Skip to main content

တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေ၍ ကချင်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ၌ မြေမြှ...



တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေ၍ ကချင်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ၌ မြေမြှုပ်မိုင်းများ ဆက်လက်အသုံးပြုနေ



ကချင်နှင့်ရှမ်းပြည်နယ် (မြောက်ပိုင်း)သည် မြန်မာနိုင်ငံ၌ မြေမြှပ်မိုင်းထောင်မှု အများဆုံးဒေသများဖြစ်ပြီး ဆက်တိုက်ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် နှစ်ဖက်စလုံးတွင် လက်ရှိအချိန်အထိ မြေမြှပ်မိုင်းများ အသုံးပြုလျက်ရှိနေသေးကြောင်း ယူနီဆက် (မြန်မာ)မှ ထုတ်ပြန်ချက်အရ သိရသည်။



ကချင်ပြည်နယ်တောင်ပိုင်း မံဝိန်းကြီးဒေသအတွင်း တပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) တို့အကြား မကြာမီက အပြန်အလှန်ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများကြောင့် ကလေးသူငယ် ၁ဝဝဝ ခန့် အပါအဝင် ပြည်သူအများအပြားသည် ၎င်းတို့ယာယီ ရွှေ့ပြောင်းနေထိုင်သည့် နေရာများမှ တဖန်ပြောင်းရွှေ့ထွက်ခွာခဲ့ရကြောင်းနှင့် ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုအရှိန်အနည်းငယ် လျော့ကျသွားသော်လည်း အခြေအနေများ မှာ ဆက်လက်တင်းမာနေဆဲ ဖြစ်သည်။



“ကချင်နဲ့ရှမ်း (မြောက်) ကပြည်တွင်းမှာ မြေမြှပ်မိုင်းထောင်မှု အများဆုံးဒေသတွေဖြစ်ပြီး အခုချိန်ထိမြေမြှပ်မိုင်းတွေ အသုံးပြုနေဆဲပဲ။ အရင်ကကျန်နေတဲ့ မြေမြှပ်မိုင်းတွေအပြင် ရည်ရွယ်ချက်နဲ့ထောင်ထားတဲ့ မြေမြှပ်မိုင်းတွေက ကလေးသူငယ်များအပါအဝင် ဘေးအန္တရာယ်ကျရောက်နေတဲ့ ဒေသခံတွေကိုပါ အန္တရာယ်ဖြစ်စေပါတယ်။ နောက် လူမှုအဖွဲ့အစည်းတွေက အကူအညီတွေပေးတဲ့ နေရာမှာလည်း အဟန့်အတားဖြစ်စေပါတယ်” ဟု ယူနီဆက် (မြန်မာ) ဌာနေကိုယ်စားလှယ် မစ္စတာဘက်ထရန်ဗိန်းဘဲ(လ်)က ပြောကြားသည်။



မြန်မာနိုင်ငံသည် မြေမြှပ်မိုင်းဗုံးကြောင့် လူဦးရေ ၁ဝဝ နှင့်အထက် သေကျေပျက်စီးသည့် နိုင်ငံများအနက် ပဉ္စမနိုင်ငံအဖြစ် ရပ်တည်နေကြောင်း၊ ပြီးခဲ့သည့်နှစ်များအတွင်း မြေမြှပ်မိုင်းဗုံးကြောင့် လူဦးရေ ၁ဝဝ နှင့် အထက် သေကျေပျက်စီးသည့် နိုင်ငံရှစ်နိုင်ငံအနက် အာဖဂန်နစ္စတန်နိုင်ငံသည် လူဦးရေ ၁၂၁၁ ဦးဖြင့် ပထမနေရာတွင် ရပ်တည်နေပြီး ကိုလံဘီယာနိုင်ငံသည် လူဦးရေ ၅၁၂ ဦးဖြင့် ဒုတိယနေရာ၌ လည်းကောင်း၊ ပါကစ္စတန်နိုင်ငံသည် လူဦးရေ ၃၉၄ ဦးဖြင့် တတိယနေရာ၌လည်းကောင်း၊ ၊ အီရန်နိုင်ငံသည် လူဦးရေ ၁၅၈ ဦး ဖြင့် ဆဌမနေရာ၌လည်းကောင်း၊ ဆိုမာလီယာနိုင်ငံသည် လူဦးရေ ၁၅၄ ဦးဖြင့် သတ္တမ နေရာ၌လည်းကောင်း၊ လာအိုနိုင်ငံသည် လူဦးရေ ၁၁၇ ဦးဖြင့် အဌမနေရာတွင် ရှိနေကြောင်း HANDICAP International အဖွဲ့မှ ထုတ်ပြန်ချက်များအရ သိရသည်။



“မြေမြှပ်မိုင်းတွေမှာတောင် လက်လုပ်မိုင်းနဲ့ စက်ရုံထုတ်မိုင်းဆိုတာ ရှိပါတယ်။ စက်ရုံထုတ်မိုင်းဆိုရင် နှစ်ပေါင်းများစွာ ခံတယ်။ပြီးတော့ မိုင်းတွေက ဒေသအသီးသီးမှာသုံးတဲ့ အမျိုးအစားတွေ မတူပါဘူး။ ဥပမာ- လက်လုပ်မိုင်းမှာတောင် ကရင်ပြည်နယ်တောင်ပိုင်း နဲ့မြောက်ပိုင်းမှာ ထောင်တဲ့ မိုင်းက မတူနိုင်ပါဘူး” ဟု Myanmar Peace Center မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။



ထို့ပြင် နိုင်ငံပေါင်း ၁၁၆ နိုင်ငံက ၁၉၉၇ ခုနှစ် မြေမြှပ်မိုင်းတားဆီးရေးစာချုပ်ကို လက်မှတ်ရေးထိုးထားပြီးဖြစ်ကြောင်း၊ နိုင်ငံပေါင်း ၁၁၁ နိုင်ငံက ၁၉၉၇ ခုနှစ် လွှင့်စင်ပေါက်ကွဲလက်နက်များဆိုင်ရာ စာချုပ်ကို လက်မှတ်ရေးထိုးထားကြောင်း၊ နိုင်ငံပေါင်း ၈၁ နိုင်ငံ က သမားရိုးကျလက်နက်များဆိုင်ရာ စာချုပ်စစ်ကျန် လက်နက်ပစ္စည်းဆိုင်ရာ နောက်ဆက်တွဲ စာချုပ်အမှတ် (၅) ကို လက်မှတ်ရေးထိုးထားကြောင်းနှင့် နိုင်ငံပေါင်း ၁၅၇ နိုင်ငံက မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာ သဘောတူညီချက်စာချုပ်ကို လက်မှတ်ရေးထိုးထားပြီး ဖြစ်ကြောင်းသိရသည်။



မြေမြှုပ်မိုင်းထိ၍ ခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့သော ကေအိုင်အေတပ်သားတစ်ဦးအား ကေအိုင်အိုဌာနချုပ်တည်ရှိရာ လိုင်ဇာတွင်တွေ့ရစဉ် (ဓာတ်ပုံ- အောင်ဇော်ထွန်း)







from Eleven Media Group's Facebook Wall http://ift.tt/1mWHA1k

Comments

Popular posts from this blog

(ဂရင်ဂျီနာ) ဖြစ်ပွားပါက ကုသနည်းနှင့် ကာကွယ်နည်းများ

ဂရင်ဂျီနာဟာ လိပ်ခေါင်းတစ်မျိုးဖြစ်ပြီး ကာလရှည်ကြာစွာ ဖြစ်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဂရင်ဂျီအနာ ပေါက်ဟာ နီရဲတဲ့ သွေးလိုအရည်ကျတတ်တယ်။ ဆီးသွားတဲ့ အကြောနဲ့ယှဉ်တွဲနေလို့ ဆီးကျန်၊ ဆီးကျဉ်၊ဆီးပူခြင်းတို့ဖြစ်တတ်ပါတယ်။ စအိုပတ်လည်မှာ အဖုအပိမ့်များထွက်လာခြင်း၊ ယားယံခြင်း၊ ရောင်ခြင်း၊ နာကျင်ခြင်း၊ ကိုက်ခဲခြင်း၊ အနာနဲ့ အနာပေါက်လေးများ ထွက်ပေါ်လာရင် ဂရင်ဂျီနာ ဖြစ်လာ ပါတယ်။ ဂရင်ဂျီနာဖြစ်ခဲ့ရင် စအိုနှုတ်ခမ်း ဘေးပတ်လည်၊ ပေါင်၊ တင်ပါး၊ ဆီးခုံဝန်းကျင်မှာ ယားယံခြင်း၊ ရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးနည်းခြင်းတွေ ဖြစ်တတ်တယ်။ လိင်အင်္ဂါဝန်းကျင် တစ်ဝိုက်မှ တင်ပါးအထိ ဖြစ်တတ်တယ်။ ဝမ်းချုပ်ခြင်း၊ အညောင်းထိုင်လွန်းခြင်း၊ အညှော်နံ့ခံရခြင်း၊ ရေချိုးမမှန်ခြင်း၊ တစ်ကိုယ်ရေ ကျန်းမာရေး မလိုက်စားသူတွေဟာ ဆီးခုံအစပ်မှာ အဖုငယ်များ ထွက်ပေါ်ကာ သွေးရည်ကြည်လို ကျနေတတ်သလို တချို့ကာလရှည်စွာ ပြည်ပုပ်များ ကျနေတတ်ပါတယ်။ ဂရင်ဂျီနာ၊ မြစ်ခြောက်နာက မြစ်စိုနာနဲ့ တွဲပြီး သားနံရေအနည်းငယ် သာကျကာ ချွေးပေါက်ပိတ်ဆို့ပြီး ကျစ်လျစ်မာကျောတဲ့ အမျှင်များနဲ့ ဖွဲ့စည်း ထားတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ တစ်ဆင့်ပြီးတစ်ဆင့် အသားထဲ ထိုးဖေ

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က

TOP TEN of Miss Universe Myanmar 2014 Finalist

# TOP TEN of Miss Universe Myanmar 2014 Finalist # The 20 finalists of Miss Universe Myanmar 2014 are vying for the crown of Beauty Pageant, which will be held at the National Theater in Yangon on July 26. Here are MC's TOP TEN Selection ,,,, from Myanmar Celebrity: Gossip, News, Video, Photo, Fashion, Entertainment http://ift.tt/1q8GOM3