Skip to main content

အမေရိကန်နဲ့ ဗြိတိန် စစ်စခန်းတွေ အာဖဂန်မှ ရုပ်သိမ်း



၂၀ဝ၆ခုနှစ် ကတည်းက Helmand ပြည်နယ်မှာ ဗြိတိသျှတို့ရဲ့ ယူနီယံဂျက် အလံလွှင့်ထူလာခဲ့တာ အခုတော့ Bastion စစ်အခြေစိုက် စခန်းမှာ သာမန် အခမ်းအနားတခုနဲ့ နောက်ဆုံး အလံတိုင်ထိပ်က နေဖြုတ်ချ လိုက်ပါပြီ။ ဒါဟာ ဗြိတိန်နိုင်ငံ အတွက်တော့ အာဖဂန် စစ်ပွဲပြီးဆုံး သွားပြီဆိုတဲ့ သင်္က࿿တေလို့ အဓိပ္ပါယ် ယူလို့ရပါတယ်။

ဒီအခမ်းအနားမှာ အမေရိကန် မရိန်းတပ်သားတွေ အာဖဂန်စ စ်သားတွေက ဂုဏ်ပြုတပ်ဖွဲ့အနေနဲ့ တက်ရောက်ပြီး သုံးနိုင်ငံ အမျိုးသား သီချင်းတွေနဲ့အတူ အလံတော်ကို အလေးပြု ခဲ့ကြပါတယ်။


အာဖဂန် စစ်ပွဲတွေအတွင်း ဗြိတိသျှ တပ်သား ၄၅၀ကျော် သေးဆုံးခဲ့ပါတယ်။ အခုအခါ အာဖဂန် လုံခြုံရေး အဖွဲ့တွေက စတင်ပြီး တိုက်ခိုက်မှုတွေ အတွက်တာဝန် ယူကြမှာ ဖြစ်ပါတယ်။ အခုအချိန်အထိ အာဖဂန် တပ်ဖွဲ့ဝင်ပေါင်း ၄၀ဝ၀လောက် သေဆုံးရပြီဖြစ်ပါတယ်။


စခန်း စဖွင့်တုန်းကတော့ ယူကေ အစိုးရက တိုင်းပြည် ပြန်လည် တည်ဆောက်ရေးအတွက် ကာကွယ်ဖို့ လို့ပြောခဲ့ပေမယ့် တာလီဘန်တွေကို ခုံခံရတဲ့ တိုက်ပွဲတွေနဲ့ ရင်ဆိုင်ရုန်းကန် ခဲ့ကြရပါတယ်။ အခုအချိန်အထိလည်း တာလီဘန်တို့ရဲ့ ခြိမ်းချောက်မှု ရှိနေတုန်းဘဲလို့ကာကွယ်ရေး ဝန်ကြီးက ဝန်ခံသွားပါတယ်။


ခရစ္စမတ်အမီ ယူကေတပ် အားလုံးနီးပါး ပြန်လာပြီး အရာရှိ သင်တန်းတွေပေးဖို့ အနည်းငယ်ဘဲ ကျန်မယ်လို့ ကာကွယ်ရေး ဝန်ကြီး ကပြောပါတယ်။ ဘယ်လို အခြေအနေမျိုးမှာမှ အာဖဂန်ကို တိုက်ခိုက်ရေး တပ်ဖွဲ့တွေ ပြန်လွှတ်မှာ မဟုတ်ဘူး လို့လည်းသူက ပြောပါတယ်။ ဗြိတိသျှစခန်းနဲ့ ဆက်နေတဲ့ အမေရိကန်တို့ရဲ့ အခြေစိုက်စခန်း Camp Leatherneck ကိုလည်း အာဖဂန်တို့ကို ပြန်လည် လွှဲပြောင်းပေးခဲ့ပါတယ်။


ဘီဘီစီ (မြန်မာပိုင်း)

http://ift.tt/1oMu4Pv











အာဖဂန်မှာ ဗြိတိသျှ စစ်စခန်းရုပ်သိမ်းစဉ်




from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/ZROvhM

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...