Skip to main content

Posts

Showing posts from December 10, 2014

ရန်ကုန်မြို့ အတွင်း လျှပ်စစ်ရထား ပြေးဆွဲနိုင်ရေး ပြည်ပမှ လျှပ်စစ်ရထားများ ဝယ်ယူရန် စီစဉ်နေ

ရန်ကုန် ဒီဇင်ဘာ ၁၁ ရန်ကုန်မြို့ အတွင်း လျှပ်စစ်ရထား ပြေးဆွဲနိုင်ရေး အတွက် ပြည်ပမှ လျှပ်စစ်ရထားများ ဝယ်ယူရန် စီစဉ် နေကြောင်း ရထား ပို့ဆောင်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောပြချက် အရ သိရသည်။ ရထား ပို့ဆောင်ရေး ဝန်ကြီးဌာန အနေဖြင့် လျှပ်စစ် ရထားများကို ဂျပန်နိုင်ငံမှ ဝယ်ယူရန် စီစဉ်လျက်ရှိပြီး အခြား လိုအပ်သော နည်းပညာများကိုလည်း ဂျပန်နိုင်ငံနှင့် ပူးပေါင်း လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။ မြန်မာ နိုင်ငံ၌ လွတ်လပ်ရေး မရမီကာလ လျှပ်စစ်ရထားများ ပြေးဆွဲမှု ရှိခဲ့ကြောင်း၊ ၁၉၉၄-၁၉၉၅ ခုနှစ် အတွင်းက လျှပ်စစ်ရထား စက်ခေါင်း ဝယ်ယူ၍ ပြေးဆွဲရန် စီမံကိန်း ရေးဆွဲခဲ့ဖူးကြောင်း သိရသည်။ ယခုအခါ လျှပ်စစ် ရထား ပြေးဆွဲမှုများကို ပြန်လည် အကောင်အထည်ဖော်မည် ဖြစ်ရာ ထော်လီကွေ့-ပန်းဆိုးတန်း-ပုဇွန် တောင်ကမ်းနားလမ်းတွင် ပြုလုပ်နိုင်ရန် စီစဉ်ထားကြောင်း သိရသည်။ ရထား အူလမ်းကြောင်း အရှည် ၆ မိုင် ကျော်ရှိပြီး လျှပ်စစ်ရထား ပြေးဆွဲမှု ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ခြောက်သန်းကျော် ရှိနိုင်ကြောင်း သိရသည်။ ထို့အပြင် လာမည့်နှစ် အနည်းငယ်အတွင်း ရန်ကုန် မြို့ပတ်ရထား ပို့ဆောင်ရေး စနစ်ကို အဆင့်မြှင့်တင်မှုများ ဆက်လက် ပြုလုပ်သွားရန် ရှိကြော

မြန်မာနိုင်ငံမှာ စစ်တပ်လွှမ်းမိုးမှု ကြီးမားဆဲ

၂၀၁၁ ခုနှစ်မှာ သမ္မတဦးသိန်းစိန် အစိုးရ တက်လာကတည်းက မြန်မာနိုင်ငံ မှာ ပြုပြင် ပြောင်းလဲ ရေးတွေ လုပ်လာတာကို မြင်တွေ့ ခဲ့ရပါတယ်။ အစိုးရက ဆင်ဆာဖြတ်တောက်မှုကို လျှော့ချပေးတဲ့အပြင် နိုင်ငံရေး အကျဉ်းသားတွေကို လည်း ပြန်လွှတ်ပေးခဲ့သလို ပြည်ပ ရင်းနှီး မြှုပ်နှံမှုတွေလည်း မြန်မာနိုင်ငံကို ၀င်ရောက်လာခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့လို့ နိုင်ငံမှာ စစ်တပ်ရဲ့အာဏာ လွှမ်းမိုးမှုကတော့ မပြောင်းလဲဘဲ ဆက်ရှိနေတာကို တွေ့ရပါတယ်။ ၂၀၁၅ မှာ ရွေးကောက်ပွဲကို ကျင်းပဖို့ မြန်မာနိုင်ငံမှာ ပြင်ဆင်နေချိန် ပြုပြင်ပြောင်းလဲရေးတွေက စိုးရိမ်ရလောက်အောင် တန့်နေတာကို တွေ့ရတယ်လို့ အကဲခတ်တွေက သုံးသပ်ကြပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် Gabrielle Paluch ဘန်ကောက်ကနေ ပေးပို့ထားတဲ့သတင်းကို ဒေါ်လှလှသန်းက တင်ပြထားပါတယ်။ တချိန်က ချွတ်ခြုံကျနေတဲ့ မြန်မာ့စီးပွားရေးမှာ သိသာထင်ရှားတဲ့ အပြောင်းအလဲတွေကို မြင်တွေ့နေရပါပြီ။ စီးပွားရေးအပေါ် အစိုးရရဲ့ ထိန်းချုပ်မှုကို လျှော့ချပေးတဲ့အပြင် ဘဏ်စနစ်သစ်၊ မြေယာပိုင်ဆိုင်မှု ပေါ်လစီသစ်တွေအပြင် ငွေလဲလှယ်မှုတန်ဖိုးကို အစိုးရက မသတ်မှတ်ဘဲ ဈေးကွက်ကနေ သတ်မှတ်ပေးတဲ့အခြေအနေ ရောက်နေပါပြီ။ အခုလို ခြေလှမ်းတွေကြောင့်လည်း ၂၀၁၁ က

ှငှက်နဲ့ တိုက်တဲ့ MAI လေယာဉ် ပုံမှန်ပျံသန်းပြီ

ငှက်ဖြင့် ထိခိုက်မိသော လေယာဉ်ထိပ်ပိုင်းအား ညတွင်းခြင်း ပြန်လည်အစားထိုး တပ်ဆင်နိုင်ခဲ့ပြီး ဖြစ်သဖြင့် ခရီးစဉ်များတွင် ပုံမှန်ပျံသန်း လျှက်ရှိနေပြီ ဖြစ်ကြောင်း MAI FACEBOOK စာမျက်နှာမှာ ဖော်ပြထားပါသည်။ အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) သည် ၂၀၁၄ခုနှစ် ဒီဇင်ဘာလ (၁၀)ရက်နေ့တွင် စင်္ကာပူမြို့မှ ရန်ကုန်မြို့သို့ ပျံသန်းသည့် ခရီးစဉ် Airbus A319 အမျိုးအစား လေယာဉ်အမှတ် 8M 232 သည် မွန်းလွဲ (၁၄)နာရီ (၅၂)မိနစ် ခန့်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆင်းသက်မည့် အချိန် (၁၀)မိနစ် ခန့် အလိုတွင် အမြင့်ပေ ၄၀၀၀ မှ ပျံသန်းနေရာ ငှက်ဖြင့်တိုက်မိသည့် ဖြစ်ရပ်ဖြစ်ပွားခဲ့သဖြင့် လေယာဉ်ထိပ်ဖူးပိုင်းသာ အနည်းငယ် ထိခိုက်မိသည်မှလွဲ၍ မည့်သည့် ခရီးသည် ထိခိုက်မှု တစုံတရာဖြစ်ပွားခဲ့ခြင်းမရှိဘဲ မူလခရီးစဉ်အတိုင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ချောမွေ့စွာ ဆင်းသက်နိုင်ခဲ့ပါသည်။ BY THIT HTOO LWIN from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1vRTooo

သြစတြေးလျ ကွမ်းတက်စ်လေယာဉ် ၄ စီး စက်ချွတ်ယွင်း၊ အရေးပေါ်ဆင်းသက်

သြစတြေးလျ နိုင်ငံရဲ့ အကြီးဆုံး လေကြောင်း လိုင်းဖြစ်တဲ့ ကွမ်းတက်စ်(Qantas) လေကြောင်းလိုင်းဟာ ၂ ရက်အတွင်း လေယာဉ် ၄ စီး စက်ချွတ်ယွင်းမှု ဖြစ်ပြီး အရေးပေါ် ဆင်းသက်ခဲ့ ရပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၉ ရက်နေ့က တက်မေးနီးရှား ပြည်နယ် ဟိုဘတ်တ်(Hobart) မြို့ကနေ မဲလ်ဘုန်းမြို့ကို ပျံသန်းတဲ့ ဘိုရင်း ၇၁၇ လေယာဉ်ဟာ ပျံတက်လာပြီး မိနစ် ၂၀ အကြာမှာ လေယာဉ်ခေါင်းခန်းထဲ စက်ချွတ်ယွင်းမှု ဖြစ်ပြီး ပြန်လှည့်ဆင်းခဲ့ရတာပါ။ ဒီဇင်ဘာ ၈ ရက်နေ့ကလည်း ကွမ်းတက်စ်လေကြောင်းပိုင်လေယာဉ် ၃ စီး စက်ချွတ်ယွင်းမှုတွေ ဖြစ်ပြီး လမ်းကြောင်းပြောင်း၊ ဒါမှမဟုတ်ပြန်လှည့်ဆင်းခဲ့ကြရပါတယ်။ လေကြောင်းလိုင်းကြီး ဖြစ်ပြီး အခုလို ကိစ္စမျိုးတွေ မဖြစ်သင့်ဘူးလို့ ခရီးသည်တွေက ပြစ်တင်ပြောဆိုပါတယ်။ ကွမ်းတက်စ်လေကြောင်းလိုင်းအရာရှိချုပ် အလန် ဂျွိုင်းစ်(Alan Joyce) ကတော့ တခြား လေကြောင်းလိုင်းကြီးတွေနဲ့ ယှဉ်ရင် ကွမ်းတက်စ်လေကြောင်းလိုင်းက လေယာဉ်တွေ ပြန်လှည့်ဆင်းရတာ အရမ်းကို နည်းပါးပါတယ်လို့ ကာကွယ်ပြောဆိုခဲ့ပါတယ်။ By ဒီဗွီဘီ http://ift.tt/1ySCc31 from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1GfeKiM

ဆောက်လက်စတိုက်(၄)လွှာတွင် အိပ်ပျော်နေစဉ် ပြုတ်ကျခဲ့သဖြင့် လူတစ်ဦးသေဆုံး

ဆောက်လက်စတိုက် တလုံးအားတွေ့ ရစဉ် ရန်ကုန်၊ ဒီဇင်ဘာ ၁၁ ၁၀.၁၂.၂၀၁၄ ရက်နေ့ ၂၃၃၀ အချိန် ကမာရွတ်မြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ကမာရွတ်မြို့နယ်၊ စပယ်(၁)လမ်းရှိ ဆောက်လက်စ တိုက်(၄)လွှာမှ အမျိုးသား တစ်ဦး ပြုတ်ကျသေဆုံး သွားကြောင်း သတင်းအရ သွားရောက် စစ်ဆေးခဲ့ပါသည်။ ထိုသို့သွားရောက် စစ်ဆေးရာ သေဆုံးသူမှာ အဆိုပါ တိုက်တွင် လက်သမား အလုပ်လုပ်ကိုင်သူ ရွှေပြည်သာမြို့နယ်နေ ကိုငြိမ်းပြည့်စုံ(ခ)ဟိန်းပြည့်စုံ၊ (၂၀)နှစ်ဖြစ်ကြောင်း၊ ၎င်းသည် အဆိုပါတိုက်၏ ၄လွှာတွင် အိပ်နေရာမှပြုတ်ကျ ခဲ့သဖြင့် ဦးခေါင်း နောက်စေ့စုတ်ပြဲ၊ ယာနားသွေးထွက်၊ ၀ဲနံဘေးပွန်းပဲ့ ဒဏ်ရာများ ရရှိကာ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။ ၎င်းသေဆုံးမှုနှင့် ပတ်သက်၍ ကမာရွတ်မြို့မရဲစခန်း သေမှုသေခင်း အမှတ်စဉ် (၁၄/၂၀၁၄)ဖြင့် ရေးဖွင့်ကာ စုံစမ်းစစ်ဆေး လျက်ရှိကြောင်း သတင်းရရှိပါသည်။ Yangon Police http://ift.tt/1oASl5N from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1vRTnRu

Auto World Journal Volume -3 - issue - 48

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။ from သစ်ထူးလွင် (သတင်းစာ၊ ဂျာနယ်နှင့် ရုပ်သံ) - Myanmar News Now http://ift.tt/1BcvR1Q via IFTTT

ရုပ်​ရှင် ဗီ​ဒီ​ယို ဆင်​ဆာ ပြန်​ပြီး တင်း​ကြပ်တော့မယ်

ဆင်ဆာဖြတ်ပြီး ပိတ်တာထက် ဘယ် အသက်ရွယ် အောက် မကြည့်သင့် ဆိုပြီး အဆင့် သတ်မှတ်တာမျိုး ဖြစ်သင့်ကြောင်း သုံးသပ်ပြောဆို နေကြပါတယ်။ မြန်မာ ရုပ်ရှင် ဗီဒီယိုတွေ ကို ရုပ်ရှင် အကဲဖြတ် အဖွဲ့လို့ ခေါ်တဲ့ ဆင်ဆာဘုဒ် အဖွဲ့က စိစစ် ဖြတ်တောက် တာတွေ ပြန်လည် တင်းကြပ် တော့မယ် ဆိုပြီး သက်ဆိုင်ရာ အာဏာပိုင် တွေက ရုပ်ရှင် လောကသား တွေကို ခေါ်ယူ ပြောဆို ခဲ့ပါတယ်။ လိင်လှုံ့ဆော်မှု ပြုတဲ့ ပြကွက် တွေလိုမျိုးနဲ့ စကားလုံး အပြောအဆို ကြမ်းတမ်းတာမျိုး တွေလို ယဉ်ကျေးမှု နဲ့ မကိုက်ညီတာတွေ၊ ဘာသာရေးနဲ့ ညိစွန်းတဲ့ ပြကွက်မျိုး တွေကို ခွင့်ပြုမှာ မဟုတ်ဘူး လို့ ဆိုပါတယ်။ ၂၀၁၁ ခုနှစ် နောက်ပိုင်း ရုပ်ရှင် လောကသား တွေရဲ့ တောင်းဆို မှုကြောင့် ရုပ်ရှင်ဆင်ဆာ လုပ်တာကို အာဏာပိုင်တွေက လျော့ချ ပေးခဲ့ပေမယ့် ဆင်ဆာဘုဒ်ကတော့ တလျှောက်လုံးပဲ ရှိနေ ခဲ့တာပါ။ အဲဒီ့လို ဖြေလျော့ ပေးထားခဲ့တဲ့ ကာလတွေမှာ၊ ဆင်ဆာဘုဒ် အနေနဲ့ မသင့်တော်ဘူး ဆိုပြီး ယူဆတဲ့ ပြကွက်မျိုးတွေ အပေါ် ထောက်ပြမှုမျိုးသာ လုပ်ခဲ့ ရာကနေ အခုတော့ လုံးဝ ဖြတ်တောက်တာမျိုး၊ ဇာတ်ကားပြခွင့် မပေး တော့မှာမျိုး ပြန်လည် တင်းကြပ်လာမယ့် အနေအထား ဖြစ်တယ် ဆိုပြီး ရုပ်ရှင် အစည်းအရုံး ရဲ့ ဥက္ကဌဟောင်း မင်းသား ဇင်

Time Person of the Year - အီဘိုလာရောဂါ တိုက်ဖျက်ရေး ပုဂ္ဂိုလ်တွေကို ရွေးချယ်

အီဘိုလာရောဂါ တိုက်ဖျက်ရေးမှာ ပါဝင် ဆောင်ရွက်ခဲ့ ကြသူတွေကို ၂၀၁၄ ခုနှစ်ရဲ့ အထူးခြားဆုံး လူပုဂ္ဂိုလ်များအဖြစ် အမေရိကန် ပြည်ထောင်စုက ထုတ်ဝေတဲ့ Time သတင်း မဂ္ဂဇင်းကြီးက အသိအမှတ်ပြုလိုက်ပါတယ်။ Time မဂ္ဂဇင်းကြီးရဲ့ အယ်ဒီတာ Nancy Gibbs က ဆရာဝန်တွေနဲ့ သူနာပြုတွေဟာ၊ သူမရဲ့ အသုံးအနှုန်းအရ ဒီစစ်ပွဲကြီးကို ကြံ့ကြံ့ခံ ရပ်တည်ပြီး တိုက်ပွဲဝင်ခဲ့ကြသူတွေ ဖြစ်တယ်လို့ ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။ သူတို့ဟာ သူတပါးရဲ့ အသက်ကို ကယ်တင်နိုင်ဖို့အတွက် သူတို့ရဲ့ အသက်ဆုံးရှုံးနိုင်တဲ့ အန္တရာယ်ရှိတဲ့ကြားက အားကြိုးမာန်တက် အကြင်နာတရားအပြည့်နဲ့ မမောနိုင်မပမ်းနိုင် ဆောင်ရွက်ခဲ့ကြသူတွေ ဖြစ်ပါတယ်လို့လည်း ပြောပါတယ်။ ဒီကျန်းမာရေးဝန်ထမ်းတွေဟာ ကမ္ဘာအနှံ့က လာရောက်ကြသူတွေပါ။ အဲဒီအထဲမှာ နယ်စည်းမထား ဆရာဝန်များအဖွဲ့ Samaritan’s Purse ခရစ်ယာန် ကျန်းမာရေးစောင့်ရှောက်မှု အဖွဲ့တွေလည်း ပါဝင်တယ်လို့ Gibbs ကပြောပါတယ်။ တချို့ ကျန်းမာရေးအမှုထမ်းတွေက ရောဂါကူးစက်ခံရပြီး အသက်မသေဘဲ ကျန်ရစ်ခြင်းဟာ တခြားသူတွေကို ကူညီနိုင်ဖို့ ဘုရားသခင်က သူတို့တတွေကို ဒုတိယအကြိမ် အခွင့်အလမ်း ဖန်တီး ပေးလိုက်တာဖြစ်တယ်လို့ ယူဆကြောင်း Time မဂ္ဂဇင်းကို ပြောပြခဲ့ကြတယ်လို

ပါ​လက်စ​တိုင်း ဝန်ကြီး သေ​ဆုံး​တဲ့ အပေါ် ဝမ်းနည်း​ကြောင်း အစ္စရေး ကာ​ကွယ်​ရေး ဝန်ကြီး ပြော

ဝန်ကြီး အဘူအင် သေဆုံးမှုကို အစ္စရေးတို့က စုံစမ်းနေကြောင်း ပြောပါတယ်။ အသိမ်းပိုက်ခံ အနောက်ဘက် ကမ်းခြေ ဒေသမှာ ပါလက်စတိုင်း ဆန္ဒပြပွဲ တစ်ခု အတွင်း၊ အစ္စရေး လုံခြုံရေး တပ်ဖွဲ့ နဲ့ ထိပ်တိုက် ရင်ဆိုင်မှု ဖြစ်ခဲ့ ပြီးတဲ့နောက်၊ ပါလက်စတိုင်း အစိုးရ ဝန်ကြီး Ziad Abu Ein သေဆုံး ခဲ့ရတဲ့ အပေါ် ဝမ်းနည်း ရပါကြောင်း အစ္စရေး ကာကွယ်ရေး ဝန်ကြီး Moshe Yaalon က ပြောခဲ့ပါတယ်။ အဲဒီ့ အဖြစ်အပျက်နဲ့ ပတ်သက် ပြီးတော့ စုံစမ်းမှုတွေ လည်း လုပ်ဆောင် နေပါကြောင်း မစ္စတာ Yaalon က ဆိုပါတယ်။ ပါလက်စတိုင်း တွေရဲ့ သံလွင်ပင်တွေ စိုက်ပျိုးပြီး ဆန္ဒပြကြတဲ့ ပွဲမှာ၊ ဝန်ကြီး Abu Ein ရဲ့ လည်ပင်းကို အစ္စရေး နယ်ခြားစောင့် ရဲက ဆုပ်ကိုင် ထားတာကို ဗီဒီယို ထဲမှာ တွေ့ရပါတယ်။ အဲဒီ့ နောက်ပိုင်း ဝန်ကြီး Abu Ein ဟာ၊ သူ့ရဲ့ ရင်ဘတ်ကို သူဖိပြီး လဲကျသွား ခဲ့တာ ဖြစ်ပါတယ်။ ဝန်ကြီး Abu Ein သေဆုံး ခဲ့ရမှုနဲ့ ပတ်သက်ပြီး ပါလက်စတိုင်း သမ္မတ မာမွတ် အဘတ်စ်က၊ အစ္စရေးဘက်က အခုလို ကျူးလွန်မှုဟာ အရိုင်းအစိုင်း တွေရဲ့ အပြုအမူမျိုး ဖြစ်တယ် ဆိုပြီး ရှုတ်ချလိုက်သလို၊ ဒီလို အပြုအမူကို သည်းခံမှာ မဟုတ်ဘူး လို့လည်း ဆိုပါတယ်။ ကုလသမဂ္ဂရဲ့ အထွေထွေ အတွင်းရေးမှုးချူပ် ဘန်ကီမွန်း ကလည်း အခ

'ကမ္ဘာ့​ရေ အစ ကြယ်တံခွန်​က' သီ​အို​ရီ မှား​နိုင်​တယ်​လို့ သိပ္ပံ​ပညာ​ရှင်​တွေ ပြော

67p ကြယ်တံခွန် ပေါ်က ရေနဲ့ ကမ္ဘာပေါ်က ရေ၊ ဓာတု ဖွဲ့စည်းပုံချင်း မတူဘူးလို့ တွေ့ရှိ။ မြေကမ္ဘာပေါ်က ရေဟာ ကြယ်တံခွန် တွေ ပေါ်ကနေ တဆင့် ရောက်ရှိ လာတာ ဖြစ်တယ် ဆိုတဲ့ သီအိုရီ အပေါ် လက်ခံ နိုင်ဖွယ်ရာ မရှိတဲ့ တွေ့ရှိချက်တွေ ထွက်ပေါ် လာပါတယ်။ 67p ကြယ်တံခွန်ပေါ် လူမဲ့ အာကာသ ယာဉ်ငယ် ဆင်းသက် နိုင်ခဲ့တဲ့၊ ဥရောပ အာကာသ အေဂျင်စီ ရဲ့ ရိုဇက်တာ စီမံကိန်းကနေ ရရှိလာတဲ့ အချက်အလက်တွေ အရ၊ အဲဒီ့ ကြယ်တံခွန် ပေါ်မှာ တွေ့ရတဲ့ ရေနဲ့ မြေကမ္ဘာပေါ်က ရေဟာ ဓာတု ဖွဲ့စည်းပုံ ကွဲပြားတယ် လို့ သုတေသီ တွေက ကောက်ချက် ချခဲ့ပါတယ်။ အခုလို စမ်းစစ်ချက်တွေကို ဆိုင်းယဲန့်စ် ဆိုတဲ့ သိပွံ ဂျာနယ်ထဲမှာ ဖော်ပြထားပါတယ်။ ဒါပေမယ့် ‘ရေရဲ့အစ ကြယ်တံခွန်ဆီက’ သီအိုရီကို လုံးဝ ပစ်ပယ်နိုင်ဖို့ ဆိုရင် အချက်အလက် တွေ ပိုမို ရရှိဖို့ လိုဦးမယ် ဆိုပြီး ထောက်ပြ ပြောဆို နေကြသူတွေ လည်း ရှိပါတယ်။ ဘီဘီစီ (မြန်မာပိုင်း) http://ift.tt/1yAk8vV from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1yAk7b8

Food Not Bombs Myanmar အဖွဲ့က ဆင်းရဲသားလူငယ်များအတွက် ရန်ပုံငွေရှာ

ဒီဇင်ဘာ ၁၀ ရက်နေ့က ဗိုလ်ချုပ်ဈေးရှေ့တွင် လူငယ်များ ဖွဲ့စည်းသော Food Not Bombs Myanmar ပန့်ခ်အဖွဲ့သည် အိမ်ခြေ ရာခြေမဲ့ အောက်ခြေ လူတန်းစားများ၊ လမ်းပေါ် ပိုက်ဆံတောင်း နေကြသည့် သက်ကြီးရွယ်အို အဘိုးအဘွားများ၊ ဆင်းရဲချို့တဲ့ သူများ အတွက် အစားအသောက် လှူဒါန်းရန် ရည်ရွယ်ချက်ဖြင့် ၎င်းတို့၏ဂီတနှင့် အလှူငွေ ကောက်ခံကာ ပရဟိတ လူမှုရေး လုပ်ငန်း ပြုလုပ်နေကြောင်း သိရသည်။ အဆိုပါအဖွဲ့ဝင် ကျော်ကျော်နှင့် တွေ့ဆုံမေးမြန်းရာ “ကျွန်တော်တို့ တနင်္လာနေ့ ည ၇ နာရီလောက်ဆိုရင် ဆူးလေခုံးတံတားအောက်မှာ အမြဲရှိတယ်။ ကျွန်တော်တို့ လှူဒါန်းဖို့ ၀ယ်နေတဲ့နေရာ ကတော့ ကုန်တိုက်တွေ၊ စူပါမားကတ်တွေ မဟုတ်ဘူး။ ဆင်းရဲချို့တဲ့တဲ့ လူတန်းစား တွေဆီက ၀ယ်တယ်။ ဆင်းရဲသားတွေကိုပဲ ပြန်လှူတယ်။ ကျွန်တော်တို့အဖွဲ့လေး ဖွဲ့တာတော့ ကြာပါပြီ။ ဒါပေမဲ့ ဂီတာတီး ပြီးအလှူခံတာ ဒီတကြိမ်ဟာ ပထမဆုံး အကြိမ် ပြုလုပ်ခြင်းဖြစ်သည်”ဟု ပြောသည်။ ဆက်လက်ပြီး ၎င်းက “မနက်ဖြန်ဆိုရင် လှိုင်သာယာမှာ သွားလှူမှာဖြစ်တယ်။ ဆင်းရဲသောလူတန်းစားတွေ အတွက် အင်္ကျီ၊ လုံချည်အပြင် အစားအသောက်၊ ဆေးဝါးတွေလှူဒါန်းနိုင်အောင် ကြိုးစားသွားမှာ ဖြစ်တယ်။ လူငယ်တွေ အသိပညာရှိအောင် ကြိုးစား သွားမှာဖြစ်တယ်။ တောင

ဖွံ့ဖြိုးမှု အနိမ့်ကျဆုံး နိုင်ငံများ စာရင်းက မြန်မာ ဘယ်တော့ လွတ်မလဲ

နေစရာမရှိအောင် ဆင်းရဲသူတွေ အမြောက်အမြား ရှိနေဆဲ ကမ္ဘာမှာ ဖွံ့ဖြိုးမှု အနိမ့်ကျဆုံး နိုင်ငံများ စာရင်း LDC ကနေ လွတ်မြောက်ရေး အတွက် မြန်မာအစိုးရက ကုလ သမဂ္ဂနဲ့ ပူးပေါင်း ကြိုးစားနေကြောင်း ကုလ သမဂ္ဂက ပြောပါတယ်။ ကုလသမဂ္ဂက တိုင်းတာတဲ့ သတ်မှတ် စည်းကမ်းချက်တွေနဲ့ ကိုက်ညီမှု ရှိမရှိ သုံးနှစ် တစ်ခါ ပြန်လည် သုံးသပ်ပြီး နှစ်ကြိမ် ဆက်တိုက် ကိုက်ညီမှသာ LDC ကနေ လွတ်မြောက် နိုင်မှာ ဖြစ်ပါတယ်။ တစ်ဦးချင်း ဝင်ငွေ ပမာဏ၊ လူသားရင်းမြစ် စွမ်းရည် ဖွံ့ဖြိုးမှု၊ စီးပွားရေး အခြေခံ ထိခိုက်လွယ်မှု စတာတွေ ပါတဲ့ ညွှန်းကိန်းတွေ အပေါ် ဆန်းစစ်ပြီး LDC စာရင်းဝင်နိုင်ငံ အဖြစ် သတ်မှတ်တာ ဖြစ်ပါတယ်။ ဒီဆန်းစစ်မှုကို နိုင်ငံပေါင်းစုံ ပါဝင်တဲ့ ကမ္ဘာ့ကုလ သမဂ္ဂ စီးပွားရေးနဲ့ လူမှုရေးကောင်စီရဲ့ ပညာရှင်တွေက ဆုံးဖြတ်ပြီး ထောက်ခံ ပေးမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံမှာ ရောက်နေတဲ့ ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံများ၊ ကုန်းတွင်းပိတ်နှင့် ကျွန်းငယ်ဖွံ့ဖြိုးဆဲ နိုင်ငံများဆိုင်ရာ အဆင့်မြင့် ကိုယ်စားလှယ်ရုံး ဒုတိယ အတွင်းရေးမှူးချုပ် မစ္စတာ ဒရာအာချာရာက ပြောပါတယ်။ ၂၀၁၂ ခုနှစ်တုန်းက LDC ဆန်းစစ်မှုမှာတော့ မြန်မာ နိုင်ငံ မပြည့်မီခဲ့ပါဘူး။ ဖွံ့ဖြိုးမှု အနိ

ဒီဇင်ဘာလ (၁၁)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ

ဒီဇင်ဘာလ (၁၁)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ ဒီဇင်ဘာလ (၁၁)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1qwJrvQ