လောကမှာ လူ့သက်တမ်း တစ်ဝက်ကျော်ကျော်နေလာပြီးပြီဆိုတော့လောကအကြောင်း၊ ဘ၀အကြောင်း၊ လူတွေအကြောင်း တတ်သိနားလည်ပြီလို့ ကိုယ့်ကိုယ်ကိုယ် ထင်ထားခဲ့မိတာ မှားတာပါပဲ။ ခုထိကို ကျွန်မရဲ့အထင်တွေနဲ့ အမြင်တွေက လွဲလွဲနေသေးတာ။
လောကမှာ ကျွန်မနားမ လည်နိုင်တဲ့ အဖြစ်အပျက်၊ အ ကြောင်းအရာတွေက အများသား ပဲ။ မှတ်မှတ်ရရ ၁၉၉၀ ရွေး ကောက်ပွဲ အနိုင်ရစဉ်တုန်းက။ NLD က တစ်ပြည်လုံးမှာ တင်း ပြည့်ကျပ်ပြည့် အနိုင်ရလိမ့်မယ် ဆိုတာ ကြိုတင်ခန့်မှန်းပြီးသား။ အဖြေထွက်လာတော့လည်း မှန်း ချက်နဲ့ ကွက်တိပဲဆိုတော့ ပျော်ရ တာပေါ့။ အေးဆေးပဲလေ။ ကျွန် မတို့ ဒီမိုကရေစီ ရတော့မယ်ပေါ့။ ဒီလိုပဲ ရိုးရိုးစင်းစင်းတွေးပြီး ရင် ခုန်မိတာ။ အဲဒီမှာ စသိတာပဲ။ လောကဟာ မြစ်တစ်စင်းလို ကွေ့ကောက်တတ်တယ်ဆိုတာကို။
ယုန်ထောင်ကြောင်မိနဲ့ ကြံ့ခိုင်လို့ကောင်းတုန်း - သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin
www.thithtoolwin.com
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
from Myanmar News Now's Facebook Wall http://ift.tt/1jhtVj3
Comments
Post a Comment