Skip to main content

မလေးရှားသို့ မြန်မာလုပ်သား စေလွှတ်မှု အဆင့်လျှော့ချ ရန်ကုန်၊ မေ ၁၄ အချိန်လေးလခန်...



မလေးရှားသို့ မြန်မာလုပ်သား စေလွှတ်မှု အဆင့်လျှော့ချ



ရန်ကုန်၊ မေ ၁၄



အချိန်လေးလခန့်ကြာ စောင့်ဆိုင်းကာ သွားရောက် လုပ်ကိုင်နေရသည့် မလေးရှားနိုင်ငံသို့ မြန်မာလုပ်သားများ စေလွှတ်ရန် ခွင့်ပြုချက် တောင်းခံရာတွင် အလုပ်ခေါ်စာ (Calling Visa) တင်ပြရန် မလိုဘဲ ခွင့်ပြုပေးမည် ဖြစ်သဖြင့် အချိန် နှစ်လခန့်အတွင်း မလေးရှားနိုင်ငံသို့ သွားရောက် လုပ်ကိုင်နိုင်မည် ဖြစ်ကြောင်း မြန်မာပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ် (MOEAF) မှ အလုပ်အမှုဆောင် ဦးကိုလေးက ပြောကြားသည်။



မလေးရှားနိုင်ငံသို့ အလုပ်သမား စေလွှတ်ခွင့် အဆိုပြုလွှာ (Demand) တင်ပြရာတွင် Calling Visaကို တင်ပြရန် မလိုဘဲ ဘဏ်အာမခံချက် (Bank Grantee) ဖြင့် တင်ပြလျှောက်ရမည့် အစီအစဉ်ကို အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက မေလ ၁၂ ရက် နေ့က MOEAF နှင့် နေပြည်တော်တွင် တွေ့ဆုံစဉ် လက်ခံလိုက်ကြောင်း ၎င်းကဆိုသည်။



Bank Grantee ဆိုသည်မှာ မလေးရှား ကုမ္ပဏီတစ်ခုက နိုင်ငံခြားသား အလုပ်သမား ခေါ်ယူမည် ဆိုပါက မလေးရှားနိုင်ငံ ပြည်ထဲရေး ဝန်ကြီးဌာနကို ခွင့်ပြုချက် (KDN Approval letter) တင်ပြရပြီး ခွင့်ပြုချက်ရပါက လုပ်သားများ၏ နိုင်ငံကူးလက်မှတ်နှင့် ကိုယ်ရေး အချက်အလက်များကို တောင်းယူကာ ဘဏ်တွင် အာမခံထားခြင်း ဖြစ်သည်။



Bank Grantee ကို စစ်ဆေးကာ ခွင့်ပြုသည့် စနစ်ကို စတင်ကျင့်သုံးပါက လက်ရှိစနစ်ထက် အချိန်တစ်လခွဲခန့် မြန်ဆန်သွားနိုင်သဖြင့် လုပ်သားဈေးကွက် ပျက်မည်ကိုလည်း စိုးရိမ်ရန် မလိုတော့ကြောင်း ဦးကိုလေးက ပြောဆိုသည်။



လက်ရှိ ကျင့်သုံးနေသည့် စနစ်တွင် Bank Grantee ရရှိပါက မလေးရှားနိုင်ငံရှိ အလုပ်ရှင်က လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနကို တင်ပြကာ Calling Visa တောင်းယူရပြီး Calling Visa ရရှိလျှင် နေပြည်တော်ရှိ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ရုံးကို တင်ပြရကြောင်း၊ Calling Visa ရရှိရန် အချိန်တစ်လခွဲကြာပြီး နေပြည်တော် ရုံးတွင်လည်း တစ်လခွဲခန့် ထပ်စောင့်ရသဖြင့် မလေးရှားနိုင်ငံသို့ သွားရောက် လုပ်ကိုင်ရန် အချိန်လေးလခန့် ကြာမြင့်ခြင်း ဖြစ်ကြောင်း ပြည်ပအလုပ်အကိုင် အေဂျင်စီများထံမှ သိရှိရသည်။



“မလေးရှား လ.ဝ.က တင်နေတဲ့ အချိန်မှာ နေပြည်တော်က ခွင့်ပြုချက် ယူလိုက်တာ။ နေပြည်တော်က ခွင့်ပြုချက်လည်းအကျ Calling Visa လည်း အကျ။ အဲဒါဆို Calling ကျပြီး နှစ်ပတ်အတွင်း မလေးရှားကို လွှတ်လို့ရတယ်။ ဈေးကွက်လည်း မပျက်တော့ဘူး” ဟု ဦးကိုလေးက ရှင်းပြသည်။



ယင်းစနစ်ကို နှစ်လ အစမ်းကာလ သတ်မှတ်ကာ လုပ်ဆောင်မည် ဖြစ်ပြီး အောင်မြင်ပါက ဆက်လက် ကျင့်သုံးမည် ဖြစ်ကာ အဆိုပြုလွှာများကို မသမာသော နည်းဖြင့် တင်ပြသည့် အေဂျင်စီများကို အရေးယူမည်ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောဆိုကြောင်း MOEAF ထံမှ သိရှိရသည်။



Bank Grantee ခွင့်ပြုမည်ဟု ဆိုသော်လည်း မြန်မာအစိုးရက စစ်ဆေးမှုများတွင် လုပ်ထုံးလုပ်နည်းများ ရှုပ်ထွေးနေဆဲ ဖြစ်သဖြင့် လက်ရှိ အခြေအနေထက် ပိုမိုကောင်းမွန်ခြင်း ရှိမရှိကို စောင့်ကြည့်ရမည် ဖြစ်ကြောင်း ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီတစ်ခုမှ မန်နေဂျာတစ်ဦးက ပြောကြားသည်။



မြန်မာအလုပ်သမား ခေါ်ယူရာတွင် ကြန့်ကြာမှုများကြောင့် မလေးရှား အလုပ်သမား ဈေးကွက်တွင် မြန်မာနိုင်ငံက မျက်နှာပန်းမလှ ဖြစ်နေကြောင်း ပြည်ပအလုပ်အကိုင် အေဂျင်စီများထံမှ သိရှိရသည်။

from The Voice Weekly's Facebook Wall http://ift.tt/1lrOtRD

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...

ဖုန်းပြော သူများ သတိထား၊ ကြာရှည်စွာ ဖုန်းပြောလျှင် နားကို ဒုက္ခ ပေးရာရောက်

ခေတ်မီ တိုးတက် လာသည့် အလျောက် ဆန်းပြားသော လျှပ်စစ် ပစ္စည်း များနှင့် လူ့အသုံး အဆောင် ပစ္စည်း များမှာ လည်း တစ်ခု ထက် တစ်ခု ပိုမို ကောင်းမွန် လာသည့် အတွက် လူအများ မှာလည်း အသစ် အဆန်း ဘက်ကို ဦးစားပေး ရွေးချယ် လာကြသည်။ ယခုခေတ်မြို့နေ လူငယ် အများစုဖုန်းကိုင် လာနိုင်ပြီး ဆွေ မျိုး သားချင်း၊ ချစ်သူ သမီးရည်းစား များ နှင့် ဖုန်းပြော သည့်အခါ ပုံမှန် အသံ dv (decivel) ထက်ပိုသော အသံကို ကြားလျှင်ဖြစ်စေ၊ နေ့စဉ် ရက်ဆက် အချိန်ကြာမြင့်စွာ ဖုန်းပြော လျှင်ဖြစ် စေ နားကို မထိခိုက် နိုင်သော်လည်း ပုံမှန် အသံထက် ကျယ်သော စကား ပြောသံ နှင့် အချိန်ကြာသော အခါ နား ထိခိုက် နိုင်ကြောင်း နား၊နှာခေါင်း၊ လည်ချောင်း ဆေးရုံမှ အထူးကု ဆရာ ၀န် ဒေါက်တာ ၀င်းထိုက် ကြည်က ပြောကြားသည်။ ဖုန်းကို တစ်နေ့တည်း ဆက် တိုက် ခြောက်နာရီ နှင့် အထက်ပြော ပြီး ဖုန်းပြောသံမှာ လည်း သတ်မှတ် ထား သော dv (decivel) အသံထက် ကျယ်ရင် နားအူ၍ ထုံတတ် ကြောင်း၊ ပုံမှန် နားထောင် နိုင်စွမ်း ရှိသော အသံ နှင့် ပြောလျှင် နားကို မထိခိုက် နိုင် သော်လည်း ကြာရှည် လာချိန်တွင် နားလေး သွားနိုင် ကြောင်း၊ ထို့ကြောင့် ကြာရှည်စွာ ဖုန်းပြော တတ်သည့်လူ ငယ်များ၊ ဖုန်းပြော လျှင် အော်...