Skip to main content

Posts

Showing posts from May 18, 2014

ရန်ကုန် အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် နေရာကွက်၍ မိုးကြီးမည် ရန်က...

ရန်ကုန် အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် နေရာကွက်၍ မိုးကြီးမည် ရန်ကုန်၊ မေ ၁၈ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် အနောက်တောင် မုတ်သုံလေဖိအား ကောင်းနေခြင်းကြောင့် ရန်ကုန် အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် မေလ ၂၀ နေ့အတွင်း လေပြင်းများ တိုက်ခတ်ပြီး နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ကြေညာချက် ထုတ်ပြန်သည်။ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ တိုက်ခတ်နိုင်ပြီး ဒေသအလိုက် နေရာကွက်၍ မိုးကြီးမည် ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အနောက်တောင် မုတ်သုံလေသည် မြန်မာနိုင်ငံ တောင်ပိုင်းဒေသများသို့ မေလ ၁၇ ရက်နေ့တွင် စတင်ဝင်ရောက်ခဲ့ပြီး ယခုရက်ပိုင်းအတွင်း မုတ်သုံလေ အားကောင်းနေသဖြင့် ကမ်းရိုးတန်း ဒေသများတွင် မိုးကြီး၍ လေပြင်းများ တိုက်ခတ်ကာ လှိုင်းကြီးမည် ဖြစ်ခြင်းကြောင့် ငါးဖမ်းရေယာဉ်များ အနေနှင့် သတိပြုသွားလာရန် လိုအပ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောကြားသည်။ ဘင်္ဂလားပင

အချိန်အကြာဆုံး ပျားစွဲခံနိုင်သည့် ကမ္ဘာ့စံချိန်သစ်ကို တရုတ်အမျိုးသား ရရှိ

အချိန်အကြာဆုံး ပျားစွဲခံနိုင်သည့် ကမ္ဘာ့စံချိန်သစ်ကို တရုတ်အမျိုးသား ရရှိ ဖန်ရှင်းဒေသမှ ယွမ်လင်မင်းသည် တစ်ကိုယ်လုံး ပျားများစွဲကပ်ဖုံးလွှမ်းလျှက် အခြေအနေဖြင့် (၅၃)မိနစ် (၃၄)စက္ကန့်ကြာအောင် တောင့်ခံနိုင်ခဲ့သည်။ ဂင်းနစ် ကမ္ဘာ့မှတ်တမ်း စံချိန်ရှင် အဖွဲ့ကလည်း ယွမ်၏ လုပ်ဆောင်မှုသည် ကမ္ဘာ့စံချိန်သစ် ဖြစ်လာကြောင်း အတည်ပြုခဲ့ တရုတ်နိုင်ငံမှ အမျိုးသား တစ်ဦးသည် ခန္ဓာကိုယ်ပေါ်တွင် ပျားများစွဲကပ်လျှက် အချိန်အကြာဆုံး နေထိုင်နိုင်သူအဖြစ် ကမ္ဘာ့စံချိန်သစ် တင်နိုင်ခဲ့ကြောင်း သိရှိရသည်။ ဖန်ရှင်းဒေသမှ ယွမ်လင်မင်းသည် တစ်ကိုယ်လုံး ပျားများစွဲကပ်ဖုံးလွှမ်းလျှက် အခြေအနေဖြင့် (၅၃)မိနစ် (၃၄)စက္ကန့်ကြာအောင် တောင့်ခံနိုင်ခဲ့သည်။ ဂင်းနစ် ကမ္ဘာ့မှတ်တမ်း စံချိန်ရှင် အဖွဲ့ကလည်း ယွမ်၏ လုပ်ဆောင်မှုသည် ကမ္ဘာ့စံချိန်သစ် ဖြစ်လာကြောင်း အတည်ပြုခဲ့သည်။ ယွမ်သည် ရှီဂျင်ပင်းရှိ ယီချန်းမြို့တွင် လက်တွေ့ အစွမ်းပြခဲ့ခြင်း ဖြစ်သည်။ ပျားများ ခန္ဓာကိုယ်ပေါ် စွဲကပ်သည့် အချိန်အကြာဆုံး စံချိန်ရှင်အဖြစ် ယွမ်က ရပ်တည်ခဲ့သလို အခြားစံချိန်တစ်ခုကိုလည်း ပိုင်ဆိုင်ထားသေးသည်။ ယွမ်သည် ပျားကောင်ရေ အလေးချိန်အများဆုံး ခန္ဓာကိုယ်ပေါ် စွဲမြဲထမ်းပိုးနိုင်သည့် စံခ

ခေတ်အဆက်ဆက်မှ အခွန်ကြွေးကျန် ၆၂ ဘီလီယံ ပြန်လည်ကောက်ခံရရှိ သီဟကိုကို| တနင်္လာနေ့၊...

ခေတ်အဆက်ဆက်မှ အခွန်ကြွေးကျန် ၆၂ ဘီလီယံ ပြန်လည်ကောက်ခံရရှိ သီဟကိုကို| တနင်္လာနေ့၊ မေလ ၁၉ ရက် ၂၀၁၄ ခုနှစ် ရန်ကုန်တိုင်းဒေသကြီးတွင် ပြီးခဲ့သည့်ဘဏ္ဍာရေးနှစ်၌ ခေတ်အဆက်ဆက်မှ ကျန်ရှိသည့် အခွန်ကြွေးကျန် စုစုပေါင်းကျပ် ၆၂ ဘီလီယံအား ကောက်ခံရရှိခဲ့သည်ဟု ပြည်တွင်းအခွန်များဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောသည်။ ထို့ပြင် Grand Royal အမှတ်တံဆိပ်ဖြင့် ပြည်တွင်း၌ အရက်ထုတ်လုပ်နေသည့် IBTC ကုမ္ပဏီ၏ လက်အောက်ခံကုမ္ပဏီ တစ်ခုမှ ကြွေးကျန် ကျပ် ၂၇ ဘီလီယံအား ပြန်လည်ပေးသွင်းခဲ့သည်ဟု ပြည်တွင်းအခွန်များဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က မေလ ၁၇ တွင်ပြုလုပ်သည့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ IBTC ၏ လက်အောက်ခံကုမ္ပဏီဖြစ်သည့် Myamar Winery and Distillery Company Limited ၏ အခွန်ကြွေးကျန် ကျပ် ၂၇ ဘီလီယံအား ကုမ္ပဏီများဆိုင်ရာ အခွန်ရုံးသို့ ပြန်လည်ပေးသွင်းခဲ့ခြင်း ဖြစ်သည်။ ပြည်တွင်းအခွန်များ ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက “ ပြီးခဲ့တဲ့နှစ်က အခွန်ဘုတ်အဖွဲ့ရဲ့လမ်းညွှန်မှုနဲ့ ၂၇ ဘီလီယံ (ကျပ်) ကို ပြန်လည်ပေးသွင်းမှုတွေ ရှိခဲ့တယ်။ တခြားကျန်ရှိသူတွေကိုလည်း ဘုတ်အဖွဲ့က လိုအပ်ရင် တွေ့ဆုံပြီး တွန်းအ

ရာဇာမင်းယာဉ်မောင်း (ခ)လိုင်စင်ဖြစ်နေ၍ အလုံးစုံအာမခံလျော်ကြေး အာမခံကုမ္ပဏီက ငြင်းန...

ရာဇာမင်းယာဉ်မောင်း (ခ)လိုင်စင်ဖြစ်နေ၍ အလုံးစုံအာမခံလျော်ကြေး အာမခံကုမ္ပဏီက ငြင်းနိုင် ဖြိုး| တနင်္လာနေ့၊ မေလ ၁၉ ရက် ၂၀၁၄ ခုနှစ် နေပြည်တော် - ရန်ကုန်ပြေးဆွဲသည့် ရာဇာမင်းကားတိမ်းမှောက်ခြင်း၌ ယာဉ်မောင်းသည် အဆင့်မီ ယာဉ်မောင်းလိုင်စင် ကိုင်ဆောင်မထားသဖြင့် ကားအတွက် အလုံးစုံအာမခံလျော်ကြေးကို အာမခံကုမ္ပဏီဘက်မှ ငြင်းပိုင်ခွင့်ရှိကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့အတွင်းရေးမှူး ဦးအေးမင်းသိန်းက ပြောသည်။ အဆိုပါတိမ်းမှောက်ခဲ့သည့် ရာဇာမင်းယာဉ်သည် ဧရာမြန်မာအာမခံကုမ္ပဏီ၌ ၂၀၁၄ ဧပြီ ၂၂ ရက်က သိန်း ၉၀၀ ဖြင့် အလုံးစုံအာမခံထားရှိထားသည့် ယာဉ်တစ်စီးဖြစ်သည်။ “သတ်မှတ်လိုင်စင်နဲ့ မမောင်းရင် ယာဉ်အလုံးစုံအာမခံလျော်ကြေးကို ဥပဒေအရ ငြင်းပိုင်ခွင့်ရှိပါတယ်။ လတ်တလော ဖြစ်ပွားခဲ့တဲ့ ရာဇာမင်းကားမှာ ယာဉ်မောင်းက မူလကားကြီးလိုင်စင်ကို သိမ်းခံထားရ သူဖြစ်တယ်။ (ခ)လိုင်စင်ကိုင်ပြီး တက်မောင်းတာ အကြီးမားဆုံးပြဿနာ ပါပဲ။ အဲဒီအတွက် အာမခံကုမ္ပဏီအနေနဲ့ လျော်ကြေးကို သေချာပေါက်ငြင်းခွင့်၊ ကန့်သတ်ခွင့်ရှိပါတယ်။ ကုမ္ပဏီအနေနဲ့ကလည်း ခရီးသည် အားလုံးကို သတ်မှတ်ထားတဲ့ လျော်ကြေးပေးပေမယ့် ယာဉ်ကိုပေးဖို့တော့ သူတို့စဉ်းစားနေတယ်”ဟု ၎င်းကေ

ချင်းပြည်နယ်ဖွံ့ဖြိုးရန် အချက် ၃၀ ချင်းအဖွဲ့အစည်းများ နှစ်ရက်ကြာ ဆွေးနွေး ဖိုးေ...

ချင်းပြည်နယ်ဖွံ့ဖြိုးရန် အချက် ၃၀ ချင်းအဖွဲ့အစည်းများ နှစ်ရက်ကြာ ဆွေးနွေး ဖိုးနောင်| တနင်္လာနေ့၊ မေလ ၁၉ ရက် ၂၀၁၄ ခုနှစ် ချင်းပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကလေးမြို့ Youth Center တွင် ချင်းလူ့အဖွဲ့အစည်းများ တွေ့ဆုံကာ အချက်အလက် ၃၀ ကို ခေါင်းစဉ်တင် ဆွေးနွေးကြသည်။ တီးတိန်မြို့နှင့် တွန်းဇံမြို့တို့မှ လူမှုအဖွဲ့အစည်း ၂၀ မှ ကိုယ်စားလှယ်များ တက်ရောက်ကာ ၂၀၁၄ ခုနှစ်၊ မေလ ၁၆ နှင့် ၁၇ ရက်တို့တွင် ဆွေးနွေးခဲ့ကြသည်။ “ဒါ ပထမဆုံးအကြိမ် ဆွေးနွေးပွဲပါ။ နောက်ထပ် ချင်းပြည်နယ်မှာရှိတဲ့ မြို့နယ်တွေမှာ ထပ်လုပ်သွားဖို့ ရှိပါတယ်။ ချင်းလူမှုအဖွဲ့အစည်းတွေ ပူးပေါင်းပြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်တွေ၊ ချင်းပြည်နယ် အစိုးရနဲ့ အပြုသဘောပူး ပေါင်းဆောင်ရွက်ဖို့ အစီအစဉ်ရှိပါတယ်”ဟု တီးတိန်လူငယ်များအသင်း ကိုယ်စားလှယ် ဆရာမလွန်ပီးက ပြောသည်။ တွေ့ဆုံဆွေးနွေးခဲ့သည့် အချက်အလက်ခေါင်းစဉ် ၃၀ တွင် အဓိကအားဖြင့် ကလေးတက္ကသိုလ်ရှိ ဆရာ/ဆရာမ များမှ ကျောင်းသူ/သားများအား ချင်းအမျိုးသားနေ့ပွဲများတွင် လွတ်လပ်စွာ တက်ရောက် ဆင်နွှဲခွင့်အား ပိတ်ပင်ထားခြင်း၊ ပြည်နယ်အဆင့် လုပ်ငန်းစဉ်များနှင့် ကော်မတီများ ဖွဲ့စည်းရာတွင် ဗဟိုဦးစီးစန

ကိုယ်ကျိုးစီးပွား ရှေ့တန်းတင် ဆွေးနွေး၍ အာဆီယံရွှေ့ပြောင်း လုပ်သားဆွေးနွေးပွဲ အြေ...

ကိုယ်ကျိုးစီးပွား ရှေ့တန်းတင် ဆွေးနွေး၍ အာဆီယံရွှေ့ပြောင်း လုပ်သားဆွေးနွေးပွဲ အဖြေမထွက် မောင်သင်တုန်း၊ ၀င်းကိုကိုလတ်| တနင်္လာနေ့၊ မေလ ၁၉ ရက် ၂၀၁၄ ခုနှစ် ရွှေ့ပြောင်းအလုပ်သမားများ၏ အခွင့်အရေးများ အကာအကွယ်ပေးရေးနှင့် တိုးမြှင့်ရေး အာဆီယံအဖွဲ့ဝင်နိုင်ငံများ မေလ ၁၇ ရက်နှင့် ၁၈ ရက်များတွင် နှစ်ရက်ကြာ ညှိနှိုင်းစည်းဝေးသော်လည်း ကိုယ့်နိုင်ငံ အကျိုးစီးပွားအတွက် ကာကွယ်ပြီး လုပ်ဆောင်ဆွေးနွေးမှုများရှိသည့်အတွက် အောင်မြင်မှုရရှိခြင်းမရှိဟု အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ပြောသည်။ ရွှေ့ပြောင်းအလုပ်သမားများ၏ အခွင့် အရေးနှင့် ကာကွယ်စောင့်ရှောက်ခြင်းများ မြှင့်တင်ခြင်းဆိုင်ရာ အာဆီယံကြေညာစာတမ်း အကောင်အထည်ဖော်ရေး အာဆီယံကော်မတီ ခုနစ်ကြိမ်မြောက် အစည်းအဝေး ကျင်းပခြင်းဖြစ်သည်။ “သေချာမဆုံးဖြတ်နိုင်ဘူးပေါ့။ ငြင်းခုံနေကြတာပေါ့။ အားလုံးက သူ့နိုင်ငံရဲ့ အကျိုးစီးပွားအတွက် ကာကွယ်ပြီး လုပ်ကြတာကိုး။ အချက်အလက်တွေလည်း တချို့နိုင်ငံက ပေးနိုင်တယ်။ တချို့နိုင်ငံကလည်း မပေးနိုင်ဘူး ပြောတယ်”ဟု အဆင့်မြင့်အရာရှိများ အစည်အဝေး မြန်မာကိုယ်စားလှယ် ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်ကေ

ယူကရိန်းနိုင်ငံ ပရမ်းပတာဖြစ်မည့် အခြေအနေသို့ ဆိုက်ရောက်ပြီဟု ကုလသတိပေး

ဒွန်နီဆက်၊ မေ ၁၈ ယူကရိန်းနိုင်ငံတွင် ခွဲထွက်ရေးကိစ္စနှင့် ပတ်သက်၍ လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် ရုရှား လိုလားသော လက်နက်ကိုင်များအကြား ဖြစ်ပေါ်နေသော စစ်မက် ပဋိပက္ခ အပါအဝင် အခြေအနေ အရပ်ရပ်သည် ပရမ်းပတာ ဖြစ်တော့မည့် အနေအထားသို့ ဦးတည်နေပြီ ဖြစ်သည်ဟု ကုလသမဂ္ဂက သတိပေး ပြောကြားလိုက်ကြောင်း CNN သတင်းဌာနက ရေးသားဖော်ပြသည်။ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ လက်ထောက် အထွေထွေအတွင်းရေးမှူး အီဗန်ဆီမိုနီဗစ်က ယူကရိန်းနိုင်ငံ၏ လတ်တလော အကျပ်အတည်းများနှင့် ပတ်သက်၍ အထက်ပါအတိုင်း စိုးရိမ်ပူပန်မိကြောင်း ထုတ်ဖော် ပြောဆိုခြင်း ဖြစ်သည်။ ယူကရိန်း၏ လက်ရှိ အခြေအနေသည် ၁၉၉၀ ပြည့်နှစ်များဆီက ခရိုအေးရှား နိုင်ငံတွင် ဖြစ်ပေါ်ခဲ့သော စစ်မက် အကျပ်အတည်းမျိုးနှင့် တူညီမည့် အနေအထားတွင် ရှိကြောင်း ခရိုအေးရှား နိုင်ငံသားလည်း ဖြစ်သူ လက်ထောက် အထွေထွေအတွင်းရေးမှူး အီဗန်ဆီမိုနီဗစ်က ပြောကြားသည်။ ယူကရိန်းနိုင်ငံမှ နေ့စဉ်ရရှိသော သတင်းများအရ အစိုးရတပ်ဖွဲ့ဝင်များနှင့် ခွဲထွက်ရေး သူပုန်များသည် နေ့စဉ် ဆိုသကဲ့သို့ပင် ပဋိပက္ခ ဖြစ်လျက်ရှိကြောင်း သိရသည်။ အကျပ်အတည်းများ ပြေလည်စေရေးအတွက် ဥရောပသမဂ္ဂ (အီးယူ) က ဦးဆောင် ကမကထပြုကာ ကြားဝင် ဖျန်ဖြေပေးသည့် ဆွေး

နှစ်မကုန်ခင် အခြေခံဥပဒေပြင်ဖို့ ဒေါ်အောင်ဆန်းစုကြည် စိန်ခေါ်

ဒီနှစ်အတွင်း လွှတ်တော်တွင်းမှာ ဥပဒေဘောင်တွင်းကနေ တပ်မတော်သားများ အနေနဲ့ အခြေခံဥပဒေကို ပြင်နိုင်အောင် လုပ်ပြပါလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။ လူ သုံးသောင်း ကျော် စုဝေးရောက်ရှိလာကြတဲ့ မန္တလေး အောင်ပင်လယ် က နိုင်ငံရေး ဟောပြောပွဲမှာ တပ်မတော်ဟာ တကယ်တိုင်းပြည်ချစ်ပြီး ၊ ပြည်သူကိုတကယ်လေးစားတယ်၊ တကယ်သတ္တိရှိပြီး အမျှော်အမြင်ရှိရင်၊ အာဏာမမက်ဘူး၊ အခွင့်ထူးခံမဟုတ်ဘူးဆိုတာ သက်သေပြချင်ရင် ဒီနှစ်အတွင်း လွှတ်တော်တွင်းမှာ ဥပဒေဘောင်တွင်းကနေ တပ်မတော်သားများ အခြေခံဥပဒေကို ပြင်နိုင်အောင်လုပ်ပြပါလို့ ပြောရင်း ဒါဟာ စိန်ခေါ်လိုက်တာ လည်း ဖြစ်တယ် လို့ ပြီး ဒေါ်အောင်ဆန်းစုကြည်က သူ့မိန့်ခွန်းမှာ ထည့်သွင်းပြောကြားသွားပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈မျိုးဆက် ငြိမ်းချမ်းရေး နဲ့ပွင့်လင်းလူ့ အဖွဲ့အစည်း တို့ ပူးပေါင်း စည်းရုံးကျင်းပတဲ့ မန္တလေး က လူထုဟောပြောပွဲမှာ ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ကလည်း မြန်မာပြည်သူလူထု ဟာ ညီညွတ်စွာနဲ့ သမ္မတ ၃ ယောက် ကို ဖြုတ်ချ နိုင်ခဲ့ကြောင်းလည်း ပြောခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အခုလို ပြင်းထန် တဲ့ စကားလုံးတွေ နဲ့ စစ်တပ်က နိုင်ငံရေး ကိုလွှမ်းမိုးချုပ်ကိုင

အာဏာမက် စစ်တပ် မဟုတ်ကြောင်းသက်သေပြဖို့ ဒေါ်စု စိန်ခေါ်

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လွှတ်တော်ကနေ ဒီနှစ် အတွင်း ပြုပြင်နိုင်အောင် တပ်မတော်သားတွေ အားလုံး ပူးပေါင်း ပါဝင်ခြင်းအားဖြင့်၊ စစ်တပ်ဟာ အာဏာ နဲ့ အခွင့်ထူးကို မက်မောနေတာ မဟုတ်ကြောင်း သက်သေထူကြပါလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောကြား လိုက်ပါတယ်။ မန္တလေးမြို့ အောင်ပင်လယ်ကွင်းမှာ အမျိုးသား ဒီမိုကရေစီအဖွဲှ့ချုပ် နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းတို့ တနင်္ဂနွေနေ့ မနက်က ပူးပေါင်းကျင်းပခဲ့တဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ခြင်း ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထု ဟောပြောပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားခဲ့တာပါ။ "ဥပဒေဘောင်အတွင်းက လွှတ်တော်အတွင်ကနေပြီးတော့ ကျုပ်တို့တွေ ပြင် ဆင်သွားမယ်၊ ကျပ်တို့တွေဟာ အာဏာမက်မောလို့ အထူးအခွင့်အရေး မက်မောလို့ မြေယာမက်မောလို့ လုပ်နေတာဆိုတာ မဟ်ုဘူးဆိုတာ သက်သေထူလိုက်ပါလို့ ကျမက တိုက်တွန်းချင်ပါတယ်၊ တနည်းအားဖြင့်ပြောရမယ်ဆိုရင် စိန်ခေါ်မှု လို့လည်းပြောလို့ရပါတယ် ၊ကျမစိန်ခေါ်ပါတယ် တကယ်လည်း တိုင်းပြည်ကို ချစ်တယ်၊တကယ် လည်း ပြည်သူလူထုကို လေးစားတယ်၊ တကယ်လည်း သတ္တိရှိတယ် ၊တယ်လည်း တိုင်းပြ

မြန်မာတစ်နိုင်ငံလုံးရှိ နှလုံးရောဂါရှင် ကလေးသူငယ် ငါးထောင်နီးပါး ခွဲစိတ်ကုသရန်ေ...

မြန်မာတစ်နိုင်ငံလုံးရှိ နှလုံးရောဂါရှင် ကလေးသူငယ် ငါးထောင်နီးပါး ခွဲစိတ်ကုသရန် စောင့်ဆိုင်း ရန်ကုန်၊ မေ ၁၈ နိုင်ငံတစ်ဝန်း မွေးရာပါ နှလုံးအားနည်း ရောဂါရှိ ကလေးသူငယ်များအနက် ရန်ကုန်နှင့် ရန်ကင်း ကလေးဆေးရုံကြီးတို့တွင် ခွဲစိတ်ရန် လာရောက် စာရင်းပေးသွင်းထားသူ ငါးထောင်နီးပါး ရှိပြီဖြစ်ကြောင်း ရန်ကင်း ကလေးဆေးရုံရှိ အထူးကြပ်မတ်ဆောင် တာဝန်ခံ ပါမောက္ခ ဒေါက်တာကျော်ဇင်ဝေက The Voice သို့ ပြောကြားသည်။ ရန်ကုန်နှင့် ရန်ကင်း ကလေးဆေးရုံကြီး အထွေထွေကုသဆောင်ရှိ အဆိုပါ ကလေးငယ်များသည် ပြင်ပလူနာဌာနများတွင် လာရောက်ကုသစဉ် မှတ်တမ်းယူထားသူများ ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။ မြန်မာနိုင်ငံလူဦးရေ ၁၀၀ တွင် ရှစ်ဦးသည် မွေးရာပါ နှလုံးအားနည်းရောဂါ ခံစားနေရသော်လည်း တစ်နိုင်ငံလုံး နှလုံးခွဲစိတ် အထူးကုဆရာဝန် ရှစ်ဦးသာ ရှိသည့်အတွက် သန်းနှင့်ချီ ရှိသော မွေးရာပါ နှလုံးအားနည်း ဝေဒနာရှင်များကို ခွဲစိတ်ရန် အခက်အခဲများ ရှိကြောင်း အဆိုပါ ဆရာဝန် အသိုင်းအဝိုင်းက ဆိုသည်။ “မြန်မာနိုင်ငံမှာတော့ ၉၀ ရာခိုင်နှုန်းက ရောဂါသိပြီး မကုနိုင်ဘူး။ နှလုံးခွဲမရဘဲ သေသွားတဲ့ ကလေးတွေလည်း ရှိပါတယ်” ဟု ကလေး နှလုံးခွဲစိတ် အထူးကု ဆရာဝန်ကြီး ပါမောက္ခ

အခြေခံဥပဒေ ပြင်ဆင်ရေး စတင်ဆွေးနွေးမည်ဟု လွှတ်တော် ကိုယ်စားလှယ်များ ပြောကြား ရန...

အခြေခံဥပဒေ ပြင်ဆင်ရေး စတင်ဆွေးနွေးမည်ဟု လွှတ်တော် ကိုယ်စားလှယ်များ ပြောကြား ရန်ကုန်၊ မေ ၁၈ ပြည်သူလူထုအကြား လှုပ်ရှားမှု အမျိုးမျိုးဖြင့် တောင်းဆိုနေသည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး လာမည့် မေလ နောက်ဆုံးပတ်တွင် ပြုလုပ်မည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးများတွင် စတင်ဆွေးနွေးဖွယ် ရှိကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များက ဆိုသည်။ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ဒသမ ပုံမှန်အစည်းအဝေးများကို မေလ ၂၈ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ဆိုသည်။ “ဆွေးနွေးမယ်လို့တော့ ထင်တာပဲ။ ဒါပေမဲ့ သိပ်ပြီး ခက်ခဲတဲ့ဟာတွေတော့ မပါနိုင်ဘူး။ အားလုံး သဘောတူနိုင်တာတွေပဲ ဆွေးနွေးဖို့ များတယ်” ဟု ရှမ်းပြည်နယ် သီပေါ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ဆိုသည်။ လာမည့် လွှတ်တော်သက်တမ်း အတွင်း နိုင်ငံတော်သမ္မတက ပေးပို့ထားသည့် မျိုးစောင့်ဥပဒေ ရေးဆွဲရေးနှင့် ပတ်သက်သည့် ကိစ္စအပါအဝင် ဆွေးနွေးရန် ကျန်ရှိသည့် ဥပဒေများစွာ ရှိကြောင်း၊ ယင်းတို့အနက် အခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စကိုလည်း ထည့်သွင်း ဆွေးနွေးဖွယ် ရှိကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က ဆိ

ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်မှ ဆန္ဒပြ တောင်သူများကို အကြမ်းဖက် ဖမ်းဆီးခြင်း မရှိ...

ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်မှ ဆန္ဒပြ တောင်သူများကို အကြမ်းဖက် ဖမ်းဆီးခြင်း မရှိကြောင်း ရဲတပ်ဖွဲ့က မေ လ ၁၈ ရက်တွင် လူထုရှင်းလင်းပွဲ ပြုလုပ်ခဲ့ရာ ဆန္ဒပြ တောင်သူများကလည်း ရဲတပ်ဖွဲသည် အကြမ်းဖက် ဖမ်းဆီးခဲ့သည်ဟု သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်လိုက်သည်။ သိမ်းဆည်းခံမြေများပြန်ရရေး မေလ ၁၄ ရက် တွင် သဲကုန်းမြို့ပေါ်၌ ဆန္ဒပြခြင်း၊ ဆုတောင်းခြင်းများပြု လုပ်သော လယ်သမားများကို ရဲတပ်ဖွဲ့က အကြမ်းဖက် ဖမ်းဆီးခြင်းမရှိကြောင်း ၊ မကျီးဇင်ကျေးရွာ မူလတန်းကျောင်းတွင် ရဲတပ်ဖွဲ့က လူထုရှင်းလင်းပွဲပြုလုပ်ခဲ့ရာ အပြန်အလှန် မေးခွန်းမေးမြန်းခွင့်မရသဖြင့် တောင်သူများက အောင်ကုန်းကျေးရွာတွင်သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခြင်းဖြစ်သည်။ ဆန္ဒပြသူများကို အကြမ်းဖက်ဖမ်းဆီးခြင်းမရှိဟု ရဲတပ်ဖွဲ့ ငြင်းဆိုမှု တောင်သူများ လက်မခံ - � www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1gFDqsf

မေလ ၁၉ ရက်နေ့ထုတ် Weekly Eleven News Journal မျက်နှာဖုံး #weeklyelevencover

မေလ ၁၉ ရက်နေ့ထုတ် Weekly Eleven News Journal မျက်နှာဖုံး #weeklyelevencover from Eleven Media Group's Facebook Wall http://ift.tt/1qO9AGa

နိုင်ငံတည်ငြိမ်ရေးဆိုသည်မှာ လက်ရှိအာဏာရနေသူတစ်စု အာဏာတည်မြဲရေးကို ဆိုလိုနေခြင်းသ...

နိုင်ငံတည်ငြိမ်ရေးဆိုသည်မှာ လက်ရှိအာဏာရနေသူတစ်စု အာဏာတည်မြဲရေးကို ဆိုလိုနေခြင်းသာဖြစ်ပြီး တပ်မတော်ကို ကမ္ဘာ့အလယ်တွင် တင့်တယ်ပြီး တစ်ကမ္ဘာလုံးက လေးစားသော၊ ပြည်သူတစ်ရပ်လုံးက လေးစားသော တပ်မတော် ဖြစ်စေလိုသည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား နိုင်ငံ၏ တည်ငြိမ်ရေးအတွက် တည်ငြိမ်မှု တည်ငြိမ်မှုဆိုသည်ကို တွင်တွင်သုံးနေပြီး အမှန်တကယ်တွင် နိုင်ငံတည်ငြိမ်ရေးကို ဆိုလိုခြင်းမဟုတ်ဘဲ လက်ရှိ အာဏာရှိနေသူများ၏ အာဏာတည်မြဲရေးအတွက်ကို ဆိုလိုခြင်းသာဖြစ်ပြီး တပ်မတော်ကို ကမ္ဘာ့အလယ်မှာ တင့်တယ်စေချင်ကြောင်းနှင့် တစ်ကမ္ဘာလုံးက လေးစားသည့် တပ်မတော်၊ ပြည်သူတွေက ယုံကြည်အားကိုးချစ်ခင်တဲ့ တပ်မတော် ဖြစ်စေချင်ကြောင်း အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ မေ ၁၈ ရက်က မန္တလေးမြို့ အောင်ပင်လယ်အားကစားကွင်း၌ ပြုလုပ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းတို့၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ဟောပြောပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ခြင်းဖြစ်သည်။ ပရိသတ်သောင်းချီ တက်ရောက်ခဲ့သော အဆိုပါ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ဟောပြောပွဲတွင် ဥက္ကဋ္ဌဒေါ်

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်ခရိုင် သဲကုန်းမြို့နယ်တွင် လယ်ယာမြေ ပြန်လည...

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်ခရိုင် သဲကုန်းမြို့နယ်တွင် လယ်ယာမြေ ပြန်လည်ရရှိရေးအတွက် ဆန္ဒထုတ်ဖော်ပွဲများ၊ သပိတ်စခန်း၊ ကျိန်စာတိုက်ပွဲများ၊ ဆုတောင်းပွဲများ ပြုလုပ်ခဲ့ကြသည့် လယ်သမားများနှင့် လယ်သမားရေး လှုပ်ရှားသူတို့ကို ဖမ်းဆီးရာတွင် ရဲတပ်ဖွဲ့က အကြမ်းဖက်မှု မရှိကြောင်း မေလ ၁၈ ရက်နေ့က သဲကုန်းမြို့ မကျီးဇင်ကျေးရွာတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် သဲကုန်းမြို့မ ရဲစခန်းမှုးက ပြောကြားသည်။ လယ်သမားရေး လှုပ်ရှားသူတို့ကို ဖမ်းဆီးရာတွင် အကြမ်းဖက်မှုမရှိဟု ရဲတပ်ဖွဲ့ဆို - သစ်ထူးလွ� www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1oGqft7

ပြီးခဲ့တဲ့ မေလ ၁၄ ရက်နေ့က ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့မှာ ဆန္ဒပြ အပြီးပြန်လာ...

ပြီးခဲ့တဲ့ မေလ ၁၄ ရက်နေ့က ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့မှာ ဆန္ဒပြ အပြီးပြန်လာတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗ.က.သ အဖွဲ့ဝင် ကိုကောင်းထက်ကျော် ဒဏ်ရာရတာဟာ ရဲတပ်ဖွဲ့ ဝင်တွေကြောင့် မဟုတ်ကြောင်း ဒီနေ့ သဲကုန်းမြို့နယ်ရဲတပ်ဖွဲ့က သတင်း စာရှင်းလင်းပွဲ ကျင်းပ ပြောဆိုခဲ့ပါတယ်။ သဲကုန်းမြို့နယ် မြို့နယ်ဒုတိယရဲမှူး ဦးဇော်အောင်က အဲဒီနေ့က ဖြစ်စဉ်နဲ့ ပတ်သက်ပြီး အာအက်ဖ်အေ ကို အခုလိုပြောပါတယ်။ ဗ.က.သကျောင်းသားရဲ့ဒဏ်ရာ ရဲကြောင့်မဟုတ်ကြောင်း ငြင်းဆို - သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1o5rtvA

မောင်တော၊ မေ ၁၈-သောင်းကျန်း သူ လက်နက်ကိုင်များ မကြာခဏ တိုက် ခိုက် မှုပြုလုပ်နေသည့...

မောင်တော၊ မေ ၁၈-သောင်းကျန်း သူ လက်နက်ကိုင်များ မကြာခဏ တိုက် ခိုက် မှုပြုလုပ်နေသည့် မောင် တောနယ်စပ်ဒေသတွင် တာဝန် ထမ်း ဆောင်မည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ မှာ တိုက်ခိုက်မှုစွမ်းရည် ကျွမ်းကျင် မှု ရှိသူ များဖြစ်ရန် လိုအပ်ကြောင်း နှင့် အမြဲတမ်းအသင့် ဖြစ်နေသည့် အနေ အထားဖြင့်သာ တာဝန်ထမ်း ဆောင်ရန်လိုအပ်နေကြောင်း စစ်ရေး ကျွမ်းကျင်သူ များနှင့် ဒေသခံများက ပြောကြားသည်။ သောင်းကျန်းသူများ မကြာခဏဝင်ရောက် တိုက်ခိုက်နေ သည့် မောင်တော နယ်စပ်တွင် တိုက်ခိုက်မှု... www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1oGqeW5

လယ်သမားရေး လှုပ်ရှားသူတို့ကို ဖမ်းဆီးရာတွင် အကြမ်းဖက်မှုမရှိဟု ရဲတပ်ဖွဲ့ဆို ပြည်၊...

လယ်သမားရေး လှုပ်ရှားသူတို့ကို ဖမ်းဆီးရာတွင် အကြမ်းဖက်မှုမရှိဟု ရဲတပ်ဖွဲ့ဆို ပြည်၊ မေ ၁၈ ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်ခရိုင် သဲကုန်းမြို့နယ်တွင် လယ်ယာမြေ ပြန်လည်ရရှိရေးအတွက် ဆန္ဒထုတ်ဖော်ပွဲများ၊ သပိတ်စခန်း၊ ကျိန်စာတိုက်ပွဲများ၊ ဆုတောင်းပွဲများ ပြုလုပ်ခဲ့ကြသည့် လယ်သမားများနှင့် လယ်သမားရေး လှုပ်ရှားသူတို့ကို ဖမ်းဆီးရာတွင် ရဲတပ်ဖွဲ့က အကြမ်းဖက်မှု မရှိကြောင်း မေလ ၁၈ ရက်နေ့က သဲကုန်းမြို့ မကျီးဇင်ကျေးရွာတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် သဲကုန်းမြို့မ ရဲစခန်းမှုးက ပြောကြားသည်။ ရဲတပ်ဖွဲ့မှ အကြမ်းဖက်ကာ ဓား၊ တုတ် အသုံးပြုသည်ဟု ဒေသခံများ စွပ်စွဲပြောဆိုချက်မှာ မှန်ကန်မှု မရှိဘဲ မြို့နယ်တရားသူကြီး ဖမ်းဝရမ်းအရ မေလ ၁၄ ရက်နေ့က ဖမ်းဆီးချိန်တွင် ရွာသားများက ရဲတပ်ဖွဲ့ဝင်များကို တံပိုးဖြင့် ရိုက်ခြင်း၊ အုတ်ခဲများကို လွယ်အိတ်ထဲ ထည့်ကာ ဝှေ့ယမ်းခြင်းများ ရှိပြီး ဒဏ်ရာရခဲ့သူများ (တရားစွဲခံရသူ) ကို ရွာသားများက ရဲတပ်ဖွဲ့လက်မှ အတင်းဝိုင်းဆွဲကြသည့် အရှိန်ဖြင့် မြေပေါ်သို့ ကျရာမှ ခေါင်းကွဲဒဏ်ရာ ရရှိခဲ့ခြင်း ဖြစ်ကြောင်း စခန်းမှူးသို့ ဆက်သွယ်မေးမြန်းချိန်တွင် ယခုလို ပြောဆိုသည်။ “ကောင်းထက်ကျော် လဲကျသွားတော့ေ

ရွေးကောက်ပွဲကော်မရှင် ဘယ်ကိုသွားနေသလဲ၊ ရွေးကောက်ပွဲ ဘာလဲ Written by - နေထွန်းနု...

ရွေးကောက်ပွဲကော်မရှင် ဘယ်ကိုသွားနေသလဲ၊ ရွေးကောက်ပွဲ ဘာလဲ Written by - နေထွန်းနိုင် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ကြိုတင်မဲကိစ္စများ အပါအ၀င် မမျှတမှုများ ရှိခဲ့ပြီး ထိုအချိန်က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို စစ်ဥပဒေချုပ် တာဝန်ထမ်းဆောင်ဖူးသူ ဒုတိယတရားသူကြီးချုပ် ဦးသိန်းစိုးက ဦးဆောင်ခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးကို နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌအဖြစ် ပြောင်းရွေ့ တာဝန်ပေးအပ်လိုက်သည်။ လစ်လပ်သွားသော ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ နေရာ၌ ယခင်တပ်မတော်အစိုးရလက်ထက် နံပါတ်ခြောက်အဆင့်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးကို အစားထိုးခန့်အပ်ရန် သမ္မတဦးသိန်းစိန်က ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်၌ လွှတ်တော်သို့ တင်သွင်းခဲ့သည်။ ဦးတင်အေးသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ၌ မန္တလေးတိုင်း တံတားဦးမြို့နယ်တွင် ၀င်ရောက်ယှဉ်ပြိုင်ကာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဖြစ်ခဲ့သည်။ ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်၌ ဦးတင်အေးက လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ နုတ်ထွက်လိုက်

မီတာခစာရွက်တွေလာတော့ လူတွေ စိတ်ဆိုးဒေါသ ထွက်နေကြပြီ အစိုးရသစ် တက်လာပြီးနောက် အစ...

မီတာခစာရွက်တွေလာတော့ လူတွေ စိတ်ဆိုးဒေါသ ထွက်နေကြပြီ အစိုးရသစ် တက်လာပြီးနောက် အစစအရာရာ မြင့်တက်လာသည့် ကုန်ဈေးနှုန်းများ စားဝတ်နေရေး ပြဿနာများအပေါ် ယခုနှစ် ဧပြီလကုန်မှ စတင်တိုးမြှင့်လိုက်သော မီတာခ၏ ထပ်ဆင့်ထိုးနှက်မှုကြောင့် မပြေလည်မှုများနှင့် ရင်ဆိုင်နေရသော ပြည်သူများအကြား မကျေလည်မှုများစွာ ဖြစ်ပေါ်နေပြီဖြစ်သည်။ “လုပ်ငန်းငယ်တွေအတွက် မြင့်တက်လာတဲ့ လျှပ်စစ်မီတာခက ထိခိုက်မှု ရှိတယ်ဆိုပေမယ့် လျှပ်စစ်မီးမှန်ရင် တော်သေးတယ်။ အခုက မီးပြတ်လို့ လုပ်ငန်းလည်ပတ်မှု ရပ်ထားရတဲ့ ရက်တွေက ဒီဧပြီလမှာ ခြောက်ရက်ခုနစ်ရက်လောက် ရှိတယ်။ လုပ်ငန်းရပ်ထားလို့ ကုန်ကြမ်းကနေ ကုန်ချောလုပ်တဲ့အဆင့်ကို မလုပ်နိုင်လို့ ၀င်ငွေလျော့ကျချိန်မှာ မီတာခက အရင်ကျပ် ၂၀၀၀၀ ကျော်ကနေ ကျပ် ၃၀၀၀၀ ကျော် ဖြစ်လာတယ်။ ကျွန်တော်တို့ လုပ်ငန်းငယ်တွေ ကြီးထွားလာအောင် မြှင့်တင်မှုအစား မပြိုပြိုအောင် ဖြိုနေသလိုပဲ” ဟု အသေးစား ကော်ရည်ကျိုလုပ်ငန်း လုပ်ကိုင်သူ ဦးဇော်ဇော်က ဆိုသည်။ ၂၀၁၄ ခုနှစ် ဧပြီ ၁ ရက်မှစ၍ လျှပ်စစ်ဓာတ်အား သုံးစွဲခများကို တိုးမြှင့်ကောက်ခံရန် အစိုးရ၏ တင်ပြမှုကို မတ် ၁၉ ရက်က ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုခဲ့သည်။ အစိုးရက လက်ရှိကောက်ခံနေသော လျှပ်စစ

အစိုးရ၏ ဥပဒေအားနည်းချက်များ၊ ငွေရှင်များ၏ ဥပဒေ တလွဲသုံးမှုများကြောင့် အိမ်၊ ခြံ၊...

အစိုးရ၏ ဥပဒေအားနည်းချက်များ၊ ငွေရှင်များ၏ ဥပဒေ တလွဲသုံးမှုများကြောင့် အိမ်၊ ခြံ၊ မြေဈေးကွက်သို့ ငွေမည်းများစီးဝင်ရန် အခွင့်သာနေပြီး ဈေးကျဆင်းရန် မလွယ် မြန်မာနိုင်ငံတွင် အိမ်ခြံမြေဆိုင်ရာ အားနည်းချက်များ၊ ငွေရှင်များ၏ ဥပဒေ တလွဲသုံးမှုများကြောင့် အိမ်ခြံမြေဈေးကွက်သို့ ငွေမည်းများစီးဝင်ရန် အခွင့်သာနေပြီး ဈေးများကျဆင်းရန် မလွယ်ကူကြောင်း စီးပွားရေးနှင့် ဥပဒေပညာရှင်အချို့ သုံးသပ်ပြောကြားသည်။ အိမ်ခြံမြေများကို ၀ယ်ယူရာတွင် ၀င်ငွေရလမ်း မပြနိုင်သော ငွေများဖြင့် အခွန်ရာခိုင်နှုန်း ၃၀ ဆောင်ကာ အိမ်ခြံမြေပိုင်ဆိုင်ခွင့်၊ ၀ယ်ယူခွင့် ရှိနေခြင်းကြောင့် အဆိုပါဈေးကွက် အတွင်းသို့ ငွေမည်းများ စီးဝင်ရန် အခွင့်သာနေခြင်းဖြစ်သည်။ “တကယ်တမ်း ၀င်ငွေရှိရိုးမှန်ရင် ၀င်ငွေခွန် ဆောင်ရပါတယ်။ ကိုယ်လုပ်ငန်းလုပ်လို့ အမြတ်ငွေရရှိရင် အမြတ်ငွေ ဆောင်ရပါတယ်။ ဒါမှ နိုင်ငံတော်အကျိုးကို ထမ်းဆောင်ပြီးသား ဖြစ်မှာပါ။ ၀င်ငွေရလမ်း မပြနိုင်တဲ့ ဘယ်လုပ်ငန်းတွေ၊ လုပ်လို့ရလာမှန်းမသိတဲ့ ငွေတွေဟာ ငွေမည်းတွေ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါတွေဟာ အစိုးရက ထိန်းချုပ်ရမယ့်ငွေတွေ ဖြစ်တယ်” ဟု Purple Equity Law Firm မှ အတိုင်ပင်ခံ ဥပဒေပညာရှင် ဦးဖိုး

ပိုင်ဆိုင်မှုအလိုက် အခွန်ကောက်ခံမည့် Property Tax အား ကြပ်မတ်ကောက်ခံနိုင်ရန် ရန်က...

ပိုင်ဆိုင်မှုအလိုက် အခွန်ကောက်ခံမည့် Property Tax အား ကြပ်မတ်ကောက်ခံနိုင်ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ပြန်လည်ပြင်ဆင် ပိုင်ဆိုင်မှုအလိုက် အခွန်ကောက်ခံမည့် Property Tax အား ကြပ်မတ်ကောက်ခံနိုင်ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ပြန်လည်ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ပိုင်ဆိုင်မှုအလိုက် အခွန်ကောက်ခံမည့် Property Tax အား ခေတ်နှင့်အညီ ပြန်လည်မွမ်းမံ၍ အမှန်တကယ် အသက်ဝင်သည့် ဥပဒေ ဖြစ်လာစေရန် လုပ်ဆောင်နိုင်မည် ဆိုပါက ရန်ကုန်မြို့၏ အဆမတန် ကြီးမြင့်နေသော မြေဈေးနှုန်းများနှင့် တိုက်ခန်းဈေးနှုန်းများကို ထိန်းချုပ်နိုင်မည်ဖြစ်ပြီး ချမ်းသာကြွယ်ဝသူများထံမှ အခွန်ငွေ ပိုမိုရရှိစေရန် ကောက်ခံနိုင်မည့် အခွန်ဥပဒေ တစ်ရပ်ဖြစ်ကြောင်း အခွန်ပညာရှင်များထံက သိရသည်။ ပိုင်ဆိုင်မှုအလိုက် အခွန်ကောက်ခံမည့် Property Tax ရေးဆွဲပြီးစီး၍ အခွန်ကောက်ခံမည် ဆိုပါက ပြည်တွင်းအခွန်များ ဦးစီးဌာနက ကောက်ခံမည်မဟုတ်ဘဲ ဒေသအလိုက် ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့က ကောက်ခံမည်ဖြစ်ကြောင်း သိရသည်။ “တခြားနိုင်ငံတွေမှာဆိုလည်း Property Tax ကို ဒေသအစိုးရအဖွဲ့တွေကပဲ ကောက်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာလည်း ဒေသအစိုးရတွေ

သန်လျင်-သီလ၀ါ-ဒဂုံဆိပ်ကမ်းလမ်း အပါအ၀င် သီလ၀ါအထူးစီးပွားရေးဇုန်နှင့် ဆက်သွယ်နိုင...

သန်လျင်-သီလ၀ါ-ဒဂုံဆိပ်ကမ်းလမ်း အပါအ၀င် သီလ၀ါအထူးစီးပွားရေးဇုန်နှင့် ဆက်သွယ်နိုင်မည့် လမ်းလေးခုကို ယခုနှစ်ဖောက်လုပ်ရန် လျာထား ယခု ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်း သန်လျင်-သီလ၀ါ-ဒဂုံ ဆိပ်ကမ်းလမ်းအပါအ၀င် သီလ၀ါအထူးစီးပွားရေးဇုန် ဆက်သွယ်နိုင်သည့် လမ်းလေးခုကို ဖောက်လုပ်ရန် လျာထားကြောင်း ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ရန်ကုန်တိုင်းဒေသကြီး ဒေသန္တရစီမံကိန်း ဥပဒေအရ သိရသည်။ ယခုဘဏ္ဍာနှစ်အတွင်း သန်လျင်-သီလ၀ါ-ဒဂုံဆိပ်ကမ်းလမ်း အပါအ၀င် သီလ၀ါအထူးစီးပွာရေးဇုန်အား ဆက်သွယ်နိုင်မည့် သန်လျင်-သီလ၀ါလမ်းမကြီး၊ သန်လျင်-သီလ၀ါ-ပါဒကြီး(အောက်)လမ်း၊ ပါဒကြီး-သီလ၀ါလမ်း စသည်တို့ကို ဖောက်လုပ်သွားရန် လျာထားခြင်းဖြစ်ကြောင်း သိရသည်။ ထို့ပြင် ရန်ကုန်မြို့တွင်းမှ သီလ၀ါသို့သွားရာ လမ်းကြောင်းပေါ်တွင် ပါဝင်သည်ဟုဆိုသည့် ပုဇွန်တောင်-ဒေါပုံလမ်းပေါ်ရှိ သာကေတတံတားကိုလည်း အသစ်တစ်စင်း ထပ်မံတည်ဆောက်ရန် ရည်မှန်းထားသည်ဟု သိရသည်။ သီလ၀ါ အထူးစီပွားရေးဇုန်သည် မြန်မာနိုင်ငံဘက်မှ ၅၁ ရာခိုင်နှုန်းနှင့် ဂျပန်နိုင်ငံဘက်မှ ၄၉ ရာခိုင်နှုန်း ရင်းနှီးတည်ဆောက်မည့် စီမံကိန်းဖြစ်ပြီး ၂၀၁၅ ခုနှစ် နှစ်လယ်ပိုင်းတွင် စီးပွားဖြစ် လည်ပတ်နိုင်ရန် စီစဉ်ထားသည်ဟု သိရသည်။ သီလ၀ါအထူးစီးပွားရေး

မေလ ၁၉ ရက်နေ့ထုတ် Weekly Eeleven News Journal အတွဲ ၉ အမှတ် ၃၁ အား Download ရယူနု...

မေလ ၁၉ ရက်နေ့ထုတ် Weekly Eeleven News Journal အတွဲ ၉ အမှတ် ၃၁ အား Download ရယူနိုင်ပါသည်။ http://ift.tt/1mL6EWB http://ift.tt/1mL6FcV http://ift.tt/1sJf5Sc from Eleven Media Group's Facebook Wall http://ift.tt/1mL6GO0

ယူကရိန်းနိုင်ငံတွင် ခွဲထွက်ရေးကိစ္စနှင့် ပတ်သက်၍ လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် ရ...

ယူကရိန်းနိုင်ငံတွင် ခွဲထွက်ရေးကိစ္စနှင့် ပတ်သက်၍ လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် ရုရှား လိုလားသော လက်နက်ကိုင်များအကြား ဖြစ်ပေါ်နေသော စစ်မက် ပဋိပက္ခ အပါအဝင် အခြေအနေ အရပ်ရပ်သည် ပရမ်းပတာ ဖြစ်တော့မည့် အနေအထားသို့ ဦးတည်နေပြီ ဖြစ်သည်ဟု ကုလသမဂ္ဂက သတိပေး ပြောကြားလိုက်ကြောင်း CNN သတင်းဌာနက ရေးသားဖော်ပြသည်။ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ လက်ထောက် အထွေထွေအတွင်းရေးမှူး အီဗန်ဆီမိုနီဗစ်က ယူကရိန်းနိုင်ငံ၏ လတ်တလော အကျပ်အတည်းများနှင့် ပတ်သက်၍ အထက်ပါအတိုင်း စိုးရိမ်ပူပန်မိကြောင်း ထုတ်ဖော် ပြောဆိုခြင်း ဖြစ်သည်။ ယူကရိန်းနိုင်ငံ ပရမ်းပတာဖြစ်မည့် အခြေအနေသို့ ဆိုက်ရောက်ပြီဟု ကုလသတိပေး - သစ်ထူးလွင်... www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1jtNJ2R

အခြေခံဥပဒေကို ပြင်နိုင်အောင် လုပ်ပြပါလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်...

အခြေခံဥပဒေကို ပြင်နိုင်အောင် လုပ်ပြပါလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။ လူ သုံးသောင်း ကျော် စုဝေးရောက်ရှိလာကြတဲ့ မန္တလေး အောင်ပင်လယ် က နိုင်ငံရေး ဟောပြောပွဲမှာ တပ်မတော်ဟာ တကယ်တိုင်းပြည်ချစ်ပြီး ၊ ပြည်သူကိုတကယ်လေးစားတယ်၊ တကယ်သတ္တိရှိပြီး အမျှော်အမြင်ရှိရင်၊ အာဏာမမက်ဘူး၊ အခွင့်ထူးခံမဟုတ်ဘူးဆိုတာ သက်သေပြချင်ရင် ဒီနှစ်အတွင်း လွှတ်တော်တွင်းမှာ ဥပဒေဘောင်တွင်းကနေ တပ်မတော်သားများ အခြေခံဥပဒေကို ပြင်နိုင်အောင်လုပ်ပြပါလို့ ပြောရင်း ဒါဟာ စိန်ခေါ်လိုက်တာ လည်း ဖြစ်တယ် လို့ ပြီး ဒေါ်အောင်ဆန်းစုကြည်က သူ့မိန့်ခွန်းမှာ ထည့်သွင်းပြောကြားသွားပါတယ်။ နှစ်မကုန်ခင် အခြေခံဥပဒေပြင်ဖို့ ဒေါ်အောင်ဆန်းစုကြည် စိန်ခေါ် - သစ်ထူးလွင် (နေ့စဉ်သတင်း) - www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/QYbIul

ကမ္ဘောဒီးယားနိုင်ငံ၌ မေ ၁၇ရက်က ရိုးရာဓလေ့တစ်ခု အဖြစ်တော်ဝင်နွားသိုးကျွေးပွဲ အခမ်း...

ကမ္ဘောဒီးယားနိုင်ငံ၌ မေ ၁၇ရက်က ရိုးရာဓလေ့တစ်ခု အဖြစ်တော်ဝင်နွားသိုးကျွေးပွဲ အခမ်းအနားတစ်ရပ်ကို ကျင်းပခဲ့ရာ ယခုနှစ်ရာသီတွင် မိုးလေ၀သကောင်းမွန်ပြီး ဆန်ရေစပါး ပေါကြွယ်ဝ လိမ့်မည်ဖြစ်ကြောင်း နက္ခတ္တဗေဒပညာ ရှင်များက ဟောကိန်း ထုတ်ပြောကြားလိုက်သည်။ နွားသိုးများကို ပဲ၊ နှမ်းနှင့်ဆန်တို့ကို ကျွေးခဲ့ရာ ရာပေါင်းများစွာသော ပြည်သူများက ဖနောင်ပင်မြို့အပြင် ဘက် ဘောလုံးကွင်း၌ ကျင်းပသော ဘုရင်နိုရိုဒွန် စီဟာမိုနီ သဘာပတိအဖြစ် တက်ရောက်သည့် တော်ဝင်လယ်ထွန်မင်္ဂလာ အခမ်းအနားသို့ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။ ကမ္ဘေားဒီးယားနိုင်ငံတွင် ဆန်ရေစပါးပေါကြွယ်ဝမည်ဟု ရိုးရာဓလေ့ နွားကျွေးပွဲ၌ ပညာရှင်တု� http://ift.tt/1czkJ7l from Myanmar News Now's Facebook Wall http://ift.tt/1jtNGE8