ကိုယ်ကျိုးစီးပွား ရှေ့တန်းတင် ဆွေးနွေး၍ အာဆီယံရွှေ့ပြောင်း လုပ်သားဆွေးနွေးပွဲ အဖြေမထွက်
မောင်သင်တုန်း၊ ၀င်းကိုကိုလတ်| တနင်္လာနေ့၊ မေလ ၁၉ ရက် ၂၀၁၄ ခုနှစ်
ရွှေ့ပြောင်းအလုပ်သမားများ၏ အခွင့်အရေးများ အကာအကွယ်ပေးရေးနှင့် တိုးမြှင့်ရေး အာဆီယံအဖွဲ့ဝင်နိုင်ငံများ မေလ ၁၇ ရက်နှင့် ၁၈ ရက်များတွင် နှစ်ရက်ကြာ ညှိနှိုင်းစည်းဝေးသော်လည်း ကိုယ့်နိုင်ငံ အကျိုးစီးပွားအတွက် ကာကွယ်ပြီး လုပ်ဆောင်ဆွေးနွေးမှုများရှိသည့်အတွက် အောင်မြင်မှုရရှိခြင်းမရှိဟု အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ပြောသည်။
ရွှေ့ပြောင်းအလုပ်သမားများ၏ အခွင့် အရေးနှင့် ကာကွယ်စောင့်ရှောက်ခြင်းများ မြှင့်တင်ခြင်းဆိုင်ရာ အာဆီယံကြေညာစာတမ်း အကောင်အထည်ဖော်ရေး အာဆီယံကော်မတီ ခုနစ်ကြိမ်မြောက် အစည်းအဝေး ကျင်းပခြင်းဖြစ်သည်။
“သေချာမဆုံးဖြတ်နိုင်ဘူးပေါ့။ ငြင်းခုံနေကြတာပေါ့။ အားလုံးက သူ့နိုင်ငံရဲ့ အကျိုးစီးပွားအတွက် ကာကွယ်ပြီး လုပ်ကြတာကိုး။ အချက်အလက်တွေလည်း တချို့နိုင်ငံက ပေးနိုင်တယ်။ တချို့နိုင်ငံကလည်း မပေးနိုင်ဘူး ပြောတယ်”ဟု အဆင့်မြင့်အရာရှိများ အစည်အဝေး မြန်မာကိုယ်စားလှယ် ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ပြောသည်။
ဆွေးနွေးပွဲများ၏ ရရှိချက်များကို သက်ဆိုင်ရာအာဆီယံအဖွဲ့ဝင်နိုင်ငံ အစိုးရ၏ စီမံခန့်ခွဲမှုဖြင့် ရွှေ့ပြောင်း အလုပ်သမားများအခွင့်အရေး မြှင့်တင်ခြင်း၊ ကာကွယ်စောင့်ရှောက်ခြင်းနှင့် အာဆီယံနိုင်ငံများအတွင်း လူကုန်ကူးမှုတိုက်ဖျက်ရေး ဆောင်ရွက်ရမည်ဖြစ်သည်။
from Mizzima - News in Burmese's Facebook Wall http://ift.tt/1o5uc8d
Comments
Post a Comment