Skip to main content

.မြန်မာနိုင်ငံ တောင်ပိုင်းဒေသများမှစ၍ နောက်သုံးရက်အတွင်း အနောက်တောင်မုတ်သုံလေ စတ...



.မြန်မာနိုင်ငံ တောင်ပိုင်းဒေသများမှစ၍ နောက်သုံးရက်အတွင်း အနောက်တောင်မုတ်သုံလေ စတင်ဝင်ရောက်နိုင်



နောက်သုံးရက်အတွင်း မြန်မာနိုင်ငံ တောင်ပိုင်းဒေသများမှ စတင်ကာ အနောက်တောင်မုတ်သုံလေ စတင်ဝင်ရောက်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောကြားသည်။



“ဒီနှစ်မှာ ဆိုင်ကလုန်းအသေးလေးက ဘင်္ဂလားပင်လယ်အော်မှာ ထိုင်နေတယ်။ အဲဒါကြောင့် မုတ်သုံကတော်တော်နဲ့ တက်မလာနိုင်ဘူး ဖြစ်နေတယ်။ အခုနည်းနည်း ရွေ့လျားသွားတဲ့အတွက် နောက်သုံး လေးရက် အတွင်း မြန်မာနိုင်ငံတောင်ပိုင်းကို မုတ်သုံစဝင်နိုင်တယ်”ဟု ဦးကျော်မိုးဦးက ပြောကြားသည်။



မုတ်သုံ ဝင်ရောက်နိုင်မှုအား လေတိုက်လမ်းကြောင်းနှင့် မိုးရေချိန်များအား ပြန်လည်ကြည့်ရူခြင်းများမှ သိရှိရခြင်းဖြစ်ကြောင်းလည်း သိရသည်။



“တောင်ပိုင်းဒေသတွေဖြစ်တဲ့ ကော့သောင်း၊ ထားဝယ်၊ မြိတ်က လေတိုက်နှုန်းတွေ ကြည့်တယ်။ မိုးရေချိန်တွေကိုကြည့် ပြီးတော့ တောင်ပိုင်းကို စဝင်မယ်လို့ ခန့်မှန်းလို့ရတာ၊ တစ်ရက် နှစ်ရက်လောက်နေရင်လည်း လေလမ်းကြောင်းက ပြောင်းလဲသွားရင် အခြေအနေတစ်မျိုး ပြောင်းလဲသွားနိုင်တယ်” ဟု ၎င်းက ပြောကြားသည်။



“မုတ်သုံက မြန်မာနိုင်ငံတောင်ပိုင်းကို ၁၅ရက်လောက်မှာ ဝင်မယ်လို့ ခန့်မှန်းထားတယ်။ မုတ်သုံဝင်ရောက်ဖို့ ဘင်္ဂလားပင်လယ်အော်ထဲမှာဖြစ်တဲ့ မုန်တိုင်းတွေက အရေးပါတယ်။ မုတ်သုံဝင်ရောက်ဖို့ မုန်တိုင်းက အကျိုးဆောင်တွေလို့တောင် ပြောလို့ရတယ်” ဟု မိုးလေဝသပညာရှင် ဒေါက်တာဦးထွန်းလွင်က ပြောကြားသည်။



မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကလည်း မိုးဦး၊ မိုးလယ်၊ မိုးနှောင်း ကာလများတွင် ဘင်္ဂလားပင်လယ်အော်၌ မုန်တိုင်းသုံးကြိမ်ခန့် ဖြစ်ပွားနိုင်ကြောင်း ထုတ်ပြန်ခဲ့သည်။



ယခုရက် ပိုင်းအတွင်း မြန်မာနိုင်ငံ တောင်ပိုင်းဒေသဖြစ်သည့် ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက်တွင် နေ့စဉ်နီးပါး မိုးရွာခဲ့ပြီး အချို့ရက်များတွင် လေပြင်းများတိုက်ကာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ကာ မေ ၁၄ ရက် နေ့လယ်ပိုင်းက ရွာသွန်းခဲ့သည့် မိုးကြောင့် ရန်ကုန်မြို့လယ် နှင့် ဆင်ခြေဖုံးတစ်ဝိုက်တွင် လမ်းတချို့ ရေကြီးခဲ့ကာ လေပြင်းဒဏ်ကြောင့် သစ်ပင်တချို့ လဲပြိုခဲ့သည်။



ထို့ပြင် မေ ၈ ရက်က သန်လျင်မြို့နယ်တွင် ညနေ ၃ နာရီ မိနစ် ၃ဝ မှ ညနေ ၄ နာရီ ထိ တိုက်ခတ်ခဲ့သော လေပြင်းကြောင့် ဗိုလ်ချုပ်ကျေးရွာတွင် အိမ်ခြေ ၂၅ လုံး၊ အလွမ်းဆွတ်ကျေးရွာတွင် အိမ်ခြေငါးလုံး၊ ညောင်သုံးပင်ကျေးရွာတွင် အိမ်ခြေအလုံး ၄ဝ၊ ဘုရားကုန်းကျေးရွာတွင် အိမ်ခြေအလုံး ၃ဝ၊ အေးသာယာကွက်သစ်တွင် အိမ်ခြေ အလုံး ၄ဝ၊ အောင်ချမ်းသာရပ်ကွက်တွင် အိမ်ခြေ ၃၃ လုံး စုစုပေါင်း ၁၇၈ လုံး ပျက်စီးခဲ့ပြီး အခြေခံပညာစာသင်းကျောင်း ငါးကျောင်းနှင့် အစိုးရအဆောက်အအုံ လေးလုံး တို့ ပျက်စီးခဲ့သည်။



ဘင်္ဂလားပင်လယ်အော်အတွင်း တိမ်တိုက်များ ထူထပ်နေသဖြင့် လေဖိအားနည်းရပ်ဝန်းနှင့်အတူ မုတ်သုံဝင်ရောက်နိုင်မည် ဖြစ်ပြီး သို့မဟုတ် မုတ်သုံသီးသန့် ဝင်ရောက်နိုင်မည့်အခြေအနေများအား မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနမှ စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။



၁၉၇၇ ခုနှစ်မတိုင်မီတွင် အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံတောင်ပိုင်းဒေသများသို့ နှစ်စဉ် မေ ၅ ရက်မှ ၁၅ ရက်အတွင်း၊ မြစ်ဝကျွန်းပေါ်ဒေသများသို့ မေ ၁၅ ရက်မှ ၂၅ ရက်ဝန်းကျင်အတွင်း၊ မြန်မာနိုင်ငံမြောက်ပိုင်းသို့ မေ ၂၅ ရက်ဝန်း ကျင်တွင် နှစ်စဉ် ဝင်ရောက်ခဲ့သော်လည်း ရာသီဥတုပြောင်းလဲမှုများကြောင့် မုတ်သုံဝင်ရောက်မှုသည် မြန်မာနိုင်ငံတောင်ပိုင်းဒေသများသို့ မေ ၁၅ ရက်မှ ၂ဝ ရက်၊ မြစ်ဝကျွန်းပေါ်ဒေသများသို့ မေ ၂၂ ရက်မှ ၂၅ ရက်၊ မြန်မာနိုင်ငံမြောက်ပိုင်းဒေသများသို့ မေ ၃ဝ မှ ဇွန် ၁ ရက်များတွင်သာ ဝင်ရောက်တော့ကြောင်း Myanmar Climate Change Watch မှ သိရသည်။



မေ ၁၄ ရက်က မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် ရန်ကုန်မြို့ တာမွေမြို့နယ် ကျိုက္ကဆံလမ်းနှင့် သမိန်ဗရမ်းလမ်းဆုံရာတွင် ကားလမ်းပေါ်ရေလျှံကာ ယာဉ်ကြောပိတ်ဆို့နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)







from Eleven Media Group's Facebook Wall http://ift.tt/1mWHBSZ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...

ဖုန်းပြော သူများ သတိထား၊ ကြာရှည်စွာ ဖုန်းပြောလျှင် နားကို ဒုက္ခ ပေးရာရောက်

ခေတ်မီ တိုးတက် လာသည့် အလျောက် ဆန်းပြားသော လျှပ်စစ် ပစ္စည်း များနှင့် လူ့အသုံး အဆောင် ပစ္စည်း များမှာ လည်း တစ်ခု ထက် တစ်ခု ပိုမို ကောင်းမွန် လာသည့် အတွက် လူအများ မှာလည်း အသစ် အဆန်း ဘက်ကို ဦးစားပေး ရွေးချယ် လာကြသည်။ ယခုခေတ်မြို့နေ လူငယ် အများစုဖုန်းကိုင် လာနိုင်ပြီး ဆွေ မျိုး သားချင်း၊ ချစ်သူ သမီးရည်းစား များ နှင့် ဖုန်းပြော သည့်အခါ ပုံမှန် အသံ dv (decivel) ထက်ပိုသော အသံကို ကြားလျှင်ဖြစ်စေ၊ နေ့စဉ် ရက်ဆက် အချိန်ကြာမြင့်စွာ ဖုန်းပြော လျှင်ဖြစ် စေ နားကို မထိခိုက် နိုင်သော်လည်း ပုံမှန် အသံထက် ကျယ်သော စကား ပြောသံ နှင့် အချိန်ကြာသော အခါ နား ထိခိုက် နိုင်ကြောင်း နား၊နှာခေါင်း၊ လည်ချောင်း ဆေးရုံမှ အထူးကု ဆရာ ၀န် ဒေါက်တာ ၀င်းထိုက် ကြည်က ပြောကြားသည်။ ဖုန်းကို တစ်နေ့တည်း ဆက် တိုက် ခြောက်နာရီ နှင့် အထက်ပြော ပြီး ဖုန်းပြောသံမှာ လည်း သတ်မှတ် ထား သော dv (decivel) အသံထက် ကျယ်ရင် နားအူ၍ ထုံတတ် ကြောင်း၊ ပုံမှန် နားထောင် နိုင်စွမ်း ရှိသော အသံ နှင့် ပြောလျှင် နားကို မထိခိုက် နိုင် သော်လည်း ကြာရှည် လာချိန်တွင် နားလေး သွားနိုင် ကြောင်း၊ ထို့ကြောင့် ကြာရှည်စွာ ဖုန်းပြော တတ်သည့်လူ ငယ်များ၊ ဖုန်းပြော လျှင် အော်...