Skip to main content

ယာဉ်မတော်တဆမှု မြင့်မားနေသည့် နေပြည်တော်အမြန်လမ်း ယာဉ်သွားလမ်းအကျယ် တိုးချဲ့မည်...



ယာဉ်မတော်တဆမှု မြင့်မားနေသည့် နေပြည်တော်အမြန်လမ်း ယာဉ်သွားလမ်းအကျယ် တိုးချဲ့မည်



ဝင်းကိုကိုလတ်| ကြာသာပတေးနေ့၊ မေလ ၁၅ ရက် ၂၀၁၄ ခုနှစ်



စတင်ဖွင့်လှစ်ခဲ့သည် ၂၀၀၉ ခုနှစ် မတ်လ ၂၆ ရက်မှ စတင်ကာ ငါးနှစ်တာကာလအတွင်း လူပေါင်း ၃၆၀ ကျော် သေဆုံးခဲ့သည့် ရန်ကုန်- မန္တလေးလမ်းရှိ ရန်ကုန်- နေပြည်တော်လမ်းပိုင်းကို ယာဉ်သွားလမ်းအကျယ် တိုးချဲ့ဖောက်လုပ်သွားမည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အင်ဂျင်နီယာမှူးကြီး ဦးကြည်ဇော်မြင့်က မဇ္ဈိမကို မေလ ၁၄ ရက်တွင် ပြောသည်။



သေဆုံးသူဦးရေ ၁၄ဦးအပြင် ထိခိုက် ဒဏ်ရာရရှိသူများစွာ ဖြစ်ပေါ်ခဲ့သည့် ရာဇာမင်းခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှောက်အပြီး နှစ်ရက်အကြာတွင် ၎င်းက ထုတ်ဖော်ပြောဆိုခြင်းဖြစ်သည်။



“နှစ်အလိုက် အပိုင်းလိုက်ခွဲပြီး တိုးချဲ့ ဖောက်လုပ်သွားဖို့ဆုံးဖြတ်ထားပါတယ်” ဟု တယ်လီဖုန်းမှတစ်ဆင့် မဇ္ဈိမကို

အတည်ပြုပြောကြားသည်။



သို့သော် နှစ်အပိုင်းအခြား မည်မျှကြာမည်ကို အသေးစိတ်ပြောဆိုခြင်း မရှိသလို ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၏

နေပြည်တော်- မန္တလေးလမ်းပိုင်းတိုးချဲ့ရန် ရှိ၊ မရှိကိုလည်း ပြောဆိုခြင်းမရှိပေ။



ရန်ကုန်- မန္တလေးအမြန်လမ်းကြီးကို နိုင်ငံတကာအဆင့်မီ ခြောက်လမ်းသွား သို့မဟုတ် ရှစ်လမ်းသွားလမ်းမကြီးအဖြစ်

အဆင့်မြှင့်တင်လိုက်ပါက ယာဉ်တိမ်းမှောက်မှုများ၊ သေဆုံးဒဏ်ရာရမှုများ လျော့နည်းစေမည်ဟုယူဆ၍ ယခုကဲ့သို့

ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။



မေလ ၁၃ ရက်က နေပြည်တော်ရှိ ပြည်ထဲရေးဝန်ကြီးဌာနတွင် ဒုတိယသမ္မတ ဦးဉဏ်ထွန်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်လွင်နှင့် ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုတို့ တွေ့ဆုံဆွေးနွေးအပြီး အစိုးရအဖွဲ့သို့တင်ပြကာ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟုလည်း ပြည်ထဲရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးတစ်ဦးက

ထပ်မံအတည်ပြုပြောကြားသည်။



ရန်ကုန်- မန္တလေး အမြန်လမ်းမကြီး ဖောက်လုပ်ရာတွင် ကန်ထရိုက်အဆင့်ဆင့်ပေးခဲ့သည့်အတွက် လမ်းပိုင်းအရည်အသွေး

အားနည်းချက်ရှိခဲ့သည်ဟု ဆောက်လုပ်ရေးလုပ်ငန်း အသိုင်းအ၀ိုင်းက ဆိုသည်။



မိုင် ၃၉၀ ကျော်ရှည်လျားသည့် ရန်ကုန်- မန္တလေးအမြန်လမ်းကြီး၏ ရန်ကုန်- နေပြည်တော်လမ်းပိုင်းကို ၂၀၀၉ ခုနှစ်၊ မတ်လ ၂၆ ရက်က တပ်မတော်နေ့ကိုဂုဏ်ပြုဖွင့်လှစ်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ်၊ ဒီဇင်ဘာလတွင် နေပြည်တော်-မန္တလေးလမ်းပိုင်းကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။



၂၀၀၉ ခုနှင်တွင် စတင်ဖွင့်လှစ်ခဲ့သည် အဆိုပါအမြန်လမ်းမကြီးတွင် ယာဉ်မတော်တဆမှုကြောင့် လူပေါင်း ၃၆၀ ကျော်

သေဆုံးခဲ့ပြီးဖြစ်သည်ဟု အမြန်လမ်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

from Mizzima - News in Burmese's Facebook Wall http://ift.tt/1jhtZiR

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...