Skip to main content

ကုသိုလ်တော်ဘုရားရင်ပြင်ပေါ်သို့ မန်းဝန်ကြီးချုပ် ဖိနပ်စီးတက်ရောက်ခဲ့ခြင်း မရှိဟုဆ...



ကုသိုလ်တော်ဘုရားရင်ပြင်ပေါ်သို့ မန်းဝန်ကြီးချုပ် ဖိနပ်စီးတက်ရောက်ခဲ့ခြင်း မရှိဟုဆို



မျိုးသန့်| ကြာသာပတေးနေ့၊ မေလ ၁၅ ရက် ၂၀၁၄ ခုနှစ်



မန္တလေးတိုင်းဝန်ကြီးချုပ် ဦးရဲမြင့်သည် ကုသိုလ်တော်ဘုရားရင်ပြင်တော်ပေါ် ဖိနပ်စီးသည်ဟု ကဆုန်လပြည့်နေ့က ဆိုရှယ်မီဒီယာတွင် အငြင်းပွားဖွယ် ဓာတ်ပုံများ ပျံ့နှံ့လာခြင်းကိစ်္စနှင့်ပတ်သက်၍ မဟုတ်မှန်ကြောင်း ၀န်ကြီးချုပ်၏ ကိုယ်ရေးအရာရှိမှတစ်ဆင့် မေ ၁၄ ရက်က မဇ္ဈိမကို ပြောသည်။



မန္တလေးမြို့ မဟာလောကမာရဇိန် ကုသိုလ်တော်ဘုရား ယူနက်စကို ကမ္ဘာ့မှတ်တမ်းအမွေအနှစ်ပါဝင်သည့် အထိမ်းအမှတ်ကျောက်စာစိုက်ထူခြင်း အခမ်းအနားသို့ မန္တလေးတိုင်းဝန်ကြီးချုပ် ဦးရဲမြင့် တက်ရောက်သည့်ပုံကို ဘုရားရင်ပြင်တော်ပေါ် ဖိနပ်စီးသည်ဟု ယင်းနေ့က ဆိုရှယ်မီဒီယာတွင် ဓာတ်ပုံများ ပျံ့နှံ့လာခြင်းကိစ္စကို ၎င်းက ရှင်းလင်းခြင်း ဖြစ်သည်။



“ဓာတ်ပုံတွေမှာ ၀န်ကြီးချုပ် ဖိနပ်စီးထားတာ ဟုတ်ပါတယ်။ ဂေါပကအဖွဲ့က ဘုရားထဲက ထွက်လာတာမို့ သူတို့မှာ

ဖိနပ်မပါပါဘူး။ ဘုရားပုရ၀ဏ် အပြင်ဘက်မှာ ဖွင့်ပွဲလုပ်တာပါ။ ရင်ပြင်ပေါ်ကို ဖိနပ်နဲ့တက်တာ မဟုတ်ဘူး။ မယုံလို့၊ မရောက်ဘူးလို့ ကုသိုလ်တော်ဘုရားကို သွားကြည့်ချင်တယ်ဆိုရင် ၀န်ကြီးချုပ်ဦးရဲမြင့်က စရိတ်ထုတ်ပေးမယ်လို့ ပြောပါတယ်။ ကတ္တရာလမ်းပေါ်မှာ ကောဇောခင်းထားတာဖြစ်ပါတယ်။ ပုရ၀ဏ်အတွင်းမှာ လုံးဝ မဟုတ်ပါဘူး”ဟု ကိုယ်ရေးအရာရှိက ပြောသည်။



အဆိုပါပွဲသို့ တက်ရောက်ခဲ့သော မန္တလေးအခြေစိုက်သတင်းသမားတစ်ဦးက ကုသိုလ်တော်ဘုရားပုရ၀ဏ် အပြင်ဘက်

မုခ်ဦးအရှေ့တွင် အခမ်းအနားပြုလုပ်ခြင်းဖြစ်ကြောင်း၊ ဘုရားဝင်းအတွင်း မဟုတ်ကြောင်း အတည်ပြုပြောကြားသည်။



ဆိုရှယ်မီဒီယာတွင် မန္တလေးတိုင်းဝန်ကြီးချုပ် ဦးရဲမြင့် ဘုရားရင်ပြင်ပေါ်တွင် ဖိနပ်စီးသည်ဟူသော ဓာတ်ပုံနှင့်အတူ ပဲခူးရွှေမော်ဓောဘုရားရင်ပြင်တော်ပေါ်သို့ အစိုးရကားများ တက်ရောက်လာသည့် ဓာတ်ပုံများ ထွက်ပေါ်လာခဲ့ပြီးနောက်

အငြင်းပွားစရာများဖြစ်ပေါ်ခဲ့သည်။



ဖေ့စ်ဘုတ် (Facebook) သုံးစွဲသူ အချို့က နိုင်ငံရေးထိုးနှက်ချက်တစ်ခုဖြစ်နိုင်ကြောင်း ဓာတ်ပုံများတွင် ၀င်ရောက် မှတ်ချက်ပေးခဲ့ကြသည်။



ဝန်ကြီးချုပ်ဦးရဲမြင့်၏ ဓာတ်ပုံသည် မေလ၈ ရက်က မန္တလေးမြို့ မဟာလောက မာရဇိန်ကုသိုလ်တော်ဘုရားအပြင်ဘက်တွင် စိုက်ထူသည့် ယူနက်စကို ကမ္ဘာ့မှတ်တမ်းအမွေအနှစ် ပါဝင်သည့် အထိမ်းအမှတ်ကျောက်စာစိုက်ထူခြင်း အခမ်းအနားပုံ ဖြစ်သည်။



အခမ်းအနားသို့ မန္တလေးတိုင်းဝန်ကြီးချုပ် ဦးရဲမြင့်၊ ပြည်ထောင်စုယဉ်ကျေးမှု ဒု-၀န်ကြီးဒေါ်စန်္ဒာခင်နှင့် တိုင်းဒေသကြီး

အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တက်ရောက်ခဲ့ကြသည်။

from Mizzima - News in Burmese's Facebook Wall http://ift.tt/RT0bNZ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...

ဖုန်းပြော သူများ သတိထား၊ ကြာရှည်စွာ ဖုန်းပြောလျှင် နားကို ဒုက္ခ ပေးရာရောက်

ခေတ်မီ တိုးတက် လာသည့် အလျောက် ဆန်းပြားသော လျှပ်စစ် ပစ္စည်း များနှင့် လူ့အသုံး အဆောင် ပစ္စည်း များမှာ လည်း တစ်ခု ထက် တစ်ခု ပိုမို ကောင်းမွန် လာသည့် အတွက် လူအများ မှာလည်း အသစ် အဆန်း ဘက်ကို ဦးစားပေး ရွေးချယ် လာကြသည်။ ယခုခေတ်မြို့နေ လူငယ် အများစုဖုန်းကိုင် လာနိုင်ပြီး ဆွေ မျိုး သားချင်း၊ ချစ်သူ သမီးရည်းစား များ နှင့် ဖုန်းပြော သည့်အခါ ပုံမှန် အသံ dv (decivel) ထက်ပိုသော အသံကို ကြားလျှင်ဖြစ်စေ၊ နေ့စဉ် ရက်ဆက် အချိန်ကြာမြင့်စွာ ဖုန်းပြော လျှင်ဖြစ် စေ နားကို မထိခိုက် နိုင်သော်လည်း ပုံမှန် အသံထက် ကျယ်သော စကား ပြောသံ နှင့် အချိန်ကြာသော အခါ နား ထိခိုက် နိုင်ကြောင်း နား၊နှာခေါင်း၊ လည်ချောင်း ဆေးရုံမှ အထူးကု ဆရာ ၀န် ဒေါက်တာ ၀င်းထိုက် ကြည်က ပြောကြားသည်။ ဖုန်းကို တစ်နေ့တည်း ဆက် တိုက် ခြောက်နာရီ နှင့် အထက်ပြော ပြီး ဖုန်းပြောသံမှာ လည်း သတ်မှတ် ထား သော dv (decivel) အသံထက် ကျယ်ရင် နားအူ၍ ထုံတတ် ကြောင်း၊ ပုံမှန် နားထောင် နိုင်စွမ်း ရှိသော အသံ နှင့် ပြောလျှင် နားကို မထိခိုက် နိုင် သော်လည်း ကြာရှည် လာချိန်တွင် နားလေး သွားနိုင် ကြောင်း၊ ထို့ကြောင့် ကြာရှည်စွာ ဖုန်းပြော တတ်သည့်လူ ငယ်များ၊ ဖုန်းပြော လျှင် အော်...