည်သူအများကို ဖမ်းဆီးမှု၊ ထောင်သွင်း အကျဉ်းချမှု၊ သတ်ဖြတ်မှုတွေနဲ့ ၂၀၀၃ ဒီပဲယင်း လုပ်ကြံမှုမှာ ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုတွေကို မှတ်တမ်းတင် ပြုစုထားတဲ့ မှတ်တမ်း မှတ်ရာများလည်း ရှိနိုင်ပါတယ်။ ယခင် စစ်အစိုးရ လက်ထက်မှာ ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှု၊ လာဘ်စားမှုတွေကို အရပ်သားအစိုးရ တက်လာချိန်မှာ ပြန်လည်ဖော်ထုတ် အရေးယူခွင့် မရှိဘူးလားဆိုတဲ့ မေးခွန်းတစ်ခု ပေါ်လာပါတယ်။ အဖြေကတော့ ဘယ်လိုမှ ပြန်လည် အရေးယူလို့ မရပါဘူး။ အကြောင်းကတော့ ၂၀၀၈ ဖွဲ့စည်းပုံရဲ့ ပုဒ်မ ၄၄၅ မှာ ““ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် သည် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့နှင့် နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီတို့၏ ဆောင်ရွက်ချက်များ၊ တာဝန်များနှင့် ရပိုင်ခွင့်များကိုလည်းကောင်း ဆက်ခံသည်။ ယင်းအဖွဲ့၊ သို့မဟုတ် အဖွဲ့ဝင် တစ်ဦးဦး၊ သို့မဟုတ် အစိုးရအဖွဲ့ဝင် တစ်ဦး၏ တာဝန်အရ ဆောင်ရွက်ချက် များအပေါ် အကြောင်းပြုလျက် ယင်းတို့အား တရားစွဲဆိုခြင်း၊ အရေးယူခြင်း မရှိစေရ”” ဆိုပြီး ပြဋ္ဌာန်း ထားပါတယ်။


ဆိုလိုတာက အရင်စစ်အစိုးရ လက်ထက်မှာ ဥပဒေမဲ့ လူသတ်ခဲ့သည်ဖြစ်စေ၊ လာဘ်စားခဲ့ သည်ဖြစ်စေ နောက်ကြောင်း ပြန်အရေးယူခွင့် မရှိဘူးဆိုတဲ့ သဘောပါ။ တာဝန်အရ ဆောင်ရွက် ချက်များ ဖြစ်ပါသည် လို့ကို ပြဋ္ဌာန်းထားတာပါ။ ဥပဒေနဲ့မညီဘဲ လူသတ်ခဲ့လည်း တာဝန်အရ ဆောင်ရွက်ချက်၊ ဥပဒေနဲ့မညီဘဲ လာဘ်စားခဲ့လည်း တာဝန်အရ ဆောင်ရွက်ချက်ဆိုပြီး ပြဋ္ဌာန်းထားလေတော့ ၂၀၀၈ ဖွဲ့စည်းပုံအရဆို ဘယ်လိုမှ နောက်ကြောင်းပြန် အရေးယူခွင့် မရှိတဲ့သဘောပါ။ ပုဒ်မ ၄၄၅ ဟာ တပ်မတော် အတွက်တော့ အလွန်ကို အရေးကြီးတဲ့ အကြီးမားဆုံး ခံတပ်ကြီးပါ။ တပ်မတော်ဟာ ပုဒ်မ ၄၃၆ ကို ဘာကြောင့် မပြင်ချင်လဲ ဆိုတဲ့ သဘောထားမှာ ပုဒ်မ ၄၄၅ ကို လာထိမှာစိုးရိမ် တဲ့ ကြောက်လုံးက အဓိကအနေနဲ့ ပါဝင်နေပါတယ်။ လွန်ခဲ့တဲ့ ရက်ပိုင်းက ထွက်ပေါ်လာတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင် အထည်ဖော်မှု ကော်မရှင်ရဲ့ အစီရင်ခံစာမှာလည်း တပ်မတော်ရဲ့ ၄၃၆ မပြင်ဆင်လိုမှု သဘောထားကို အထင်အရှား မြင်တွေ့ ခဲ့ကြရပြီး ဖြစ်ပါတယ်။ အစီရင်ခံစာပါ တပ်မတော် ကိုယ်စားလှယ်များရဲ့ သဘောထားမှာ ပုဒ်မ ၄၃၆(က) ပြင်ဆင်ဖို့ မထောက်ခံကြောင်း ပါရှိလာပါတယ်။ ပုဒ်မ ၄၃၆ ဆိုတဲ့ ဖွဲ့စည်းပုံပြင်ဆင်ခြင်း အခန်းရဲ့ ပုဒ်မ ဟာဆိုရင်လည်း ဖွဲ့စည်းပုံ ပြင်ဆင်ခြင်းရဲ့ ခံတပ်ကိုဖွင့်မယ့် သော့ခလောက် ပုဒ်မဆိုရင်လည်း မမှားပါဘူး။


ဖွဲ့စည်းပုံ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မရှင်က တင်သွင်းထားတဲ့ ပုဒ်မ ၄၃၆ အပါအ၀င် ပုဒ်မပေါင်း ၂၁၀ နဲ့ ဇယား ၅ ခုက အပုဒ် ၂၃ ခုတို့ကို ပြင်ဆင်နိုင်ဖို့ လွှတ်တော်မှာ နိုဝင်ဘာ ၁၃ ရက်ကနေ နိုဝင်ဘာ ၂၁ ရက်အတွင်းမှာ ဆွေးနွေးကြတော့မှာ ဖြစ်ပါတယ်။ လွှတ်တော်နားရက် စနေ၊ တနင်္ဂနွေ ဖယ်လိုက် ရင် ဆွေးနွေးရမယ့် ရက်က ၇ ရက် ရရှိမှာဖြစ်ပြီး ဒီပုဒ်မရာကျော်ကို ဒီအချိန်ကာလ ၇ ရက်အတွင်းမှာ ဘယ်လို အပြီးသတ် ဆွေးနွေးမှာလဲ ဆိုတာကလည်း မေးခွန်း ထုတ်ဖွယ်ရာ ဖြစ်နေပါတယ်။


၄၃၆ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး တပ်မတော်က မပြင်ဆင်လိုကြောင်း သဘောထား ပေးထားပေမယ့် NLD ပါတီ ကတော့ ပုဒ်မ ၄၃၆(က) ပြင်ဆင်ဖို့ ပြည်ထောင်စု လွှတ်တော်တွင် ရွေးကောက် တင်မြှောက်ခြင်း ခံရသော ကိုယ်စားလှယ်အားလုံးရဲ့ သုံးပုံနှစ်ပုံက ပြင်ဆင်ရန်(သို့) ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် အားလုံးရဲ့ ထက်ဝက်ကျော်က ပြင်ဆင်ရန် သဘောတူ လက်ခံပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ အထမြောက်ပါက ဆန္ဒမဲပေးသူဦးရေ၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့် ပြင်ဆင်သင့်တယ်လို့ အကြံပြုထားပါတယ်။


NLD အကြံပြုချက်အရ တပ်ကိုယ်စားလှယ်တွေ မပါဘဲ ကျန်တဲ့လွှတ်တော် ကိုယ်စားလှယ် အားလုံးရဲ့ သုံးပုံနှစ်ပုံ ထောက်ခံရင် ဒါမှမဟုတ် တပ်ကိုယ်စားလှယ်တွေပါ ပါဝင်ရင် လွှတ်တော် ကိုယ်စားလှယ် အားလုံးရဲ့ တစ်ဝက်ကျော် သဘောတူပြီး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲမှာလည်း ယခင်ပြဋ္ဌာန်းထားတဲ့ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူရဲ့ တစ်ဝက်ကျော်အစား ဆန္ဒမဲလာပေးသူရဲ့ တစ်ဝက်ကျော် ထောက်ခံရင် ဖွဲ့စည်းပုံ ပြင်ဆင်နိုင်ဖို့ ပုဒ်မ ၄၃၆ နဲ့ ပတ်သက်ပြီး အကြံပြုထားတာကို တွေ့ရပါတယ်။


လက်ရှိလွှတ်တော်မှာ အမတ်နေရာ အများစု ရရှိထားတဲ့ ကြံ့ခိုင်ရေးပါတီရဲ့ ပုဒ်မ ၄၃၆(က)နဲ့ ပတ်သက်ပြီး အကြံပြုချက်မှာတော့ ““နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ ဒီမိုကရေစီစနစ်သို့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို အရှိန်အဟုန်မပျက် ဦးတည် ဆောင်ရွက်လျက်ရှိရာ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ခြင်းနှင့် စပ်လျဉ်း ၍ ပြည်သူများနှင့် ပြည်သူ့ကိုယ်စားလှယ်များ၏ အရေးပါမှုအခန်းကဏ္ဍကို အခြေအနေ အချိန်အခါနှင့် လိုက်လျော ညီထွေစွာ တိုးမြှင့်ပေးရမည်””ဆိုပြီး အကြံပြု တင်ပြထားတာကို တွေ့ရပါတယ်။ သာမန်ပြည်သူ မဆိုထားနဲ့ ပညာရှင်များပင် နားလည်ရခက်တဲ့ အကြံပြုချက်ပါပဲ။ ဘာကို ဆိုလိုမှန်းလည်း မသိပါ။ ဝေ့၀ိုက်လှည့်ပတ်တဲ့ စကားလုံးတွေနဲ့ အကြံပြုချက်ဟာ ဘာအကြံပြုချက်မှ မပေးတာနဲ့ အတူတူပဲလို့ သတ်မှတ်ရ မလိုပါဘဲ။


၄၃၆ နဲ့ ပတ်သက်ပြီး တပ်က ပြတ်သားပါတယ်။ မပြင်ဆင်လိုဘူး။ NLD ကလည်း လိုရင်းရောက်ပါတယ်။ တပ်မပါရင် သုံးပုံ နှစ်ပုံ။ တပ်ပါရင်၊ တစ်ဝက်ထောက်ခံရင် အခြေခံဥပဒေ ပြင်ဆင်နိုင်ရမယ်ဆိုပြီး ၄၃၆ ပြင်ဆင်ရေးကို အကြံပြုပါတယ်။ ကြံ့ခိုင်ရေးကတော့ ဟိုယိမ်းသလို သည်ယိမ်းသလို မပြတ်သား။ တကယ့် မဲခွဲရင် အခရာကျမယ့် အမတ်နေရာ အများစုရထားတဲ့ ကြံ့ခိုင်ရေးရဲ့ ၄၃၆ အပေါ် သဘောထားကတော့ တကယ့်ကို ဝေေ၀၀ါးဝါး။


တပ်နဲ့ NLD ကတော့ ၄၃၆ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ထိပ်တိုက်တွေ့နေပြီ ဆိုသည်မှာ ထင်ရှား ပေါ် လွင် နေလေပြီ။ နိုဝင်ဘာ ၃၁ ရက် ထိပ်သီး ဆွေးနွေးပွဲမှာလည်း တပ်ချုပ်က ၄၃၆ ကို မပြင်နိုင်ဘူးလို့ ပြောခဲ့တယ်။


တပ်မတော်က ကာ/လုံရဲ့ တာဝန်မှာ လွှတ်တော်ကို ဖျက်သိမ်းတဲ့အထိ သမ္မတကို အကြံပြုနိုင်ခွင့် အာဏာပေးဖို့ ပြဋ္ဌာန်းချက်ကို ဖွဲ့စည်းပုံမှာ ဖြည့်စွက်ပြဋ္ဌာန်းဖို့ အကြံပြုချက်လည်း ပါလာပါတယ်။ နောက် အာဏာသုံးရပ် အချင်းချင်း ထိန်းကျောင်းမှု ယိုယွင်းလာရင် လွှတ်တော်ကို ဖျက်သိမ်းဖို့ နိုင်ငံတော်သမ္မတကို ကာ/လုံက အကြံပေးရမယ်”” ဆိုတဲ့ ပြဋ္ဌာန်းချက်အပြင် တပ်မတော်ရဲ့ အခန်းကဏ္ဍကို ပိုမိုမြင့်တင်နိုင်ဖို့ ပြဋ္ဌာန်းချက် ၅ ချက်ကို ဖွဲ့စည်းပုံမှာ တည့်သွင်းဖို့ အကြံပြုထားတာကို တွေ့ရပါတယ်။


တပ်မတော်ရဲ့ ရှေ့နောက် မညီညွတ်တဲ့ အကြံပြုချက်ပါ။ ၄၃၆ လည်း မပြင်ချင်ဘူး။ တပ်မတော် အခန်းကဏ္ဍ ကိုလည်း ဖွဲ့စည်းပုံမှာ မြှင့်တင် ချင်တယ်။ ပုဒ်မ ၄၃၆ မပြင်နိုင်ရင် ဖွဲ့စည်းပုံထဲက ပြဋ္ဌာန်းချက်များကို ပြင်ဆင် ဖို့၊ ဖြည့်စွက်ဖို့ဆိုတာ ဖြစ်နိုင်ချေ နည်းပါတယ်။


တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို တဖြည်းဖြည်း လျှော့ချမယ် လို့ လေသံပစ်ထားပေမယ့် တပ်ရဲ့ အခုအကြံပြုချက်တွေကို သုံးသပ်ရရင် မြန်မာ့နိုင်ငံရေးမှာ တပ်မတော်ဟာ သူ့ရဲ့အခန်းကဏ္ဍကို လျှော့ချ ဖို့ နေနေသာသာ တပ်မတော်ရဲ့ အာဏာကို ဖွဲ့စည်းပုံမှာ ပိုမိုတိုးမြှင့်လိုတဲ့ ဆန္ဒသဘောထားကို အထင်းသား မြင်နေရပါတယ်။ ““နိုင်ငံတော်ရဲ့ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍမှာ တပ်မတော်က ပါဝင် ထမ်းဆောင်နိုင်ရေး အစဉ်တစိုက် ဦးတည်သည်”” ဆိုတဲ့ ပုဒ်မ ၆(စ) ကိုလည်း မပြင်ဆင်ဖို့ တပ်က သဘောထား ပေးထားလေတော့ စစ်အာဏာ အဓွန့်ရှည်ရေးကို အစဉ်တစိုက် ဦးတည်နေတဲ့ တပ်မတော်ရဲ့ သဘောထား အမှန်ကို ပြည်သူအများ သိခွင့် ရလိုက်ပါတယ်။


လွှတ်တော်တွင်း ၇ ရက်တာ ဆွေးနွေးကြတဲ့အခါ ၄၃၆ မပြင်ဆင်ရေး တပ်မတော်ရဲ့ သဘောထားကို ကြံ့ခိုင်ရေး အမတ်တွေ ထောက်ခံ ဆွေးနွေးခဲ့ရင်တော့ တပ်မတော်နဲ့ တပ်မတော်သားဟောင်းတွေ အများစု ပါဝင်တဲ့ ကြံ့ခိုင်ရေးပါတီတို့ဟာ “ဘယ်သူခွဲခွဲ၊ တို့မကွဲ အမြဲစည်းလုံးမည်” ဆိုတဲ့ဆောင်ပုဒ်ကို စွဲကိုင်ထားပြီလို့ ပြည်သူ အပေါင်းက ကောက်ချက်ချတော့မှာ မလွဲဧကန်ပါဘဲ။


ပုဒ်မ ၄၃၆ ကိုလည်း ပြင်ဆင်ပေးချင်တယ်။ ပုဒ်မ ၄၄၅ ကဲ့သို့ ပုဒ်မများ၊ တပ်မတော် အခန်းကဏ္ဍ မြင့်တင်ထားလိုသော ပုဒ်မတွေကိုတော့ မပြင်ဆင်ပေးချင်ပါဘူး ဆိုရင်တော့ နည်းလမ်း ၂ သွယ် စဉ်းစား စရာရှိပါတယ်။


(၁) ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုတဲ့ လေးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးရေးကို Informal တံခါးပိတ် ပြုလုပ်ပြီး ညှိကြ၊ နှိုင်းကြ၊ အပေးအယူတွေ လုပ်ကြရုံသာ ရှိပါတော့တယ်။


(၂) ဒုတိယတစ်ချက် ထွက်ပေါက်ကတော့ ၄၃၆ ပြင်ဆင်ခြင်း နည်းလမ်းကို-


အခြေခံဥပဒေ ပြင်ဆင်ရေးအခန်းရဲ့ တပ်မတော်ဘက်က မပြင်ဆင်ချင်တဲ့ တပ်ပိုင်းဆိုင်ရာ ပုဒ်မတွေကို လက်ရှိ ပြဋ္ဌာန်းချက်အတိုင်း (၇၅ ရာခိုင်နှုန်း + ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ) မပြုမပြင်ဘဲ ထားပြီး

ပြည်သူတွေ လိုလားတောင့်တနေတဲ့ ၅၉ (စ) (ဃ)၊ တိုင်းရင်းသားဆိုင်ရာ ပုဒ်မတွေ၊ သယံဇာတ ခွဲဝေမှုဆိုင်ရာ ပုဒ်မတွေ၊ ပြည်တွင်းငြိမ်းချမ်းရေးကို အဟန့်အတားဖြစ်စေတဲ့ ပုဒ်မတွေ၊ လူ့အခွင့်အရေးဆိုင်ရာ မမျှမတဖြစ်နေတဲ့ ပုဒ်မတွေ၊ တည်ဆဲဥပဒေတွေနဲ့၊ မညီမညွတ်ဖြစ်နေတဲ့ ပုဒ်မတွေ အစရှိတဲ့ ပြည်သူအတွက် ၂၀၁၅ မတိုင်ခင် လတ်တလော အပူတပြင်း အရေးပါနေတဲ့ ပုဒ်မတွေကို ပြင်ဆင်လိုတယ်ဆိုရင် NLD ပါတီက အကြံပြုတဲ့အတိုင်း တပ်ကိုယ်စားလှယ် မပါဘဲ ကိုယ်စားလှယ်အားလုံးရဲ့ သုံးပုံနှစ်ပုံ (သို့) တပ် ကိုယ်စားလှယ်တွေ ပါရင် ကိုယ်စားလှယ်အားလုံးရဲ့ တစ်ဝက်ကျော် ထောက်ခံမဲရရင် ပြင်ဆင်နိုင်ခွင့် ရှိရမယ် ဆိုပြီး ပြင်ဆင်ခြင်း အခန်းကိုပဲ ပုဒ်မတွေကို နှစ်ပိုင်းခွဲပြီး ရာခိုင်နှုန်းနှစ်မျိုးနှစ်စား ခွဲခြား သတ်မှတ်ပြီး ပုဒ်မ ၄၃၆ ကို ပြင်ဆင်မယ်ဆိုရင် ဖွဲ့စည်းပုံ အကျပ်အတည်းက လတ်တလော လွတ်မြောက်မယ့် လက်တွေ့ကျတဲ့ ပြင်ဆင်ရေး လမ်းကြောင်း တစ်ခု ပေါ်ပေါက်လာနိုင်ကြောင်း အကြံပြုလိုပါတယ်။


နိုဝင်ဘာ ၃၁ ထိပ်သီးဆွေးနွေးပွဲမှာ သမ္မတက ဒေါ်အောင်ဆန်းစုကြည်ကို ကာ/ချုပ်နဲ့ မိတ်ဆက်ပေးေ တာ့ ဒေါ်အောင်ဆန်းစုကြည်က ကာ/ချုပ်ကို ““ကျွန်မ တွေ့ချင်တယ်ဆိုတာ ဘာလို့မတွေ့တာလဲ””လို့ မေးလိုက် ပါတယ်။ ကာ/ချုပ်က ““ကျွန်တော် မအားလို့ပါ။ နောက်တွေ့ ပါမယ်””လို့ ပြန်ဖြေ ပါတယ်။


လေးပွင့်ဆိုင် ဆွေးနွေးရေး အလားအလာကတော့ ကာ/ချုပ်ကြီး အချိန်အားမှ ဖြစ်နိုင်ချေရှိမယ့် သဘော ဆိုတော့ ကာ/ ချုပ်ကြီး အချိန်အားပါစေလို့ ပြည်သူအပေါင်းက နိုင်ငံတစ်ဝန်း ဆုတောင်းပွဲ များ ပြုလုပ်ကြရုံသာ ရှိတယ်လို့ ဆိုချင်ပါတော့တယ်။


လင်းထိုက် (Y.I.T)


မြန်မာသံတော်ဆင့်သတင်းဌာန – http://ift.tt/1t7d2bL






from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1EBJSX4

Comments

Popular posts from this blog

(ဂရင်ဂျီနာ) ဖြစ်ပွားပါက ကုသနည်းနှင့် ကာကွယ်နည်းများ

ဂရင်ဂျီနာဟာ လိပ်ခေါင်းတစ်မျိုးဖြစ်ပြီး ကာလရှည်ကြာစွာ ဖြစ်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဂရင်ဂျီအနာ ပေါက်ဟာ နီရဲတဲ့ သွေးလိုအရည်ကျတတ်တယ်။ ဆီးသွားတဲ့ အကြောနဲ့ယှဉ်တွဲနေလို့ ဆီးကျန်၊ ဆီးကျဉ်၊ဆီးပူခြင်းတို့ဖြစ်တတ်ပါတယ်။ စအိုပတ်လည်မှာ အဖုအပိမ့်များထွက်လာခြင်း၊ ယားယံခြင်း၊ ရောင်ခြင်း၊ နာကျင်ခြင်း၊ ကိုက်ခဲခြင်း၊ အနာနဲ့ အနာပေါက်လေးများ ထွက်ပေါ်လာရင် ဂရင်ဂျီနာ ဖြစ်လာ ပါတယ်။ ဂရင်ဂျီနာဖြစ်ခဲ့ရင် စအိုနှုတ်ခမ်း ဘေးပတ်လည်၊ ပေါင်၊ တင်ပါး၊ ဆီးခုံဝန်းကျင်မှာ ယားယံခြင်း၊ ရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးနည်းခြင်းတွေ ဖြစ်တတ်တယ်။ လိင်အင်္ဂါဝန်းကျင် တစ်ဝိုက်မှ တင်ပါးအထိ ဖြစ်တတ်တယ်။ ဝမ်းချုပ်ခြင်း၊ အညောင်းထိုင်လွန်းခြင်း၊ အညှော်နံ့ခံရခြင်း၊ ရေချိုးမမှန်ခြင်း၊ တစ်ကိုယ်ရေ ကျန်းမာရေး မလိုက်စားသူတွေဟာ ဆီးခုံအစပ်မှာ အဖုငယ်များ ထွက်ပေါ်ကာ သွေးရည်ကြည်လို ကျနေတတ်သလို တချို့ကာလရှည်စွာ ပြည်ပုပ်များ ကျနေတတ်ပါတယ်။ ဂရင်ဂျီနာ၊ မြစ်ခြောက်နာက မြစ်စိုနာနဲ့ တွဲပြီး သားနံရေအနည်းငယ် သာကျကာ ချွေးပေါက်ပိတ်ဆို့ပြီး ကျစ်လျစ်မာကျောတဲ့ အမျှင်များနဲ့ ဖွဲ့စည်း ထားတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ တစ်ဆင့်ပြီးတစ်ဆင့် အသားထဲ ထိုးဖေ

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က

TOP TEN of Miss Universe Myanmar 2014 Finalist

# TOP TEN of Miss Universe Myanmar 2014 Finalist # The 20 finalists of Miss Universe Myanmar 2014 are vying for the crown of Beauty Pageant, which will be held at the National Theater in Yangon on July 26. Here are MC's TOP TEN Selection ,,,, from Myanmar Celebrity: Gossip, News, Video, Photo, Fashion, Entertainment http://ift.tt/1q8GOM3