Skip to main content

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမှန်ဝင်ရောက်မြှုပ်နှံမှု ပမာဏ ကန်ဒေါ်လာ ၃၆ ဘီလီယံေ...



နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမှန်ဝင်ရောက်မြှုပ်နှံမှု ပမာဏ ကန်ဒေါ်လာ ၃၆ ဘီလီယံကျော်သာရှိ



စည်သူအောင်| ကြာသာပတေးနေ့၊ မေလ ၁၅ ရက် ၂၀၁၄ ခုနှစ်



၂၀၁၄ခုနှစ် ဧပြီလစာရင်းများအရ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန် ဒေါ်လာ၄၆ ဒသမ ၄ ဘီလီယံအထိ ရင်းနှီးမြှုပ်နှံခွင့်ပြုထားသော်လည်း အမှန်တကယ်ဝင်ရောက်မြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၃၆ ဒသမ ၄ ဘီလီယံသာရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန်သည်။



ခွင့်ပြုပမာဏနှင့် အမှန်တကယ် ရင်းနှီးမြှုပ်နှံမှုအကြား ကွာဟချက် အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံခန့် ဖြစ်ပေါ်နေခြင်းဖြစ်ပြီး အမေရိကန်ဒေါ်လာ ၄၆ ဒသမ ၄ ဘီလီယံဝင်ရောက်မြှုပ်နှံမည့် လုပ်ငန်း ၇၀၇ ခုအနက် လုပ်ငန်း ၄၄၆ ခုကသာ အမေရိကန်ဒေါ်လာ ၃၆ ဒသမ ၄ ဘီလီယံခန့်ကို မြှုပ်နှံထာခြင်းဖြစ်သည်။



“နိုင်ငံခြားလုပ်ငန်းတွေအဆိုပြုထားတဲ့ အတိုင်း မြှုပ်နှံချင်စိတ် ဖြစ်လာအောင် အစိုးရကလည်း အခွင့်အရေးနဲ့ မက်လုံး ပေးဖို့လိုပါတယ်”ဟု စီးပွားရေးလုပ်ငန်းရှင် ဦးကြည်လွင်က ပြောသည်။



၁၉၈၈ ခုနှစ်မှ ၂၀၁၀ပြည့်နှစ် မတ်လကုန်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုခွင့်ပြု ပမာဏ အမေရိကန် ဒေါ်လာ ၁၆ ဒသမ ၀၅ ဘီလီယံရှိခဲ့ပြီး ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ကုန်အထိ အမေရိကန်ဒေါ် လာ ၄၀ ဒသမ ၄ ဘီလီယံကျော်ရှိခဲ့ကာ ယခုအမေရိကန် ဒေါ်လာ ၄၆ ဒသမ ၄ ဘီလီယံအထိ ၀င်ရောက်မြှုပ်နှံခွင့်ပြုခဲ့ခြင်းဖြစ်သည်။



“ဒါက နိုင်ငံရဲ့နိုင်ငံရေး၊ လုံခြုံရေးနဲ့ စီးပွားရေးအခင်းအကျင်းပေါ် မူတည်ပါတယ်။ ရင်နှီးမြှုပ်နှံသူတွေအတွက် လုံလောက်တဲ့ ကျေနပ်မှုမရင် အပြည့်အ၀မြှုပ်နှံမှာမဟုတ်ဘူး။ အရင်က အမိန့်အာဏာနဲ့ အုပ်ချုပ်တယ်၊ နီးစပ်တဲ့သူတွေကို စီးပွားရေးလုပ်ကိုင်ခွင့်ပေးတယ်။ ဒီမိုကရေစီစနစ်မှာ အမိန့်အာဏာနဲ့အုပ်ချုပ်လို့ မရတော့ ဒီကဖိရင်ဟိုက ထောင်တယ်။ ရင်းနှီးမြှုပ်နှံသူတွေ ယုံကြည်မှုပိုများအောင် လုပ်မှပဲရမယ်”ဟု စီးပွားရေး ပါမောက္ခ(ငြိမ်း) ဒေါ်ရီရီမြင့်က သုံးသပ်သည်။



၂၀၁၄ ဧပြီလ ထုတ်ပြန်ချက်များအရ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏအများဆုံး စာရင်းတွင် တရုတ်၊ ထိုင်း၊ ဟောင်ကောင်၊ စင်ကာပူ၊ ဗြိတိန်နိုင်ငံတို့ ဦးဆောင်နေသော်လည်း အမှန်တကယ် ၀င်ရောက်မြှုပ်နှံမှုစာရင်းတွင် အပြောင်းအလဲအချို့ရှိပြီး တရုတ်၊ ဟောင်ကောင်၊ စင်ကာပူ၊ တောင်ကိုရီးယား၊ ထိုင်းနိုင်ငံတို့က အများဆုံးမြှုပ်နှံထားခြင်းဖြစ်သည်။



အမှန်တကယ် ၀င်ရောက်မြှုပ်နှံမှု စာရင်းအရ ထိပ်ဆုံးစာရင်းဝင် ငါးနိုင်ငံသည် အမေရိကန်ဒေါ်လာ ၃၁ ဘီလျံခန့် မြှုပ်နှံထားပြီး စုစုပေါင်းမြှုပ်နှံမှုပမာဏ၏ ၈၅ရာခိုင်နှုန်းကို မြှုပ်နှံထားခြင်းဖြစ်သည်။



နိုင်ငံခြားလုပ်ငန်းများ အမှန်တကယ် ၀င်ရောက်မြှုပ်နှံမှုအများဆုံး လုပ်ငန်းကဏ္ဍများမှာ ရေနံနှင့် သဘာဝဓာတ်ငွေ့၊ ရေအားလျှပ်စစ်၊ ကုန်ထုတ်လုပ်ရေး၊ သတ္တု၊ ဟိုတယ်နှင့် ခရီးသွား၊ ပိုဆောင်ဆက်သွယ်ရေးလုပ်ငန်းများဖြစ်ပြီး အဆိုပါကဏ္ဍများတွင် ၃၅ ဒသမ ၁ ဘီလီယံ ရင်းနှီးမြှုပ်နှံထားသည်။

from Mizzima - News in Burmese's Facebook Wall http://ift.tt/RT0c4z

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...