Skip to main content

တွင်းတောင်၌ စိမ်းပြာရေညှိနှင့် တွင်းပိုး လုံးဝ မထွက်တော့



မုံရွာ၊ ဇွန် ၂၃- စစ်ကိုင်းတိုင်းဒေ သကြီး ဘုတလင်မြို့နယ် တွင်းတောင် အင်းမှထွက်ရှိသော မြန်မာ့ရိုးရာ လက်ဖက်ဖြင့် တွဲဖက်စားသုံးသည့် တွင်းပိုးကောင်လေးများ လုံးဝ မထွက် ရှိတော့ကြောင်း ဒေသခံ တွင်းပိုးဖမ်း လုပ်သားများက ပြောသည်။

''အထွက်လျော့နေတာကြာပြီ။ စိမ်းပြာရေညှိကို ဆေးဝါးထုတ်ဖို့ကုမ္ပဏီ ကို လွှဲအပ်ပြီးနောက်ပိုင်း အထွက်နှုန်း တဖြည်းဖြည်း ကျလာတယ်။ ဒီနှစ်ဆို လုံးဝကို တွင်း ပိုး မရှိတော့တာ။ ဘု တလင်မြို့ပေါ်မှာ ရောင်းနေတာက ကနီမြို့နယ် တွင်းမကထွက်တဲ့ တွင်းပိုး တွေပါ။ ကနီမှာလဲ စိမ်းပြာရေညှိ ထွက်တဲ့ အင်းရှိ တယ်။ အဲဒီကနေ ယူရောင်းနေကြတာ''ဟု တွင်းတောင် အင်းသို့ သွားရာလမ်းရှိ တွင်းတောင် ရွာမှ တွင်းပိုးဖမ်းလုပ်သားတစ်ဦးက ပြောသည်။


အဆိုပါတွင်းတောင်တွင် ပတ် ဝန်းကျင်ရှိ မြစ်ရေတင်မြောင်းမှတစ် ဆင့် ရေချိုများ စိမ့်ဝင်မှုကြောင့် အင်း အတွင်း စိမ်းပြာရေညှိ များ ရှင်သန်မှု မရှိတော့ ဘဲ မျိုးပွားနှုန်းမြန်သည့် တီ လားပီးယားငါးများ ရှင်သန်ပေါက်ဖွား နေခြင်းကြောင့် ပညာရှင်များ လေ့လာ အဖြေရှာနေကြပြီး နာမည်ကျော်ထွက် ကုန် တွင်းပိုး များ လည်း လုံးဝမထွက် တော့သည့်အခြေအနေ များ ဖြစ်နေ ကြောင်း ဒေသခံများထံမှ သိရသည်။


''တွင်းတောင်ရေညှိကို နိုင်ငံ တော်က စက်ရုံတည်ပြီး ဆေးဝါး မထုတ်လုပ်ခင်ကတည်းက ဒေသခံ တွေက တွင်းပိုးကို ဒုတိယ စီးပွားရေး လုပ်ငန်းအဖြစ် ဖမ်းရောင်း နေကြ တာ။ ကွမ်းရွက်စိုက်တာကတော့ ဒီနယ်က အဓိကလုပ်ငန်းပေါ့။ ရွာမှာ တွင်းပိုး ဖမ်းသူ ၂ဝဝကျော်လောက်ရှိတယ်။ တစ်ရွာလုံးဆိုပါတော့။ ဒီမှာ စက်ရုံ ကြီး တည် လိုက်တော့ တွင်းထဲက ဒေသခံတွေကို တွင်းပေါ်တင်ပြီး ရွာ တည်ပေးလိုက်တာ။ ဒါပေမဲ့ တွင်းပိုး ကိုတော့ ဆင်းပြီးဖမ်းခွင့်ပေးထားတယ်။ အခုဟာက ရေညှိ ရော၊ တွင်းပိုးပါ လုံးဝမထွက်တော့တာ၊ အခုက တွင်းပိုး တစ်ပြည်ကို ကျပ်၁၂ဝဝဝဈေးထိ တောင် တက်နေတယ်။ တချို့ပွဲစား တွေ ကလဲ လှောင်ထားပြီး ဈေးတက် မှ ထုတ်ရောင်း ကြတာပေါ့''ဟု ဘုတ လင်မြို့နယ်မှ တွင်းပိုးရောင်းချသူ တစ်ဦးက ပြောသည်။


အဆိုပါတွင်းတောင်အင်းတွင် ကမ္ဘာ့ရှားပါး သဘာဝသယံဇာတဖြစ် သော စိမ်းပြာရေညှိစပီရူလိုင်းနား ထွက်ရှိမှုကို ၁၉၈၄ ခုနှစ်က တွေ့ရှိခဲ့ ပြီး ၁၉၈၈ ခုနှစ်တွင် နိုင်ငံတော်မှ စက်ရုံတည်ဆောက်၍ ပရိုဗီမင်အား ဆေးအဖြစ် စီးပွားဖြစ်ထုတ်လုပ် ခဲ့ ကြောင်း၊ ယင်းကန်အတွင်း၌ သက် ရှိဟူ၍ တွင်းပိုးတစ်မျိုးသာနေထိုင် နိုင်ပြီး ဖောင်း ရစ်များဖြင့် အလျား တစ်လက်မခန့်ရှိကာ စားသုံးရာတွင် အရသာရှိသည့် အင်းဆက်ပိုးမွှား တစ်မျိုးဖြစ်ကြောင်း သိရသည်။


K T S

[--Democracy today Daily Newspaper--]











တွင်းပိုးများကို တွေ့ရစဉ်။ ဓာတ်ပုံ - ကိုသစ္စာ




from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1nyYlew

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...

ဖုန်းပြော သူများ သတိထား၊ ကြာရှည်စွာ ဖုန်းပြောလျှင် နားကို ဒုက္ခ ပေးရာရောက်

ခေတ်မီ တိုးတက် လာသည့် အလျောက် ဆန်းပြားသော လျှပ်စစ် ပစ္စည်း များနှင့် လူ့အသုံး အဆောင် ပစ္စည်း များမှာ လည်း တစ်ခု ထက် တစ်ခု ပိုမို ကောင်းမွန် လာသည့် အတွက် လူအများ မှာလည်း အသစ် အဆန်း ဘက်ကို ဦးစားပေး ရွေးချယ် လာကြသည်။ ယခုခေတ်မြို့နေ လူငယ် အများစုဖုန်းကိုင် လာနိုင်ပြီး ဆွေ မျိုး သားချင်း၊ ချစ်သူ သမီးရည်းစား များ နှင့် ဖုန်းပြော သည့်အခါ ပုံမှန် အသံ dv (decivel) ထက်ပိုသော အသံကို ကြားလျှင်ဖြစ်စေ၊ နေ့စဉ် ရက်ဆက် အချိန်ကြာမြင့်စွာ ဖုန်းပြော လျှင်ဖြစ် စေ နားကို မထိခိုက် နိုင်သော်လည်း ပုံမှန် အသံထက် ကျယ်သော စကား ပြောသံ နှင့် အချိန်ကြာသော အခါ နား ထိခိုက် နိုင်ကြောင်း နား၊နှာခေါင်း၊ လည်ချောင်း ဆေးရုံမှ အထူးကု ဆရာ ၀န် ဒေါက်တာ ၀င်းထိုက် ကြည်က ပြောကြားသည်။ ဖုန်းကို တစ်နေ့တည်း ဆက် တိုက် ခြောက်နာရီ နှင့် အထက်ပြော ပြီး ဖုန်းပြောသံမှာ လည်း သတ်မှတ် ထား သော dv (decivel) အသံထက် ကျယ်ရင် နားအူ၍ ထုံတတ် ကြောင်း၊ ပုံမှန် နားထောင် နိုင်စွမ်း ရှိသော အသံ နှင့် ပြောလျှင် နားကို မထိခိုက် နိုင် သော်လည်း ကြာရှည် လာချိန်တွင် နားလေး သွားနိုင် ကြောင်း၊ ထို့ကြောင့် ကြာရှည်စွာ ဖုန်းပြော တတ်သည့်လူ ငယ်များ၊ ဖုန်းပြော လျှင် အော်...