ရန်ကုန် အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် နေရာကွက်၍ မိုးကြီးမည်
ရန်ကုန်၊ မေ ၁၈
ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် အနောက်တောင် မုတ်သုံလေဖိအား ကောင်းနေခြင်းကြောင့် ရန်ကုန် အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် မေလ ၂၀ နေ့အတွင်း လေပြင်းများ တိုက်ခတ်ပြီး နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ကြေညာချက် ထုတ်ပြန်သည်။
ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ တိုက်ခတ်နိုင်ပြီး ဒေသအလိုက် နေရာကွက်၍ မိုးကြီးမည် ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အနောက်တောင် မုတ်သုံလေသည် မြန်မာနိုင်ငံ တောင်ပိုင်းဒေသများသို့ မေလ ၁၇ ရက်နေ့တွင် စတင်ဝင်ရောက်ခဲ့ပြီး ယခုရက်ပိုင်းအတွင်း မုတ်သုံလေ အားကောင်းနေသဖြင့် ကမ်းရိုးတန်း ဒေသများတွင် မိုးကြီး၍ လေပြင်းများ တိုက်ခတ်ကာ လှိုင်းကြီးမည် ဖြစ်ခြင်းကြောင့် ငါးဖမ်းရေယာဉ်များ အနေနှင့် သတိပြုသွားလာရန် လိုအပ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောကြားသည်။
ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းနှင့် ကပ္ပလီပင်လယ်တို့တွင် မေလ ၂၀ ရက်နေ့အတွင်း လေထု မငြိမ်မသက်မှုများ ဖြစ်ပေါ်ပြီး လေဖိအားနည်း ရပ်ဝန်းတစ်ခု ဖြစ်ပေါ်လာနိုင်ခြေ ရှိကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ခန့်မှန်းပြောဆိုသည်။
from The Voice Weekly's Facebook Wall http://ift.tt/1je3wBk
Comments
Post a Comment