Skip to main content

Posts

Showing posts from May 14, 2014

မလေးရှားသို့ မြန်မာလုပ်သား စေလွှတ်မှု အဆင့်လျှော့ချ ရန်ကုန်၊ မေ ၁၄ အချိန်လေးလခန်...

မလေးရှားသို့ မြန်မာလုပ်သား စေလွှတ်မှု အဆင့်လျှော့ချ ရန်ကုန်၊ မေ ၁၄ အချိန်လေးလခန့်ကြာ စောင့်ဆိုင်းကာ သွားရောက် လုပ်ကိုင်နေရသည့် မလေးရှားနိုင်ငံသို့ မြန်မာလုပ်သားများ စေလွှတ်ရန် ခွင့်ပြုချက် တောင်းခံရာတွင် အလုပ်ခေါ်စာ (Calling Visa) တင်ပြရန် မလိုဘဲ ခွင့်ပြုပေးမည် ဖြစ်သဖြင့် အချိန် နှစ်လခန့်အတွင်း မလေးရှားနိုင်ငံသို့ သွားရောက် လုပ်ကိုင်နိုင်မည် ဖြစ်ကြောင်း မြန်မာပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ် (MOEAF) မှ အလုပ်အမှုဆောင် ဦးကိုလေးက ပြောကြားသည်။ မလေးရှားနိုင်ငံသို့ အလုပ်သမား စေလွှတ်ခွင့် အဆိုပြုလွှာ (Demand) တင်ပြရာတွင် Calling Visaကို တင်ပြရန် မလိုဘဲ ဘဏ်အာမခံချက် (Bank Grantee) ဖြင့် တင်ပြလျှောက်ရမည့် အစီအစဉ်ကို အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက မေလ ၁၂ ရက် နေ့က MOEAF နှင့် နေပြည်တော်တွင် တွေ့ဆုံစဉ် လက်ခံလိုက်ကြောင်း ၎င်းကဆိုသည်။ Bank Grantee ဆိုသည်မှာ မလေးရှား ကုမ္ပဏီတစ်ခုက နိုင်ငံခြားသား အလုပ်သမား ခေါ်ယူမည် ဆိုပါက မလေးရှားနိုင်ငံ ပြည်ထဲရေး ဝန်ကြီးဌာနကို ခွင့်ပြုချက် (KDN Approval letter) တင်ပြရပြီး ခွင့်ပြုချက်ရပါက လုပ်သားများ၏ နိုင်ငံကူး

ရခိုင်အမျိုးသားနေ့ သတ်မှတ်ပြီး ရက်ပိုင်းအတွင်း ရန်ကုန်နှင့် ရခိုင်တွင် ပွဲကျင်းပ...

ရခိုင်အမျိုးသားနေ့ သတ်မှတ်ပြီး ရက်ပိုင်းအတွင်း ရန်ကုန်နှင့် ရခိုင်တွင် ပွဲကျင်းပ ရန်ကုန်၊ မေ ၁၄ ရခိုင်အမျိုးသားညီလာခံတွင် သတ်မှတ်ခဲ့သည့် ရခိုင်အမျိုးသားနေ့ကို သတ်မှတ်ပြီး ရက်ပေါင်း ၁၃ ရက်အကြာတွင် ရန်ကုန်မြို့တော်နှင့် ရခိုင်ပြည်နယ်တို့တွင် ပထမဆုံးအကြိမ် ရခိုင်အမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနားကို မေလ ၁၄ ရက်နေ့က ကျင်းပခဲ့ကြောင်း ပွဲကျင်းပသူများထံမှ သိရှိရသည်။ ရခိုင်ပြည်နယ် စစ်တွေမြို့ ပြည်လုံးချမ်းသာ ဘုရားကြီး၌ ကျင်းပသည့် ရခိုင်အမျိုးသားနေ့ အခမ်းအနားတွင် နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်း၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ ရက္ခိုင့်တပ်မတော် ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးကြီး ဒေါက်တာ ညိုထွန်းအောင်တို့ တက်ရောက်ခဲ့ပြီး သံဃာတော်များ အပါအဝင် လူ ၁၅၀၀ ဝန်းကျင် တက်ရောက်ခဲ့ကြောင်း မြို့မိမြို့ဖ တစ်ဦးဖြစ်သူ ဦးသာပွင့်က ပြောကြားသည်။ ရန်ကုန်မြို့တော်တွင် ရွှေတိဂုံစေတီတော် အရှေ့ဘက်မုခ်ရှိ ရခိုင်ပြည်နယ် ဓမ္မာရုံတွင် ပြုလုပ်ခဲ့ပြီး လူပေါင်း ၃၀၀ ဝန်းကျင် တက်ရောက်ခဲ့ကြောင်း ပွဲစီစဉ်သူများထံမှ သိရှိရသည်။ ရခိုင်ပြည်နယ်ရှိ စစ်တွေ၊ ကျောက်ဖြူ၊ မင်းပြား၊ ကျောက်တော်၊ မြောက်ဦ

ကုန်ပစ္စည်း မဝယ်မီ အညွှန်းဖတ်ရန် စားသုံးသူသမဂ္ဂ တိုက်တွန်း ရန်ကုန်၊ မေ ၁၄ စားသုံး...

ကုန်ပစ္စည်း မဝယ်မီ အညွှန်းဖတ်ရန် စားသုံးသူသမဂ္ဂ တိုက်တွန်း ရန်ကုန်၊ မေ ၁၄ စားသုံးသူ အခွင့်အရေးကို ထိရောက်စွာ ဖော်ထုတ်နိုင်ရန်နှင့် လုပ်ငန်းရှင်များ အနေနှင့် မိမိတို့ ထုတ်ကုန်ကို တာဝန်ယူမှု ရှိစေရန် ရည်ရွယ်၍ စားသုံးသူများသည် ကုန်ပစ္စည်း မဝယ်မီ ကုန်ပစ္စည်း အညွှန်းများကို ဖတ်ရန် မြန်မာ့စားသုံးသူသမဂ္ဂ ဥက္ကဋ္ဌ ဦးရန်လင်းက တိုက်တွန်း ပြောကြားသည်။ စားသုံးသူများသည် ကုန်ပစ္စည်း မဝယ်မီ အညွှန်းများကို ဦးစွာ ဖတ်သင့်ပြီး ဝယ်ပြီးပါကလည်း အညွှန်းတွင် ဖော်ပြထားသည့် အချက်အလက်နှင့် ကုန်ပစ္စည်း ညီညွတ်မှု မရှိပါက စားသုံးသူ ကာကွယ်ရေး အသင်းများနှင့် ဗဟိုအစားအစာနှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) သို့ အသိပေး တိုင်ကြားလိုသည်ဟု ၎င်းကဆိုသည်။ အညွှန်းများသည် ကုန်ပစ္စည်း အကြောင်းကို စားသုံးသူသို့ ပြောပြခြင်း ဖြစ်ပြီး အကြောင်းတစ်စုံတစ်ရာ ပေါ်ပေါက်ပါကလည်း စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေ ထွက်ရှိပြီး ဖြစ်ရာ ဥပဒေအရ ဆောင်ရွက်နိုင်ကြောင်း ဦးရန်လင်းက ပြောကြားသည်။ “အဓိပ္ပာယ် လွဲမှားနေတဲ့ လေဘယ် (Label) တွေ၊ စားသုံးသူကို ဂရုမစိုက်တဲ့ ကုန်ပစ္စည်းတွေကို အနောက်နိုင်ငံတွေမှာ သပိတ်မှောက်လေ့ ရှိပါတယ်။ စားသုံးသူ သပိတ်မှောက်ရင် အဲဒီကုန်ပစ္စည်းက ဈေးကွက်ထဲမ
ယခုဘဏ္ဍာနှစ် ရေထွက်ပို့ကုန်ဝင်ငွေ ယမန်နှစ် ထက်ပိုမို ကျဆင်းဖွယ်ရှိဟုဆို myanmar.mmtimes.com ပြည်ပတင်ပို့မှုဝင်ငွေ တစ်နှစ်ထက်တစ်နှစ်ကျဆင်းလျှက်ရှိသော ရေလုပ်ငန်းကဏ္ဍတွင် လိုအပ် လျှက်ရှိ သောရင်းနှီးမြှုပ်နှံမှုများကို ထပ်မံဖြည့်တင်းနိုင်ခြင်းမရှိပါက လက်ရှိ အနေ အထားအောက် သို့ကျဆင်းသွား ဖွယ်ရှိနေကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်း အဖွဲ့ချုပ်တာဝန်ရှိသူများက မြန်မာတိုင်း(မ်)ကိုပြောသည်။ from The Myanmar Times's Facebook Wall http://ift.tt/QLkPOL

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးအတွက် အစိုးရနှင့် NCCT မေ၂၁ တွေ့ဆုံမည် မြစ...

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးအတွက် အစိုးရနှင့် NCCT မေ၂၁ တွေ့ဆုံမည် မြစ်ကြီးနား၊ မေ ၁၄ ပြည်ထောင်စ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီနှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့၏ ဒုတိယအကြိမ် အပစ်အခတ်ရပ်စဲရေး စာချုပ် ရေးဆွဲရေးဆိုင်ရာ ဆွေးနွေးပွဲကို မေလ ၂၁ ရက်နေ့၌ ပြုလုပ်ရန် သတ်မှတ်လိုက်ကြောင်း NCCT ဒုတိယ အဖွဲ့ခေါင်းဆောင် ဖဒိုစောကွယ်ထူးဝင်းက ပြောကြားသည်။ NCCT အဖွဲ့ အစည်းအဝေးကို မေလ ၁၄ ရက်နေ့က မြစ်ကြီးနားမြို့၌ ပြုလုပ်အပြီး ယင်းသို့ သတ်မှတ်ခြင်း ဖြစ်ကြောင်း အဆိုပါ အဖွဲ့ထံမှ သိရသည်။ “ဒီနေ့ အစည်းအဝေးမှာတော့ အစိုးရနဲ့ ပထမအကြိမ် အပစ်ရပ်စာချုပ် မူကြမ်း သဘောတူညီချက်တွေကို ပြန်သုံးသပ်တာ။ လာမယ့် ဆွေးနွေးပွဲမှာ ညှိနှိုင်းမယ့် အကြောင်းအရာတွေကို ဆွေးနွေးဖြစ်ပါတယ်” ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) အထွေထွေ အတွင်းရေးမှူးလည်း ဖြစ်သူ ဖဒိုကွယ်ထူးဝင်းက ပြောဆိုသည်။ အစိုးရနှင့် NCCT ဆွေးနွေးပွဲကို မူလက မေလ ၁၉ ရက်နေ့ သတ်မှတ်ထားသော်လည်း NCCT အဖွဲ့ဝင်အချို့ ကေအိုင်အို ဌာနချုပ် လိုင်ဇာသို့ သွားရောက်မည် ဖြစ်သည့်အတွက် ရက်အနည်းငယ် နောက်ဆုတ်ခြင်း ဖြစ်ပြီး အခြားအပြောင်းအလဲ

မိုဘိုင်းအင်တာနက်တွင် မြန်မာဘာသာဖြင့် အသုံးပြုနိုင်ရန် တယ်လီနော လုပ်ဆောင်မည် စ,...

မိုဘိုင်းအင်တာနက်တွင် မြန်မာဘာသာဖြင့် အသုံးပြုနိုင်ရန် တယ်လီနော လုပ်ဆောင်မည် စ,ချိုကို| ကြာသာပတေးနေ့၊ မေလ ၁၅ ရက် ၂၀၁၄ ခုနှစ် လူတိုင်းအင်တာနက် အသုံးပြုနိုင်ရေးနှင့် အသုံးပြုမည့် စက်ပစ္စည်းများတွင် မြန်မာဘာသာစကား အသုံးပြုနိုင်ရေး လုပ်ဆောင်သွားမည်ဖြစ်သည်ဟု တယ်လီနောက သတင်းထုတ်ပြန်သည်။ တယ်လီနောအနေဖြင့် မိုဘိုင်းဆင်းမ်ကတ်များ စတင်ချထားပေးရာတွင် တယ်လီနော၏ ဆင်းမ်ကတ်အသုံးပြုသူတိုင်း အင်တာနက် အသုံးပြုနိုင်အောင် ဆောင်ရွက်သွားမည်ဟု ဆိုသည်။ တယ်လီနောရှိ မိုဘိုင်းအင်ဂျင်နီယာတစ်ဦးက ဆင်းမ်ကတ်တွေကို စတင်ရောင်းချသွားကတည်းက မိုဘိုင်းအင်တာနက်ပါ တစ်ပါတည်းပါရှိအောင် ချိတ်ဆက်ပေးထားမှာပါ။ အသုံးပြုသူကလည်း အင်တာနက်ကို အချိန်မရွေး အသုံးပြုနိုင်အောင် လိုင်းကို ဖွင့်ထားပေးမှာပါ။ အင်တာနက် အသုံးပြုခကိုတော့ ဘယ်လို Package ပုံစံ အမျိုးမျိုးနဲ့ ကောက်ခံသွားမှာဖြစ်ပြီး အသုံးပြုသူက စိတ်ကြိုက်ပုံစံမျိုး ရွေးချယ်အသုံးပြုနိုင်မှာပါဟု ဆိုသည်။ စက်ပစ္စည်းများတွင် မြန်မာဘာသာဖြင့် အသုံးပြုနိုင်အောင် ဆောင်ရွက်ရာတွင် လိုအပ်မည့် Features နှင့် Software များ၊ မြန်မာနိုင်ငံရှိ မိုဘိုင်းအင်တာနက်အသုံးပြုမှု၊ အသုံးပြုပုံနှင့် အသုံးပြုနှုန်း

ကြားဖြတ်ရွေးကောက်ပွဲ သံဃာတော်များ မဲပေးခွင့် ရရှိရေး နိုင်ငံတော်သမ္မတထံ တောင်းဆို...

ကြားဖြတ်ရွေးကောက်ပွဲ သံဃာတော်များ မဲပေးခွင့် ရရှိရေး နိုင်ငံတော်သမ္မတထံ တောင်းဆိုမည်ဟု မဘသဆို ရန်ကုန်၊ မေ ၁၄ လာမည့် ပွင့်လင်းရာသီတွင် ပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲတွင် သံဃာတော်များ ဝင်ရောက် မဲပေးခွင့် ရရှိရေးအတွက် သံဃာတော်များ ဆန္ဒပြုလက်မှတ် ကောက်ခံကာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ တောင်းဆိုသွားမည် ဖြစ်ကြောင်း အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ မဘသ (ဗဟို) မကွေးကျောင်းတိုက် ဆရာတော် အရှင်ပါမောက္ခက The Voice သို့ မိန့်ကြားသည်။ ပြည်ထောင်စု လွှတ်တော်အတွင်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရာတွင် သံဃာတော်များ မဲပေးခွင့် မရှိဟု ဆိုသော အချက်ကို ပယ်ဖျက်ပေးရန်အတွက် သံဃာတော်ထုများ လက်မှတ် ကောက်ခံကာ နိုင်ငံတော်သမ္မတ အပါအဝင် နိုင်ငံတော် သံဃာ့မဟာနာယကနှင့် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းထံသို့လည်း တောင်းဆိုသွားမည် ဖြစ်ကြောင်း ၎င်းက မိန့်ဆိုသည်။ “အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို) အစည်းအဝေးမှာ တင်ပြမယ်။ မရရင် သီးသန့် အစီအစဉ်နဲ့ ကြားဖြတ်ရွေးကောက်ပွဲအမီ လုပ်ဆောင်မယ်။ နိုင်ငံတော်အရေးဟာ နိုင်ငံသားတိုင်းနဲ့ သက်ဆိုင်ပါတယ်” ဟု ၎င်းက ဆက်လက် မိန့်ကြားသည်။ သို့သော်လည်း သံဃာတော်များက လွှတ်တော် ကိုယ်စ

၂၀၁၄ မေလ ၁၅ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော် #emg_editorials...

၂၀၁၄ မေလ ၁၅ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော် #emg_editorials မြေမြှုပ်မိုင်း အန္တရာယ်နှင့် မြန်မာနိုင်ငံ HANDICAP International အဖွဲ့၏ ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံသည် မြေမြှုပ်မိုင်းကြောင့် လူဦးရေ ၁၀၀ နှင့်အထက် သေကျေပျက်စီးသည့် နိုင်ငံများအနက် ပဉ္စမနေရာတွင် ရပ်တည်နေကြောင်း သိရသည်။ ပထမနှင့် ဒုတိယနေရာတွင် အာဖဂန်နစ္စတန်နှင့် ကိုလံဘီယာတို့ ရှိနေသည်။ ထို့ပြင် တိုက်ပွဲအချို့ ပြန်လည်ဖြစ်ပွားနေသော ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) တို့တွင် လက်ရှိအချိန်အထိ မြေမြှုပ်မိုင်းများ အသုံးပြုလျက်ရှိနေသေးကြောင်း ယူနီဆက်ဖ် (မြန်မာ) က ထုတ်ပြန်ထားသည်။ ၂၀၁၃ ခုနှစ်အတွင်းက ထုတ်ပြန်ခဲ့သော မြေမြှုပ်မိုင်းနှင့် ထပ်ဆင့်ပေါက်ကွဲစေသော လက်နက်ပစ္စည်းများ စောင့်ကြည့်လေ့လာရေး အစီရင်ခံစာတွင် သံသယရှိဖွယ် အန္တရာယ်များသောဒေသများ (Suspected Hazardous Areas - SHAs) အဖြစ် ကရင်ပြည်နယ်အတွင်းမှ မြို့နယ်များ၊ ကယားပြည်နယ်အတွင်းမှ မြို့နယ်များ၊ ကချင်ပြည်နယ်အတွင်းမှ မိုးကောင်း၊ မိုးမောက်၊ မြစ်ကြီးနား၊ ၀ိုင်းမော်၊ မန်ရှီ၊ ချီဝီနှင့် ဆလောတို့ကို သတ်မှတ်ထားကြောင်း သိရသည်။ အဆိုပါ အစီရင်ခံစာကို မြေမြှုပ်မို

မေလ ၁၅ ရက်နေ့ထုတ် The Daily Eleven သတင်းစာ မျက်နှာဖုံး (Yangon Edition) #theda...

မေလ ၁၅ ရက်နေ့ထုတ် The Daily Eleven သတင်းစာ မျက်နှာဖုံး (Yangon Edition) #thedailyelevencover from Eleven Media Group's Facebook Wall http://ift.tt/1sQb1kS

.မြန်မာနိုင်ငံ တောင်ပိုင်းဒေသများမှစ၍ နောက်သုံးရက်အတွင်း အနောက်တောင်မုတ်သုံလေ စတ...

.မြန်မာနိုင်ငံ တောင်ပိုင်းဒေသများမှစ၍ နောက်သုံးရက်အတွင်း အနောက်တောင်မုတ်သုံလေ စတင်ဝင်ရောက်နိုင် နောက်သုံးရက်အတွင်း မြန်မာနိုင်ငံ တောင်ပိုင်းဒေသများမှ စတင်ကာ အနောက်တောင်မုတ်သုံလေ စတင်ဝင်ရောက်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောကြားသည်။ “ဒီနှစ်မှာ ဆိုင်ကလုန်းအသေးလေးက ဘင်္ဂလားပင်လယ်အော်မှာ ထိုင်နေတယ်။ အဲဒါကြောင့် မုတ်သုံကတော်တော်နဲ့ တက်မလာနိုင်ဘူး ဖြစ်နေတယ်။ အခုနည်းနည်း ရွေ့လျားသွားတဲ့အတွက် နောက်သုံး လေးရက် အတွင်း မြန်မာနိုင်ငံတောင်ပိုင်းကို မုတ်သုံစဝင်နိုင်တယ်”ဟု ဦးကျော်မိုးဦးက ပြောကြားသည်။ မုတ်သုံ ဝင်ရောက်နိုင်မှုအား လေတိုက်လမ်းကြောင်းနှင့် မိုးရေချိန်များအား ပြန်လည်ကြည့်ရူခြင်းများမှ သိရှိရခြင်းဖြစ်ကြောင်းလည်း သိရသည်။ “တောင်ပိုင်းဒေသတွေဖြစ်တဲ့ ကော့သောင်း၊ ထားဝယ်၊ မြိတ်က လေတိုက်နှုန်းတွေ ကြည့်တယ်။ မိုးရေချိန်တွေကိုကြည့် ပြီးတော့ တောင်ပိုင်းကို စဝင်မယ်လို့ ခန့်မှန်းလို့ရတာ၊ တစ်ရက် နှစ်ရက်လောက်နေရင်လည်း လေလမ်းကြောင်းက ပြောင်းလဲသွားရင် အခြေအနေတစ်မျိုး ပြောင်းလဲသွားနိုင်တယ်” ဟု ၎င်းက ပြောကြားသည်။ “မုတ်သုံက မြန်မာနိုင်ငံတောင်ပိုင်းကို ၁၅

အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာ ကွဲကွဲပြားပြား ဖြစ်ပေါ်လာစေရန် ပြည်ထောင်စုတရား...

အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာ ကွဲကွဲပြားပြား ဖြစ်ပေါ်လာစေရန် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ပြည်ထောင်စုလွှတ်တော်နာယကထံ တင်ပြထား အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အာဏာတို့တွင် မကွဲမပြား ဖြစ်ပေါ်နေကြောင်းနှင့် လွှတ်တော်က ဆုံးဖြတ်ဆောင်ရွက်ပေးရန် ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းထံသို့ တင်ပြထားကြောင်း သိရသည်။ မေ ၁၄ ရက်က ပြည်ထောင်စုလွှတ်တော်တွင် ပြုလုပ်သည့် တည်ဆဲဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများနှင့် စပ်လျဉ်း၍ ရုပ်သိမ်းရန်၊ ပြင်ဆင်ရန်နှင့် အသစ်ရေးဆွဲရန် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်ကြောင်း အစည်းအဝေးသို့ တက်ရောက်ခဲ့သော ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များထံမှ သိရသည်။ “ပြည်ထောင်စု တရားလွှတ်တော်ချုပ်က အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးအာဏာ ကွဲကွဲပြားပြားမဖြစ်တဲ့ ကိစ္စတွေ တင်ပြပြီး လွှတ်တော်ကပဲ အမြန်ဆုံးဖြတ်ပေးဖို့၊ ဆောင်ရွက်ပေးဖို့ တင်ပြထားတယ်လို့ နာယကကြီးက ပြောပါတယ်” ဟု အဆိုပါ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့သော လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောကြားသည်။ လက်ရှိအချိန်သည် အာဏာဖြင့် အုပ်ချုပ်သည

မြိတ်မြို့နှင့် ဘုတ်ပြင်းမြို့နယ်များတွင် ထိုင်းနိုင်ငံသို့ လျှပ်စစ်ဓာတ်အား ရောင...

မြိတ်မြို့နှင့် ဘုတ်ပြင်းမြို့နယ်များတွင် ထိုင်းနိုင်ငံသို့ လျှပ်စစ်ဓာတ်အား ရောင်းချရန် သဘာ၀၀န်းကျင် ထိခိုက်မှုရှိနိုင်သည့် အကြီးစားကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံများ တည်ဆောက်မည် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြိတ်ခရိုင်၊ မြိတ်မြို့နယ်နှင့် ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်များတွင် ထိုင်းနိုင်ငံသို့ လျှပ်စစ်ဓာတ်အား ရောင်းချရန်အတွက် အကြီးစား ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံများကို တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။ မြိတ်မြို့နယ် တုံးဗျောကျေးရွာအုပ်စုအတွင်းရှိ မွှေ့ရှောင်ရွာတွင် မဂ္ဂါဝပ် ၂ဝဝဝ ထွက်ရှိမည့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံတစ်ခု တည်ဆောက်ရန်အတွက် မြိတ်မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ကုမ္ပဏီတာဝန်ရှိသူများမှာ မေ ၁ဝ ရက်က ဒေသခံများနှင့် လာရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။ “တွေ့ဆုံပွဲလုပ်တာကတော့ တုံးဗျောကျေးရွာ စာသင်ကျောင်းမှာ ပြုလုပ်တာပါ ဗင်းတေ့ခ်ျကုမ္ပဏီက ကိုယ်စားလှယ်လို့ပြောတဲ့ ဦးသန်းမြင့်ဆိုသူနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့ ရောက်လာပါတယ်။ မွှေ့ရှောင်ရွာမှာ လျှပ်စစ်ဓာတ်အားရရှိဖို့ ကျောက်မီးသွေးစက်ရုံကြီးတစ်ခု လာရောက်တည်ဆောက်မှာဖြစ်ကြောင်း ရွာမှာ လျှပ်စစ်မီးရရှ

စက်သုံးဆီခွဲတမ်းကို လယ်/ဆည်က အများဆုံးတောင်းပြီး ဂါလန်ပေါင်း ၄၂ သန်းနီးပါးအထိ တေ...

စက်သုံးဆီခွဲတမ်းကို လယ်/ဆည်က အများဆုံးတောင်းပြီး ဂါလန်ပေါင်း ၄၂ သန်းနီးပါးအထိ တောင်းခံ၊ ပြန်ကြားရေးကဲ့သို့သော ၀န်ကြီးဌာနအချို့ကလည်း ပုံမှန်ခွဲတမ်းအပြင် စီမံကိန်းခေါင်းစဉ်တပ်၍ ခွဲတမ်းတောင်း နှစ်စဉ်ဝန်ကြီးဌာနအလိုက် အုပ်ချုပ်မှုအတွက်လည်းကောင်း၊ စီမံကိန်းများအတွက် လည်းကောင်း သုံးစွဲမည့် စက်သုံးဆီပမာဏကို တင်ပြတောင်းခံရာ ယခု ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်အတွက် ဝန်ကြီးဌာနအားလုံးထဲတွင် အများဆုံးတင်ပြတောင်းခံသည့် ဝန်ကြီးဌာနမှာ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာန အသိုင်းအဝိုင်းမှ စုံစမ်းသိရသည်။ ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်အတွက် လယ်/ဆည်ဝန်ကြီးဌာနတစ်ခုတည်းမှ တောင်းခံသည့်ပမာဏမှာ ဓာတ်ဆီ ဒီဇယ်ဂါလန်ပေါင်း ၄၂ သန်းနီးပါးအထိရှိကြောင်း၊ ကာကွယ်ရေးဝန်ကြီးဌာနမှ တောင်းခံသည့် ပမာဏထက် လယ်/ဆည် တောင်းခံသည့် ပမာဏမှာ ဂါလန်ပေါင်း ကိုးသန်းဝန်းကျင်အထိ ပိုမိုများပြားကြောင်း သိရသည်။ ဝန်ကြီးဌာနများနှင့် အာဏာပိုင်များမှ ယခုနှစ်အတွက် တောင်းခံထားသည့် စက်သုံးဆီပမာဏ စုစုပေါင်းမှာ ဂါလန်သန်းပေါင်း ၂ဝဝ နီးပါးအထိရှိသည်ဟုလည်း သိရသည်။ တောင်းခံရာတွင် အုပ်ချုပ်မှုသုံးရန်အတွက် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စီမံကိန်းသုံးရန် ခေ

အမြန်လမ်း၌ ယာဉ်တိမ်းမှောက်ပြီး လူသေဆုံးမှုနှင့် ပတ်သက်၍ ရာဇာမင်း ခရီးသည်ပို့ဆောင်...

အမြန်လမ်း၌ ယာဉ်တိမ်းမှောက်ပြီး လူသေဆုံးမှုနှင့် ပတ်သက်၍ ရာဇာမင်း ခရီးသည်ပို့ဆောင်ရေး မော်တော်ယာဉ် အသင်း၏ ရန်ကုန်-နေပြည်တော်-ရန်ကုန် ခရီးစဉ်ပြေးဆွဲခွင့်ကို ပိတ်သိမ်း ရန်ကုန်-မန္တလေး အမြန်လမ်း၌ ယာဉ်တိမ်းမှောက်ပြီး လူသေဆုံး၊ ဒဏ်ရာရမှု ဖြစ်စဉ်နှင့် ပတ်သက်၍ ရာဇာမင်းခရီးသည် ပို့ဆောင်ရေး မော်တော်ယာဉ်အသင်း၏ ရန်ကုန်-နေပြည်တော်-ရန်ကုန် ခရီးစဉ်ပြေးဆွဲခွင့်အား သက်ဆိုင်ရာမှ ပိတ်သိမ်းလိုက်ကြောင်း မေ ၁၄ ရက် ညပိုင်းက မြန်မာ့ရုပ်မြင်သံကြား သတင်းဖော်ပြချက်အရ သိရသည်။ နေပြည်တော်မှ ရန်ကုန်သို့ မေ ၁၂ ရက် ညနေ ၆ နာရီတွင် နေပြည်တော်မြို့မဈေး ကားဂိတ်မှ ရန်ကုန်မြို့သို့ ခရီးသည် ၄၆ ဦး တင်ဆောင်ထွက်ခွာလာသော ရာဇာမင်းခရီးသည် ပို့ဆောင်ရေး မှန်လုံမော်တော်ယာဉ် တစ်စီးသည် ည ၇ နာရီခန့်တွင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၉၇/၆ အနီးရှိ မီးရထားခုံးကျော် တံတားအောက်သို့ ထိုးကျတိမ်းမှောက်မှု ဖြစ်ပွားခဲ့ရာ ယာဉ်ပေါ်မှာ ခရီးသည်အမျိုးသား ၁၀ ဦး အမျိုးသမီးလေးဦး စုစုပေါင်း ၁၄ ဦးသေဆုံးခဲ့ပြီး အမျိုးသား ၁၈ ဦးနှင့် အမျိုးသမီး ၁၃ ဦး စုစုပေါင်း ၃၁ ဦး ဒဏ်ရာအသီးသီး ရရှိခဲ့သည်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ရာဇာမင်းခရီးသည် ပု

တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေ၍ ကချင်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ၌ မြေမြှ...

တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေ၍ ကချင်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ၌ မြေမြှုပ်မိုင်းများ ဆက်လက်အသုံးပြုနေ ကချင်နှင့်ရှမ်းပြည်နယ် (မြောက်ပိုင်း)သည် မြန်မာနိုင်ငံ၌ မြေမြှပ်မိုင်းထောင်မှု အများဆုံးဒေသများဖြစ်ပြီး ဆက်တိုက်ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် နှစ်ဖက်စလုံးတွင် လက်ရှိအချိန်အထိ မြေမြှပ်မိုင်းများ အသုံးပြုလျက်ရှိနေသေးကြောင်း ယူနီဆက် (မြန်မာ)မှ ထုတ်ပြန်ချက်အရ သိရသည်။ ကချင်ပြည်နယ်တောင်ပိုင်း မံဝိန်းကြီးဒေသအတွင်း တပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) တို့အကြား မကြာမီက အပြန်အလှန်ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများကြောင့် ကလေးသူငယ် ၁ဝဝဝ ခန့် အပါအဝင် ပြည်သူအများအပြားသည် ၎င်းတို့ယာယီ ရွှေ့ပြောင်းနေထိုင်သည့် နေရာများမှ တဖန်ပြောင်းရွှေ့ထွက်ခွာခဲ့ရကြောင်းနှင့် ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုအရှိန်အနည်းငယ် လျော့ကျသွားသော်လည်း အခြေအနေများ မှာ ဆက်လက်တင်းမာနေဆဲ ဖြစ်သည်။ “ကချင်နဲ့ရှမ်း (မြောက်) ကပြည်တွင်းမှာ မြေမြှပ်မိုင်းထောင်မှု အများဆုံးဒေသတွေဖြစ်ပြီး အခုချိန်ထိမြေမြှပ်မိုင်းတွေ အသုံးပြုနေဆဲပဲ။ အရင်ကကျန်နေတဲ့ မြေမြှပ်မိုင်းတွေအပြင် ရည်ရွယ်ချက်နဲ့ထောင်ထားတဲ့ မြေမြှပ

နိုင်ငံရေးလုပ်ဆောင်နေသည်များကို စောင့်ကြည့်နေသည့် ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန...

နိုင်ငံရေးလုပ်ဆောင်နေသည်များကို စောင့်ကြည့်နေသည့် ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်နှင့် တွေ့ဆုံခြင်း မိုးသူ နိုင်ငံရေးလောကကို ကျောခိုင်းပြီး န၀ဒေးပန်းချီပြခန်းကို ဖွင့်လှစ်သူ အငြိမ်းစား ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်သည် လက်ရှိဘ၀ကို အေးအေးချမ်းချမ်းဖြင့် ဖြတ်သန်းချင်ပါသည်ဟု မီဒီယာများ၏မေးမြန်းမှုကို ဖြေပေးခဲ့ဖူးသည်။ ၎င်းဖွင့်လှစ်ခဲ့သည့် န၀ဒေးပန်းချီပြခန်းသည် မေ ၁၁ ရက်က တစ်နှစ်ပြည့်ခဲ့ပြီဖြစ်ပြီး ပန်းချီများနှင့် ပတ်သက်သည့် အနုပညာများကို မေးမြန်းခဲ့သည့်အပြင် လက်ရှိနိုင်ငံရေးအခြေအနေများကိုလည်း မဇ္ဈိမက ပွင့်လင်းစွာ မေးမြန်းခဲ့သည်။ လက်ရှိပန်းချီဈေးကွက်ကို ဘယ်လို မြင်မိပါသလဲ။ ပန်းချီဈေးကွက်က တက်လာတာပေါ့ကွယ်။ အခု နိုင်ငံခြားသားတွေက မြန်မာတွေရဲ့ပန်းချီကားတွေကို ကြိုက်လာတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာတွေရဲ့ပန်းချီကားတွေက အဓိပ္ပာယ်ရှိတယ်။ ပုံတူတွေ ဆွဲတာမဟုတ်ဘူး။ အဓိပ္ပာယ်ရှိတာတွေ ရေးဆွဲပြီးတော့ တင်ပြတာလေ။ နိုင်ငံခြားသားခရီးသည်တွေ ပိုပြီးတော့သိလာတယ်။ မြန်မာ့ပန်းချီဈေးကွက် ပိုပြီးတော့မြင့်မား လာလိမ့်မယ်။ နိုင်ငံတကာကို ပိုပြီးခြေဆန့်နိုင်လိမ့်မယ်လို့ ဘဘ ထင်မိပါတယ်။ မြန်မာ့ပန်းချီလောကအခြေအနေကို သုံးသ

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမှန်ဝင်ရောက်မြှုပ်နှံမှု ပမာဏ ကန်ဒေါ်လာ ၃၆ ဘီလီယံေ...

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမှန်ဝင်ရောက်မြှုပ်နှံမှု ပမာဏ ကန်ဒေါ်လာ ၃၆ ဘီလီယံကျော်သာရှိ စည်သူအောင်| ကြာသာပတေးနေ့၊ မေလ ၁၅ ရက် ၂၀၁၄ ခုနှစ် ၂၀၁၄ခုနှစ် ဧပြီလစာရင်းများအရ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန် ဒေါ်လာ၄၆ ဒသမ ၄ ဘီလီယံအထိ ရင်းနှီးမြှုပ်နှံခွင့်ပြုထားသော်လည်း အမှန်တကယ်ဝင်ရောက်မြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၃၆ ဒသမ ၄ ဘီလီယံသာရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန်သည်။ ခွင့်ပြုပမာဏနှင့် အမှန်တကယ် ရင်းနှီးမြှုပ်နှံမှုအကြား ကွာဟချက် အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံခန့် ဖြစ်ပေါ်နေခြင်းဖြစ်ပြီး အမေရိကန်ဒေါ်လာ ၄၆ ဒသမ ၄ ဘီလီယံဝင်ရောက်မြှုပ်နှံမည့် လုပ်ငန်း ၇၀၇ ခုအနက် လုပ်ငန်း ၄၄၆ ခုကသာ အမေရိကန်ဒေါ်လာ ၃၆ ဒသမ ၄ ဘီလီယံခန့်ကို မြှုပ်နှံထာခြင်းဖြစ်သည်။ “နိုင်ငံခြားလုပ်ငန်းတွေအဆိုပြုထားတဲ့ အတိုင်း မြှုပ်နှံချင်စိတ် ဖြစ်လာအောင် အစိုးရကလည်း အခွင့်အရေးနဲ့ မက်လုံး ပေးဖို့လိုပါတယ်”ဟု စီးပွားရေးလုပ်ငန်းရှင် ဦးကြည်လွင်က ပြောသည်။ ၁၉၈၈ ခုနှစ်မှ ၂၀၁၀ပြည့်နှစ် မတ်လကုန်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုခွင့်ပြု ပမာဏ အမေရိကန် ဒေါ်လာ ၁၆ ဒသမ ၀၅ ဘီလီယံရှိခဲ့ပြီး ၂၀၁၂ ခုနှစ

ကုသိုလ်တော်ဘုရားရင်ပြင်ပေါ်သို့ မန်းဝန်ကြီးချုပ် ဖိနပ်စီးတက်ရောက်ခဲ့ခြင်း မရှိဟုဆ...

ကုသိုလ်တော်ဘုရားရင်ပြင်ပေါ်သို့ မန်းဝန်ကြီးချုပ် ဖိနပ်စီးတက်ရောက်ခဲ့ခြင်း မရှိဟုဆို မျိုးသန့်| ကြာသာပတေးနေ့၊ မေလ ၁၅ ရက် ၂၀၁၄ ခုနှစ် မန္တလေးတိုင်းဝန်ကြီးချုပ် ဦးရဲမြင့်သည် ကုသိုလ်တော်ဘုရားရင်ပြင်တော်ပေါ် ဖိနပ်စီးသည်ဟု ကဆုန်လပြည့်နေ့က ဆိုရှယ်မီဒီယာတွင် အငြင်းပွားဖွယ် ဓာတ်ပုံများ ပျံ့နှံ့လာခြင်းကိစ်္စနှင့်ပတ်သက်၍ မဟုတ်မှန်ကြောင်း ၀န်ကြီးချုပ်၏ ကိုယ်ရေးအရာရှိမှတစ်ဆင့် မေ ၁၄ ရက်က မဇ္ဈိမကို ပြောသည်။ မန္တလေးမြို့ မဟာလောကမာရဇိန် ကုသိုလ်တော်ဘုရား ယူနက်စကို ကမ္ဘာ့မှတ်တမ်းအမွေအနှစ်ပါဝင်သည့် အထိမ်းအမှတ်ကျောက်စာစိုက်ထူခြင်း အခမ်းအနားသို့ မန္တလေးတိုင်းဝန်ကြီးချုပ် ဦးရဲမြင့် တက်ရောက်သည့်ပုံကို ဘုရားရင်ပြင်တော်ပေါ် ဖိနပ်စီးသည်ဟု ယင်းနေ့က ဆိုရှယ်မီဒီယာတွင် ဓာတ်ပုံများ ပျံ့နှံ့လာခြင်းကိစ္စကို ၎င်းက ရှင်းလင်းခြင်း ဖြစ်သည်။ “ဓာတ်ပုံတွေမှာ ၀န်ကြီးချုပ် ဖိနပ်စီးထားတာ ဟုတ်ပါတယ်။ ဂေါပကအဖွဲ့က ဘုရားထဲက ထွက်လာတာမို့ သူတို့မှာ ဖိနပ်မပါပါဘူး။ ဘုရားပုရ၀ဏ် အပြင်ဘက်မှာ ဖွင့်ပွဲလုပ်တာပါ။ ရင်ပြင်ပေါ်ကို ဖိနပ်နဲ့တက်တာ မဟုတ်ဘူး။ မယုံလို့၊ မရောက်ဘူးလို့ ကုသိုလ်တော်ဘုရားကို သွားကြည့်ချင်တယ်ဆိုရင် ၀န်ကြီးချုပ်ဦးရဲမြင့်က စရိတ်ထုတ်ပေးမယ

၁၉၉၄ ခုနှစ်တွင် တပ်မ ၁၀၁ က သိမ်းယူခဲ့သော ပခုက္ကူမြို့နယ် ပေါက်အင်းဧရိယာရှိ စိုက်ပ...

၁၉၉၄ ခုနှစ်တွင် တပ်မ ၁၀၁ က သိမ်းယူခဲ့သော ပခုက္ကူမြို့နယ် ပေါက်အင်းဧရိယာရှိ စိုက်ပျိုးမြေ ဧက ၄၀၀ ကျော် ပြန်လည်ရရှိရန် မူလပိုင်ရှင်များ၏ တင်ပြတောင်းဆိုမှုယနေ့အထိ ပြန်ကြားခြင်းမရှိသေး ၁၉၉၄ ခုနှစ်တွင် တပ်မ (၁၀၁) မှ သိမ်းယူခဲ့သော ပခုက္ကူမြို့နယ်အတွင်း ပေါက်အင်းဧရိယာရှိ ဒေသခံများပိုင်ဆိုင်သည့် စိုက်ပျိုးမြေဧက ၄၀၀ ကျော် ပြန်လည်ရရှိရေး သက်ဆိုင်ရာသို့ ၂၀၁၂ ခုနှစ်မှစ၍ တင်ပြတောင်းခံထားသော်လည်း ယနေ့အချိန်အထိ တစ်စုံတစ်ရာ အကြောင်းပြန်ကြားခြင်း မရှိသေးကြောင်း ဒေသခံတောင်သူများက ပြောကြားသည်။ တပ်မ (၁၀၁) မှ သိမ်းယူထားသော အဆိုပါစိုက်ပျိုးမြေများကို ယနေ့အချိန်အထိ စစ်ဖက်ဆိုင်ရာ အဆောက်အအုံများ တည်ဆောက်ခြင်းမရှိဘဲ ဒေသခံများအပေါ် တစ်ဧကလျှင် တစ်ရာသီ စပါး ၁၆ တင်းနှုန်းဖြင့် သီးစားပြန်လည်ချထားပေးပြီး ပေါက်အင်းငါးလေလံကိုလည်း တစ်ရာသီ ကျပ်သိန်း ၅၀ ခန့်နှုန်းဖြင့် လုပ်ကိုင်ခွင့်ပြုထားခြင်းဖြစ်ကြောင်း ဒေသခံများက ပြောကြားသည်။ “ဦးတို့ ပြည်သူတွေ လုပ်ကိုင်တုန်းက ပေါက်အင်းထဲမှာ သူ့အချိန်နဲ့သူ ရေသွင်းရေထုတ်လုပ်ပြီး စိုက်ပျိုးမြေ အလကားမဖြစ်အောင် လုပ်တယ်။ အခုကျတော့ တပ်နယ်မြေဆိုပြီး သူတို့စိုက်ချင်တဲ့ နေရာစိုက်တယ်။ မစိုက်ချင်တဲ့နေရ

မျိုးစောင့်ဥပဒေကို လက်မခံသည့် အဖွဲ့အစည်းများနှင့် မဘသအဖွဲ့ မန္တလေးတွင် တွေ့ဆုံ ဆေ...

မျိုးစောင့်ဥပဒေကို လက်မခံသည့် အဖွဲ့အစည်းများနှင့် မဘသအဖွဲ့ မန္တလေးတွင် တွေ့ဆုံ ဆွေးနွေးမည် မန္တလေး၊ မေ ၁၄ အငြင်းပွားမှုများ ဖြစ်ပေါ်လျက် ရှိသည့် မျိုးစောင့်ဥပဒေနှင့် ပတ်သက်၍ လူမှုအဖွဲ့အစည်းများ အကြားတွင် အမျိုးသမီးဆိုင်ရာ အခွင့်အရေး ထိပါးသည်ဟု ဆိုကာ လက်မခံသည့် လူမှုအဖွဲ့အစည်းများ အားလုံးနှင့် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) တို့ တွေ့ဆုံ ဆွေးနွေးပွဲ တစ်ရပ်ကို မန္တလေးမြို့တော်တွင် ကျင်းပသွားမည် ဖြစ်ကြောင်း အထက်မြန်မာပြည် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ တာဝန်ခံဆရာတော် ဦးဣန္ဒာစက္ကာဘိဝံသက မိန့်ကြားသည်။ ယင်းတွေ့ဆုံပွဲကို မြန်မာသက္ကရာဇ် ၁၃၇၆ ခုနှစ် နယုန်လပြည့် ဇွန်လ ၁၂ ရက်နေ့တွင် ချမ်းအေးသာစံ မြို့နယ်ရှိ ဦးလှသိန်း ဓမ္မဗိမန်တွင် ပြုလုပ်မည်ဖြစ် ပြီး စိတ်ပါဝင်စားသူများ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့သို့ ဆက်သွယ်နိုင်ကြောင်း ဆရာတော်က ထပ်လောင်း မိန့်ဆိုသည်။ “မျိုးစောင့်ဥပဒေနဲ့ ပတ်သက်ပြီး လူမှုအဖွဲ့အစည်းတွေက စွပ်စွဲ ပြောဆိုနေတာတွေ ရှိတယ်။ ဒါကြောင့် ဒီအဖွဲ့အစည်းတွေကို အကုန်လုံး ဖိတ်ပြီး ဟောပြောပွဲ ပြီးတာနဲ့ မဘသမှာ ရှိတဲ့ ဥပဒေ ပညာရှင်တွေရယ်၊ မဘသ ဆရာတော်တွေရယ်ကို ဘယ်လူမှုအဖွဲ့အစည်းကမဆို

နေပြည်တော်အမြန်လမ်းမကြီးအတွက် အမေရိကန်အစိုးရသို့ အကူအညီတောင်း နန်းမြင့်| ကြာသာပ...

နေပြည်တော်အမြန်လမ်းမကြီးအတွက် အမေရိကန်အစိုးရသို့ အကူအညီတောင်း နန်းမြင့်| ကြာသာပတေးနေ့၊ မေလ ၁၅ ရက် ၂၀၁၄ ခုနှစ် ယာဉ်တိမ်းမှောက်မှုများနှင့် လူသေဆုံးမှုများ မကြာခဏ ဖြစ်ပေါ်နေသည့် ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီး အတွက် အကူအညီပေးရန် အမျိုးသားဒီမိုကရေစီပါတီသစ် (NNDP)ဥက္ကဋ္ဌ ဦးသိန်းညွန့်က အမေရိကန်အစိုးရသို့ မေတ္တာရပ်ခံထားသည်ဟု မဇ္ဈိမကို ပြောသည်။ အမေရိကန်နိုင်ငံ အကြီးတန်း နိုင်ငံခြားရေးအရာရှိ Raymond D Richhart နှင့် အမေရိကန်သံရုံး နိုင်ငံခြားရေးအရာရှိ Robert McDonald တို့သည် မေ ၁၃ ရက်က အမျိုးသားဒီမိုကရေစီပါတီသစ်ရုံးသို့ လာရောက်စဉ် မေတ္တာရပ်ခံခဲ့ခြင်းဖြစ်သည်။ “သူတို့ဘက်ကလည်း အမေရိကန်အစိုးရကို တင်ပြပေးမယ်လို့ ပြောသွားတယ်”ဟု ဦးသိန်းညွန့်က ပြောသည်။ “နေပြည်တော် အမြန်လမ်းက ၃၆၆ မိုင် ရှည်လျားတယ်။ တစ်မိုင်ကို တစ်ဦးနှုန်း သေဆုံးနေတယ်။ အခုဆို သေဆုံးသူ ၃၆၇ ဦးရှိပြီ။ ကတ်္တရားလမ်း အမြန်ဆုံးတည်ဆောက်ဖို့လိုအပ်တယ်”ဟု ၎င်းက ဆိုသည်။ အမေရိကန်နိုင်ငံ၏ နောက်ဆုံးပေါ် နည်းပညာများနှင့် ဆောင်ရွက်ပေးမည်ဆိုပါက ယင်းလမ်းနှင့်ပတ်သက်ပြီး ပြည်သူများ၏အသက်များ ဆုံးရှုံးနေသည့် အခြေအနေများကို လျော့နည်းအောင် လုပ်နိုင်မည်ဟု ဆိုသည်။ အမေရိကန်

ရန်ကုန်စီးပွားရေးတက္ကသိုလ်တွင် အခမဲ့ ပညာသင်နိုင်တော့မည် ဇာနည်အောင်| ကြာသာပတေးနေ့...

ရန်ကုန်စီးပွားရေးတက္ကသိုလ်တွင် အခမဲ့ ပညာသင်နိုင်တော့မည် ဇာနည်အောင်| ကြာသာပတေးနေ့၊ မေလ ၁၅ ရက် ၂၀၁၄ ခုနှစ် ယူနက်စကိုအဖွဲ့နှင့် ရန်ကုန်စီးပွားရေး တက္ကသိုလ်တို့ ပူးပေါင်းရေးဆွဲမည့် သင်ရိုးညွှန်းတမ်းဖြင့် စီးပွားရေးဆိုင်ရာဘာသာရပ် အခမဲ့သင်တန်းများကို ရန်ကုန်စီးပွားရေးတက္ကသိုလ်၌ ဇွန်လတွင် စတင်သင်ကြားပေးသွားမည်ဖြစ်ကြောင်း ရန်ကုန် စီးပွားရေးတက္ကသိုလ် စီမံခန့်ခွဲမှုဌာန ပါမောက္ခဒေါက်တာ မိုးမိုးခိုင်က မေလ ၁၄ ရက်တွင် မဇ္ဈိမကို ပြောသည်။ “လူငယ်တိုင်းဟာ စီးပွားရေးဆိုင်ရာ ဘာသာရပ်ကို အခြေခံဆင့်လောက်တော့ တတ်ထားသင့်ပါတယ်။ လုပ်ငန်းခွင်မှာ လက်တွေ့အသုံးချနိုင်ဖို့အတွက် သင်ရိုးညွှန်းတမ်းကို ယူနက်စကိုနဲ့ပူးပေါင်းပြီး ရေးဆွဲသွားမှာဖြစ်ပါတယ်။ ဒီသင်တန်းတွေ မှာ ရန်ကုန်စီးပွားရေးတက္ကသိုလ်က ဆရာမတွေ သင်ကြားပေးမှာပါ”ဟု ပြောသည်။ အဆိုပါ အခမဲ့သင်တန်းတွင် စီးပွားရေးဆိုင်ရာဘာသာရပ်များ၊ စီမံခန့်ခွဲရေးဆိုင်ရာ ဘာသာရပ်များ၊ လူသားရင်းမြစ် ဖွံ့ဖြိုးရေးဆိုင်ရာ ဘာသာရပ်များကို သုံးလကြာ သင်ကြားပို့ချသွားမည်ဖြစ်သည်။ ရန်ကုန်စီးပွားရေးတက္ကသိုလ် လူ့စွမ်းအားရင်းမြစ် ဖွံ့ဖြိုးရေးဌာနတွင် မေလ ၁၆ ရက်တွင် လျှောက်လွှာများ စတင်လျှောက်ထားရမည်ဖြစ်ပြီး မေလ ၂

ယာဉ်မတော်တဆမှု မြင့်မားနေသည့် နေပြည်တော်အမြန်လမ်း ယာဉ်သွားလမ်းအကျယ် တိုးချဲ့မည်...

ယာဉ်မတော်တဆမှု မြင့်မားနေသည့် နေပြည်တော်အမြန်လမ်း ယာဉ်သွားလမ်းအကျယ် တိုးချဲ့မည် ၀င်းကိုကိုလတ်| ကြာသာပတေးနေ့၊ မေလ ၁၅ ရက် ၂၀၁၄ ခုနှစ် စတင်ဖွင့်လှစ်ခဲ့သည် ၂၀၀၉ ခုနှစ် မတ်လ ၂၆ ရက်မှ စတင်ကာ ငါးနှစ်တာကာလအတွင်း လူပေါင်း ၃၆၀ ကျော် သေဆုံးခဲ့သည့် ရန်ကုန်- မန္တလေးလမ်းရှိ ရန်ကုန်- နေပြည်တော်လမ်းပိုင်းကို ယာဉ်သွားလမ်းအကျယ် တိုးချဲ့ဖောက်လုပ်သွားမည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အင်ဂျင်နီယာမှူးကြီး ဦးကြည်ဇော်မြင့်က မဇ္ဈိမကို မေလ ၁၄ ရက်တွင် ပြောသည်။ သေဆုံးသူဦးရေ ၁၄ဦးအပြင် ထိခိုက် ဒဏ်ရာရရှိသူများစွာ ဖြစ်ပေါ်ခဲ့သည့် ရာဇာမင်းခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှောက်အပြီး နှစ်ရက်အကြာတွင် ၎င်းက ထုတ်ဖော်ပြောဆိုခြင်းဖြစ်သည်။ “နှစ်အလိုက် အပိုင်းလိုက်ခွဲပြီး တိုးချဲ့ ဖောက်လုပ်သွားဖို့ဆုံးဖြတ်ထားပါတယ်” ဟု တယ်လီဖုန်းမှတစ်ဆင့် မဇ္ဈိမကို အတည်ပြုပြောကြားသည်။ သို့သော် နှစ်အပိုင်းအခြား မည်မျှကြာမည်ကို အသေးစိတ်ပြောဆိုခြင်း မရှိသလို ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၏ နေပြည်တော်- မန္တလေးလမ်းပိုင်းတိုးချဲ့ရန် ရှိ၊ မရှိကိုလည်း ပြောဆိုခြင်းမရှိပေ။ ရန်ကုန်- မန္တလေးအမြန်လမ်းကြီးကို နိုင်ငံတကာအဆင့်မီ ခြောက်လမ်းသွား သို့မဟုတ် ရှစ်လမ်းသွားလမ်းမကြီးအြ

တောင်တရုတ် ပင်လယ်ပြင် အတွင်း ဗီယက်နမ်နဲ့ တရုတ်နိုင်ငံ တို့အကြား ရေပိုင်နက် အငြင...

တောင်တရုတ် ပင်လယ်ပြင် အတွင်း ဗီယက်နမ်နဲ့ တရုတ်နိုင်ငံ တို့အကြား ရေပိုင်နက် အငြင်းပွားမှု ဖြစ်ပေါ်နေတာရဲ့ နောက်ဆက်တွဲ အဖြစ် ဗီယက်နမ်နိုင်ငံထဲမှာ တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဖြစ်ပေါ်နေတာကြောင့် ဗီယက်နမ်နိုင်ငံမှာ ရှိနေတဲ့ တရုတ်နိုင်ငံသားတွေ ကမ္ဘောဒီးယားနိုင်ငံထဲ ထွက်ပြေး နေကြပါတယ်။ အခုသီတင်းပတ်အတွင်း တရုတ်နိုင်ငံသား အများအပြား ကမ္ဘောဒီးယားနိုင်ငံထဲကို ထွက်ပြေး ၀င်ရောက်လာကြတယ်လို့ ဖနွမ်းပင်မြို့မှာရှိတဲ့ ဗီယက်နမ်သံရုံး ပြောခွင့်ရ Trung Van Thong က ဗွီအိုအေ ခမာသတင်းဌာနကို ပြောပါတယ်။ ဗီယက်နမ်ရှိ တရုတ်လူမျိုးများ ကမ္ဘောဒီးယားထွက်ပြေး - သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1jhtXY9

ရန်ကုန်မြို့ကြီး အပါအ၀င် မြန်မာနိုင်ငံရဲ့ မြို့ရွာ တော်တော် များများဟာ အမှိုက်တွေ...

ရန်ကုန်မြို့ကြီး အပါအ၀င် မြန်မာနိုင်ငံရဲ့ မြို့ရွာ တော်တော် များများဟာ အမှိုက်တွေနဲ့ ပြည့် နှက်နေပါတယ်။ ရန်ကုန်မြို့မှာ တိုက်ခန်းတွေပေါ်က အမှိုက်ထုပ် တွေ ပစ်ချတဲ့ သတင်းတွေလည်း သတင်းစာ၊ ဂျာနယ်တွေမှာ ဖတ် နေရပါတယ်။ ဘာကြောင့် အ မှိုက်တွေများနေရတာလဲ။ အမှိုက် ပစ်တဲ့သူများလို့ များနေတာလား။ မသိမ်းလို့ များနေတာလား။ စည်း ကမ်းမဲ့အမှိုက်ပစ်လို့ များနေတာ လား။ နည်းနည်းလောက် ၀ိုင်း စဉ်းစားကြည့်ရအောင်။ တာဝန်ကိုယ်စီရှိပါသည် - သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/QLbAye

လောကမှာ လူ့သက်တမ်း တစ်ဝက်ကျော်ကျော်နေလာပြီးပြီဆိုတော့လောကအကြောင်း၊ ဘ၀အကြောင်း၊...

လောကမှာ လူ့သက်တမ်း တစ်ဝက်ကျော်ကျော်နေလာပြီးပြီဆိုတော့လောကအကြောင်း၊ ဘ၀အကြောင်း၊ လူတွေအကြောင်း တတ်သိနားလည်ပြီလို့ ကိုယ့်ကိုယ်ကိုယ် ထင်ထားခဲ့မိတာ မှားတာပါပဲ။ ခုထိကို ကျွန်မရဲ့အထင်တွေနဲ့ အမြင်တွေက လွဲလွဲနေသေးတာ။ လောကမှာ ကျွန်မနားမ လည်နိုင်တဲ့ အဖြစ်အပျက်၊ အ ကြောင်းအရာတွေက အများသား ပဲ။ မှတ်မှတ်ရရ ၁၉၉၀ ရွေး ကောက်ပွဲ အနိုင်ရစဉ်တုန်းက။ NLD က တစ်ပြည်လုံးမှာ တင်း ပြည့်ကျပ်ပြည့် အနိုင်ရလိမ့်မယ် ဆိုတာ ကြိုတင်ခန့်မှန်းပြီးသား။ အဖြေထွက်လာတော့လည်း မှန်း ချက်နဲ့ ကွက်တိပဲဆိုတော့ ပျော်ရ တာပေါ့။ အေးဆေးပဲလေ။ ကျွန် မတို့ ဒီမိုကရေစီ ရတော့မယ်ပေါ့။ ဒီလိုပဲ ရိုးရိုးစင်းစင်းတွေးပြီး ရင် ခုန်မိတာ။ အဲဒီမှာ စသိတာပဲ။ လောကဟာ မြစ်တစ်စင်းလို ကွေ့ကောက်တတ်တယ်ဆိုတာကို။ ယုန်ထောင်ကြောင်မိနဲ့ ကြံ့ခိုင်လို့ကောင်းတုန်း - သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1jhtVj3

ထိုင်းနိုင်ငံ ဘန်ကောက် မြို့ ဒီမိုကရေစီ ကျောက်တိုင်နား က အစိုးရ ဆန့်ကျင်ရေး ဆန္ဒ...

ထိုင်းနိုင်ငံ ဘန်ကောက် မြို့ ဒီမိုကရေစီ ကျောက်တိုင်နား က အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူ တွေကို တိုက်ခိုက်မှု ကြောင့် ၂ ယောက် သေဆုံးပြီး ၂၁ ယောက် ဒဏ်ရာ ရသွားပါတယ်။ သပိတ်စခန်း ဘက်က ပေါက်ကွဲသံ တွေနဲ့ ပစ်ခတ်သံ တွေလည်း ကြားခဲ့ရပါတယ်။ ဘန်ကောက် သပိတ်စခန်း တိုက်ခိုက်ခံရ - သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/QLbC9b

ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်ခွင့်ကာလ တိုးမြှင့်ပေးရန် နိုင်ငံရေးပါတီများ တောင်းဆိ...

ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်ခွင့်ကာလ တိုးမြှင့်ပေးရန် နိုင်ငံရေးပါတီများ တောင်းဆိုမည် ရန်ကုန်၊ မေ ၁၄ လာမည့် ပွင့်လင်းရာသီတွင် ကျင်းပမည်ဟု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားသော ကြားဖြတ်ရွေးကောက်ပွဲတွင် မဲဆွယ်စည်းရုံးခွင့် ကာလကို တိုးမြှင့်ပေးရန်အတွက် နိုင်ငံရေးပါတီများက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ တောင်းဆိုသွားမည် ဖြစ်ကြောင်း အဆိုပါ ပါတီဝင်များက ပြောကြားသည်။ ကြားဖြတ်ရွေးကောက်ပွဲ နည်းဥပဒေ မူကြမ်းတွင် မဲဆွယ်ခွင့် ကာလကို တစ်လသာ ပေးထားသောကြောင့် မေလ ၁၅ ရက်နေ့ ရန်ကုန်တိုင်းဒေသကြီး Sky Star ဟိုတယ်တွင် ပြုလုပ်မည့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲတွင် တောင်းဆိုမည် ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ မဲဆွယ်စည်းရုံးရေး လုပ်ငန်းစဉ်များတွင် လွတ်လပ်စွာ ယှဉ်ပြိုင်ရန် အချိန် လုံလောက်ရန် လိုအပ်သောကြောင့် ရွေးကောက်ပွဲ ကော်မရှင်နှင့် ညှိနှိုင်းရမည် ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဗဟိုကော်မတီဝင် ဦးထွန်းထွန်းဟိန်က ပြောကြားသည်။ “အရမ်းနည်းလွန်းတယ်၊ မျှမျှတတ ဖြစ်ဖို့အတွက် အချိန်တိုးပေးမှ ရမယ်” ဟု ၎င်းကဆိုသည်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲများတွင် မဲဆွယ်ခွင့်ကာလ

လှိုင်သာယာတွင် (၃၃၃) ခရီးသည်တင်ယာဉ်မှ အမျိုးသမီးကြီးနှစ်ဦးကို သစ်ပင်နှင့် ညှပ်တိ...

လှိုင်သာယာတွင် (၃၃၃) ခရီးသည်တင်ယာဉ်မှ အမျိုးသမီးကြီးနှစ်ဦးကို သစ်ပင်နှင့် ညှပ်တိုက်မိ၍ ပွဲချင်းပြီးသေဆုံး၊ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်မှာ အခင်းဖြစ်ရာနေရာမှ ထွက်ပြေးသွားခဲ့ လှိုင်သာယာတွင် (၃၃၃) ခရီးသည်တင်ယာဉ်မှ အမျိုးသမီးကြီးနှစ်ဦးကို သစ်ပင်နှင့် ညှပ်တိုက်မ� လှိုင်သာယာတွင် (၃၃၃) ခရီးသည်တင်ယာဉ်မှ အမျိုးသမီးကြီးနှစ်ဦးကို သစ်ပင်နှင့် ညှပ်တိုက်မိ၍ ပွဲချင်းပြီးသေဆုံး၊ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်မှာ အခင်းဖြစ်ရာနေရာမ... from Eleven Media Group's Facebook Wall http://ift.tt/1k3ykoD

(မေလ ၁၅ ရက်ထုတ် မဇ္ဈိမနေ့စဉ်သတင်းစာမှ အယ်ဒီတာ့အာဘော်) မပြောင်းလဲသည့် ပြုပြင်ပြေ...

(မေလ ၁၅ ရက်ထုတ် မဇ္ဈိမနေ့စဉ်သတင်းစာမှ အယ်ဒီတာ့အာဘော်) မပြောင်းလဲသည့် ပြုပြင်ပြောင်းလဲရေး နိုင်ငံရေးအရလည်းကောင်း၊ စီးပွားရေးအရလည်းကောင်း၊ ပညာရေးအရလည်းကောင်း အဘက်ဘက်မှ နောက်ကျကျန်နေခဲ့သည့် မြန်မာနိုင်ငံသည် ကမ္ဘာ့နိုင်ငံများကို အမီလိုက်နိုင်ရန် တက်သုတ်ရိုက် ပြေးလွှားကာ ပြုပြင်ပြောင်းလဲရေးဟု အသံကောင်းဟစ်ပြီး ကမ္ဘာ့မိသားစုဝင်အဖြစ် ပြန်လည်ဝင်ရောက်နိုင်ရန် ကြိုးပမ်းလာခဲ့သည်မှာ လက်ရှိအစိုးရ၏ သက်တမ်းထက်ဝက်ကျော်လာပြီဖြစ်သည်။ ကမ္ဘာ့နိုင်ငံများက အသိအမှတ်ပြုနိုင်ရန် သို့တည်းမဟုတ် ပြည်သူတို့ကို နှစ်သိမ့်နိုင်ရန် အရပ်သားအစိုးရ၊ ဒီမိုကရေစီစနစ် စသည့်စကားလုံး အသုံးအနှုန်းများ လှိုင်လှိုင်သုံးလျက် ပြုပြင်ပြောင်းလဲရေးများ ပြုလုပ်နေသည်၊ ပြုလုပ်လျက်ရှိနေသည်ဟု လက်ရှိအစိုးရက ဆိုလျက်ရှိနေသည်။ ပြုပြင်ပြောင်းလဲရေးဟု ဆိုလိုက်ပါက ၁၅ သိန်းဖြင့် ရောင်းချခဲ့သည့် ဖုန်းကတ် တစ်ကတ်ကို ကျပ် ၁,၅၀၀ ဖြင့် ၀ယ်ယူရနိုင်မှု အပါအ၀င် ၂၀၁၀ မတိုင်မီကာလများအတွင်းက ရန်ကုန်မြို့အတွင်း အိုမင်းဟောင်းနွမ်းနေပြီဖြစ်သော အငှားယာဉ်များမှသည် ယနေ့အချိန်တွင် ယာဉ်သစ်များ အစားထိုးဝင်ရောက်လာမှု စသည့် ပြုပြင်ပြောင်းလဲမှုများသည် ပြည်သူလူထုအတွက် အကျိုးကျေးဇူး မ

လယ်ယာမြေ ပြန်ရရန် ဆုတောင်းပွဲ ဦးဆောင် ကျင်းပသူများကို ရဲတပ်ဖွဲ့ ရိုက်နှက်ဖမ်းဆ...

လယ်ယာမြေ ပြန်ရရန် ဆုတောင်းပွဲ ဦးဆောင် ကျင်းပသူများကို ရဲတပ်ဖွဲ့ ရိုက်နှက်ဖမ်းဆီးဟု ဒေသခံများဆို ပြည်၊ မေ ၁၄ ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း၊ ပြည်ခရိုင် သဲကုန်းမြို့တွင် မေလ ၁၄ ရက်နေ့ နံနက်ပိုင်းက လယ်ယာမြေ ပြန်လည်ရရှိရန် တရားဝင် ဆန္ဒထုတ်ဖော်ခွင့် တောင်းခံခြင်း မရှိဘဲ ဆုတောင်းပွဲနှင့် ဆန္ဒထုတ်ဖော်ပွဲ ဦးဆောင် ကျင်းပသူခဲ့များကို အပြန်လမ်းတွင် ရဲတပ်ဖွဲ့က နံပါတ်တုတ်များဖြင့် ရိုက်နှက် ဖမ်းဆီးခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ ပုဒ်မ (၅၀၅) (ခ) ဖြင့် ဖမ်းဆီးခံထားရသည့် ဦးပေါက်စ ပြန်လည် လွတ်မြောက်ရန်၊ လယ်ယာမြေ ပြန်လည်ရရှိရန်နှင့် သပိတ်စခန်း သုံးလပြည့် အထိမ်းအမှတ် ဆုတောင်းပွဲများကို သဲကုန်းမြို့ပေါ် တရားရုံးရှေ့နှင့် မိုးကောင်းဘုရားတွင် လူအင်အား ၂၅ ဦးဖြင့် ကျင်းပခဲ့ပြီး နေအိမ်သို့ ပြန်လာစဉ် လမ်း၌ ရဲအင်အား ၅၀ ခန့်က ဝိုင်းရံကာ ဦးဆောင်သူများကို ရိုက်နှက် ဖမ်းဆီးခဲ့ကြောင်း၊ အောင်ကုန်းကျေးရွာမှ ဦးမောင်ဝင်းနှင့် ဒေါ်ညိုတို့ ဖမ်းဆီးခံရပြီး လယ်သမားရေး ဆောင်ရွက်သူ ဦးကောင်းထက်ကျော်မှာ တပ်မြောက်ကျောင်း (ဘုန်းကြီးကျောင်း) ထဲသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရာမှ လွတ်မြောက်ခဲ့ခြင်း ဖြစ်ကြောင်း ဆုတောင်းပွဲ

တူရကီ ကျောက်မီးသွေးတွင်း ပေါက်ကွဲမှု သေဆုံးသူ ၂၀၅ ဦးသို့ ရောက်ရှိ၊ လူပေါင်း ရာနှ...

တူရကီ ကျောက်မီးသွေးတွင်း ပေါက်ကွဲမှု သေဆုံးသူ ၂၀၅ ဦးသို့ ရောက်ရှိ၊ လူပေါင်း ရာနှင့်ချီ ပိတ်မိနေဆဲ ဆိုမာ၊ မေ ၁၄ ပြီးခဲ့သော အင်္ဂါနေ့က ဖြစ်ပွားခဲ့သော တူရကီနိုင်ငံ အနောက်ပိုင်းရှိ ကျောက်မီးသွေးတွင်း ပေါက်ကွဲမှုတွင် သေဆုံးသူ အရေအတွက်မှာ ၂၀၅ ဦးသို့ ရောက်ရှိသွားပြီ ဖြစ်ပြီး မိုင်းတွင်းအတွင်း၌ လူရာနှင့်ချီ၍ ပိတ်မိနေဆဲ ဖြစ်သည်ဟု CNA သတင်းဌာနတွင် ဖော်ပြထားသည်။ ပေါက်ကွဲမှု စတင်ဖြစ်ပွားသည့် အချိန်တွင် ကျောက်မီးသွေးတွင်း အတွင်း၌ လူ ၇၈၇ ဦး ရှိနေခဲ့ပြီး သေဆုံးသူ အရေအတွက်မှာ အချိန်တိုအတွင်း အလျင်အမြန် မြင့်တက်လာခဲ့ကာ တူရကီ အစိုးရကလည်း ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်ရာတွင် အချိန်မလုံလောက်သော အခက်အခဲနှင့် ရင်ဆိုင်နေရသည်ဟု ပြောကြားထားသဖြင့် ကျောက်မီးသွေးတွင်းအတွင်း ပိတ်မိနေသေးသူများ၏ အသက်အန္တရာယ်မှာ စိုးရိမ်ရသော အခြေအနေတွင် ကျရောက်လျက် ရှိသည်။ တာဝန်ရှိသူများသည် ကယ်ဆယ်ရေး လုပ်ငန်းများကို ညလုံးပေါက် လုပ်ဆောင်ခဲ့သော်လည်း လူပေါင်း ရာနှင့်ချီ ပိတ်မိနေဆဲ ဖြစ်ပြီး အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့သူများထဲမှ ၈၀ ခန့်မှာ ဒဏ်ရာရရှိထားကာ ၎င်းတို့ထဲမှ လေးဦးမှာ ဒဏ်ရာ ပြင်းထန်သည်ဟု တူရကီ စွမ်းအင်ဝန်ကြီး တန်နာယေဒစ်ဇ်က ပြောကြားသည

၁၅.၅.၂၀၁၄ ခုနှစ် ကြာသပတေးနေ့ ယနေ့  နံနက် (၈း၀၀) မှစတင်၍ ဧရာဝတီတိုင်း ဒေသကြီး ကေ...

၁၅.၅.၂၀၁၄ ခုနှစ် ကြာသပတေးနေ့ ယနေ့  နံနက် (၈း၀၀) မှစတင်၍ ဧရာဝတီတိုင်း ဒေသကြီး ကျောင်းကုန်းမြို့ မှာ ကျောင်းကုန်း တံတားကြီး အောက်မှ စတင်ကာ တစ်မြို့လုံးသို့ လှည့်လည်၍ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး အတွက် ပြည်သူလူထု၏ ဆန္ဒထုတ်ဖော်ပွဲကို ပြုလုပ်ခဲ့ပါသည်။ ကျောင်းကုန်းမြို့တွင် ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး လူ ၅၀၀ ကျော် ဆန္ဒထုတ်ဖော် - သစ်ထူးလွင� www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1gpF01b
မေလ ၁၅ ရက်ထုတ် မဇ္ဈိမနေ့စဉ်သတင်းစာ - သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1nQg42w