Skip to main content

ရွှေမှော်လုပ်ငန်းတွေမှာ မူးယစ်ဆေး ဖြန့်ဖြူးမှု တားပေးဖို့ ဆန္ဒပြ



စစ်ကိုင်းတိုင်း ဒေသကြီး ကသာခရိုင် ဗန်မောက် မြို့နယ်က ရွှေမှော်လုပ်ငန်းတွေရှိတဲ့ ကျေးရွာတွေမှာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖြန့်ဖြူးမှုရှိနေတာကို အရေးယူပေးဖို့ ဒေသခံ ငါးရာနီးပါးလောက်က ဗန်းမောက်မြို့မှာ ဒီနေ့ ဆန္ဒပြတောင်းဆို ခဲ့ကြပါတယ်။

မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး လာဘ်ပေးလာဘ်ယူမှု ကင်းရှင်းရေးအတွက် တောင်းဆိုကြတာလို့ ဒီနေ့ ဆန္ဒပြပွဲကိုဦးဆောင်သူတစ်ဦးဖြစ်တဲ့ ဗန်းမောက် မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ အတွင်းရေးမှူး ကိုညီညီဟန်က RFA ကို ပြောပါတယ်။


"ကျနော်တို့ဒေသက ရွှေထွက်တဲ့ဒေသဆိုတော့ စီးပွားရေး မူးယစ်ဆေးဝါးရောင်ချတဲ့ သူတွေက ဈေးကွက်တစ်ခုအနေနဲ့ဝင်ပြီးတော့ ကျနော်တို့ဆီမှာ ရောင်းချတဲ့အတွက် ကျေးရွာတိုင်းလိုလို၊ ရပ်ကွက်တိုင်းလိုလိုမှာ ကျနော်တို့ မူးယစ်ဆေး ဝါးရောင်းချသူ၊ သုံးစွဲသူတွေရှိနေပါတယ်၊ အဲ့ဒါကြောင့်မို့လို့ ကျနော်တို့ ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ပါတယ်၊ နံပါတ် ၁ ကျနော်တို့ မူးယစ်ဆေးဝါး ရောင်းဝယ်မှု ကာကွယ်တားဆီးနှိမ်နင်းရေး၊ နံပါတ် ၂ ကတော့ ကျနော်တို့ မူးယစ်ဆေးဝါးနဲ့ ပါတ်သက်ပြီး အသေးစိတ် ဖြေရှင်းစေရေး၊ နံပါတ် ၃ က တရားဥပဒေ စိုးမိုးမှု အခိုင်အမာရရှိရေး၊ နံပါတ် ၄ မူးယစ်ဆေးစွဲသူများ ဆေးစွဲရာတွင် ဥပဒေဘောင်အတွင်းမှ အကူအညီရရှိစေရေး အဲ့ဒီအချက်တွေ ကျနော်တို့ တောင်းဆိုတာဖြစ်ပါတယ်"


ဒီနေ့ ဆန္ဒပြပွဲကို ဗန်းမောက်မြို့ အနောက်ဘက် နားယကာရွာကနေ အရှေ့ဘက် အောင်သာကုန်းရွာအထိ တစ်မိုင်ကျော်ခရီးကို လမ်းလျှောက်ဆန္ဒပြခဲ့ကြတာဖြစ်ပြီး ဗန်းမောက်မြို့နယ် ကိုင်းကြီး၊ စက်တော၊ ပန်းတော၊ နားယကာ၊ အောင်သာကုန်းစတဲ့ကျေးရွာပေါင်း ၂ဝ ကျော်က ဒေသခံတွေ ပါဝင်ခဲ့ကြပါတယ်။


ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၅ ရက်နေ့ကလည်း စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်အတွင်းမှာ

မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေးကို ထိရောက်စွာဆောင်ရွက်ဖို့ ဒေသခံ ၆ဝဝ ကျော်က အင်းတော်မြို့မှာ ဆန္ဒပြခဲ့ကြပါတယ်။


RFA Burmese

http://ift.tt/1mveILg











ဟူးကောင်းဒေသ အလုပ်သမားတစ်ဦး ဘိန်းရှုရန် ဘိန်းပြောင်း ပြင်ဆင်နေပုံ (Photo: RFA)




from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/12LqFX3

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...