Skip to main content

Posts

Showing posts from March 29, 2015

လည်ချောင်းနာခြင်းအတွက် လက်တွေ့ပျောက်စေမည့် သဘာဝကုထုံး

ဘတ်တီးရီးယားပိုများ၊ ကူးစက်တတ်သည့် ဗိုင်းရပ်ပိုများကြောင့် လူတွေဟာ မကြာခဏ လည်ချောင်းနာခြင်း၊ ချောင်းဆိုးခြင်းများ ဖြစ်တတ်ကြပါတယ်။ လည်ချောင်းနာခြင်းအတွက် အလွယ်တကူ အိမ်တွင်းကုထုံးများကို ပြုလုပ်ပေးနိုင်ကြပါတယ်။ ၁။ ရှောက်သီး သို့မဟုတ် သံပရာသီးကို ပါးပါးလှီး၍ ရေနွေးကြမ်း (လက်ဖက်ရည်)ခွက်ထဲ စိမ်ထားပြီး သောက်ပေးပါ။ ပျားရည်အနည်းငယ် ထည့်သောက်ပါက ကိုယ်ခံအားကိုလည်း ကောင်းမွန်စေပါမည်။ ၂။ လက်ဖက်ရည်(ရေနွေးကြမ်း)ခွက်ထဲကို ဂျင်း လက်မ၀က်ခန့် ထည့်စိမ်ထားပြီး သောက်ပေးနိုင်ပါတယ်။ ၃။ ရေနွေးခွက်ထဲကို ဆားအနည်းငယ် သို့မဟုတ် နနွးအနည်းငယ်ထည့်၍ ပလုတ်ကျင်းပေးပါ။ ၄။ ပင်စိမ်းရွက်ကို ကျိတ်ပြီး ပြုတ်သောက်ပါ။ ပလုတ်ကိုလည်း ကျင်းပေးပါ။ ၅။ ကြက်စွပ်ပြုတ် ပူပူလေးကို သောက်ပေးပါ။ ကြက်စွပ်ပြုတ်သည် အာဟာရဓါတ်ပြည့်ဝသည့်အတွက် လည်ချောင်းနာခြင်းကို ပျောက်ကင်းစေရုံမက ခုခံအားကောင်းစေ၍ အခြားရောဂါများကိုပါ ကာကွယ်ပေးနိုင်ပါသည်။ စောနွဲ့နေဆိုင် (ပူတာအို) ဘာသာပြန်သည်။ Ref : Sore Throat: Medline Plus ကျန်းမာရေးသတင်းများ from သစ်ထူးလွင် (ကျန်းမာရေး) - Thit Htoo Lwin http://ift.tt/1a8NBn4

သံပုရာရည်သောက်ခြင်း၏ ကျန်းမာရေးအကျိုးကျေးဇူးများ

လူတို့၏ ခန္ဓာကိုယ်အတွင်းနှင့် အပြင်ပတို့မှ ဗတ်တီးရီးယားပိုးမွှားများကို သံပုရာသီးထဲမှ antibacterial ဓါတ်က သုတ်သင်ပေးနိုင်ပါတယ်။ ကူးစက်မှု ဗိုင်းရပ်များကိုလည်း သံပုရာသီးထဲမှာပါဝင်တဲ့ antiviral ဓါတ်က ကာကွယ်ပေးနိုင်ပါတယ်။ ထို့ကြောင့် သံပုရာသီးဟာ လူသားတို့၏ ကျန်းမာရေးအာနိသင်များကို ပေးစွမ်းနိုင်သည့် သဘာဝ ဆေးတစ်မျိုးဖြစ်နေပါတယ်။ သံပုရာရည်ကို သောက်သုံးခြင်းကြောင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများ ၁။ ခံတွင်းကောင်းစေခြင်း ၂။ အရေပြားသန့်ရှင်းစေခြင်း ၃။ အစာကြေစေခြင်း ၄။ ကိုယ်တွင်း သန့်ရှင်းစေခြင်း ၅။ ကိုယ်ခံအားကောင်းစေခြင်း ၆။ စိတ်ခံစားမှု ကောင်းမွန်စေခြင်း ၇။ ကိုယ်အလေးချိန် လျော့ကျစေခြင်း ၈။ သွေးတိုးကျစေခြင်း ၉။ အဆစ်မြစ်နာ၊ လေးဘက်နာတို့ကို သက်သာစေခြင်း ၁၀။ အထွေထွေရောဂါ (ချွဲ၊ သလိပ်၊ ရင်ကျပ်၊ လည်ချောင်းနာ၊ ခေါင်းကိုက်) တို့ကို သက်သာစေခြင်း စသည့်ရောဂါများကို ကာကွယ်ပေးနိုင်ပါသည်။ စောနွဲ့ နေဆိုင် (ပူတာအို) ဘာသာပြန်သည်။ Ref: Health Benefits Of Drinking Lemon Juice ကျန်းမာရေးသတင်းများ from သစ်ထူးလွင် (ကျန်းမာရေး) - Thit Htoo Lwin http://ift.tt/1HeeErv

အမျိုးသမီးများ ဆီးအိမ်ရောင်ခြင်းကို ကာကွယ်ရန် နည်းလမ်းများ

အမျိုးသမီးများ၏ ပင်ကိုသဘာဝကြောင့် အဖြစ်များသော ရောဂါများအနက် ဆီးလမ်းကြောင်း အတွင်း ပိုးဝင်ခြင်း (ခေါ်) ဆီးအိမ်ရောင် ခြင်းသည်လည်း တစ်ခုအပါအဝင် ဖြစ်သည်။ ဆီးအိမ်နှင့် ဆီးလမ်းကြောင်းထဲသို့ ပိုးဝင်ခြင်းမှာ အသက်အန္တရာယ်ကို မထိခိုက် စေနိုင်သော်လည်း စိတ်အနှောင့်အယှက် ဖြစ်စေသော ရောဂါ တစ်မျိုးဖြစ်သည်။ အကြောင်းမှာ ဆီးအိမ်ရောင် သည်နှင့် အောက်ပါအတိုင်း ခံစားရတတ်သောကြောင့် ဖြစ်သည်။ ဆီးသွားလျှင် ဆီးပူခြင်း၊ ဆီးကျင်ခြင်းနှင့် နာကျင်ခြင်းများ ခံစားရသည်။ မထိန်းနိုင်လောက်အောင် ဆီးသွားချင်စိတ်များ ပေါ်လာပြီး ဆီးသွားသောအခါ လုံးဝ မထွက်ဘဲလည်း ရှိတတ်သည်။ တစ်ခါတစ်ရံ ဖျားခြင်း၊ ဆီးစပ်ကိုက်၊ ခါးကိုက်ပြီးနောက် နီသောဆီးများ သွားတတ်သည်။ ဆီးထဲ၌ သွေးများလည်း ပါလာတတ်သည်။ ဒွာရပေါက် တစ်ဝိုက်ရှိ ရောဂါပိုးများသည် ဆီးလမ်းကြောင်းမှ တစ်ဆင့် ဆီးအိမ်ထဲသို့ အလွယ်တကူ ရောက်သွားနိုင်သည်။ ဆီးအိမ်ရောင်စေသော အကြောင်းများမှာ တစ်ကိုယ်ရည် သန့်ရှင်းမှု နည်းပါးသဖြင့် လည်းကောင်း၊ အလွန်ကျပ်သော ဘောင်းဘီများ ဝတ်ခြင်းကြောင့် လည်းကောင်း ရောဂါပိုးများ ဆီးလမ်းကြောင်းထဲသို့ ဝင်ရောက်တတ်သည်။ ရောဂါပိုးများသည် ဆီးအိမ်ထဲရောက်သည်နှင့် အလျင်အမြန် ပွားမျာြး

အိပ်မောကျချိန်မှာ ဟောက်တာဟာ ကျန်းမာရေးအတွက် မကောင်းပါ

အိပ်မောကျချိန်မှာ ဟောက်တာဟာ ကျန်းမာရေးအတွက် မကောင်းပါ လူတွေတော်တော်များများက ညဘက် အိပ်မောကျနေတဲ့အချိန်မှာ ဟောက်တတ်တဲ့ အကျင့်ကို ပေါ့သေးသေးကိစ္စလို့ သဘောထားကြပါတယ်။ အမှန်တော့ အိပ်နေတဲ့ အချိန်မှာ ဟောက်တာက သင့်ကျန်းမာရေးအတွက် ဘေးအန္တရာယ်ရှိစေပါတယ်။ ညဘက်အိပ်စက်နေချိန်မှာ မေးရိုး၊လည်ချောင်းနဲ့ လျှာကြွက်သားတွေက ကောင်းကောင်း အလုပ်မလုပ်နိုင်ချိန်မှာ နှာခေါင်းနဲ့ အသက်မရှူနိုင်တာတွေဖြစ်လို့  ဟောက်ပြီး ပါးစပ်နဲ့ အသက်ရှူခြင်းတွေဖြစ်လာရတာပါ။ ဒီလိုဟောက်တတ်တဲ့သူတွေက တစ်ညမှာ အကြိမ်ရာချီပြီး ဟောက်တတ်ကြပါတယ်။ လူအများစုကတော့ အိပ်စက်ရင်း ဟောက်ရလွန်းလို့ တစ်ရေးနိုးပြီး မောဟိုက်သလိုခံစားနေရ တတ်ပါတယ်။ မောဟိုက်ခြင်းအပြင် အက်ဆစ်ပြန်စီးကျခြင်း၊ ညဘက်တွင် မကြာခဏဆီးထသွားခြင်း၊ မှတ်ဥာဏ်ဆုံးရှုံးခြင်း၊ စိတ်ဓာတ်ကျခြင်း ဆီးချိုရောဂါဖြစ်ခြင်း နှလုံးရောဂါဖြစ်ခြင်းအစရှိတဲ့ ကျန်းမာရေးပြဿနာတွေဖြစ်စေနိုင်ပါသေးတယ်။ အသက်၃၅နှစ်နဲ အထက်လူကြီးပိုင်းတွေမှာအဖြစ်များပါတယ်။ ဟောက်ခြင်းကို ပျောက်အောင်ကုသနိုင်တဲ့ ဆေးပညာတွေ၊ အထောက်အကူပြုပစ္စည်းတွေလဲ ပေါ်ပေါက်နေပြီဖြစ်လို့ သိနားလည်းတဲ့ ဆရာဝန်တွေနဲ့ ဆွေးနွေးကုသပြီး နှစ်နှစ်ခြိုက်ခြိုက် အိ

Caffeine in Tea (ကေဖင်း) နဲ့ လက်ဖက်

ဆရာရှင့် လက်ဖက်မှာ ကဖင်းဓါတ်ပါ ပါသလား။ ကေဖင်းဓါတ်ပါတဲ့ အစားအသောက်များကို ပြောပြစေလိုပါတယ်ရှင်။ • Caffeine (ကေဖင်း) ဓါတ်ဟာ သဘာဝအအားဖြင့် ကော်ဖီနဲ့ လက်ဖက်ခြောက်ထဲမှာ ပါနေတယ်။ • လက်ဖက်ရည်ကတော့ ၄ မျိုးရှိတယ်။ Green tea, Oolong tea, White tea နဲ့ Black tea တွေဖြစ်တယ်။ • လက်ဖက်မှန်သမျှ Camellia Sinensis အပင်ကနေရာပါတယ်။ • (ကေဖင်း) ဘယ်လောက်ပါသလဲဆိုတာက အမျိုးမျိုးရှိတယ်။ လက်ဖက်ရည်တခွက်ထဲမှာ ယေဘုယျဆိုရင် 15 to 75 mg ပါတယ်။ အရွက်သပ်သပ်ဆိုရင် အလေးချိန်ရဲ့ ၃% ရှိတယ်။ • အကြမ်းအားဖြင့် ကော်ဖီ တခွက် (၈ အောင်စ) ထဲမှာ 90mg (ကေဖင်း) နဲ့ လက်ဘက်ရည် အထုပ်လေးတွေနဲ့ သောက်ရတဲ့ တခွက် (၈ အောင်စ) ထဲမှာ 65mg ပါတယ်။ • Green Tea လက်ဖက်ရည်တခွက် (၈ အောင်စ) ထဲမှာ (ကေဖင်း) 15-36 mg ပါတယ်။ (ကေဖင်း) အုပ်စုထဲက Theobromine နဲ့ Theophylline (ပန်းနာအတွက်သုံးတဲ့ဆေး) တွေလဲ ပါတယ်။ • Oolong Tea (အူးလောင်) လက်ဖက်ရည် တခွက် (၈ အောင်စ) ထဲမှာ 12 - 55 mg ပါတယ်။ • White Tea လက်ဖက်ရည်ဖြူခေါ်တာထဲမှာ 6 - 25 mg ပါတယ်။ • Black Tea လက်ဖက်ရည်ခါးထဲမှာ 25 - 110 mg ပါတယ်။ • Instant coffee ထဲမှာ 65-100mg ပါတယ်။ • Espresso (အိတ်စ်ပရက်ဆို) ၂ အောင်စ

Caffeine (ကေဖင်း) ရဲ့ဆေးစွမ်းသတ္တိများ

လက်ဖက်၊ လက်ဖက်ရည်နဲ့ ကော်ဖီတွေထဲမှာပါတဲ့ (ကေဖင်း) ဓါတ်ရဲ့သတ္တိတွေအကြောင်း ခပ်တိုတိုလေးရေးပါရစေ။ လေ့လာမှုတွေ ကျယ်ကျယ်ပြန့်ပြန့်လုပ်ထားပြီးပြီ။ ရေတိုနဲ့ ရေရှည်သက်ရောက်မှုတွေကို ကောင်းကောင်းသိနေပါပြီ။ အသင့်အတင့်စားသုံးရင် ရေတိုမှာ ခေါင်းကိုက်၊ ပျို့ချင်၊ စိုးရိမ်စိတ် စတာတွေ ပါတယ်။ ရေရှည်ဆိုရင် (ပါကင်ဆိုနစ်ဇင်) ရောဂါ၊ ဆီးချို (၂)၊ အသဲရောဂါ၊ နှလုံး-သွေးလွှတ်ကြောရောဂါတွေ သက်သာစေတာတွေ့ရတယ်။ ဗဟိုအာရုံကြောစနစ်ကို နိုးဆွပေးနိုင်လို့ နှလုံးကြွက်သားနဲ့ အနုစားကြွက်သားတွေကို ပြေလျှော့စေတယ်၊ အစာခြေရည် ပိုထွက်မယ်၊ ဆီးပိုသွားစေမယ်။ Positive effects အပေါင်းသဘောဆောင်တဲ့ အကျိုးတွေ - • ရေရှည် များများသုံးစွဲရင် နှလုံး-သွေးကြောရောဂါနဲ့ ဆီးချိုရောဂါတွေ အဖြစ်နည်းမယ်။ • Neurotransmitters ခေါ်တဲ့ အာရုံကြောတွေကို နိုးဆွပေးလို့ Acetylcholine, Dopamine, Serotonin, epinephrine and Glutamate တွေပိုထွက်လာမယ်။ • Acetylcholine ဆိုတာ သတိထားမှု၊ အာရုံစူးစိုက်မှု၊ လေ့လာမှု၊ မှတ်ဥာဏ်တွေအတွက် အသုံးဝင်တယ်။ • Increased alertness သတိရှိမှုပိုမယ်။ • Decreased fatigue အားယုတ်တာ သက်သာမယ်။ • Increase the metabolic rate ကိုယ်ခန္ဓာအလုပ်တွေ