Skip to main content

Posts

Showing posts from June 24, 2014

အမျိုးသမီး တစ်ဦး ဦးဆောင်သော ဆိုင်ကယ်စီးပြီး လုယက်မူများ ကျူးလွန်နေသော ဂိုဏ်းတ...

အမျိုးသမီး တစ်ဦး ဦးဆောင်သော ဆိုင်ကယ်စီးပြီး လုယက်မူများ ကျူးလွန်နေသော ဂိုဏ်းတစ်ခုကို စစ်တွေတွင် ယမန်နေ့က ဖမ်းဆီးမိခဲ့သည်ဟု သက်ဆိုင်ရာ ရဲတာဝန်ရှိသူ တစ်ဦးက ပြောသည်။ ဖမ်းဆီးခံရသူ အမျိုးသမီး ဂိုဏ်းခေါင်းဆောင်မှာ မမိုးစန္ဒာ ဖြစ်ပြီး သူမမှာ GE ( ဆောက်လုပ်ရေးတပ်)မှ စာရေးမ တစ်ဦးဖြစ်ပြီး လက်ရှိတွင် စာကြည့်တိုက်မှူးဖြစ်ကြောင်း သိရသည်။ အမျိုးသမီးတစ်ဦး ခေါင်းဆောင်တဲ့ ဆိုင်ကယ်စီး လုယက်ဂိုဏ်း စစ်တွေတွင် ဖမ်းမိ - သစ်ထူးလွင� www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1v0TWnH

မြန်မာမှ စင်္ကာပူ၊ မလေးကို ဆက်သွယ်သည့် ကေဘယ်လ်လိုင်း ပြတ်တောက်နေမှု ပြင်ဆင်ပြီးစီး...

မြန်မာမှ စင်္ကာပူ၊ မလေးကို ဆက်သွယ်သည့် ကေဘယ်လ်လိုင်း ပြတ်တောက်နေမှု ပြင်ဆင်ပြီးစီး မောင်မန်း ရန်ကုန်၊ မဇ္ဈိမ။ ။ အရှေ့တောင်အာရှ ၊ အရှေ့အလယ်ပိုင်းနှင့် ဥရောပ အနောက်ပိုင်းသို့ သွယ်တန်းထားသည့် ဆက်ကြောင်း Sea-Me-We 3 ရေအောက် ကေဘယ်လ်သည် စင်္ကာပူနှင့် မလေးရှားနိုင်ငံအကြား ရေပိုင်နက်တွင် ဇွန်လ ၂၀ ရက်မှ စတင်ပြတ်တောက်နေပြီး ဇွန် ၂၄ ရက်တွင် ပြန်လည်ပြင်ဆင်ပြီးဖြစ်သည်ဟု ပြည်ပဆက်သွယ်ရေး ဌာန (အဝေးဆက်) က အင်ဂျင်နီယာချုပ် ဦးစိုင်းစောလင်းထွန်းက မဇ္ဈိမကိုပြောသည်။ ဦးစိုင်းစောလင်းထွန်းက “ ဇွန်လ ၂၀ ရက်က စတင်ပြတ်တောက်နေပြီး ဒီနေ့ ၂၄ ရက်မှာ ပြန်လည်ပြင်ဆင်ပြီးပြီလို့ မက်ဆေ့ခ်ျဝင်လာပါတယ်” ဟု ဆိုသည်။ ယင်းသို့ ပြတ်တောက်မှုကို ဇွန်လ ၂၅ ရက်တွင် ပြန်လည်ပြင်ဆင်ပြီးစီးမည်ဟု ခန့်မှန်းထားသော်လည်း ခန့်မှန်းထားသည့် ကာလ ထက်စောပြီး ပြန်လည် ပြင်ဆင် နိုင်ခဲ့ခြင်းဖြစ်သည်။ ပြတ်တောက်နေသည့် ကာလအတွင်း စင်္ကာပူနှင့် မလေးရှားနိုင်ငံများသို့ မြန်မာနိုင်ငံမှ ဆက်သွယ်မှု ပြတ်တောက်မည်ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ကြေညာထားသည်။ လက်ရှိ အချိန်တွင် မြန်မာနိုင်ငံနှင့် စင်္ကာပူ၊ မလေးရှားနိုင်ငံတို့အကြား ပြတ်တောက်နေသည့် ဆက်သွယ်မှုလိုင်းများ ပုံမှန်အတိုင်

နိုင်ငံ့ဝန်ထမ်းဥပဒေသစ်အရ မီးဖွားခွင့်ခြောက်လ ရမည် စိုးသန်းလင်း နေပြည်တော်၊ မဇ္စ...

နိုင်ငံ့ဝန်ထမ်းဥပဒေသစ်အရ မီးဖွားခွင့်ခြောက်လ ရမည် စိုးသန်းလင်း နေပြည်တော်၊ မဇ္ဈိမ။ ။ ၂၀၁၄ ခုနှစ်၊ မတ်လ ၂၆ ရက်မှ စတင် အာဏာတည်ခဲ့သည်ဆိုသော နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများအရ အမျိုးသမီးဝန်ထမ်းများ မီးဖွားခွင့်ကို ခြောက်လအထိ တိုးမြှင့်လိုက်ကြောင်း၊ အကယ်၍ ကလေးအမြွာဖြစ်လျှင် နောက်ထပ် သီတင်းပတ်ခြောက်ပတ်၊ စုစုပေါင်း ခုနှစ်လခွဲအထိ ခွင့်ပြုထားကြောင်း ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌက ဇွန်လ ၂၃ရက် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောသည်။ "မီးဖွားခွင့်နဲ့ပတ်သက်ရင် အရင်က သုံးလခွင့်ပြုခဲ့တယ်။ အခု နည်းဥပဒေအရ ခြောက်လအထိ တိုးမြှင့် သတ်မှတ်ပေးပြီးဖြစ်ပါတယ်။ ဒါ့အပြင် မီးဖွားရာမှာ အမြွှာ၊ သုံးမြွှာပူး စသည်ဖြစ်ရင် နောက်ထပ် ခြောက်ပတ် တိုးမြှင့်ခံစားခွင့် ပေးပါတယ်။ ခင်ပွန်းက ၀န်ထမ်းဖြစ်နေရင်လည်း ဇနီးနဲ့ ကလေးကိုပြုစုဖို့ သူ့ကို လစာပြည့်နဲ့ ခွင့်နှစ်ပတ် ပေးထားပါတယ်" ဟု ရာထူးဝန်ဥက္ကဋ္ဌ ဦးကျော်သူက လွှတ်တော်သို့ဖြေကြားခဲ့ခြင်းဖြစ်သည်။ ထိုသို့ဖြေကြားအပြီးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက "နိုင်ငံဝန်ထမ်းဖြစ်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေလဲ အကျုံးဝင်ပါတယ်"ဟု မှတ်ချက်ပြုပြောကြားသည်။ မယ်စဲ့မဲဆန္ဒနယ်၊ ပြည်သူ့လွှတ

ကမ္ဘာ့တန်ဖိုးအကြီးဆုံး အမျိုးသမီးစီး ဖိနပ်များ -------- အမျိုးသမီးများ၏ ဖက်ရှင်အမ...

ကမ္ဘာ့တန်ဖိုးအကြီးဆုံး အမျိုးသမီးစီး ဖိနပ်များ -------- အမျိုးသမီးများ၏ ဖက်ရှင်အမျိုးမျိုး ပြောင်းလဲဆန်းသစ်လာမှုတွင် ဖိနပ်များ၏ အခန်းကဏ္ဍကလည်း အဓိက နေရာမှ ပါဝင်ခဲ့သည်။ ဖက်ရှင်ရေစီးကြောင်း ခေတ်အဆက်ဆက် ဖြတ်သန်းလာမှုတွင် အမျိုးသမီးစီး ဖိနပ်များကို ဒီဇိုင်းအမျိုးမျိုး၊ ပါဝင်ပစ္စည်း အမျိုးမျိုးဖြင့် ဖန်တီးချုပ်လုပ်လာခဲ့ကြသည်။ သတင်းအပြည့်အစုံ.... http://ift.tt/1nASYua ကမ္ဘာ့တန်ဖိုးအကြီးဆုံး အမျိုးသမီးစီး ဖိနပ်များ www.7daydaily.com အမျိုးသမီးများ၏ ဖက်ရှင်အမျိုးမျိုး ပြောင်းလဲဆန်းသစ်လာမှုတွင် ဖိနပ်များ၏ အခန်းကဏ္ဍကလည်း အဓိက နေရာမှ ပါဝင်ခဲ့သည်။ from 7Day News Journal's Facebook Wall http://ift.tt/1nASWCI

ယခုနှစ် မေလသည် သမိုင်းတွင် အပူဆုံးမေလအဖြစ် မှတ်တမ်းဝင်လာ --------- (၂၀၁၄)ခုနှစ်၊...

ယခုနှစ် မေလသည် သမိုင်းတွင် အပူဆုံးမေလအဖြစ် မှတ်တမ်းဝင်လာ --------- (၂၀၁၄)ခုနှစ်၊ မေလသည် သမိုင်းတစ်လျှောက် ကမ္ဘာပေါ်တွင် အပူဆုံးမေလအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရှိရသည်။ အမေရိကန် အမျိုးသား သမုဒ္ဒရာနှင့် လေထုလေ့လာရေး ဌာန (NOAA)က ထုတ်ပြန်ခဲ့သော စာရင်းများတွင် ပြီးခဲ့သည့် မေလသည် သမုဒ္ဒရာ အပူချိန် အမြင့်တက်ဆုံး ဖြစ်လာပြီး နိုင်ငံပေါင်း များစွာ၏ ပျမ်းမျှအပူချိန်သည် ယခင်နှစ်များထက် များပြားခဲ့ကြောင်း ဖော်ပြပါရှိသည်။ သတင်းအပြည့်အစုံ.... http://ift.tt/1qGyW7Y ယခုနှစ် မေလသည် သမိုင်းတွင် အပူဆုံးမေလအဖြစ် မှတ်တမ်းဝင်လာ www.7daydaily.com (၂၀၁၄)ခုနှစ်၊ မေလသည် သမိုင်းတစ်လျှောက် ကမ္ဘာပေါ်တွင် အပူဆုံးမေလအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရှိရသည်။ အမေရိကန် အမျိုးသား သမုဒ္ဒရာနှင့် လေထုလေ့လာရေး ဌာန (NOAA)က ထုတ်ပြန်ခဲ့သော စာရင်းများတွင် ပြီးခဲ့သည့် မေလသည် သမုဒ္ဒရာ အပူချိန် အမြင့်တက်ဆုံး ဖြစ်လာပြီး နိုင်ငံပေါင်း များစွာ၏ ပျမ်းမျှအပူချိန်သည် ယခင်နှစ်မ… from 7Day News Journal's Facebook Wall http://ift.tt/1qGyWor

ဘောလုံးပွဲကြွေးမဆပ်နိုင်၍ တရုတ်ကျောင်းသားတစ်ဦး တိုက်ပေါ်မှခုန်ချသေဆုံး ............

ဘောလုံးပွဲကြွေးမဆပ်နိုင်၍ တရုတ်ကျောင်းသားတစ်ဦး တိုက်ပေါ်မှခုန်ချသေဆုံး ..................................................... Timeline Photos ဘောလုံးပွဲကြွေးမဆပ်နိုင်၍ တရုတ်ကျောင်းသားတစ်ဦး တိုက်ပေါ်မှခုန်ချသေဆုံး ..................................................... ဝေဘုန်းလူ ပေကျင်း၊ ဇွန် ၂၄ တရုတ်ကောလိပ်ကျောင်းသားတစ်ဦးသည် ကမ္ဘာ့ဖလားဘောလုံးပွဲစဉ်များကို လောင်းကစားရာမှ ဒေါ်လာ ၃၀၀၀ ရှုံးနိမ့်ခဲ့ပြီး ကြွေးမဆပ်နိုင်၍တိုက်ပေါ်မှ ခုန်ချသတ်သေသွားကြောင်း တရုတ်မီဒီယာများက အင်္ဂါနေ့တွင် ရေးသားဖော်ပြကြသည်။ မျိုးနွယ်အမည် လင်းဟုသာဖော်ပြထားသည့် ယင်းဒုတိယနှစ်ကျောင်းသားသည် ကျောင်းဝင်းအတွင်းရှိ အဆောက်အဦ ၇ ထပ်မှ တနင်္လာနေ့တွင် ခုန်ချခြင်းဖြစ်သည်ဟု မျက်မြင်သက်သေတစ်ဦးက ပြောကြောင်း တိုင်းမ်သတင်း စာက ဖော်ပြသည်။ "ကျွန်တော့်ကိုဖိအားမပေးပါနဲ့၊ နှစ်ရက်လောက်အချိန်ပေးရင် ခင်ဗျားပိုက်ဆံပြန်ပေးပါ့မယ် ဆိုပြီးသူ ပြောနေသံကြားတာပဲ။ ၁၀ မိနစ်ကျော်လောက် သူဖုန်းပြောတယ်။ သူတွဲလောင်းခိုနေတာကို မြင်ရလို့ထကြည့်လိုက်တော့ မရှိတော့ဘူး။ ခုန်ချသွားပြီ" ဟု မျက်မြင်သက်သေ အမျိုးသမီးတစ်ဦးက ပြောသည်။ လင်း ကိုကန်တုံရှိဆေးရုံသို့ အရေ

ပစ္စည်းစုဆောင်းသူတွေရဲ့ ပစ်မှတ်ဖြစ်လာတဲ့ အိုဘားမား-စမောလင်း မတ်ခွက် ................

ပစ္စည်းစုဆောင်းသူတွေရဲ့ ပစ်မှတ်ဖြစ်လာတဲ့ အိုဘားမား-စမောလင်း မတ်ခွက် ................................................................ ၂၀၁၄ ကမ္ဘာ့ဖလားအမှတ်တရအဖြစ် အင်္ဂလန်အသင်းသားတွေရဲ့ဓာတ်ပုံရိုက်နှိပ်ထားတဲ့ မတ်ခွက်တွေကို ထုတ်လုပ်ရောင်းချ ခဲ့ရာမှာ အမေရိကန်သမ္မတ အိုဘားမားရဲ့ပုံကို အင်္ဂလန်နောက်ခံကစားသမား စမောလင်းရဲ့ပုံနေရာမှာ မှားယွင်းရိုက်နှိပ်မိခဲ့လို့ ဗြိတိန်မှာ ရယ်စရာ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ခဲ့ပါတယ်... (သတင်းအပြည့်အစုံကို ဒီနေရာမှာ ၀င်ရောက်ဖတ်ရှုနိုင်ပါပြီ.... http://ift.tt/1kJoVPo ) from Mizzima - News in Burmese's Facebook Wall http://ift.tt/1pdTXak

ဘော့စနီးယားအသင်း၏ဂိုးကို လူကျွံသတ်မှတ်ခဲ့သော နယူးဇီလန်ဒိုင်လူကြီး အသက်အန္တရာယ်ခြိ...

ဘော့စနီးယားအသင်း၏ဂိုးကို လူကျွံသတ်မှတ်ခဲ့သော နယူးဇီလန်ဒိုင်လူကြီး အသက်အန္တရာယ်ခြိမ်းခြောက်ခံနေရ ............................................ နိုက်ဂျီးရီးယားနှင့်ပွဲတွင် ဘော့စနီးယားအသင်းဘက်မှ ဒီဇီကိုသွင်းယူသောဂိုးကို လူကျွံဘောအဖြစ် အငြင်းပွား ဖွယ်ဆုံးဖြတ်ခဲ့သော နယူးဇီလန်ဒိုင်လူကြီး ပီတာအိုလယ်ရီသည် အသက်အန္တရာယ်ခြိမ်းခြောက်ခံနေရပြီး ၎င်းအား နယူးဇီ လန် ဘောလုံးအဖွဲ့ချုပ်မှ ထောက်ခံလိုက်သည်... (သတင်းအပြည့်အစုံကို ဒီနေရာမှာ ၀င်ရောက်ဖတ်ရှုနိုင်ပါပြီ.. http://ift.tt/1kJoVPo ) Mizzima Sport News အားကစားသတင်းမှန်သမျှ.....ဒီမှာ ရနေပြီ....။ from Mizzima - News in Burmese's Facebook Wall http://ift.tt/1pdTWTR

ရန်ကုန်နှင့် မွန်ပြည်နယ်က အထက်တန်းကျောင်းသား အယောက်၂၀၀ကို ပညာသင်ဆုပေးမည် ခင်မြတ...

ရန်ကုန်နှင့် မွန်ပြည်နယ်က အထက်တန်းကျောင်းသား အယောက်၂၀၀ကို ပညာသင်ဆုပေးမည် ခင်မြတ်မြတ်ဝေ ရန်ကုန်၊ မဇ္ဈိမ။ ။ မွန်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးရှိ အထက်တန်း ကျောင်းသူကျောင်းသား အယောက် ၂၀၀အတွက် ပညာသင်ထောက်ပံ့ကြေးကို SCG Sharing the Dream ဘိလပ်မြေ ကုမ္ပဏီမှ တတိယကြိမ်မြောက် ပေးအပ်သွားမည်ဟု ကုမ္ပဏီ၏ မြန်မာပြည် ဌာနေကိုယ်စားလှယ် THANA POONEE က မဇ္ဈိမကို ပြောသည်။ " ဒီမြို့နယ်တွေမှာရှိတဲ့ ကျောင်းသားကျောင်းသူတွေမှာ မိဘများ ၀င်ငွေနည်းတဲ့သူတွေ၊ ပညာရေးပိုင်းမှာ ထူးချွန်တဲ့ သူတွေကို ရန်ကုန်က အယောက်၁၀၀၊ မွန်ပြည်နယ် အယောက်၁၀၀၊ ရွေးပြီး ပညာသင်ဆု ပေးမှာပါ"ဟု ၎င်းကပြောသည်။ ရန်ကုန်တိုင်းအတွင်းရှိ လှိုင်သာယာ၊ ရွှေပြည်သာ၊ မြောက်ဒဂုံ၊ တောင်ဒဂုံ၊ မင်္ဂလာဒုံ၊ မှော်ဘီ၊ ကွမ်းခြံကုန်း၊ တွံတေး၊ ဆိပ်ကြီးခနောင်တို နှင့် ကော့မှူး စသည့် မြို့နယ်တို့မှ ကျောင်းသားများနှင့် မွန်ပြည်နယ်ရှိ မော်လမြိုင်၊ ကျိုက်မရော၊ မုဒုံ၊ ပေါင် နှင့် ချောင်းဆုံမြို့နယ်များမှ ကျောင်းသူ/ကျောင်းသားများအတွက် ပညာသင်ဆု နှစ်ရာကို ချီးမြှင့်သွားမည်ဖြစ်သည်။ ပညာသင်ဆု လျှောက်ထားလိုသူ ကျောင်းသား၊ကျောင်းသူများသည် သက်ဆိုင်ရာမြို့နယ် ပညာရေး မှူးရုံးများ

တွင်းတောင်၌ စိမ်းပြာရေညှိနှင့် တွင်းပိုး လုံးဝ မထွက်တော့

မုံရွာ၊ ဇွန် ၂၃- စစ်ကိုင်းတိုင်းဒေ သကြီး ဘုတလင်မြို့နယ် တွင်းတောင် အင်းမှထွက်ရှိသော မြန်မာ့ရိုးရာ လက်ဖက်ဖြင့် တွဲဖက်စားသုံးသည့် တွင်းပိုးကောင်လေးများ လုံးဝ မထွက် ရှိတော့ကြောင်း ဒေသခံ တွင်းပိုးဖမ်း လုပ်သားများက ပြောသည်။ ''အထွက်လျော့နေတာကြာပြီ။ စိမ်းပြာရေညှိကို ဆေးဝါးထုတ်ဖို့ကုမ္ပဏီ ကို လွှဲအပ်ပြီးနောက်ပိုင်း အထွက်နှုန်း တဖြည်းဖြည်း ကျလာတယ်။ ဒီနှစ်ဆို လုံးဝကို တွင်း ပိုး မရှိတော့တာ။ ဘု တလင်မြို့ပေါ်မှာ ရောင်းနေတာက ကနီမြို့နယ် တွင်းမကထွက်တဲ့ တွင်းပိုး တွေပါ။ ကနီမှာလဲ စိမ်းပြာရေညှိ ထွက်တဲ့ အင်းရှိ တယ်။ အဲဒီကနေ ယူရောင်းနေကြတာ''ဟု တွင်းတောင် အင်းသို့ သွားရာလမ်းရှိ တွင်းတောင် ရွာမှ တွင်းပိုးဖမ်းလုပ်သားတစ်ဦးက ပြောသည်။ အဆိုပါတွင်းတောင်တွင် ပတ် ဝန်းကျင်ရှိ မြစ်ရေတင်မြောင်းမှတစ် ဆင့် ရေချိုများ စိမ့်ဝင်မှုကြောင့် အင်း အတွင်း စိမ်းပြာရေညှိ များ ရှင်သန်မှု မရှိတော့ ဘဲ မျိုးပွားနှုန်းမြန်သည့် တီ လားပီးယားငါးများ ရှင်သန်ပေါက်ဖွား နေခြင်းကြောင့် ပညာရှင်များ လေ့လာ အဖြေရှာနေကြပြီး နာမည်ကျော်ထွက် ကုန် တွင်းပိုး များ လည်း လုံးဝမထွက် တော့သည့်အခြေအနေ များ ဖြစ်နေ ကြောင်း ဒေသခံများထံမှ သိရသည်။ '

သရုပ်ဆောင်စမိုင်းလ်၏ "New Me" အယ်လ်ဘမ်မှ “ပျော်အောင်နေလိုက်တော့” သီချင်းအမ်တီဗီ...

သရုပ်ဆောင်စမိုင်းလ်၏ "New Me" အယ်လ်ဘမ်မှ “ပျော်အောင်နေလိုက်တော့” သီချင်းအမ်တီဗီ ရိုက်ကူးမှုတွင် သင်ဇာဝင့်ကျော်နှင့်အတူ အမျိုးသမီးအချင်းချင်း ချစ်ကြိုက်နေသည့် ပုံစံဇာတ်ဝင်ခန်း ရိုက်ကူးမှုနှင့်ပတ်သက်ပြီး ပရိသတ်များ၏ ဝေဖန်မှုများစွာ ထွက်ပေါ်လျက်ရှိသည်။ “ဒီသီချင်းက နေရာတိုင်းမှာ တန်းတူအခွင့်အရေးရှိသင့်တယ်ဆိုတာကို ပြောချင်တာ။ စမိုင်းလ်က နဂိုကတည်းက မိန်းကလေးကျောင်းမှာ နေခဲ့တာ။ အဲဒီတော့ အချစ်တော်ထားတာတို့ကို နဂိုကတည်းက ၀ါသနာ ပါတယ်။ ဒီသီချင်းလေးရိုက်မယ်ဆိုတော့ အဲဒီအိုင်ဒီယာလေးကိုရပြီး စမိုင်းလ် သြဇီက ဒါရိုက်တာတစ်ယောက်ကို ရိုက်ခိုင်းခဲ့တာ။ စာသားလေးက ချစ်တဲ့သူက ထားသွားရင်လည်း ပျော်အောင်နေတတ်ဖို့ ကြိုးစားပါဆိုတဲ့ စာသားလေးပါ”ဟု ၎င်းက ပြောသည်။ အမျိုးသမီးချင်း ချစ်ကြိုက်သည့် “ပျော်အောင်နေလိုက်တော့” သီချင်းရိုက်ကူးမှုကို စမိုင်� http://ift.tt/1czkJ7l from Myanmar News Now's Facebook Wall http://ift.tt/TrbA87
ရွှေ့ပြောင်းအလုပ်သမားများအတွက် ဖြေလျှော့မှုပေးသွားမည်ဟု ထိုင်းစစ်တပ်ထုတ်ပြန် myanmar.mmtimes.com ထိုင်းသို့ပြန်လည်ဝင်ရောက်အလုပ်လုပ်ကိုင်လိုသည့် မြန်မာနိုင်ငံအပါအ၀င် ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းအလုပ်သမားအတွက် ဖြေလျော့မှုများပြုလုပ်ပေးသွားမည်ဟု ထိုင်းစစ်တပ်က ယခုလ ၂၃ ရက်ကထုတ်ပြန်လိုက်ကြောင်းသိရသည်။ from The Myanmar Times's Facebook Wall http://ift.tt/1q3X4Bb

ကမ္ဘာ့မြန်နှုန်းအမြင့်ဆုံး စူပါကွန်ပျူတာအဖြစ် တရုတ်နိုင်ငံမှ Tianhe-2 ရပ်တည်နေ ---...

ကမ္ဘာ့မြန်နှုန်းအမြင့်ဆုံး စူပါကွန်ပျူတာအဖြစ် တရုတ်နိုင်ငံမှ Tianhe-2 ရပ်တည်နေ -------- ကမ္ဘာပေါ်တွင် တွက်ချက်မှု စွမ်းရည် အမြင့်မားဆုံး စူပါကွန်ပျူတာများအနက် တရုတ်နိုင်ငံမှ Tianhe-2သည် ထိပ်ဆုံးနေရာမှ ဦးဆောင်ရပ်တည်နေကြောင်း သိရှိရသည်။ သတင်းအပြည့်အစုံ.... http://ift.tt/1rtrUkw ကမ္ဘာ့မြန်နှုန်းအမြင့်ဆုံး စူပါကွန်ပျူတာအဖြစ် တရုတ်နိုင်ငံမှ Tianhe-2 ရပ်တည်နေ www.7daydaily.com ကမ္ဘာပေါ်တွင် တွက်ချက်မှု စွမ်းရည် အမြင့်မားဆုံး စူပါကွန်ပျူတာများအနက် တရုတ်နိုင်ငံမှ Tianhe-2သည် ထိပ်ဆုံးနေရာမှ ဦးဆောင်ရပ်တည်နေကြောင်း သိရှိရသည်။ ကမ္ဘာ့မြန်နှုန်းအမြင့်ဆုံး စူပါကွန်ပျူတာ (၅၀၀)အနက် (၂၀)ရာခိုင်နှုန်းသည် တရုတ်နိုင်ငံမှဖြစ်ပြီး စူပါကွန်ပျူတာ နည်းပညာ နယ်ပယ်တွင် တရုတ်၏ ခြေလှမ်းကျဲကျဲ ဝင်ရောက်… from 7Day News Journal's Facebook Wall http://ift.tt/1rtrUAT

ရန်ကုန်နှင့် မွန်ပြည်နယ်က အထက်တန်းကျောင်းသား အယောက်၂ဝဝကို ပညာသင်ဆုပေးမည် ခင်မြတ...

ရန်ကုန်နှင့် မွန်ပြည်နယ်က အထက်တန်းကျောင်းသား အယောက်၂ဝဝကို ပညာသင်ဆုပေးမည် ခင်မြတ်မြတ်ဝေ ရန်ကုန်၊ မဇ္ဈိမ။ ။ မွန်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးရှိ အထက်တန်း ကျောင်းသူကျောင်းသား အယောက် ၂ဝဝအတွက် ပညာသင်ထောက်ပံ့ကြေးကို SCG Sharing the Dream ဘိလပ်မြေ ကုမ္ပဏီမှ တတိယကြိမ်မြောက် ပေးအပ်သွားမည်ဟု ကုမ္ပဏီ၏ မြန်မာပြည် ဌာနေကိုယ်စားလှယ် THANA POONEE က မဇ္ဈိမကို ပြောသည်။ " ဒီမြို့နယ်တွေမှာရှိတဲ့ ကျောင်းသားကျောင်းသူတွေမှာ မိဘများ ဝင်ငွေနည်းတဲ့သူတွေ၊ ပညာရေးပိုင်းမှာ ထူးချွန်တဲ့ သူတွေကို ရန်ကုန်က အယောက်၁ဝဝ၊ မွန်ပြည်နယ် အယောက်၁ဝဝ၊ ရွေးပြီး ပညာသင်ဆု ပေးမှာပါ"ဟု ၎င်းကပြောသည်။ ရန်ကုန်တိုင်းအတွင်းရှိ လှိုင်သာယာ၊ ရွှေပြည်သာ၊ မြောက်ဒဂုံ၊ တောင်ဒဂုံ၊ မင်္ဂလာဒုံ၊ မှော်ဘီ၊ ကွမ်းခြံကုန်း၊ တွံတေး၊ ဆိပ်ကြီးခနောင်တို နှင့် ကော့မှူး စသည့် မြို့နယ်တို့မှ ကျောင်းသားများနှင့် မွန်ပြည်နယ်ရှိ မော်လမြိုင်၊ ကျိုက်မရော၊ မုဒုံ၊ ပေါင် နှင့် ချောင်းဆုံမြို့နယ်များမှ ကျောင်းသူ/ကျောင်းသားများအတွက် ပညာသင်ဆု နှစ်ရာကို ချီးမြှင့်သွားမည်ဖြစ်သည်။ ပညာသင်ဆု လျှောက်ထားလိုသူ ကျောင်းသား၊ကျောင်းသူများသည် သက်ဆိုင်ရာမြို့နယ် ပညာရေး မှူးရုံးများမှ

ထိုင်းအာဏာသိမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားမည့် ပထမဆုံး ထိုင်းအတိုက်အခံအဖွဲ့ ဖွဲ့စည်း...

ထိုင်းအာဏာသိမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားမည့် ပထမဆုံး ထိုင်းအတိုက်အခံအဖွဲ့ ဖွဲ့စည်း အာဏာမှ ပြုတ်ကျသွားခဲ့သော ထိုင်းပါတီမှ ဥက္ကဋ္ဌဟောင်းသည် အာဏာသိမ်း စစ်အစိုးရအား ဆန့်ကျင်လှုပ်ရှားမည့် ပထမဆုံး ထိုင်းအတိုက်အခံအဖွဲ့ကို ဇွန်လ ၂၄ရက်က စတင်ဖွဲ့စည်းခဲ့ရာ ထိုင်းနိုင်ငံ ပြည်တွင်းပြည်ပမှ ထိုင်းစစ်အစိုးရ ဆန့်ကျင်ရေး သမားများအား အဖွဲ့တွင်းသို့ အတူတကွ စုစည်းနိုင်ရန် ကြိုးပမ်းလိုက်ခြင်းလည်း ဖြစ်သည်ဟု အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ပွေထိုင်းပါတီ၏ ဥက္ကဋ္ဌနှင့် ထိပ်တန်းဝန်ကြီးတစ်ဦး ဖြစ်ခဲ့သူ ဂျရူပွန် ရမ်ဆူဝမ်သည် “လူ့အခွင့်အရေး နှင့် ဒီမိုကရေစီ အတွက် လွတ်လပ်သော ထိုင်းနိုင်ငံသား အဖွဲ့အစည်း” ကို အမည်ဖော်ပြထားခြင်း မရှိသော ပြည်ပနိုင်ငံ တစ်ခုမှ နေ၍ ဦးဆောင်လိမ့်မည်ဟု အဖွဲ့ ဖွဲ့စည်းရေး အထိမ်းအမှတ် ကြေညာချက်ထဲတွင် ပါရှိသည်။ ထိုင်း စစ်အစိုးရသည် ထိုင်းနိုင်ငံအတွင်း လွတ်လပ်စွာ ပြောဆိုခွင့်ကို ပိတ်ပင်ဟန့်တားလျက် ရှိပြီး လူရာနှင့်ချီကာ ဆင့်ခေါ်ခြင်း နှင့် ဖမ်းဆီးထိန်းသိမ်းခြင်းများ ပြုလုပ်ခဲ့ကာ ဆင့်ခေါ်ထိန်းသိမ်းခြင်း ခံခဲ့ရသူ အများစုမှာ ဝန်ကြီးချုပ်ဟောင်း ယဉ်လပ် ဦးဆောင်သော ဖြုတ်ချခံထားရသော အစိုးရအဖွဲ့၊ “ရှပ်နီ” အဖွ
ထိုင်းအာဏာသိမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားမည့် ပထမဆုံး ထိုင်းအတိုက်အခံအဖွဲ့ ဖွဲ့စည်း အာဏာမှ ပြုတ်ကျသွားခဲ့သော ထိုင်းပါတီမှ ဥက္ကဋ္ဌဟောင်းသည် အာဏာသိမ်း စစ်အစိုးရအား ဆန့်ကျင်လှုပ်ရှားမည့် ပထမဆုံး ထိုင်းအတိုက်အခံအဖွဲ့ကို ဇွန်လ ၂၄ရက်က စတင်ဖွဲ့စည်းခဲ့ရာ ထိုင်းနိုင်ငံ ပြည်တွင်းပြည်ပမှ ထိုင်းစစ်အ from Mizzima - News in Burmese's Facebook Wall http://ift.tt/1wrg6lo

တောင်ကိုရီးယား စစ်မှုထမ်း ဥပဒေတွင် လူငယ်များအတွက် ဖိအားရှိနိုင်ကြောင်း ပညာရှင်တစ်...

တောင်ကိုရီးယား စစ်မှုထမ်း ဥပဒေတွင် လူငယ်များအတွက် ဖိအားရှိနိုင်ကြောင်း ပညာရှင်တစ်ဦးထောက်ပြ -------- လူငယ် တပ်ကြပ်ကြီးတစ်ဦးက လုပ်ဖော်ကိုင်ဖက် စစ်သား(၅)ဦးကို ပစ်သတ်သွားသည့် ဖြစ်ရပ်မှာ တောင်ကိုရီးယား၏ စစ်မှုမထမ်းမနေရ စနစ်၌ အားနည်းချက်များ ရှိနေသည်ကို ပေါ်လွင်လာစေကြောင်း စိတ်ပညာဆိုင်ရာ အကြံပေး ပညာရှင် တစ်ဦးက ထောက်ပြ ပြောကြားခဲ့သည်။ သတင်းအပြည့်အစုံ.... http://ift.tt/1jbDWcY တောင်ကိုရီးယား စစ်မှုထမ်း ဥပဒေတွင် လူငယ်များအတွက် ဖိအားရှိနိုင်ကြောင်း ပညာရှင်တစ်ဦး� www.7daydaily.com လူငယ် တပ်ကြပ်ကြီးတစ်ဦးက လုပ်ဖော်ကိုင်ဖက် စစ်သား(၅)ဦးကို ပစ်သတ်သွားသည့် ဖြစ်ရပ်မှာ တောင်ကိုရီးယား၏ စစ်မှုမထမ်းမနေရ စနစ်၌ အားနည်းချက်များ ရှိနေသည်ကို ပေါ်လွင်လာစေကြောင်း စိတ်ပညာဆိုင်ရာ အကြံပေး ပညာရှင် တစ်ဦးက ထောက်ပြ ပြောကြားခဲ့သည်။ သတင်းများက လင်မ်ဟုသာ အမည်ဖော်ပြသည့် အသက်(၂၂)နှစ်အရွယ် တပ်ကြပ်ကြီးသည်… from 7Day News Journal's Facebook Wall http://ift.tt/1lMlD2q

ဘာသာပေါင်းစုံလူငယ်များ ဘာသာရေးကျောင်းများကို လေ့လာမည် လပြည့်ဝန်း ရန်ကုန်၊ မဇ္ဈ...

ဘာသာပေါင်းစုံလူငယ်များ ဘာသာရေးကျောင်းများကို လေ့လာမည် လပြည့်ဝန်း ရန်ကုန်၊ မဇ္ဈိမ။ ။ ဘာသာပေါင်းစုံ ချစ်ကြည်ရေးနှင့် ဓလေ့စရိုက်များ ဖလှယ်နိုင်ရန် ဘာသာပေါင်းစုံ၏ ဘာသာရေးကျောင်းများကို လေ့လာမည့် အစီအစဉ်ကို ဇွန်လ ၂၈ ရက်တွင် ပြုလုပ်မည်ဟု ခရီးစဉ်ကို စီစဉ်သည့် Smile Education And Development Foundation မှ ရန်ကုန် စီမံချက် ညှိနှိုင်းရေးမှူး မမွန်ကြည်က မဇ္ဈိမကို ပြောသည်။ “အခုနောက်ပိုင်းမှာ ဘာသာရေးနဲ့ ပတ်သက်တဲ့ ပဋိပက္ခတွေ ဖြစ်လာတာတွေ တွေ့နေရတော့ လူငယ်တွေအနေနဲ့ ဒီကိစ္စတွေကို တစ်ဖက်တစ်လမ်းက ပါဝင် ဖြေရှင်းနိုင်အောင် ဒီခရီးစဉ်ကိုစီစဉ်တာပါ။ ဘာသာပေါင်းစုံ လေ့လာရေးခရီးစဉ်ကနေ ဘာသာရေး ခေါင်းဆောင်တွေကိုတွေ့ပြီး သူတို့ဆီကနေ ဘာသာရေးနဲ့ ပတ်သက်တဲ့ မရှင်းလင်းတဲ့ အချက်တွေကို မေးမြန်းနိုင်မှာပါ” ဟု ၎င်းကပြောသည်။ ခရီးစဉ်ကို စိတ်ဝင်စားသည့် အသက် ၁၅ နှစ်မှ ၂၅ နှစ်ကြားရှိ လူငယ်များက ဇွန် ၂၅ရက် နောက်ဆုံးထားကာ အမှတ် (၃၅၁)၊ (၇)လွှာ၊ သိမ်ဖြူလမ်း (သိမ်ဖြူဈေးမှတ်တိုင်အနီး) ၊ မင်္ဂလာတောင်ညွန်မြို့ နယ်၊ ရန်ကုန်မြို့သို့ ဓါတ်ပုံ နှစ်ပုံနှင့် လျှောက်ထားရမည်ဖြစ်သည်။ ဇွန်လ ၂၈ ရက်တွင် ၅၉ လမ်းဗလီ၊ သိမ်ဖြူလမ်း စိန်ပေါမှတ်တိုင် စိန့်မေရီဘုရာ

ဂျာမနီတွင် လေ့ကျင့်ပျံသန်းရင်း တိုက်လေယာဉ်နှင့် လီယာဂျက် တိုက်မိမှုဖြစ်ပွား -----...

ဂျာမနီတွင် လေ့ကျင့်ပျံသန်းရင်း တိုက်လေယာဉ်နှင့် လီယာဂျက် တိုက်မိမှုဖြစ်ပွား -------- ဂျာမနီနိုင်ငံ အနောက်ပိုင်းတွင် တိုက်လေယာဉ် တစ်စင်းနှင့် လီယာဂျက် လေယာဉ်တစ်စင်း လေထဲ၌ တိုက်မိရာ အနည်းဆုံးတစ်ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။ သတင်းအပြည့်အစုံ.... http://ift.tt/1px8sls ဂျာမနီတွင် လေ့ကျင့်ပျံသန်းရင်း တိုက်လေယာဉ်နှင့် လီယာဂျက် တိုက်မိမှုဖြစ်ပွား www.7daydaily.com ဂျာမနီနိုင်ငံ အနောက်ပိုင်းတွင် တိုက်လေယာဉ် တစ်စင်းနှင့် လီယာဂျက် လေယာဉ်တစ်စင်း လေထဲ၌ တိုက်မိရာ အနည်းဆုံးတစ်ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။ အသေးစား ခရီးသည်တင် လေယာဉ် အမျိုးအစားဖြစ်သည့် လီယာဂျက် လေယာဉ်ကို စစ်ဘက်၌လည်း အသုံးပြုနေပြီး လေတပ်မှ Eurofighter တိုက်လေယာဉ်နှင့် တိုက်မိခဲ့ခြင်း ဖြစ်သည်။ ဇွန်လ (၂… from 7Day News Journal's Facebook Wall http://ift.tt/1pHXQlI

မြေအလျော်မယူသည့် ထားဝယ်လယ်သမား ၁၉ယောက် ပုဒ်မ၅ခုဖြင့် အမှုဖွင့်ခံရ ခင်မြတ်မြတ်ဝေ...

မြေအလျော်မယူသည့် ထားဝယ်လယ်သမား ၁၉ယောက် ပုဒ်မ၅ခုဖြင့် အမှုဖွင့်ခံရ ခင်မြတ်မြတ်ဝေ ရန်ကုန်၊ မဇ္ဈိမ။ ။ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်တွင် မြေယာအလျော်မယူသည့် တောင်သူလယ်သမား ၁၉ဦးကို ဇွန် ၂၃ရက်တွင် ထားဝယ်ခရိုင် ဒု-ဦးစီးမှုး ဦးမျိုးနိုင်က တရားလိုပြု၍ ပုဒ်မ၅ခုဖြင့် အမှုဖွင့်လိုက်သည်ဟု လယ်သမားများနှင့် အခြားမြေယာအလုပ်သမား သမဂ္ဂအဖွဲ့ဝင် ဦးထွန်းထွန်းဝင်းက မဇ္ဈိမကို ပြာသည်။ "ကျွန်တော်တို့ကို ပုဒ်မ ၅ခုနဲ့ တရားစွဲထားတယ်၊ ကျွန်တော်တို့ရှေ့နေတွေနဲ့ တိုင်ပင်ထားတယ်၊ ရုံးချိန်ကို ၂၆ရက်နေ့ ပြန်ချိန်းထားတယ်၊ ကျွန်တော်တို့ကို ပေးတဲ့ သုံးဧကကို တစ်ကွက်နှုန်းကတော့ လုံးဝလက်မခံဘူး၊ ကျွန်တော်တို့ တစ်ဧကကို တစ်ကွက်နှုန်းရအောင် တောင်းဆိုသွားမယ်" ဟု ၎င်းကပြောသည်။ ထားဝယ်မြို့နယ်၊ ဆန်ချီရပ်ကွက်ရှိ လယ်သိမ်းဆည်းခံ လယ်သမား အယောက် ၂၀ကို မြေစာရင်းဦးစီးဌာနက ၃ဧကလျင် ပေ၄၀×၆၀တစ်ကွက်နှုန်းဖြင့် ဇွန်လ ၃ရက်က ပြန်ပေးရာ တစ်ဦးသာ လက်ခံခဲ့ပြီး ၁၉ဦးက လက်မခံဘဲ မြေစာရင်းဦးစီးက ဝန်ထမ်းများ၊ ရဲအာဏာပိုင်များနှင့် အငြင်းပွားခဲ့သည့်အတွက် ထိုနေ့က လယ်သမားများကို ခေတ္တထိန်းသိမ်းခဲ့ပြီး ယခုအခါ အမှုဖွင့်လိုက်ခြင်း ဖြစ်သည်။ အမှုဖွင့်ခံရသည့် လယ်သမ

ဖိနပ်ရေစိုမည်စိုးသဖြင့် လက်အောက်ငယ်သားကို ကုန်းပိုးခိုင်းသည့် တရုတ်အရာရှိ ရာထူးမ...

ဖိနပ်ရေစိုမည်စိုးသဖြင့် လက်အောက်ငယ်သားကို ကုန်းပိုးခိုင်းသည့် တရုတ်အရာရှိ ရာထူးမှ ထုတ်ပယ်ခံရ ---------- တရုတ်နိုင်ငံတွင် ရေကြီးရေလျှံနေသည့် ဒေသသို့ သွားရောက်စဉ် ရေစိုမည် စိုးသဖြင့် ဝန်ထမ်းတစ်ဦး၏ ကျောကုန်းထက်မှ လိုက်ပါခဲ့သော အစိုးရ အရာရှိတစ်ဦး ရာထူးမှ ထုတ်ပယ်ခံလိုက်ရကြောင်း သိရှိရသည်။ သတင်းအပြည့်အစုံ.... http://ift.tt/1wr8DCQ ဖိနပ်ရေစိုမည်စိုးသဖြင့် လက်အောက်ငယ်သားကို ကုန်းပိုးခိုင်းသည့် တရုတ်အရာရှိ ရာထူးမှ ထ� www.7daydaily.com တရုတ်နိုင်ငံတွင် ရေကြီးရေလျှံနေသည့် ဒေသသို့ သွားရောက်စဉ် ရေစိုမည် စိုးသဖြင့် ဝန်ထမ်းတစ်ဦး၏ ကျောကုန်းထက်မှ လိုက်ပါခဲ့သော အစိုးရ အရာရှိတစ်ဦး ရာထူးမှ ထုတ်ပယ်ခံလိုက်ရကြောင်း သိရှိရသည်။ ပြည်သူ့ဆက်ဆံရေး အရာရှိ တစ်ဦးဖြစ်သည့် ဝမ်ဂျွန်ဟွာသည် ရေကြီးပြီး ကျောင်းသူကျောင်းသားနှစ်ဦး သေဆုံးခဲ့သည့် ဒေသသို့ စစ်ေ… from 7Day News Journal's Facebook Wall http://ift.tt/1pHUb7F

စမောလင်းနှင့် အိုဘားမားတို့၏ ပုံကို မှားယွင်းရိုက်နှိပ်မိခဲ့သည့် ကမ္ဘာ့ဖလား အမှတ်...

စမောလင်းနှင့် အိုဘားမားတို့၏ ပုံကို မှားယွင်းရိုက်နှိပ်မိခဲ့သည့် ကမ္ဘာ့ဖလား အမှတ်တရ မတ်ခွက်များ --------- ကမ္ဘာ့ဖလား အမှတ်တရပစ္စည်းများ ရောင်းချသည့် ကုမ္ပဏီတစ်ခုက အမေရိကန်သမ္မတ ဘာရတ်အိုဘားမားကို အင်္ဂလန်အသင်း လူစာရင်း၌ မှားယွင်း ထည့်သွင်းမိခဲ့ကြောင်း သိရှိရသည်။ သတင်းအပြည့်အစုံ.... http://ift.tt/1wr8CPq စမောလင်းနှင့် အိုဘားမားတို့၏ ပုံကို မှားယွင်းရိုက်နှိပ်မိခဲ့သည့် ကမ္ဘာ့ဖလား အမှတ်တရ မ www.7daydaily.com ကမ္ဘာ့ဖလား အမှတ်တရပစ္စည်းများ ရောင်းချသည့် ကုမ္ပဏီတစ်ခုက အမေရိကန်သမ္မတ ဘာရတ်အိုဘားမားကို အင်္ဂလန်အသင်း လူစာရင်း၌ မှားယွင်း ထည့်သွင်းမိခဲ့ကြောင်း သိရှိရသည်။ သတင်းများက အမည်ဖော်ပြခြင်း မရှိသည့် ဗြိတိန် ကုမ္ပဏီတစ်ခုသည် ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် အင်္ဂလန်အသင်းမှ ကစားသမား တစ်ဦးချင်းစီ၏ ရုပ်ပုံများကို ပုံနှိပ်ထားသည့်… from 7Day News Journal's Facebook Wall http://ift.tt/1pHUaAx

အချိုးကျကိုယ်စားပြု (PR) စနစ် ကျင့်သုံးဖို့ အမျိုးသားလွှတ်တော်မှာ အဆိုတင်ခဲ့တဲ့ေ...

အချိုးကျကိုယ်စားပြု (PR) စနစ် ကျင့်သုံးဖို့ အမျိုးသားလွှတ်တော်မှာ အဆိုတင်ခဲ့တဲ့ ဒေါ်ခင်ဝိုင်းကြည်နေအိမ် မနေ့က ညသန်းခေါင်ယံမှာ ဖောက်ထွင်းခံလိုက်ရပါတယ်။ ခြိမ်းခြောက်ခံရတဲ့အတွက် စိုးရိမ်နေတယ်လို့ ထုတ်ဖော်ပြောဆို အပြီးမှာ အခုလို ဖောက်ထွင်းမှုနဲ့ ကြုံရတာ ဖြစ်ပါတယ်။ အရေးကြီး စာရွက်စာတမ်းတွေ ပါသွားပါသလား။ သတင်းအပြည့်အစုံ - http://goo.gl/J7mlhq from The Voice Weekly's Facebook Wall http://ift.tt/1pHTR8N

ဆံပင်ရှည်စုတ်ဖွား ကစားသမားများက ကမ္ဘာ့ဖလားတွင် ရာသီဥတုဒဏ်ကို ပိုမိုခံနိုင်ရည်ရှိဟ...

ဆံပင်ရှည်စုတ်ဖွား ကစားသမားများက ကမ္ဘာ့ဖလားတွင် ရာသီဥတုဒဏ်ကို ပိုမိုခံနိုင်ရည်ရှိဟုဆို --------- ဘရာဇီးနိုင်ငံတွင် ကျင်းပနေသည့် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ၌ ဒေးဗစ်လူးဝစ်ဇ်ကဲ့သို့ ဆံပင်စုတ်ဖွားနှင့် ဘောလုံးသမားများမှာ အခြားကစားသမားများထက် ရာသီဥတုဒဏ်ကို ခံနိုင်သည့် အားသာချက် ရှိနေကြောင်း သုတေသီများက ကောက်ချက်ချ ပြောကြားခဲ့သည်။ သတင်းအပြည့်အစုံ.... http://ift.tt/1m9kfCE ဆံပင်ရှည်စုတ်ဖွား ကစားသမားများက ကမ္ဘာ့ဖလားတွင် ရာသီဥတုဒဏ်ကို ပိုမိုခံနိုင်ရည်ရှိဟုဆ� www.7daydaily.com ဘရာဇီးနိုင်ငံတွင် ကျင်းပနေသည့် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ၌ ဒေးဗစ်လူးဝစ်ဇ်ကဲ့သို့ ဆံပင်စုတ်ဖွားနှင့် ဘောလုံးသမားများမှာ အခြားကစားသမားများထက် ရာသီဥတုဒဏ်ကို ခံနိုင်သည့် အားသာချက် ရှိနေကြောင်း သုတေသီများက ကောက်ချက်ချ ပြောကြားခဲ့သည်။ Gatorade အားကစားသိပ္ပံဌာန (GSSI)မှ ပညာရှင်တစ်ဦးဖြစ်သည့် အော်လန်ဒို လိုင… from 7Day News Journal's Facebook Wall http://ift.tt/UE7ZV0

မိုးကုတ်တွင် သဘာဝခရီးသွားလုပ်ငန်း အကောင်အထည်ဖော်မည် ------ မိုးကုတ်မြို့၏ စီးပွာ...

မိုးကုတ်တွင် သဘာဝခရီးသွားလုပ်ငန်း အကောင်အထည်ဖော်မည် ------ မိုးကုတ်မြို့၏ စီးပွား ရေးပြန်လည်ဖွံ့ဖြိုးတိုးတက်လာ စေရန် သဘာဝခရီးသွားလုပ်ငန်း အကောင်အထည်ဖော်မည်ဖြစ် ကြောင်း သတင်းရရှိသည်။ သတင်းအပြည့်အစုံ.... http://ift.tt/UE7Wsh မိုးကုတ်တွင် သဘာဝခရီးသွားလုပ်ငန်း အကောင်အထည်ဖော်မည် www.7daydaily.com မိုးကုတ်မြို့၏ စီးပွား ရေးပြန်လည်ဖွံ့ဖြိုးတိုးတက်လာ စေရန် သဘာဝခရီးသွားလုပ်ငန်း အကောင်အထည်ဖော်မည်ဖြစ် ကြောင်း သတင်းရရှိသည်။ လက်ရှိအချိန်တွင် မိုးကုတ် မြို့၌ ကျောက်ရှားပါးမှု စတင်ကြုံ တွေ့နေရပြီး မကြာမီအနာဂတ် ကာလတွင် ယခုအချိန်ထက် ရတနာရှားပါးမှုများ ပိုမိုဖြစ်ပွား လာနိုင်သဖြင့် သယံဇာတတစ်ခု တည်းအပေါ်တွင်သာ… from 7Day News Journal's Facebook Wall http://ift.tt/1m9ke1E

မော်ကွန်းမဂ္ဂဇင်း အမှတ်(၁၄) မှ ကာတွန်း သီဟ(စခန်းသစ်) ၏လက်ရာ "စကားကျွံနှုတ်မရ"

မော်ကွန်းမဂ္ဂဇင်း အမှတ်(၁၄) မှ ကာတွန်း သီဟ(စခန်းသစ်) ၏လက်ရာ "စကားကျွံနှုတ်မရ" from Yangon Press International's Facebook Wall http://ift.tt/1nyMwoX
လှုပ်လှုပ်ရှားရှား သူတို့ပုံရိပ်များ ခင်ဝင့်ဝါ ဒါရိုက်တာညိုမင်းလွင်ရိုက်ကူးနေတဲ့ "အိုလင်းတစ္တေ" ဗီဒီယိုဇာတ်ကားမှာ ကိုနေတိုးနဲ့တွဲဖက်ပြီးသရုပ်ဆောင်နေပါတယ်။ ဗီဒီယို၊ကြော်ငြာတွေနဲ့ ဂျာနယ်မဂ္ဂဇင်းတွေအတွက်လည်း ဓာတ်ပုံရိုက်ပေးဖို့ရှိနေပါတယ်။ ပြည from Mizzima - News in Burmese's Facebook Wall http://ift.tt/1wr1z9l
“Think Like a Man Too” ဝင်ငွေ အကောင်းဆုံး ဇာတ်ကားစာရင်း ပထမနေရာသို့ရောက်လာ စတိဗ်ဟာဗေး၏ “Act Like a Lady, Think Like a Man” စာအုပ်ကို အခြေခံ ရိုက်ကူးထားသည့် “Think Like a Man Too”ဟာသရုပ်ရှင် ဇာတ်ကားသည် ယခုတစ်ပတ်၏ ဝင်ငွေ အကောင်းဆုံး ဇာတ်ကား စာရင်းထိပ်ဆုံးနေရာသို့ ရောက်ရှိ လာခဲ from Mizzima - News in Burmese's Facebook Wall http://ift.tt/1pdCZsU
ဒါရိုက်တာမိုက်ကယ်ဘေရဲ့ “TRANSFORMERS 4: AGE OF EXTINCTION” ဇွန်၂၇ရက်တွင် ထွက်မည် “TRANSFORMERS 4: AGE OF EXTINCTION”ဇာတ်ကားကို စစ်ပွဲပြီးကာစ ပျက်ဆီး ယိုယွင်းနေသည့် မြို့ကြီးတစ်မြို့ ပေါ်က ကစဥ့်ကလျား အခြေအနေများဖြင့် စတင်ထားခြင်းဖြစ်သည်။ အကောင်းအဆိုး ဒွန်တွဲနေသည့် စစ်ပွဲ၏ ရလာဒ်တွေနှ from Mizzima - News in Burmese's Facebook Wall http://ift.tt/1pdCZsQ
“ကမ္ဘာပတ်မယ်ရက်ရှစ်ဆယ်” ဘီဘီစီ ရုပ်သံစီးရီး တင်ဆက်သူ မိုက်ကယ်ပါလင် ဆာဒေးဗစ်နှင့် ပူးပေါင်းမည် ဘီဘီစီ ခရီးသွား ရုပ်သံစီးရီး တစ်ခုဖြစ်သည့်“ကမ္ဘာပတ်မယ်ရက်ရှစ်ဆယ်” စီးရီးဖြင့် လူသိများ ထင်ရှားခဲ့သည့် ရုပ်သံအစီအစဉ် တင်ဆက်သူ မိုက်ကယ်ပါလင် သည် BBC Radio 4 ၏Tweet of the Day”အစီအစဉ်အတွက် လက်ရှိ ယင်းအစီအ from Mizzima - News in Burmese's Facebook Wall http://ift.tt/1wr1v9L

ဆန္ဒဖော်ထုတ်ရန် သီးသန့်ကွင်းတွင် ပြည်ကြီးမင်္ဂလာကုန်တင်ယာဉ်ဂိတ်ပိုင်ရှင်များ စတင်ဆန...

ဆန္ဒဖော်ထုတ်ရန် သီးသန့်ကွင်းတွင် ပြည်ကြီးမင်္ဂလာကုန်တင်ယာဉ်ဂိတ်ပိုင်ရှင်များ စတင်ဆန္ဒပြမည် -------- မန္တလေးမြို့ရှိ စတင် အသုံးပြုခွင့်ပေးလိုက်ပြီဖြစ်သော ဆန္ဒဖော်ထုတ်ရန် သီးသန့်ကွင်း တွင် ပြည်ကြီးမင်္ဂလာကုန်တင် ယာဉ်ရပ်နားစခန်းမှ ဂိတ်ခန်း ပိုင် ရှင်များက စတင်ဆန္ဒဖော်ထုတ် မည်ဖြစ်ကြောင်း သတင်းရရှိ သည်။ သတင်းအပြည့်အစုံ..... http://ift.tt/1px0Qzp ဆန္ဒဖော်ထုတ်ရန် သီးသန့်ကွင်းတွင် ပြည်ကြီးမင်္ဂလာကုန်တင်ယာဉ်ဂိတ်ပိုင်ရှင်များ စတင်ဆန္ဒြ www.7daydaily.com မန္တလေးမြို့ရှိ စတင် အသုံးပြုခွင့်ပေးလိုက်ပြီဖြစ်သော ဆန္ဒဖော်ထုတ်ရန် သီးသန့်ကွင်း တွင် ပြည်ကြီးမင်္ဂလာကုန်တင် ယာဉ်ရပ်နားစခန်းမှ ဂိတ်ခန်း ပိုင် ရှင်များက စတင်ဆန္ဒဖော်ထုတ် မည်ဖြစ်ကြောင်း သတင်းရရှိ သည်။ from 7Day News Journal's Facebook Wall http://ift.tt/1pHLs5d

နိုင်ငံနှင့် သင့်လျော်သည့် ပီအာရ်စနစ် ယခုလွှတ်တော်တွင် တင်ပြနိုင်ရန် စီစဉ် ------...

နိုင်ငံနှင့် သင့်လျော်သည့် ပီအာရ်စနစ် ယခုလွှတ်တော်တွင် တင်ပြနိုင်ရန် စီစဉ် --------- မြန်မာနိုင်ငံနှင့် သင့် လျော်မည့် အချိုးကျကိုယ်စားပြု ရွေးကောက်ပွဲစနစ်ကို ယခုကျင်းပဆဲ အမျိုးသားလွှတ်တော်သို့ တင်ပြနိုင်ရန် လုပ်ဆောင်မည် ဖြစ်ကြောင်း ပီအာရ်စနစ် အကောင်အထည်ဖော်ရေး ကော်မရှင် ဥက္ကဋ္ဌအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မြင့်ဖေက ပြောကြားသည်။ သတင်းအပြည့်အစုံ.... http://ift.tt/1pHLqu0 နိုင်ငံနှင့် သင့်လျော်သည့် ပီအာရ်စနစ် ယခုလွှတ်တော်တွင် တင်ပြနိုင်ရန် စီစဉ် www.7daydaily.com မြန်မာနိုင်ငံနှင့် သင့် လျော်မည့် အချိုးကျကိုယ်စားပြု ရွေးကောက်ပွဲစနစ်ကို ယခုကျင်းပဆဲ အမျိုးသားလွှတ်တော်သို့ တင်ပြနိုင်ရန် လုပ်ဆောင်မည် ဖြစ်ကြောင်း ပီအာရ်စနစ် အကောင်အထည်ဖော်ရေး ကော်မရှင် ဥက္ကဋ္ဌအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မြင့်ဖေက ပြောကြားသည်။ from 7Day News Journal's Facebook Wall http://ift.tt/1pHLqua