Skip to main content

Posts

Showing posts from October 26, 2014

အလွတ်သတင်းထောက် ကိုပါကြီးသေဆုံးမှု တပ်မတော်၏ ထုတ်ပြန်ချက် ကွာဟမှု ရှိနေဟု ဇနီးဖြစ်သူ ပြောဆို

အောက်တိုဘာ ၂၆ရက်၊ ၂၀၁၄ခုနှစ်။ အလွတ်တန်း သတင်းထောက် ကိုပါကြီး (ခ) ကိုအောင်ကျော်နိုင် သေဆုံးမှုနှင့် ပတ်သက်ပြီး အောက်တို ဘာလ ၂၄ရက် နေ့စွဲ ဖြင့် ထုတ်ပြန်သည့် မြန်မာ အစိုးရ တပ်မတော်၏ ကြေညာချက်မှာ ကွာဟမှုများ ရှိနေသည်ဟု ကိုပါကြီး၏ ဇနီး မသန္တာက ကေအိုင် စီသို့ ပြောဆိုသည်။ အောက်တိုဘာလ ၁၉ရက်နေ့က ကိုပါကြီး၏ဇနီး မသန္တာသည် နော်အုန်းလှ၊ မွန်အမျိုးသားပါတီမှ နိုင်စိုးမြတို့နှင့်အတူ မွန်ပြည် နယ်၊ ကျိုက်မရောနယ်မြေရှိ ခြေမြန်တပ်ရင်း(၂၀၈) ရောက်ရှိခဲ့စဉ်တွင် တပ်ရင်းဗိုလ်မှုးကြီးစန်းမင်းအောင်က ကိုပါကြီးကို စက်တင်ဘာလ၂၈ရက်နေ့က ဖမ်းဆီးခဲ့ကြောင်း ပြောဆိုခဲ့သည်။ ၎င်းနောက် တစ်လနီးပါးအကြာ အောက်တိုဘာလ ၂၃ရက်နေ့ တွင် ကိုပါကြီးက ကျိုက်မရောမြို့နယ်ရှိ ရွှေဝါချောင်ကျေးရွာတောင်ဘက် ကီလိုမီတာ တစ်ထောင်အကွာ၌ ကင်းစောင့်စစ်သည် ထံမှ သေနတ်လု ထွက်ပြေးရန် ကြိုးစားစဉ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် အသေဖမ်းမိကြောင်း စစ်တပ်က ထုတ်ပြန်ထားသည်။ မသန္တာက “အခု သူတို့ထုတ်တဲ့သတင်းမှာ စက်တင်ဘာ ၃၀ရက်နေ့က ဖမ်းတယ်ပြောတယ်။ ဒါတစ်ချက်မှားတယ်။ နောက်တစ် ခုက ကျမသွားတာ အောက်တိုဘာ ၁၉ရက်နေ့ ကျမအမျိုးသား ကွယ်လွန်တာ အသတ်ခံရတာ အောက်တိုဘာလ ၄ရက်နေ့လို့ ပြောတယ်။ ဒါဆို ကျမသွားတ

ကရင်နီပြည်လူငယ်အဖွဲ့ ကားမှောက် ၁ ဦးသေ၊ အများအပြားဒါဏ်ရာရ

အောက်တိုဘာ ၂၆ ရက် ယနေ့ နေပြည်တော်သို့ လွှတ်တော် လေ့လာရေးခရီး သွားနေကြသော ကရင်နီပြည်လူငယ်များ သမဂ္ဂ(UKSY) အဖွဲ့ ညနေ ၃ နာရီခန့် နေပြည်တော် တပ်ကုန်းမြို့ အဝင်တွင် ကာတိမ်းမှောက်မှု ဖြစ်ပွားခဲ့သည်။ အယောက်သုံးဆယ်ခန့် လိုက်ပါလာသော ၎င်းယာဉ်တွင် အဖွဲ့ဝင် တစ်ဦး သေဆုံးခဲ့ပြီး၊ ဒဏ်ရာရရှိသူ အများအပြား ရှိသောကြောင့် နေပြည်တော် တပ်ကုန်း ဆေးရုံတွင် ဆေးကုသမှု ခံယူနေကြရကြောင်း သိရသည်။ ကန္တာရဝတီတိုင်း(မ်) http://ift.tt/1oNwld7 from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/ZSpGlU

Kobani မြို့တိုက်ပွဲ ၈၀၀ ကျော်သေဆုံးပြီ

တူရကီနိုင်ငံအနီး ဆီးရီးယားနယ်စပ်ဖြစ်တဲ့ Kobani မြို့ကို ထိန်းချုပ်နိုင်ဖို့အတွက် IS အစ္စလာမ်မစ် စစ်သွေးကြွတွေနဲ့ ကာ့ဒ်လူမျိုးစု တိုက်ခိုက်ရေး သမားတွေကြား သီတင်း ၆ ပတ်ကြာ မြေပြင်တိုက်ခိုက်မှု တွေ အတွင်း လူပေါင်း ၈၀၀ ကျော် သေဆုံးခဲ့တယ်လို့ ဆီးရီးယား တက်ကြွလှုပ်ရှား သူတွေက ပြောပါတယ်။ သေဆုံးသူတွေထဲမှာ ဂျီဟာ့ဒ် အစွန်းရောက် စစ်သွေးကြွတွေ (၅၀၀) နီးပါးနဲ့ ခါ့ဒ် တိုက်ခိုက်ရေးသမား (၃၀၀) ကျော် ပါရှိတယ်လို့ ဗြိတိန်နိုင်ငံမှာ အခြေစိုက်တဲ့ ဆီးရီးယားလူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။ နောက်ထက် ၅၅၀ ဒါမှမဟုတ် အဲဒီထက်ကျော်တဲ့ အရေအတွက်ကတော့ ပြီးခဲ့တဲ့လ အမေရိကန်ဦးဆောင်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေအတွင်း သေဆုံးခဲ့ကြရတာပါ။ အများစုဟာ အစ္စလာမ်မစ် စစ်သွေးကြွတွေဖြစ်ကြတယ်လို့ ဆိုပါတယ်။ မြေပြင်တိုက်ခိုက်မှုတွေအတွင်း အရပ်သား ၂၁ ဦးသေဆုံးပြီ၊ Kobani မြို့နေလူထုအများစုဟာ တူရကီနိုင်ငံမှာ ဖွင့်လှစ်ထားတဲ့ ဒုက္ခသည်စခန်းတွေဆီကို ထွက်ပြေးခဲ့ကြတယ်လို့ လူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။ ဆီးရီးယားနိုင်ငံကနေ တူရကီကို ထွက်ပြေးကြတဲ့ ဒုက္ခသည်အရေတွက်ဟာ ၂ သိန်းကျော် ရှိတယ်လို့ ဆိုပါတယ်။ အမေရိကန်တိုက်လေယာဉ်တွေဟာ IS စစ်သွေးကြွတွေရဲ့ ပစ်မှတ်တွေကို ၅

သတင်းထောက် ကိုပါကြီးသေဆုံးမှု အမှုဖွင့်ခွင့်ရရှိ

အလွတ်တန်း သတင်းထောက် ကိုပါကြီး သေဆုံးမှုနဲ့ ပတ်သက်ပြီး ဇနီးဖြစ်သူ မသန္တာက မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ရဲစခန်းမှာ အောက်တိုဘာ ၂၆ ရက်နေ့က အမှုဖွင့် တိုင်ကြားခွင့် ရသွားပါတယ်။ အဲဒီနေ့ မနက်ပိုင်းက အမှုဖွင့်တာကို လက်မခံဘဲ ညနေပိုင်း နောက်တကြိမ် သွားရောက်မှ သေမှု သေခင်း အမှတ် ၁၁/ ၂၀၁၄ နဲ့ အမှုဖွင့်ခွင့်ရတာ လို့ ဒေါ်သန္တာက ပြောပါတယ်။ ပုဒ်မ ၁၇၆ အရ သေမှုသေခင်း အမှုဖွင့်ပြီး အလောင်း ကို ပြန်လည်ရ ယူနိုင်ဖို့နဲ့ ပြန်လည် စစ်ဆေးနိုင်ဖို့ကို လည်း တောင်းဆိုလိုက်ပါတယ်။ တရားလိုဘက် ကနေ ရှေ့နေ ရောဘတ်ဆန်းအောင်က လိုက်ပါ ကူညီဆောင်ရွက်ပေးနေပါတယ်။ ကိုပါကြီး ခေါ် ကိုအောင်ကျော်နိုင်ဟာ အဖမ်းခံရပြီး ၁ လနီးပါးအကြာမှာ သေဆုံးသွားပြီလို့ အစိုးရတပ်က ထုတ်ပြန်ခဲ့တာပါ။ ကိုပါကြီးဟာ မွန်ပြည်နယ်က တိုက်ပွဲသတင်း လိုက်ရင်းနဲ့ စက်တင်ဘာ ၃၀ ရက်နေ့က ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။ သူ့ကို မြန်မာစစ်တပ်က ဖမ်းဆီးထိန်းသိမ်းထားစဉ် ထွက်ပြေးတဲ့အတွက် ပစ်ခတ်ဖမ်းဆီးရာမှာ သေဆုံးသွားခဲ့တာလို့ အောက်တိုဘာလ ၂၃ ရက် နေ့စွဲနဲ့ မြန်မာဇာနယ်ဇင်းကောင်စီ ယာယီက တဆင့် ဖြန့်ဝေတဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ By ဒီဗွီဘီ http://ift.tt/1DRyt70 from သစ်ထူးလွင

မျက်ကွင်းညိုခြင်း ကင်းဝေးစေဖို့

မျက်ကွင်း ညိုခြင်းသည် ရောဂါတစ်ခု မဟုတ်ပါ။ မျက်လုံး ပတ်ပတ်လည်တွင် အာဟာရပြု ထောက်ပံ့နေသည့် ဆံချည်မျှင် သွေးကြောလေး များထဲတွင် ရှိသော ဟေမိုဂလိုဘင် များ ပျက်စီး ဆုံးရှုံးခြင်းမှ ထွက်ပေါ် လာသော ရလဒ်တစ်ခု ဖြစ်ပါသည်။ မျက်ကွင်း ညိုနေခြင်း သည် မိန်းကလေးများ အဖို့ အလှတစ်ခု ပျက်ယွင်းဆုံးရှုံး နေသကဲ့သို့ ဖြစ်နေသည်။ ထို့ကြောင့် မျက်ကွင်းညိုခြင်း ကို ဖြစ်စေ တတ်သော အခြေအနေ များနှင့် မျက်ကွင်းညိုခြင်း ကို မည်သို့ ကာကွယ်သင့် သည်ကို ဖော်ပြပေး လိုက်ပါသည်။ မျက်ကွင်းညိုခြင်း သည် အောက်ပါ အကြောင်းအရင်း များကြောင့် ဖြစ်စေပါ သည်။ မျိုးရိုးလိုက်ခြင်း၊ အိုမင်းရင့်ရော် လာခြင်း၊ နေရောင်ခြည်နှင့် မကြာခဏ ထိတွေ့ခြင်း၊ နေ့စဉ်ရက်ဆက် ပင်ပန်း နွမ်းနယ်ခြင်း၊ စိတ်ဖိစီးမှု များခြင်း၊ ရေဓာတ် ခန်းခြောက်ခြင်း၊ ကွန်ပျူတာ၊ တီဗွီ မှန်သားပြင် ရှေ့တွင် အချိန် ကြာမြင့်စွာ အာရုံစိုက် ကြည့်ရှုတတ်ခြင်း၊ နှင်းခူ ကဲ့သို့သော ဓာတ်မတည့်သည့် ရောဂါများ ရှိနေခြင်း၊ ထိပ်ကပ်နာ ကဲ့သို့သော နှာခေါင်းနှင့် ပတ်သက်သည့် ရောဂါများ ရှိနေခြင်း တို့ကြောင့် ဖြစ်စေ နိုင်သည်။ မျက်ကွင်းညိုခြင်း မဖြစ်အောင် ဘယ်လို နည်းတွေနှင့် ကာကွယ်ကြ မလဲ။ မျက်ကွင်း ညိုခြင်း ကို

The Street View Journal Vol-3,Issue-41

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။ from သစ်ထူးလွင် (သတင်းစာ၊ ဂျာနယ်နှင့် ရုပ်သံ) - Myanmar News Now http://ift.tt/12MCuw5 via IFTTT

SSPP/SSA ၏ မူစယ် နမ့်ခမ်းရုံးတာဝန်ခံအား စစ်ဘက်လုံခြုံရေးတပ်ဖွဲ့ ဝင်ရောက်မေးမြန်း

အောက်တိုဘာ ၂၇ ရက် ၂၀၁၄ သျှမ်းပြည် မြောက်ပိုင်း မူစယ် နှင့် နမ့်ခမ်း မြို့ ရှိ သျှမ်းပြည်တိုးတက်ရေး ပါတီ သျှမ်းပြည်တပ်မတော် စီးပွားရေး တာဝန်ခံရုံးအား ယနေ့ အစိုးရ ၏ စစ်ဘက်လုံခြုံရေး တပ်ဖွဲ့ ဝင်များက ရှောင်တခင်ရောက်ရှိ ကာ အကြောင်း အမျိုးမျိုး မေးမြန်းခဲ့သည်ဟု သိရသည်။ အောက်တိုဘာ ၂၆ ရက် နံနက် ၁၁ အချိန်ခန့်တွင် မူစယ်မြို့ စရဖ ဗိုလ်ကြီးစိုင်းထက်ပြည့် စုံအောင်၊ တပ်ကြပ်ကြီး ဇာနည်က မူစယ်မြို့ SSPP/SSA စီးပွားရေးတာဝန်ခံရုံးအား လည်းကောင်း၊ နမ့်ခမ်းမြို့ တပ်ဆွယ်မှူး၏ တပည့်ကလည်း SSPP/SSA ရုံးတာဝန်ခံ၏ ကိုယ်ရေးအကျဉ်းကို ပါပေးရန် နှစ်ကြိမ် တိုင်တိုင် သွားရောက်မေးမြန်းခဲ့သည်ဟု ပြောသည်။ “အရင်ဆုံးက ဦးစိုင်းကျန် နဲ့ ဦးစိုင်းနု ဘယ်သွားလဲတဲ့။ ပြီးတော့ ခင်ဗျားတို့ ဒီရုံးဖွင့်တာ ဘယ်သူ့ ခွင့်ပြုချက်နဲ့ဖွင့်ထားလဲတဲ့။ ဘာလုပ်မလဲမသိဘူး။ သဘောရိုးတော့မဖြစ်နိုင်ဘူး။ နမ့်ခမ်းရုံးကိုလဲ နှစ်ကြိမ် သွားတယ် ဒီနေ့။ ရုံးတာဝန်ခံဘယ်သူလဲ၊ ကိုယ်ရေးအကျဉ်းပေး စသဖြင့် တောင်းတယ်” - တရုတ်နယ်စပ်ရောက် SSPP/SSA အရာရှိကြီးတဦးကပြောသည်။ ထောက်လှမ်းရေး အသိုင်းအဝိုင်းနှင့် နီးစပ်သူတဦးက မူ အထက်အမိန့်အရ စစ်ဆေးမေးမြန်းမှု ပြုလုပ်ရခြင်း ဖြစ်ကြောင်

ရိုဟင်ဂျာတွေ သောင်းနဲ့ချီပြီး ပင်လယ်ဘက် ထွက်နေကြတယ် ဆိုပြီး လူ့အခွင့်အရေး အဖွဲ့က ပြော

အခု သီတင်းပတ် တွေထဲမှာ ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တော ဘက်က ရိုဟင်ဂျာတွေ ဟာ သောင်းနဲ့ချီ ပြီး ရေလမ်းကနေ တဆင့် ထွက်လာ နေတယ်လို့ ရခိုင် ပြည်နယ်တွင်း လူ့ အခွင့်အရေး ချိုးဖောက် မှုတွေကို စောင့်ကြည့် လေ့လာတဲ့ အဖွဲ့ Arakan project က သတင်း ထုတ်ပြန် ခဲ့ပါတယ်။ သူတို့ဟာ လှေတွေနဲ့ ထွက်ကြတာ ဖြစ်ပြီး၊ ဒီလို အများအပြား ထွက်နေတာ ဟာ အရင် နှစ်တွေ နဲ့ နှိုင်းစာရင် ထွက်လာတဲ့ နှုန်း ပိုများလာတဲ့ စိုးရိမ်စရာ အခြေအနေ ဆိုပြီး Arakan project ရဲ့ ဒါရိုက်တာ ခရစ် လယ်ဝါး က ဘီဘီစီ ကို ပြောပါတယ်။ မြန်မာ နယ်ခြားစောင့် ရဲတပ်ဖွဲ့ က ရိုဟင်ဂျာ သွေးစည်း ညီညွတ်ရေး အဖွဲ့ RSO ကို နှိမ်နှင်းဖို့ အတွက်လို့ ဆိုပြီး ရိုဟင်ဂျာ တွေကို ပစ်မှတ်ထား ဖမ်းဆီး ဖိနှိပ်မှုတွေ လုပ်နေတာ တွေကြောင့် အခုလို လှေနဲ့ စွန့်ခွာ ထွက်ပြေး နေကြတာ ဖြစ်နိုင်ကြောင်း လည်း မစ္စတာ လယ်ဝါးက သူ့ ယူဆချက် ကို ပြောပါတယ်။ ဒါပေမယ့် ရခိုင်ပြည်နယ် အစိုးရ ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဝင်းမြိုင် ကတော့ RSO နဲ့ ပတ်သက်တယ် ဆိုပြီး လူတွေ ဖမ်းဆီး တာလည်း မရှိသလို၊ Arakan project က ထုတ်ပြန်သလို လူတွေ အများကြီး ရခိုင် က ထွက်နေတယ် ဆိုတာလည်း မဟုတ်ဘူးလို့ ငြင်းဆိုပါတယ်။ ဘီဘီစီ (မြန်မ

ရွှေမှော်လုပ်ငန်းတွေမှာ မူးယစ်ဆေး ဖြန့်ဖြူးမှု တားပေးဖို့ ဆန္ဒပြ

စစ်ကိုင်းတိုင်း ဒေသကြီး ကသာခရိုင် ဗန်မောက် မြို့နယ်က ရွှေမှော်လုပ်ငန်းတွေရှိတဲ့ ကျေးရွာတွေမှာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖြန့်ဖြူးမှုရှိနေတာကို အရေးယူပေးဖို့ ဒေသခံ ငါးရာနီးပါးလောက်က ဗန်းမောက်မြို့မှာ ဒီနေ့ ဆန္ဒပြတောင်းဆို ခဲ့ကြပါတယ်။ မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး လာဘ်ပေးလာဘ်ယူမှု ကင်းရှင်းရေးအတွက် တောင်းဆိုကြတာလို့ ဒီနေ့ ဆန္ဒပြပွဲကိုဦးဆောင်သူတစ်ဦးဖြစ်တဲ့ ဗန်းမောက် မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ အတွင်းရေးမှူး ကိုညီညီဟန်က RFA ကို ပြောပါတယ်။ "ကျနော်တို့ဒေသက ရွှေထွက်တဲ့ဒေသဆိုတော့ စီးပွားရေး မူးယစ်ဆေးဝါးရောင်ချတဲ့ သူတွေက ဈေးကွက်တစ်ခုအနေနဲ့ဝင်ပြီးတော့ ကျနော်တို့ဆီမှာ ရောင်းချတဲ့အတွက် ကျေးရွာတိုင်းလိုလို၊ ရပ်ကွက်တိုင်းလိုလိုမှာ ကျနော်တို့ မူးယစ်ဆေး ဝါးရောင်းချသူ၊ သုံးစွဲသူတွေရှိနေပါတယ်၊ အဲ့ဒါကြောင့်မို့လို့ ကျနော်တို့ ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ပါတယ်၊ နံပါတ် ၁ ကျနော်တို့ မူးယစ်ဆေးဝါး ရောင်းဝယ်မှု ကာကွယ်တားဆီးနှိမ်နင်းရေး၊ နံပါတ် ၂ ကတော့ ကျနော်တို့ မူးယစ်ဆေးဝါးနဲ့ ပါတ်သက်ပြီး အသေးစိတ် ဖြေရှင်းစေရေး၊ နံပါတ် ၃ က တရားဥပဒေ စိုးမိုးမှု အခိုင်အမာရရှိရေး၊ နံပါတ် ၄ မူးယစ်ဆေးစွဲသူများ ဆေးစွဲရာတွင

အမေရိကန်နဲ့ ဗြိတိန် စစ်စခန်းတွေ အာဖဂန်မှ ရုပ်သိမ်း

၂၀ဝ၆ခုနှစ် ကတည်းက Helmand ပြည်နယ်မှာ ဗြိတိသျှတို့ရဲ့ ယူနီယံဂျက် အလံလွှင့်ထူလာခဲ့တာ အခုတော့ Bastion စစ်အခြေစိုက် စခန်းမှာ သာမန် အခမ်းအနားတခုနဲ့ နောက်ဆုံး အလံတိုင်ထိပ်က နေဖြုတ်ချ လိုက်ပါပြီ။ ဒါဟာ ဗြိတိန်နိုင်ငံ အတွက်တော့ အာဖဂန် စစ်ပွဲပြီးဆုံး သွားပြီဆိုတဲ့ သင်္က࿿တေလို့ အဓိပ္ပါယ် ယူလို့ရပါတယ်။ ဒီအခမ်းအနားမှာ အမေရိကန် မရိန်းတပ်သားတွေ အာဖဂန်စ စ်သားတွေက ဂုဏ်ပြုတပ်ဖွဲ့အနေနဲ့ တက်ရောက်ပြီး သုံးနိုင်ငံ အမျိုးသား သီချင်းတွေနဲ့အတူ အလံတော်ကို အလေးပြု ခဲ့ကြပါတယ်။ အာဖဂန် စစ်ပွဲတွေအတွင်း ဗြိတိသျှ တပ်သား ၄၅၀ကျော် သေးဆုံးခဲ့ပါတယ်။ အခုအခါ အာဖဂန် လုံခြုံရေး အဖွဲ့တွေက စတင်ပြီး တိုက်ခိုက်မှုတွေ အတွက်တာဝန် ယူကြမှာ ဖြစ်ပါတယ်။ အခုအချိန်အထိ အာဖဂန် တပ်ဖွဲ့ဝင်ပေါင်း ၄၀ဝ၀လောက် သေဆုံးရပြီဖြစ်ပါတယ်။ စခန်း စဖွင့်တုန်းကတော့ ယူကေ အစိုးရက တိုင်းပြည် ပြန်လည် တည်ဆောက်ရေးအတွက် ကာကွယ်ဖို့ လို့ပြောခဲ့ပေမယ့် တာလီဘန်တွေကို ခုံခံရတဲ့ တိုက်ပွဲတွေနဲ့ ရင်ဆိုင်ရုန်းကန် ခဲ့ကြရပါတယ်။ အခုအချိန်အထိလည်း တာလီဘန်တို့ရဲ့ ခြိမ်းချောက်မှု ရှိနေတုန်းဘဲလို့ကာကွယ်ရေး ဝန်ကြီးက ဝန်ခံသွားပါတယ်။ ခရစ္စမတ်အမီ ယူကေတပ် အားလုံးနီးပါး ပြန်လာပြီး အရာရှိ သင်တန်း

လေကြောင်း ပစ်ကူပေးဖို့ ကိုဘာနီမြို့ ကာ့ဒ်တွေက တောင်းဆို

ဆီးရီးယား နိုင်ငံထဲက ကာ့ဒ် မျိုးနွယ်စု တွေ အဓိက နေထိုင်ရာ ကိုဘာနီမြို့ ကို ဆွန်နီ အစွန်းရောက် IS တွေ လက်ထဲ မကျရောက်အောင် ကာကွယ် နေကြတဲ့ ကာ့ဒ် တပ်ဖွဲ့ဝင်တွေ ဟာ IS တို့ရဲ့ စစ်ကူယာဉ်တွေ အပေါ် ပစ်မှတ်ထား တဲ့ လေကြောင်း ပစ်ကူတွေ ပိုမို ပြုလုပ်ပေးဖို့ တောင်းဆို နေကြပါတယ်။ IS တွေရဲ့ အခိုင်အမာ ထိန်းချူပ် နယ်မြေ ဖြစ်တဲ့ ရက်ခါမြို့လို နေရာတွေကနေ တင့်ကားတွေ၊ လက်နက်ကြီးတွေ နဲ့ ဗုံးဆံတွေ အပါအဝင် ထောက်ပံ့ရေး ပစ္စည်းတွေဟာ ကိုဘာနီ ကို တိုက်နေတဲ့ IS တပ်ဖွဲ့ ဝင်တွေဆီ ရောက်လာ နေတယ်လို့ ကာ့ဒ်တပ်ဖွဲ့ ရဲ့ တပ်မှုးတစ်ဦး ဖြစ်တဲ့ အာ့စ်ရာ အဗ္ဗဒူလာက ဆိုပါတယ်။ IS တွေရဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေ ပြန်လည် စတင် လာနေတဲ့ အတွက် ကိုဘာနီမြို့ ကနေ မီးခိုးတွေ အူတက် လာနေတာ တွေ့ရတယ် ဆိုပြီး ကိုဘာနီ အနီး တူရကီ ဘက်ခြမ်းက လာတဲ့ သတင်းတွေ အရ သိရပါတယ်။ အမေရိကန် ဦးဆောင်တဲ့ မဟာမိတ် တပ်တွေရဲ့ လေကြောင်း တိုက်ခိုက်မှု တွေကြောင့်၊ ပြီးခဲ့တဲ့ သီတင်းပတ်တုန်း ကတော့ ကိုဘာနီကို တိုက်ခိုက်နေတဲ့ IS တပ်တွေကို ပြန်လည် ဆုတ်ခွာစေခဲ့ပါတယ်။ ဘီဘီစီ (မြန်မာပိုင်း) http://ift.tt/1oMu4iq ကိုဘာနီကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှု IS တွေဘက်က ပြန်လည် စတင်။ from သစ်ထူ

Obama ခရီးစဉ်အတွက် လုံခြုံရေးအစီအစဉ် စတင်

အရှေ့တောင် အာရှနိုင်ငံများ အသင်း အာဆီယံ ထိပ်သီး အစည်းအဝေးကို တက်ရောက်ဖို့ အတွက် အမေရိကန်သမ္မတ Mr Obama ဟာ နေပြည်တော် ကို ရှေ့လအတွင်းမှာ လာရောက်မှာဖြစ်တဲ့ အတွက် နေပြည်တော် ဟိုတယ်တွေမှာ လုံခြုံရေး အပြည့်အဝ စတင် ဆောင်ရွက်ထားပြီလို့ နယ်မြေခံ လုံခြုံရေးတာဝန်ကျသူ တစ်ဦးက RFA ကို ပြောပါတယ်။ သမ္မတအိုဘားမားဟာ လာမယ့်နိုဝင်ဘာလ ၉ ရက်ကနေ ၁၃ ရက်အထိ နေပြည်တော်မှာ ကျင်းပမယ့် ၂၅ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကို လာရောက်မှာဖြစ်ပါတယ်။ သမ္မတအိုဘားမား တည်းခိုမယ့်ဟိုတယ်ကို လုံခြုံရေးအရ ကြိုတင်အသိပေးမထားပေမယ့် တည်းခိုမယ်လို့ သတင်းထွက်ပေါ်နေတဲ့ ကမ်ပင်စကီ ဟိုတယ် Kempinski Hotel ရဲ့ အထွေထွေမန်နေဂျာ Mr. Franck Droin ကို RFA ကမေးမြန်းရာမှာ ဧည့်သည်တွေရဲ့ လုံခြုံရေးအတွက် ထုတ်ဖော်ပြောခွင့်မရှိဘူးလို့ ပြောပါတယ်။ သမ္မတအိုဘားမား တည်းခိုဖို့အတွက် သက်ဆိုင်ရာက ကြယ်ငါးပွင့်အဆင့် ဟိုတယ်သုံးလုံးကို လျာထားပြီး မန်းမြန်မာဟိုတယ်ကိုတော့ အမေရိကန်သမ္မတရဲ့ ဝန်ထမ်းတွေ တည်းခိုဖို့ အခန်းပေါင်းတစ်ရာကျော်ရှိတဲ့ ဟိုတယ်တခုလုံးကို ငှားရမ်းထားပြီး ဖြစ်တယ်လို့ဆိုပါတယ်။ အာဆီယံထိပ်သီးအစည်းအဝေးနဲ့ အမေရိကန် သမ္မတအိုဘားမား ခရီးစဉ်အတွက် အမြင့်ဆုံး လံ

တယ်လီနော ဆင်းကတ်များ ရန်ကုန်မြို့တွင် စတင်ရောင်းချ

ပြည်တွင်းမှာ ဆက်သွယ်ရေး လုပ်ငန်း လုပ်ကိုင်ခွင့် ရထားတဲ့ နော်ဝေ အခြေစိုက် တယ်လီနော ကုမ္ပဏီ ကနေ မိုဘိုင်း ဆင်းကတ် ၁ သန်းကို အောက်တို ဘာလ ၂၆ ရက်နေ့က ရန်ကုန်မြို့မှာ ရောင်းချပေး နေပါတယ်။ မှောင်ခို ဈေးကွက် ဖြစ်ပေါ် မလာဖို့ အတွက် ပုံမှန် ရောင်းချဈေး ၁၅၀၀ ကျပ်နဲ့ မှတ်ပုံတင်တစ်ခုကို ဆင်းကတ် ၁ ကတ်နှုန်း ရောင်းချ ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ မန္တလေးမြို့မှာ တယ်လီနော ဆင်းကတ်တွေကို စက်တင်ဘာ ၂၇ ရက်နေ့ကတည်းက စတင် ရောင်းချပေး ခဲ့တာပါ။ လောလောဆယ်မှာ အော်ရီဒူးက ရောင်းချတဲ့ ဆင်းကတ်တွေ ခေါ်ဆိုရတာ အခက်အခဲ ရှိနေတဲ့အတွက် တယ်လီနောက စောင့်ကြည့်သုံးစွဲရမယ့် အနေအထား ဖြစ်တယ်လို့ သုံးစွဲသူတွေက ပြောဆိုနေကြပါတယ်။ By ဒီဗွီဘီ http://ift.tt/1tVRRhQ from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1tVRPGT

လက်ဘနွန်စစ်တပ်နှင့် အစ္စလာမ္မစ် စစ်သွေးကြွအဖွဲ့များကြား ပဋိပက္ခပြင်းထန်

လက်ဘနွန်နိုင်ငံ မြောက်ပိုင်း ထရီပိုလီမြို့က လမ်းတွေပေါ်မှာ ပေါက်ကွဲမှုတွေနဲ့ သေနတ်ပစ်ခတ်မှုတွေ အပြီး အောက်တိုဘာလ ၂၅ ရက်နေ့က လက်ဘနွန်စစ်တပ်နဲ့ အစ္စလာမ္မစ် စစ်သွေးကြွတွေကြား ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပါတယ်။ အောက်တိုဘာလ ၂၄ ရက်နေ့ကလည်း ထရီပိုလီမြို့တွင်း စစ်တပ်နဲ့ အစ္စလာမ္မစ်သေနတ်သမား တွေကြား အရင်တိုက်ပွဲအတွင်း အနည်းဆုံး စစ်သွေးကြွ ၂ ယောက် သေဆုံးပြီး အရာရှိ တယောက် အပါအဝင် စစ်သား ၆ ယောက် ဒဏ်ရာရ ထားပါတယ်။ ဒီစစ်သွေးကြွတွေ ဘယ်အုပ်စုကလဲ ဆီးရီးယားကလား လက်ဘနွန်တွေပဲလားဆိုတာ ချက်ချင်း ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဆီးရီးယားသူပုန်တွေနဲ့ အမာခံ လက်ဘနွန် ဆွန်နီ အစ္စလာမ္မစ်တွေကတော့ လက်ဘနွန်စစ်တပ်ဟာ ရှီးယိုက် ဟဇ်ဘိုလာတွေနဲ့ အတူတွဲလုပ်နေ တယ်လို့ စွပ်စွဲ ထားပါတယ်။ ဟဇ်ဘိုလာတွေဟာ ဆီးရီးယားသမ္မတ ဘတ်ရှားအယ်လ်အာဆတ်ကို ကူညီဖို့ တိုက်ခိုက်ရေး သမားတွေ စေလွှတ်ပေးခဲ့တာပါ။ အောက်တိုဘာလ ၂၄ ရက်နေ့ကလည်း မြောက်ပိုင်းမြို့ အာဆွန်က တိုက်ခန်းစီးနင်းမှုအတွင်း လက်ဘ နွန်စစ်သားတွေက ယောက်ျား ၃ ယောက်ကို အသေဖမ်းမိပြီး တခြားလူ အတော်များများကို အရှင်ဖမ်းမိခဲ့ ပါသေးတယ်။ လက်ဘနွန်နိုင်ငံတလွှား တိုက်ပွဲတွေ ဗုံးခွဲမှုတွေ ပြန်ပေ

ဂျပန်အဘိုးအိုအား သတ်ဖြတ်ခဲ့သည့် ထိုင်းစုံတွဲ အခြားလူသတ်မှုဖြင့် ထပ်မံစွဲချက်တင်ခံရ

ဂျပန်အဘိုးအိုတစ်ဦးကို သတ်ဖြတ်မှုဖြင့် ဖမ်းဆီးထားသည့် ထိုင်းလင်မယားအား ထိုင်းရဲများက အခြား လူသတ်မှုများဖြင့် ထပ်မံ၍ စွဲချက်တင်လိုက်ကြောင်း သိရ သည်။ ဖနာချန်နော့ ချိုင်ယာပါနှင့် ဆွမ်ချိုင်း ကွယ်ဘန်ယန်တို့သည် အသက် ၇၉ နှစ်အရွယ် ဂျပန်အဘိုးအို ယိုရှီနိုရီရှီမာတိုအား သတ်ဖြတ်မှုဖြင့် ကြာသပတေး နေ့က အဖမ်းခံခဲ့ရခြင်းဖြစ်သည်။ အဆိုပါအဘိုးအို ပျောက်ဆုံးပြီးနောက် တစ်လအကြာတွင် ခုတ်ထစ်ဖြတ်တောက်ထားသည့် အဘိုးအို၏အလောင်းအား ဗန်ကောက်မြို့ တော်အနီး တူးမြောင်းတစ်ခုအတွင်း ရှာဖွေတွေ့ရှိခဲ့သည်။ ထိုင်းရဲများက ၂၀၀၃ ခုနှစ်အတွင်း အသတ်ခံခဲ့ရသည့် ဂျပန်အမျိုးသား ကာဆူတိုရှီတာနာကာ အမှုနှင့်ပတ်သက်၍လည်း လူသတ်မှု ကျူးလွန်သည်ဟု ယူဆရသူနှစ်ဦးကို မေးခွန်းများ မေးမြန်းခဲ့သည်။ တာနာကာသည် ချိုင်ယာပါ အား လက်ထပ်ပြီးနောက် တစ်နှစ်အကြာတွင် နေအိမ်လှေကားမှပြုတ်ကျကာ သေဆုံး ခဲ့သည်ဟု ထိုစဉ်က သတင်းများထွက်ပေါ်ခဲ့သည်။ ကွယ်ဘန်ယန်ကမူ တာနာကာ အား လှေကားမှတွန်းချကြောင်းနှင့် သေသည်အထိ ကန်ကျောက်ခဲ့ ကြောင်း ၀န်ခံထားသည်။ အမျိုးသမီးဖြစ်သူကမူ လူသတ်မှုတွင် တစ်စုံတစ်ရာပါဝင်ခြင်းမရှိကြောင်း ငြင်းဆိုထားသည်။ သူမအနေဖြင့် တာနာကာသေဆုံးပြီးနောက် အာမခံကြေးအမြောက်အများ

တစ်နေ့လျှင် ရေ ဖန်ခွက် ၁၀ ခွက် သောက်သုံးခြင်းသည် အဆီကို သိသိ သာသာ လျော့ကျစေနိုင်ကြောင်း သုတေသီများ လေ့လာတွေ့ရှိ

ကျွန်တော်တို့အနေနှင့် ယခုကဲ့သို့ အကြံပေးစကားမျိုးကို အကြိမ်ပေါင်းများစွာ ကြားဖူးခဲ့ကြပါသည်။ တစ်နေ့ လျှင် ရေ ၈ ဖန်ခွက်မှ ၁၀ ဖန်ခွက်ခန့် သောက်သုံးသင့်ပါသည်။ ကျွမ်းကျင်ပညာရှင်များက ကိုယ်အလေးချိန် များလွန်းသူများ၊ ပြုပြင်ထားသော အစားအသောက်များနှင့် အငန်ကဲလွန်းသော အစားအစာများကို စားသုံးခြင်း မှ ကယ်လိုရီဓာတ် အများဆုံး ရနေသူများ အနေဖြင့် ရေ ၈ ဖန်ခွက်မှ ၁၀ ဖန်ခွက်အထိ သောက်ခြင်း ဖြင့် အမှန်တစ်ကယ် ကိုယ်အလေးချိန် ကျစေနိုင်ကြောင်း အကြံပြု ပြောဆိုထားပါသည်။ ရေသောက်သုံးခြင်းသည် ကိုယ်အလေးချိန် အညွှန်းကိန်းကို ကျဆင်းစေနိုင် ပါ သည်။ အကယ်၍ တစ်နေ့လျှင် ရေ ၈ ဖန်ခွက်မှ ၁၀ ဖန်ခွက်ကို သောက်သုံး ပါက အစာစားသုံးမှု လျော့နည်းလာမည်ဖြစ်ပြီး ကယ်လိုရီ များပြား စွာပါ ဝင်သော ဖျော်ရည် စသည်တို့ကို သောက်သုံးမှုနည်းပါးသွားမည်ဖြစ်ပါသည်။ အစာမစားသုံးမီ အကြမ်းဖျင်း ရေတစ်ဖန်ခွက်ခန့်အား သောက်သုံးခြင်းဖြင့် ကယ်လိုရီများ ကို ချေဖျက်ပေးနိုင်ပြီး ကိုယ်အလေးချိန် ကျဆင်း စေနိုင်ပါ သည်။ ရေသည် ကိုယ်တွင်းအဆီများကို လောင်ကျွမ်းစေနိုင်ပါသည်။ ကယ်လိုရီမြင့်မားသော အဖျော် ယမကာများနှင့် နှိုင်းယှဉ်သည့်အခါ ရေသည် အဆီကို ၅၀ ရာခိုင်နှုန်းခန့် ပိုမိုလောင

ရွှေပြည်သာမြို့နယ်တွင် ပီအာစနစ်ကို ကန့်ကွက်ဆန္ဒပြ

ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်မှာ PR အချိးကျ ကိုယ်စားပြုစနစ်ကို ကန့်ကွက် ဆန့်ကျင်တဲ့ ဆန္ဒပြပွဲကို အောက်တိုဘာ ၂၆ ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။ ပီအာစနစ် ကန့်ကွက်ပွဲကို ပြည်သူတွေ ရာနဲ့ချီ တက်ရောက်ခဲ့ပြီး ရွှေပြည်သာမြို့နယ် ထန်းခြောက်ပင် လမ်းဆုံအနီး ပတ္တမြားလမ်းကနေ လှော်ကားလမ်းဆုံအထိ ချီတက် ဆန္ဒပြခဲ့တာ ဖြစ်ပါတယ်။ ပီအာ စနစ်ကို ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေ နိုင်ငံအနှံ့က မြို့ကြီးတချို့မှာ အရပ်ဖက် လူ့အဖွဲ့အစည်းတွေနဲ့ ဒေသခံတွေက ပူးပေါင်း လုပ်ဆောင်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ By ဒီဗွီဘီ http://ift.tt/1wvbPQN from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1oKnNUn