Skip to main content

၁၉၉၄ ခုနှစ်တွင် တပ်မ ၁၀၁ က သိမ်းယူခဲ့သော ပခုက္ကူမြို့နယ် ပေါက်အင်းဧရိယာရှိ စိုက်ပ...



၁၉၉၄ ခုနှစ်တွင် တပ်မ ၁၀၁ က သိမ်းယူခဲ့သော ပခုက္ကူမြို့နယ် ပေါက်အင်းဧရိယာရှိ စိုက်ပျိုးမြေ ဧက ၄၀၀ ကျော် ပြန်လည်ရရှိရန် မူလပိုင်ရှင်များ၏ တင်ပြတောင်းဆိုမှုယနေ့အထိ ပြန်ကြားခြင်းမရှိသေး



၁၉၉၄ ခုနှစ်တွင် တပ်မ (၁၀၁) မှ သိမ်းယူခဲ့သော ပခုက္ကူမြို့နယ်အတွင်း ပေါက်အင်းဧရိယာရှိ ဒေသခံများပိုင်ဆိုင်သည့် စိုက်ပျိုးမြေဧက ၄၀၀ ကျော် ပြန်လည်ရရှိရေး သက်ဆိုင်ရာသို့ ၂၀၁၂ ခုနှစ်မှစ၍ တင်ပြတောင်းခံထားသော်လည်း ယနေ့အချိန်အထိ တစ်စုံတစ်ရာ အကြောင်းပြန်ကြားခြင်း မရှိသေးကြောင်း ဒေသခံတောင်သူများက ပြောကြားသည်။



တပ်မ (၁၀၁) မှ သိမ်းယူထားသော အဆိုပါစိုက်ပျိုးမြေများကို ယနေ့အချိန်အထိ စစ်ဖက်ဆိုင်ရာ အဆောက်အအုံများ တည်ဆောက်ခြင်းမရှိဘဲ ဒေသခံများအပေါ် တစ်ဧကလျှင် တစ်ရာသီ စပါး ၁၆ တင်းနှုန်းဖြင့် သီးစားပြန်လည်ချထားပေးပြီး ပေါက်အင်းငါးလေလံကိုလည်း တစ်ရာသီ ကျပ်သိန်း ၅၀ ခန့်နှုန်းဖြင့် လုပ်ကိုင်ခွင့်ပြုထားခြင်းဖြစ်ကြောင်း ဒေသခံများက ပြောကြားသည်။



“ဦးတို့ ပြည်သူတွေ လုပ်ကိုင်တုန်းက ပေါက်အင်းထဲမှာ သူ့အချိန်နဲ့သူ ရေသွင်းရေထုတ်လုပ်ပြီး စိုက်ပျိုးမြေ အလကားမဖြစ်အောင် လုပ်တယ်။ အခုကျတော့ တပ်နယ်မြေဆိုပြီး သူတို့စိုက်ချင်တဲ့ နေရာစိုက်တယ်။ မစိုက်ချင်တဲ့နေရာ မစိုက်ဘူး။ မစိုက်ဘဲ ဒီတိုင်းထားတဲ့မြေက တစ်နှစ်ကို ဧက ၈၀ ၀န်းကျင်လောက် ရှိတယ်။ ဒေသခံတွေမှာကျ စိုက်ပျိုးမြေ မရှိတော့တဲ့အတွက် ကြုံရာကျပန်း လုပ်စားရတာ အနှစ် ၂၀ ကျော်နေပြီ။ ဦးရဲ့ ခြံမြေ ၄ ဒသမ ၅၀ ဧကကိုလည်း စည်ပင်က နှစ်ရှည်သီးချပြီး လုပ်စားတယ်။ ပြန်ပေးဖို့ တင်ပြထားပေမယ့် အခုချိန်အထိ တိကျတဲ့ အဖြေနဲ့ အကြောင်းပြန်တာ မရှိသေးဘူး။ မကြာခင် ဆုံးဖြတ်ပေးမှာပါပဲ ပြောတယ်။ မကွေးတိုင်းက လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေလာတုန်းကလည်း တင်ပြထားတယ်။ ခုထိတော့ ဘာမြေမှ ပြန်မရသေးဘူး” ဟု ခြံမြေနှင့် လယ်မြေစုစုပေါင်း ၁၁ ဧကကျော် အသိမ်းခံခဲ့ရသည့် ဒေသခံတစ်ဦးက ဆိုသည်။



တပ်မ (၁၀၁) မှ သိမ်းယူထားသော အဆိုပါစိုက်ပျိုးမြေ ဧက ၄၀၀ ကျော်အား ခလရ ၂၅၁၊ ခလရ ၂၅၂ နှင့် ခလရ ၂၅၃ တို့အား အချိုးကျခွဲဝေပေးထားပြီး ပခုက္ကူမြို့နယ်အတွင်း ကုက္ကိုလှ၊ ရွာသစ်ကုန်း၊ ဆည်ရွာ၊ ကျွန်းဦး၊ သဘောင်္ကုန်း၊ မယ်ဇလီပင်ကုန်းနှင့် လယ်ယာကျေးရွာတို့မှ ဒေသခံများ ပိုင်ဆိုင်ကြောင်း သိရသည်။



“သူတို့မှာက လစာရတယ်။ ထောက်ပံ့ပစ္စည်းတွေ ရတယ်။ ကျွန်တော်တို့မှာက လယ်လုပ်မှ ပါးစပ်လှုပ်ရတာ။ လယ်တွေ အသိမ်းခံရပြီး နောက်ပိုင်းမှာ စီးပွားရေး အတော်ကြပ်သွားတယ်။ ပေါက်အင်းကို အရင်တုန်းကို သမစနစ်နဲ့ ငါးဖမ်းပြီး အိမ်တိုင်း ငါးအချိုးကျရတယ်။ အခုကိုယ်ပိုင်တဲ့အင်းနဲ့ လယ်တွေကိုလည်း သူတို့ဆီမှာ အဖိုးအခပေးပြီး လုပ်ခွင့်ပြန်တောင်းနေရတယ်။ ဘယ်လိုမှ မဖြစ်သင့်တဲ့ အခြေအနေပါ။ တပ်အဆောက်အအုံလည်း မရှိတဲ့အတွက် ပြန်ပေးသင့်ပါတယ်” ဟု ကုက္ကိုလှကျေးရွာမှ ဒေသခံတစ်ဦးက ဆိုသည်။



ယခင်စစ်အစိုးရလက်ထက် လယ်ယာမြေသိမ်းဆည်းမှုများနှင့် ပတ်သက်၍ ပခုက္ကူ ဒေသခံများက မိမိတို့ လယ်ယာမြေများ ပြန်လည်ရရှိရေးအတွက် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေးကော်မရှင်သို့ တိုင်ကြားမှုများ ပြုလုပ်ခဲ့ပြီး ပြန်လည်ရရှိသည့် မြေယာများရှိသကဲ့သို့ ပြန်လည်မရရှိသည့်မြေ အများအပြားရှိကြောင်း သိရသည်။



စစ်ဖက်ဆိုင်ရာ အဆောက်အအုံများ တည်ဆောက်ခြင်း မရှိသော်လည်း ပြန်လည်မစွန့်လွတ်သေးသည့် ပခုက္ကူမြို့နယ်တွင်းမှ ဒေသခံများပိုင် ပေါက်အင်းစိုက်ပျိုးမြေများအား တွေ့ရစဉ်







from Eleven Media Group's Facebook Wall http://ift.tt/1nQo83k

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...