Skip to main content

လယ်ယာမြေ ပြန်ရရန် ဆုတောင်းပွဲ ဦးဆောင် ကျင်းပသူများကို ရဲတပ်ဖွဲ့ ရိုက်နှက်ဖမ်းဆ...



လယ်ယာမြေ ပြန်ရရန် ဆုတောင်းပွဲ ဦးဆောင် ကျင်းပသူများကို ရဲတပ်ဖွဲ့ ရိုက်နှက်ဖမ်းဆီးဟု ဒေသခံများဆို



ပြည်၊ မေ ၁၄



ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း၊ ပြည်ခရိုင် သဲကုန်းမြို့တွင် မေလ ၁၄ ရက်နေ့ နံနက်ပိုင်းက လယ်ယာမြေ ပြန်လည်ရရှိရန် တရားဝင် ဆန္ဒထုတ်ဖော်ခွင့် တောင်းခံခြင်း မရှိဘဲ ဆုတောင်းပွဲနှင့် ဆန္ဒထုတ်ဖော်ပွဲ ဦးဆောင် ကျင်းပသူခဲ့များကို အပြန်လမ်းတွင် ရဲတပ်ဖွဲ့က နံပါတ်တုတ်များဖြင့် ရိုက်နှက် ဖမ်းဆီးခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။



ပုဒ်မ (၅၀၅) (ခ) ဖြင့် ဖမ်းဆီးခံထားရသည့် ဦးပေါက်စ ပြန်လည် လွတ်မြောက်ရန်၊ လယ်ယာမြေ ပြန်လည်ရရှိရန်နှင့် သပိတ်စခန်း သုံးလပြည့် အထိမ်းအမှတ် ဆုတောင်းပွဲများကို သဲကုန်းမြို့ပေါ် တရားရုံးရှေ့နှင့် မိုးကောင်းဘုရားတွင် လူအင်အား ၂၅ ဦးဖြင့် ကျင်းပခဲ့ပြီး နေအိမ်သို့ ပြန်လာစဉ် လမ်း၌ ရဲအင်အား ၅၀ ခန့်က ဝိုင်းရံကာ ဦးဆောင်သူများကို ရိုက်နှက် ဖမ်းဆီးခဲ့ကြောင်း၊ အောင်ကုန်းကျေးရွာမှ ဦးမောင်ဝင်းနှင့် ဒေါ်ညိုတို့ ဖမ်းဆီးခံရပြီး လယ်သမားရေး ဆောင်ရွက်သူ ဦးကောင်းထက်ကျော်မှာ တပ်မြောက်ကျောင်း (ဘုန်းကြီးကျောင်း) ထဲသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရာမှ လွတ်မြောက်ခဲ့ခြင်း ဖြစ်ကြောင်း ဆုတောင်းပွဲတွင် ပါဝင်သူများကဆိုသည်။



“မြို့နယ်ရဲတပ်ဖွဲ့မှုးက ထွေအုပ်ရုံးကို လိုက်ဖို့ ခေါ်တယ်။ မယုံလို့ မလိုက်ဘူး ပြောတော့ ဖမ်းဖို့ လုပ်တယ်။ နံပါတ်တုတ်နဲ့ ရိုက်တယ်။ ဘာကြောင့် ဖမ်းလဲ မေးတော့ ဖမ်းချင်လို့ ဖမ်းတာလို့ ဖြေတယ်။ ရဲလက်ထဲက ကျွန်တော့်ကို ရွာသားတွေ ပြန်လုရင်း ရုန်းရင်းဆန်ခတ် ဖြစ်တယ်။ ရဲ ၅၀ လောက် ဘုန်းကြီးကျောင်းမှာ ဝိုင်းထားတာ။ သတင်းထောက်တွေ ရောက်လာမှ ပြန်ထွက်သွားတာ။ ဘာပုဒ်မ ဘာဝရမ်းနဲ့မှ ဖမ်းတာ မဟုတ်လို့ ဝရမ်းပြေးလို့ ဘယ်တော့မှ မသတ်မှတ်ဘူး” ဟု လယ်သမားရေး ဆောင်ရွက်သူ ဦးကောင်းထက်ကျော်က ဆိုသည်။



ဘုန်းကြီးကျောင်းထဲသို့ တိမ်းရှောင်စဉ် မြို့နယ်ရဲတပ်ဖွဲ့မှူးက ဖမ်းဆီးရန် ဘုန်းကြီးထံ အကြိမ်ကြိမ် လျှောက်ထားသော်လည်း ဘုန်းကြီးက လက်မခံခဲ့သည့်အတွက် ခတ်ထားသည့် လက်ထိတ်ကို ပြန်လည် ဖြုတ်ပေးခြင်း ဖြစ်ကြောင်း၊ ဖမ်းဆီးခံထားရသူ နှစ်ဦးအနက် ဦးမောင်ဝင်းမှာ မြို့ပေါ်တွင် အပ်ထားသည့် ဓားမကို ရွာအပြန်တွင် ဝင်ရွေးခဲ့သူ ဖြစ်ကာ ၎င်းကို လက်နက်ကိုင်ဆောင်မှုဖြင့် ဖမ်းခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ထပ်မံဆိုသည်။



ဖမ်းဆီးချိန်တွင် ရဲတပ်ဖွဲ့မှ ထုတ်သုံးသည့် ဓားကြောင့် အောင်ကုန်းကျေးရွာသူ တစ်ဦးဖြစ်သည့် ဒေါ်ခင်မာအေးလည်း ဒဏ်ရာရှိခဲ့ကြောင်း၊ သဲကုန်းမြို့မ ရဲစခန်းတွင် ဖမ်းဆီးခံထားရသူ ဦးမောင်ဝင်းနှင့် ဒေါ်ညိုမှာ မိသားစုနှင့် တွေ့ခွင့်မရဘဲ ပေါင်းတည် အကျဉ်းထောင်သို့ ယနေ့ ညနေပိုင်းတွင် ခေါ်ဆောင်သွားကြောင်း အောင်ကုန်းကျေးရွာ ဒေသခံများက ပြောဆိုသည်။



ဖမ်းဆီးမှုနှင့် ပတ်သက်ပြီး သဲကုန်းမြို့မ ရဲစခန်း ဖုန်းနံပါတ် ၀၅၃-၆၂၀၈၈၊ သဲကုန်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး ၀၅၃-၆၂၀၉၉၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး ၀၅၃-၆၂၀၁၄ သို့ အကြိမ်ကြိမ် ဆက်သွယ် မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားပေးခဲ့ခြင်း မရှိခဲ့ပေ။



သဲကုန်းမြို့နယ်ရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက် ၄ ရှိ သိမ်းဆည်းထားသော လယ်မြေဧက ၁၁၅၉.၅၅ ဧကအတွက် ဖြေရှင်းပေးရန်၊ အင်းမရေထိန်းတမံကြောင့် ဖြစ်လာသည့် လယ်ယာမြေ ပြဿနာများကို ဖြေရှင်းပေးရန်နှင့် လယ်ယာမြေ လုပ်ပိုင်ခွင့် ပြန်လည်ရရှိရန် ထွန်တုံးတိုက်ပွဲ၊ ဆန္ဒထုတ်ဖော်ပွဲ၊ သပိတ်စခန်းများ ဖွင့်ကာ တောင်းဆိုမှုများနှင့် ကျိန်စာတိုက်ပွဲ ပြုလုပ်ခဲ့ပြီး လယ်သမားများနှင့် လယ်သမားအရေး ဆောင်ရွက်သူ ခြောက်ဦးကို ပုဒ်မ(၁၈)၊ ပုဒ်မ (၅၀၅) (ခ) နှင့် တရားစွဲခဲ့ပြီး အောင်ကုန်း ကျေးရွာသား ဦးပေါက်စမှာ ပုဒ်မ (၅၀၅) (ခ) ဖြင့် မေလ ၆ ရက်နေ့က ပေါင်းတည် အကျဉ်းထောင်တွင် ဖမ်းဆီးခံထားရသည်။







from The Voice Weekly's Facebook Wall http://ift.tt/1nQib6F

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...

ဖုန်းပြော သူများ သတိထား၊ ကြာရှည်စွာ ဖုန်းပြောလျှင် နားကို ဒုက္ခ ပေးရာရောက်

ခေတ်မီ တိုးတက် လာသည့် အလျောက် ဆန်းပြားသော လျှပ်စစ် ပစ္စည်း များနှင့် လူ့အသုံး အဆောင် ပစ္စည်း များမှာ လည်း တစ်ခု ထက် တစ်ခု ပိုမို ကောင်းမွန် လာသည့် အတွက် လူအများ မှာလည်း အသစ် အဆန်း ဘက်ကို ဦးစားပေး ရွေးချယ် လာကြသည်။ ယခုခေတ်မြို့နေ လူငယ် အများစုဖုန်းကိုင် လာနိုင်ပြီး ဆွေ မျိုး သားချင်း၊ ချစ်သူ သမီးရည်းစား များ နှင့် ဖုန်းပြော သည့်အခါ ပုံမှန် အသံ dv (decivel) ထက်ပိုသော အသံကို ကြားလျှင်ဖြစ်စေ၊ နေ့စဉ် ရက်ဆက် အချိန်ကြာမြင့်စွာ ဖုန်းပြော လျှင်ဖြစ် စေ နားကို မထိခိုက် နိုင်သော်လည်း ပုံမှန် အသံထက် ကျယ်သော စကား ပြောသံ နှင့် အချိန်ကြာသော အခါ နား ထိခိုက် နိုင်ကြောင်း နား၊နှာခေါင်း၊ လည်ချောင်း ဆေးရုံမှ အထူးကု ဆရာ ၀န် ဒေါက်တာ ၀င်းထိုက် ကြည်က ပြောကြားသည်။ ဖုန်းကို တစ်နေ့တည်း ဆက် တိုက် ခြောက်နာရီ နှင့် အထက်ပြော ပြီး ဖုန်းပြောသံမှာ လည်း သတ်မှတ် ထား သော dv (decivel) အသံထက် ကျယ်ရင် နားအူ၍ ထုံတတ် ကြောင်း၊ ပုံမှန် နားထောင် နိုင်စွမ်း ရှိသော အသံ နှင့် ပြောလျှင် နားကို မထိခိုက် နိုင် သော်လည်း ကြာရှည် လာချိန်တွင် နားလေး သွားနိုင် ကြောင်း၊ ထို့ကြောင့် ကြာရှည်စွာ ဖုန်းပြော တတ်သည့်လူ ငယ်များ၊ ဖုန်းပြော လျှင် အော်...