Skip to main content

၂၀၁၄ မေလ ၁၅ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော် #emg_editorials...



၂၀၁၄ မေလ ၁၅ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်



#emg_editorials



မြေမြှုပ်မိုင်း အန္တရာယ်နှင့် မြန်မာနိုင်ငံ



HANDICAP International အဖွဲ့၏ ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံသည် မြေမြှုပ်မိုင်းကြောင့် လူဦးရေ ၁၀၀ နှင့်အထက် သေကျေပျက်စီးသည့် နိုင်ငံများအနက် ပဉ္စမနေရာတွင် ရပ်တည်နေကြောင်း သိရသည်။ ပထမနှင့် ဒုတိယနေရာတွင် အာဖဂန်နစ္စတန်နှင့် ကိုလံဘီယာတို့ ရှိနေသည်။



ထို့ပြင် တိုက်ပွဲအချို့ ပြန်လည်ဖြစ်ပွားနေသော ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) တို့တွင် လက်ရှိအချိန်အထိ မြေမြှုပ်မိုင်းများ အသုံးပြုလျက်ရှိနေသေးကြောင်း ယူနီဆက်ဖ် (မြန်မာ) က ထုတ်ပြန်ထားသည်။



၂၀၁၃ ခုနှစ်အတွင်းက ထုတ်ပြန်ခဲ့သော မြေမြှုပ်မိုင်းနှင့် ထပ်ဆင့်ပေါက်ကွဲစေသော လက်နက်ပစ္စည်းများ စောင့်ကြည့်လေ့လာရေး အစီရင်ခံစာတွင် သံသယရှိဖွယ် အန္တရာယ်များသောဒေသများ (Suspected Hazardous Areas - SHAs) အဖြစ် ကရင်ပြည်နယ်အတွင်းမှ မြို့နယ်များ၊ ကယားပြည်နယ်အတွင်းမှ မြို့နယ်များ၊ ကချင်ပြည်နယ်အတွင်းမှ မိုးကောင်း၊ မိုးမောက်၊ မြစ်ကြီးနား၊ ၀ိုင်းမော်၊ မန်ရှီ၊ ချီဝီနှင့် ဆလောတို့ကို သတ်မှတ်ထားကြောင်း သိရသည်။ အဆိုပါ အစီရင်ခံစာကို မြေမြှုပ်မိုင်းနှင့် ထပ်ဆင့်ပေါက်ကွဲစေသော လက်နက်ပစ္စည်းများ စောင့်ကြည့်လေ့လာရေးအဖွဲ့ (LCM- LANDMINE & CLUSTER MUNITION) က ပြုစု၍ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ အစီရင်ခံစာတွင် မွန်ပြည်နယ်မှ ဘီးလင်း၊ ကျိုက်ထို၊ မော်လမြိုင်၊ သံဖြူဇရပ်၊ သထုံနှင့်ရေး၊ ပဲခူးတွင် ကျောက်ကြီး၊ ရွှေကျင်၊ သနပ်ပင်နှင့်တောင်ငူ၊ ရှမ်းပြည်နယ်တွင် ဟိုပုံး၊ ဆီဆိုင်၊ လမ်ခို၊ မောက်မိုင်၊ မိုင်းပန်၊ မိုင်းတုံ၊ မိုင်းဖြတ်၊ နမ့်စန်၊ တာချီလိတ်၊ နမ့်ခမ်း၊ တနင်္သာရီတွင် ဘုတ်ပြင်း၊ ထားဝယ်၊ တနင်္သာရီ၊ သရက်ချောင်းနှင့် ရေဖြူ၊ ရခိုင်ပြည်နယ်တွင် မောင်တော စသည်ဖြင့် သံသယရှိဖွယ် နယ်မြေများအဖြစ် သတ်မှတ်ထားကြောင်း သိရသည်။ ဘင်္ဂလားဒေ့ရှ်၊ ထိုင်းနိုင်ငံတို့နှင့် နယ်စပ်ထိစပ်နေသော ဒေသများ မြန်မာနိုင်ငံ အရှေ့ဘက်ခြမ်း ဒေသများတွင် ရှိနိုင်သည်ဟု ခန့်မှန်းထားကြသည်။



မြန်မာ့ငြိမ်းချမ်းရေးစင်တာ (MPC) ၏လက်အောက်တွင် မိုင်းဆိုင်ရာလုပ်ငန်း ဌာနတစ်ခု ဖွဲ့စည်းဆောင်ရွက်ရန် သဘောတူထားပြီးဖြစ်သည်။



ကမ္ဘာ့နိုင်ငံပေါင်း ၁၁၆ နိုင်ငံက မြေမြှုပ်မိုင်းတားဆီးရေး စာချုပ်ကို ၁၉၉၇ ခုနှစ်က လက်မှတ်ရေးထိုးထားသည်။ မြန်မာနိုင်ငံသည် မြေမြှုပ်မိုင်းအသုံးပြုမှု ပိတ်ပင်တားဆီးခြင်း သဘောတူစာချုပ် အစည်းအဝေးများတွင် ပူးပေါင်းဆောင်ရွက်မှု အနေဖြင့် ဂျီနီဗာတွင် ၂၀၁၂ ခုနှစ် ဒီဇင်ဘာက ကျင်းပခဲ့သော အဖွဲ့ဝင်နိုင်ငံများ၏ ၁၂ ကြိမ်မြောက် အစည်းအဝေးနှင့် ၂၀၁၃ ခုနှစ်မေတွင် ကျင်းပသော လုပ်ငန်းကဏ္ဍဆိုင်ရာ ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ခဲ့သည်။ ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၃ ရက်ကကျင်းပသော ကုလသမဂ္ဂ အထွေထွေညီလာခံ ဆုံးဖြတ်ချက် ၆၆/၂၉ ချမှတ်ရာတွင် ကြားနေနိုင်ငံ ၁၉ နိုင်ငံတွင် မြန်မာနိုင်ငံ ပါဝင်ခဲ့သည်။



ကမ္ဘာ့နိုင်ငံများသည် မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ သဘောတူညီချက်စာချုပ်၊ လွင့်စဉ်ပေါက်ကွဲ လက်နက်များဆိုင်ရာစာချုပ်၊ သမားရိုးကျ လက်နက်များဆိုင်ရာစာချုပ်၊ စစ်ကျန်လက်နက်ပစ္စည်းဆိုင်ရာ နောက်ဆက်တွဲဆိုင်ရာ စာချုပ်တို့ကို လက်မှတ်ရေးထိုးထားကြကြောင်း သိရသည်။



ထို့ကြောင့် မြေမြှုပ်မိုင်းအန္တရာယ်အတွက် စောင့်ကြည့်ခြင်းခံနေရသော မြန်မာနိုင်ငံအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ လုပ်ဆောင်ခြင်း၊ လက်နက်ကိုင်တိုက်ပွဲများ ချုပ်ငြိမ်းအောင် လုပ်ဆောင်ခြင်းများဖြင့် ကလေးသူငယ်များ အပါအ၀င် နိုင်ငံသားများ မြေမြှုပ်မိုင်းအန္တရာယ်မှ ကင်းဝေး၍ ဒုက္ခိတများ မဖြစ်စေရန် အလေးထား လုပ်ဆောင်သင့်ပါကြောင်း The Daily Eleven သတင်းစာက တိုက်တွန်းအပ်ပါသည်။

from Eleven Media Group's Facebook Wall http://ift.tt/1mWHBT7

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...

ဖုန်းပြော သူများ သတိထား၊ ကြာရှည်စွာ ဖုန်းပြောလျှင် နားကို ဒုက္ခ ပေးရာရောက်

ခေတ်မီ တိုးတက် လာသည့် အလျောက် ဆန်းပြားသော လျှပ်စစ် ပစ္စည်း များနှင့် လူ့အသုံး အဆောင် ပစ္စည်း များမှာ လည်း တစ်ခု ထက် တစ်ခု ပိုမို ကောင်းမွန် လာသည့် အတွက် လူအများ မှာလည်း အသစ် အဆန်း ဘက်ကို ဦးစားပေး ရွေးချယ် လာကြသည်။ ယခုခေတ်မြို့နေ လူငယ် အများစုဖုန်းကိုင် လာနိုင်ပြီး ဆွေ မျိုး သားချင်း၊ ချစ်သူ သမီးရည်းစား များ နှင့် ဖုန်းပြော သည့်အခါ ပုံမှန် အသံ dv (decivel) ထက်ပိုသော အသံကို ကြားလျှင်ဖြစ်စေ၊ နေ့စဉ် ရက်ဆက် အချိန်ကြာမြင့်စွာ ဖုန်းပြော လျှင်ဖြစ် စေ နားကို မထိခိုက် နိုင်သော်လည်း ပုံမှန် အသံထက် ကျယ်သော စကား ပြောသံ နှင့် အချိန်ကြာသော အခါ နား ထိခိုက် နိုင်ကြောင်း နား၊နှာခေါင်း၊ လည်ချောင်း ဆေးရုံမှ အထူးကု ဆရာ ၀န် ဒေါက်တာ ၀င်းထိုက် ကြည်က ပြောကြားသည်။ ဖုန်းကို တစ်နေ့တည်း ဆက် တိုက် ခြောက်နာရီ နှင့် အထက်ပြော ပြီး ဖုန်းပြောသံမှာ လည်း သတ်မှတ် ထား သော dv (decivel) အသံထက် ကျယ်ရင် နားအူ၍ ထုံတတ် ကြောင်း၊ ပုံမှန် နားထောင် နိုင်စွမ်း ရှိသော အသံ နှင့် ပြောလျှင် နားကို မထိခိုက် နိုင် သော်လည်း ကြာရှည် လာချိန်တွင် နားလေး သွားနိုင် ကြောင်း၊ ထို့ကြောင့် ကြာရှည်စွာ ဖုန်းပြော တတ်သည့်လူ ငယ်များ၊ ဖုန်းပြော လျှင် အော်...