ဘာသာပေါင်းစုံလူငယ်များ ဘာသာရေးကျောင်းများကို လေ့လာမည်
လပြည့်ဝန်း
ရန်ကုန်၊ မဇ္ဈိမ။ ။ ဘာသာပေါင်းစုံ ချစ်ကြည်ရေးနှင့် ဓလေ့စရိုက်များ ဖလှယ်နိုင်ရန် ဘာသာပေါင်းစုံ၏ ဘာသာရေးကျောင်းများကို လေ့လာမည့်
အစီအစဉ်ကို ဇွန်လ ၂၈ ရက်တွင် ပြုလုပ်မည်ဟု ခရီးစဉ်ကို စီစဉ်သည့် Smile Education And Development Foundation မှ ရန်ကုန် စီမံချက် ညှိနှိုင်းရေးမှူး
မမွန်ကြည်က မဇ္ဈိမကို ပြောသည်။
“အခုနောက်ပိုင်းမှာ ဘာသာရေးနဲ့ ပတ်သက်တဲ့ ပဋိပက္ခတွေ ဖြစ်လာတာတွေ တွေ့နေရတော့ လူငယ်တွေအနေနဲ့ ဒီကိစ္စတွေကို တစ်ဖက်တစ်လမ်းက ပါဝင် ဖြေရှင်းနိုင်အောင် ဒီခရီးစဉ်ကိုစီစဉ်တာပါ။ ဘာသာပေါင်းစုံ လေ့လာရေးခရီးစဉ်ကနေ ဘာသာရေး ခေါင်းဆောင်တွေကိုတွေ့ပြီး သူတို့ဆီကနေ ဘာသာရေးနဲ့
ပတ်သက်တဲ့ မရှင်းလင်းတဲ့ အချက်တွေကို မေးမြန်းနိုင်မှာပါ” ဟု ၎င်းကပြောသည်။
ခရီးစဉ်ကို စိတ်ဝင်စားသည့် အသက် ၁၅ နှစ်မှ ၂၅ နှစ်ကြားရှိ လူငယ်များက ဇွန် ၂၅ရက် နောက်ဆုံးထားကာ အမှတ် (၃၅၁)၊ (၇)လွှာ၊ သိမ်ဖြူလမ်း
(သိမ်ဖြူဈေးမှတ်တိုင်အနီး) ၊ မင်္ဂလာတောင်ညွန်မြို့ နယ်၊ ရန်ကုန်မြို့သို့ ဓါတ်ပုံ နှစ်ပုံနှင့် လျှောက်ထားရမည်ဖြစ်သည်။ ဇွန်လ ၂၈ ရက်တွင် ၅၉ လမ်းဗလီ၊
သိမ်ဖြူလမ်း စိန်ပေါမှတ်တိုင် စိန့်မေရီဘုရားကျောင်း၊ ကုန်ဈေးတန်းလမ်းမှ ကာလီမန်မယ်တော် ဘုရားကျောင်းတို့ကို သွားမည်ဖြစ်သည်။
ဘာသာပေါင်းစုံ လေ့လာရေးခရီးစဉ်ကို ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ တောင်ကြီးနှင့် မော်လမြိုင်မြို့များတွင် ပထမဆုံးအကြိမ် ပြုလုပ်ခဲ့ပြီး ယခုအခါတွင် ဒုတိယ အကြိမ် လေ့လာခြင်းဖြစ်ကြောင်း မမွန်ကြည်က ပြောသည်။
from Mizzima - News in Burmese's Facebook Wall http://ift.tt/1lMkpEk
Comments
Post a Comment