Skip to main content

စက်သုံးဆီခွဲတမ်းကို လယ်/ဆည်က အများဆုံးတောင်းပြီး ဂါလန်ပေါင်း ၄၂ သန်းနီးပါးအထိ တေ...



စက်သုံးဆီခွဲတမ်းကို လယ်/ဆည်က အများဆုံးတောင်းပြီး ဂါလန်ပေါင်း ၄၂ သန်းနီးပါးအထိ တောင်းခံ၊ ပြန်ကြားရေးကဲ့သို့သော ၀န်ကြီးဌာနအချို့ကလည်း ပုံမှန်ခွဲတမ်းအပြင် စီမံကိန်းခေါင်းစဉ်တပ်၍ ခွဲတမ်းတောင်း



နှစ်စဉ်ဝန်ကြီးဌာနအလိုက် အုပ်ချုပ်မှုအတွက်လည်းကောင်း၊ စီမံကိန်းများအတွက် လည်းကောင်း သုံးစွဲမည့် စက်သုံးဆီပမာဏကို တင်ပြတောင်းခံရာ ယခု ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်အတွက် ဝန်ကြီးဌာနအားလုံးထဲတွင် အများဆုံးတင်ပြတောင်းခံသည့် ဝန်ကြီးဌာနမှာ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာန အသိုင်းအဝိုင်းမှ စုံစမ်းသိရသည်။



၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်အတွက် လယ်/ဆည်ဝန်ကြီးဌာနတစ်ခုတည်းမှ တောင်းခံသည့်ပမာဏမှာ ဓာတ်ဆီ ဒီဇယ်ဂါလန်ပေါင်း ၄၂ သန်းနီးပါးအထိရှိကြောင်း၊ ကာကွယ်ရေးဝန်ကြီးဌာနမှ တောင်းခံသည့် ပမာဏထက် လယ်/ဆည် တောင်းခံသည့် ပမာဏမှာ ဂါလန်ပေါင်း ကိုးသန်းဝန်းကျင်အထိ ပိုမိုများပြားကြောင်း သိရသည်။



ဝန်ကြီးဌာနများနှင့် အာဏာပိုင်များမှ ယခုနှစ်အတွက် တောင်းခံထားသည့် စက်သုံးဆီပမာဏ စုစုပေါင်းမှာ ဂါလန်သန်းပေါင်း ၂ဝဝ နီးပါးအထိရှိသည်ဟုလည်း သိရသည်။



တောင်းခံရာတွင် အုပ်ချုပ်မှုသုံးရန်အတွက် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စီမံကိန်းသုံးရန် ခေါင်းစဉ်ဖြင့်လည်းကောင်း တောင်းခံကြခြင်း ဖြစ်ကြောင်း သိရသည်။



ဝန်ကြီးဌာနများထဲတွင် စီမံကိန်းများလုပ်နေသည့် ဆက်သွယ်ရေး၊ ဟိုတယ်ခရီးဝန်ကြီးဌာနကဲ့သို့သော ဝန်ကြီးဌာနများမှ ပုံမှန်သုံးစွဲရန် ခွဲတမ်းအတွက်သာ တောင်းခံသော်လည်း ပြန်ကြားရေးဝန်ကြီးဌာနကဲ့သို့သော ဝန်ကြီးဌာနအချို့မှာမူ ပုံမှန်ခွဲတမ်းအပြင် စီမံကိန်းအတွက် ခေါင်းစဉ်ဖြင့်ပါ တင်ပြတောင်းခံကြကြောင်း သိရသည်။



သို့သော် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့်မူ တောင်းခံသည့်ပမာဏအတိုင်းမဟုတ်ဘဲ ပြန်လည်တွက်ချက်ထားသည့် ပမာဏကိုသာ ဝန်ကြီးဌာနအလိုက် ပြန်လည်ဖြန့်ဖြူးပေးရန် စီစဉ်ထားသည်ဟု သိရသည်။



ဥပမာအားဖြင့်-လယ်/ဆည်ဝန်ကြီး ဌာနဆိုလျှင် တောင်းခံထားသည်မှာ ဂါလန် ပေါင်း ၄၂ သန်းနီးပါးဖြစ်သော်လည်း ၄၂ သန်းနီးပါးထက်များစွာ လျော့နည်း၍ ခွဲတမ်းပြန်သတ်မှတ် တွက်ချက်ပေးမည့် သဘောမျိုးဟု ဆိုသည်။



ယခင်နှစ်က ဝန်ကြီးဌာနများအားလုံးသို့ စက်သုံးဆီဂါလန်သန်းပေါင်း ၁၅ဝ ဝန်းကျင်အထိ ထုတ်ပေးခဲ့ကြောင်း သိရသည်။



အဆိုပါ ဂါလန်သန်းပေါင်း ၁၅ဝ မှာ ပုံမှန်ခွဲတမ်းပမာဏနှင့် စီမံကိန်းအတွက် တောင်းသည့် ခွဲတမ်းပမာဏအပေါ် ဖြန့်ဖြူးပေးခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ ပုံမှန်ခွဲတမ်းနှင့် စီမံကိန်းအတွက် ခွဲတမ်းများ ဖြန့်ဖြူးပေးခဲ့သည့်အပြင် အထူးကိစ္စရပ်များခေါင်းစဉ်ဖြင့် ကာကွယ်ရေး၊ ပြည်ထဲရေး၊ ပြန်ကြားရေး၊ စီမံ/စီးပွား၊ လျှပ်စစ်၊ ဗဟိုအာဏာပိုင်တို့မှ စက်သုံးဆီ ဂါလန်ပေါင်း နှစ်သန်းနီးပါးကို ခွဲတမ်းအပြင် ပိုမိုသုံးစွဲခဲ့ကြကြောင်း သိရသည်။



စက်သုံးဆီဂါလန် နှစ်သန်းနီးပါးဆိုသည်မှာ ကာလပေါက်ဈေးအရ ကျပ်သိန်း ပေါင်း ၇၇ဝဝဝ ကျော်ဖိုးအထိ ရှိသည်။



အထူးကိစ္စရပ်များ ခေါင်းစဉ်တပ်ထားသော်လည်း သမ္မတရုံးဝန်ကြီးများ ခရီးသွားသည့်အတွက်လည်းကောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနမှ ဝန်ကြီး၊ ဒုဝန်ကြီးများ ပြည်တွင်း ခရီးသွားခြင်းအတွက်လည်းကောင်း၊ ပြည်ပဧည့်သည်များ ကြိုပို့ခြင်း၊ အာဆီယံအားကစား ပြိုင်ပွဲကဲ့သို့သော ခေါင်းစဉ်များကသာ အများဆုံးဖြစ်သည်။



သမ္မတရုံးဝန်ကြီးများ ပြည်တွင်းခရီးစဉ်နှင့် ပြန်ကြားရေးဝန်ကြီးဌာနမှ ဝန်ကြီး၊ ဒုဝန်ကြီးများ ပြည်တွင်းခရီးစဉ် နှစ်မျိုးတည်းအတွက် မူလခွဲတမ်းရပြီးသည့်အပြင် တစ်နှစ်အတွင်း ပိုမိုထုတ်ယူသုံးစွဲသည့် ဒီဇယ်၊ ဓာတ်ဆီဂါလန်ပေါင်းမှာ ၂၂ဝဝဝ နီးပါး (ကာလပေါက်ဈေး ကျပ်သိန်း ၈၇ဝ နီးပါးဖိုး) အထိ ရှိခဲ့ကြောင်း သိရသည်။

from Eleven Media Group's Facebook Wall http://ift.tt/1sQb2FD

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...

ဖုန်းပြော သူများ သတိထား၊ ကြာရှည်စွာ ဖုန်းပြောလျှင် နားကို ဒုက္ခ ပေးရာရောက်

ခေတ်မီ တိုးတက် လာသည့် အလျောက် ဆန်းပြားသော လျှပ်စစ် ပစ္စည်း များနှင့် လူ့အသုံး အဆောင် ပစ္စည်း များမှာ လည်း တစ်ခု ထက် တစ်ခု ပိုမို ကောင်းမွန် လာသည့် အတွက် လူအများ မှာလည်း အသစ် အဆန်း ဘက်ကို ဦးစားပေး ရွေးချယ် လာကြသည်။ ယခုခေတ်မြို့နေ လူငယ် အများစုဖုန်းကိုင် လာနိုင်ပြီး ဆွေ မျိုး သားချင်း၊ ချစ်သူ သမီးရည်းစား များ နှင့် ဖုန်းပြော သည့်အခါ ပုံမှန် အသံ dv (decivel) ထက်ပိုသော အသံကို ကြားလျှင်ဖြစ်စေ၊ နေ့စဉ် ရက်ဆက် အချိန်ကြာမြင့်စွာ ဖုန်းပြော လျှင်ဖြစ် စေ နားကို မထိခိုက် နိုင်သော်လည်း ပုံမှန် အသံထက် ကျယ်သော စကား ပြောသံ နှင့် အချိန်ကြာသော အခါ နား ထိခိုက် နိုင်ကြောင်း နား၊နှာခေါင်း၊ လည်ချောင်း ဆေးရုံမှ အထူးကု ဆရာ ၀န် ဒေါက်တာ ၀င်းထိုက် ကြည်က ပြောကြားသည်။ ဖုန်းကို တစ်နေ့တည်း ဆက် တိုက် ခြောက်နာရီ နှင့် အထက်ပြော ပြီး ဖုန်းပြောသံမှာ လည်း သတ်မှတ် ထား သော dv (decivel) အသံထက် ကျယ်ရင် နားအူ၍ ထုံတတ် ကြောင်း၊ ပုံမှန် နားထောင် နိုင်စွမ်း ရှိသော အသံ နှင့် ပြောလျှင် နားကို မထိခိုက် နိုင် သော်လည်း ကြာရှည် လာချိန်တွင် နားလေး သွားနိုင် ကြောင်း၊ ထို့ကြောင့် ကြာရှည်စွာ ဖုန်းပြော တတ်သည့်လူ ငယ်များ၊ ဖုန်းပြော လျှင် အော်...